iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕ေတြက လက္သည္းအလယ္မွာ အျဖဴေရာင္ အကြက္ကေလးေတြ ေတြ႕ရင္ လက္ေခ်ာင္းေတြရဲ႕ ၀ါစဥ္သတ္မွတ္ခ်က္အလုိက္ လူတစ္ေယာက္အေပၚမွာ သက္ေရာက္မႈ ရွိတယ္လုိ႔ ဆုိေနၾကပါတယ္။ ဥပမာအားျဖင့္ လက္သန္းလက္သည္းရဲ႕ အလယ္မွာ အျဖဴေရာင္ အမွတ္အသားေတြရင္ ” သနား”ဆုိပါေတာ့။ အဓိပၸယ္ေကာက္တာက လူေတြရဲ႕ ခ်စ္ခင္ျခင္းကို ခံရမယ္လုိ႔ ဆုိပါတယ္။

ဒီလုိပဲ လက္လက္မကေန လက္သူၾကြယ္အထိ ” ခ်စ္၊ ခင္၊ မုန္း၊ ႀကိဳက္”ဆုိၿပီး အစဥ္အတုိင္း ေကာက္ၾကပါတယ္။ ဒါေပမယ့္ ေဆးပညာအျမင္အရၾကေတာ့ ဒါေတြဟာ က်န္းမာေရး မေကာင္းတဲ့ လကၡဏာတစ္ရပ္ ျဖစ္ပါတယ္။ တစ္နည္းဆုိရေသာ လက္သည္းကို တစ္ခုခုနဲ႔ ထိခုိက္မိၿပီးေနာက္၊ Truma ဆုိတဲ့ ေရာဂါ လကၡဏာကုိ ျပတာလုိ႔ ဆုိပါတယ္။ ဒီေလာက္အထိေတာ့ စုိးရိမ္စရာ မရွိေသးပါဘူး။

တစ္ခါတေလ ကားတံခါးနဲ႔ ညႇပ္မိလုိ႔ ျဖစ္တတ္သလုိ၊ လက္သည္းကိုက္တဲ့ အက်င့္ရွိရင္လည္း ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ အေၾကာင္းမဲ့ အျဖဴအမွတ္အသား ေပၚလာရင္ေတာ့ ဆရာ၀န္ဆီ သြားျပတာက အေကာင္းဆုံးလုိ႔ တုိက္တြန္းထားပါတယ္။ အေၾကာင္းကေတာ့ လက္သည္းတြင္း ထိခိုက္မႈေၾကာင့္ မဟုတ္ေတာ့လုိ႔ ျဖစ္ပါတယ္။

အေၾကာင္းမဲ့ အျဖဴအမွတ္အသားေတြ လက္ေခ်ာင္းအားလုံးနီးပါးမွာ ျဖစ္လာခဲ့တယ္ဆုိရင္ ႏွလုံး၊ ေက်ာက္ကပ္၊ အသည္းတုိ႔နဲ႔ ဆုိင္တဲ့ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြ တစ္ခုခု ထိခုိက္ေနလုိ႔ ျဖစ္နုိင္တယ္လုိ႔ NHS က ခန္႔မွန္းထားပါတယ္။ အထူးသျဖင့္ အသည္းမွာ အမာရြတ္ဆြဲတဲ့အခါမ်ိဳးမွာ ဒီ Punctate leukonychia ဆုိတဲ့ လကၡဏာ ျပတတ္ပါတယ္။

