iMyanmarHouse.com - Best Property Website for Myanmar
×

သ၀န္တိုတဲ့စိတ္ခံစားခ်က္ဟာ သင့္အတြက္ ေကာင္းတဲ့ ခံစားခ်က္မ်ိဳးေတာ့ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕အခ်စ္ေရး၊ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး သ၀န္တုိတဲ့စိတ္ခံစားတတ္ၾကတာ မထူးဆန္းပါဘူး။ ဒါေပမယ့္ အလြန္အကၽြံႀကီး ျဖစ္မေနဖုိ႔ေတာ့ လုိပါတယ္။ တစ္ခါတစ္ေလ ဘာမဟုတ္တာေလးကို သ၀န္တိုေနတာမ်ိဳးဆုိရင္ေတာ့ ဒါ သင့္အတြက္ေရာ၊ သင္တုိ႔အခ်စ္ေရးအတြက္ ဘယ္လုိမွ မေကာင္းႏိုင္ပါဘူး။ ခုေျပာျပေပးမယ့္ အခ်ိန္မ်ိဳးေတြမွာ သင္ သ၀န္တုိတာမ်ိဳး ဆုိရင္ေတာ့ ဒါျဖစ္သင့္ျဖစ္ထုိက္ပါတယ္။ သင့္အျပစ္မရွိပါဘူး။

၁။သူက အျခားအမ်ိဳးသမီးတစ္ေယာက္နဲ႔ အီစီကလီ လုပ္ေနတဲ့အခါ

သင္တို႔ႏွစ္ေယာက္စလံုးက ပါတီ၊ ဒါမွမဟုတ္ လူမ်ားတဲ့ပြဲတစ္ခုခု ေရာက္ေနတယ္ဆုိပါစို႔။ သင့္ခ်စ္သူက သင္ မ်က္ႏွာနည္းနည္းလႊဲလိုက္တာနဲ႔ အျခားမိန္းမတစ္ေယာက္နဲ႔ အီစီကလီလုပ္ေနတာကို သင္သိသြားလို႔ သ၀န္တိုတာမ်ိဳးက သဘာ၀က်ပါတယ္။ ဒီလိုမ်ိဳးဆုိရင္ေတာ့ သင့္ခံစားခ်က္ကို မဖံုးကြယ္ပါနဲ႔။ သင့္ခ်စ္သူကို ဒီလိုအျပဳအမူမ်ိဳး သင္မႏွစ္ၿမိဳ႕ေၾကာင္း ေျပာျပေပးပါ။

၂။ကုိယ့္ခ်စ္သူနဲ႔ ပတ္သက္တဲ့ အေရးႀကီးတဲ့အေၾကာင္းအရာတစ္ခုခုကို တစ္ျခားလူေျပာမွ သိရတဲ့အခါ

ကိုယ္နဲ႔ ကိုယ္ခ်စ္သူ ႏွစ္ေယာက္ဟာ အရမ္းကို ရင္းႏွီးၿပီး တစ္ေယာက္အေၾကာင္း တစ္ေယာက္သိၿပီးသားလို႔ ထင္ထားေပမယ့္ အျခားတစ္ေယာက္က ကုိယ့္ခ်စ္သူနဲ႔ ပတ္သက္တဲ့ အေရးႀကီးတဲ့ အေၾကာင္းအရာ တစ္ခုခုကို ဖြင့္ဟလိုက္တဲ့အခါ စိတ္မေကာင္းျဖစ္သြားတာမ်ိဳး၊ သ၀န္တုိသြားမိတာမ်ိုးေတြ ခံစားရတာကလည္း သဘာ၀ပါပဲ။ ဒီလိုအခ်ိန္မ်ိဳးေတြမွာ သူ႕ကိုျပန္ၿပီး တစ္ျခားလူသိတဲ့အရာ ကိုယ္ဘာ့ေၾကာင့္ မသိရသလဲဆိုတာ ေမးျမန္းႏိုင္ပါတယ္။ ဒါေပမယ့္ ျပသနာႀကီးႀကီးမားမား ျဖစ္ေအာင္ေတာ့ မလုပ္ပါနဲ႔။