ဒါ့အျပင္ အျဖဴမ်ဥ္း ႏွစ္ထပ္ သုံးထပ္ ျဖစ္ေနရင္ေတာ့ ဒါဟာ ေသြးတြင္းပ႐ုိတိန္းဓာတ္ နည္းပါးျခင္းေၾကာင့္ ဒီလုိျဖစ္ရတာလုိ႔ ဆရာ၀န္ေတြက ေကာက္ခ်က္ခ်ပါတယ္။ ဒီေတာ့ မိမိလက္သည္း အေျခအေန ထူးျခားတယ္ဆုိရင္ ဒါဟာ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ျပႆနာတစ္ရပ္ရပ္ ရွိေနၿပီဆုိတာကို ေကာင္းေကာင္းသေဘာေပါက္ၿပီး၊ ဆရာ၀န္နဲ႔ တုိင္ပင္သင့္ပါေၾကာင္း။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ချို့တွေက လက်သည်းအလယ်မှာ အဖြူရောင် အကွက်ကလေးတွေ တွေ့ရင် လက်ချောင်းတွေရဲ့ ဝါစဉ်သတ်မှတ်ချက်အလိုက် လူတစ်ယောက်အပေါ်မှာ သက်ရောက်မှု ရှိတယ်လို့ ဆိုနေကြပါတယ်။ ဥပမာအားဖြင့် လက်သန်းလက်သည်းရဲ့ အလယ်မှာ အဖြူရောင် အမှတ်အသားတွေရင် ” သနား”ဆိုပါတော့။ အဓိပ္ပယ်ကောက်တာက လူတွေရဲ့ ချစ်ခင်ခြင်းကို ခံရမယ်လို့ ဆိုပါတယ်။

ဒီလိုပဲ လက်လက်မကနေ လက်သူကြွယ်အထိ ” ချစ်၊ ခင်၊ မုန်း၊ ကြိုက်”ဆိုပြီး အစဉ်အတိုင်း ကောက်ကြပါတယ်။ ဒါပေမယ့် ဆေးပညာအမြင်အရကြတော့ ဒါတွေဟာ ကျန်းမာရေး မကောင်းတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ တစ်နည်းဆိုရသော လက်သည်းကို တစ်ခုခုနဲ့ ထိခိုက်မိပြီးနောက်၊ Truma ဆိုတဲ့ ရောဂါ လက္ခဏာကို ပြတာလို့ ဆိုပါတယ်။ ဒီလောက်အထိတော့ စိုးရိမ်စရာ မရှိသေးပါဘူး။

တစ်ခါတလေ ကားတံခါးနဲ့ ညှပ်မိလို့ ဖြစ်တတ်သလို၊ လက်သည်းကိုက်တဲ့ အကျင့်ရှိရင်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အကြောင်းမဲ့ အဖြူအမှတ်အသား ပေါ်လာရင်တော့ ဆရာဝန်ဆီ သွားပြတာက အကောင်းဆုံးလို့ တိုက်တွန်းထားပါတယ်။ အကြောင်းကတော့ လက်သည်းတွင်း ထိခိုက်မှုကြောင့် မဟုတ်တော့လို့ ဖြစ်ပါတယ်။

အကြောင်းမဲ့ အဖြူအမှတ်အသားတွေ လက်ချောင်းအားလုံးနီးပါးမှာ ဖြစ်လာခဲ့တယ်ဆိုရင် နှလုံး၊ ကျောက်ကပ်၊ အသည်းတို့နဲ့ ဆိုင်တဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ တစ်ခုခု ထိခိုက်နေလို့ ဖြစ်နိုင်တယ်လို့ NHS က ခန့်မှန်းထားပါတယ်။ အထူးသဖြင့် အသည်းမှာ အမာရွတ်ဆွဲတဲ့အခါမျိုးမှာ ဒီ Punctate leukonychia ဆိုတဲ့ လက္ခဏာ ပြတတ်ပါတယ်။

ဒါ့အပြင် အဖြူမျဉ်း နှစ်ထပ် သုံးထပ် ဖြစ်နေရင်တော့ ဒါဟာ သွေးတွင်းပရိုတိန်းဓာတ် နည်းပါးခြင်းကြောင့် ဒီလိုဖြစ်ရတာလို့ ဆရာဝန်တွေက ကောက်ချက်ချပါတယ်။ ဒီတော့ မိမိလက်သည်း အခြေအနေ ထူးခြားတယ်ဆိုရင် ဒါဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ရပ်ရပ် ရှိနေပြီဆိုတာကို ကောင်းကောင်းသဘောပေါက်ပြီး၊ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါကြောင်း။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top