၃။ကိုယ့္ခ်စ္သူက သူ႔အလုပ္၊ သူ႔၀ါသနာကို သင္နဲ႔တန္းတူ အရမ္းအေလးေပးလြန္းတဲ့အခါ

ခုေနာက္ပိုင္း ကိုယ့္ခ်စ္သူဟာ အလုပ္ကိုသာ ဦးစားေပးလြန္းတယ္။ ဒါမွမဟုတ္ သူ႕ရဲ႕အျခားေသာ၀ါသနာတစ္ခုခုအတြက္ အခ်ိန္ေတြ ကုန္ေနတတ္တယ္ဆုိရင္လည္း ဒါဟာ သင့္အတြက္ သ၀န္တိုခြင့္ရွိတဲ့အရာပါပဲ။ သင္က သင့္၀ါသနာနဲ႔ အလုပ္ကို ဘယ္ေလာက္ခ်စ္ခ်စ္ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ေတာ့ အခ်ိန္ကုန္ဆံုးတာမ်ိဳးေတြရွိရမွာ ျဖစ္သလို သင့္ခ်စ္သူကိုလည္း အခ်ိန္ေပးရမယ္ မဟုတ္လား။ ဒီလိုျပန္စဥ္းစားၾကည့္လိုက္ေပါ့။ ဒီလိုဆုိ၇င္ သင့္ဘက္က ပြင့္ပြင့္လင္းလင္း ေျပာျပညႈိႏႈိင္းလိုက္ပါ။ သူသင့္ကို တကယ္ခ်စ္ရင္ သူ႕ရဲ႕ေန႔စဥ္ရွင္သန္ေနထုိင္မႈပံုစံကို ေျပာင္းလဲလာပါလိမ့္မယ္။

၄။သင့္ကို သူဂရုမစိုက္ဘူးလုိ႔ ခံစားလာရတဲ့အခါ

သင္က အခက္အခဲေတြနဲ႔ ႀကံဳေတြ႕ေနၿပီး ျပသနာမ်ိဳးစံုရွင္းေနရခ်ိန္ သင့္ခ်စ္သူကေတာ့ သူ႔ရဲ႕ ေပ်ာ္ရႊင္စရာေကာင္းတဲ့ေန႔အေၾကာင္း၊ အလုပ္မွာ ဘယ္ေလာက္အဆင္ေျပေၾကာင္း ေျပာတယ္ဆုိရင္ သင့္ဘက္က ဒီလို သ၀န္တုိ၊ ေဂ်၀င္တဲ့ ခံစားခ်က္မ်ိဳးျဖစ္တာ မဆန္းပါဘူး။ သင္က သူ႕အတြက္ ေပ်ာ္ရႊင္ေပးႏိုင္တယ္ဆုိေပမယ့္ သူကေတာ့ သင့္အတြက္ ဘာခံစားခ်က္မွမရွိသလို ျဖစ္ေနတာမ်ိဳးကို သင္စိတ္တိုတာမ်ိဳးက အျပစ္မဟုတ္ပါဘူး။

၅။ကိုယ့္ခ်စ္သူက ခရီးေတြခ်ည္း ထြက္ေနတဲ့အခါ

အားေန ခရီးပဲ ထြက္ေနတယ္ဆိုသလိုမ်ိဳး သင့္ခ်စ္သူကလည္း တစ္လကို တစ္ခါေလာက္ေတာ့ အနည္းဆံုး ခရီးထြက္ျဖစ္ေနတယ္ဆုိပါစို႔။ သင္ကေတာ့ ခရီးထြက္ဖုိ႔ ပိုက္ဆံလည္းမရွိဘူး။ တတ္လည္းမတတ္ႏိုင္ဘူးဆုိရင္ သူ႕ကို ေဂ်၀င္တာမ်ိဳးက ျဖစ္တတ္ပါတယ္။

၆။သူက သင့္ထက္ သူငယ္ခ်င္းေတြန႔ဲသာ အခ်ိန္ကုန္ဆံုးတတ္တယ္ဆုိရင္

သင့္ခ်စ္သူက သင့္ထက္ သူငယ္ခ်င္းေတြကိုသာ ပိုအခ်ိန္ေပးတယ္။ ညေနတုိင္းနီးပါး ေတြ႕ျဖစ္ၾကၿပီး တစ္ခါတစ္ေလ ကိုယ္နဲ႔ေတြ႕မွာကိုေတာင္ ဖ်က္ၿပီး သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဖုိ႔ခ်ိန္းတယ္ဆုိရင္ေတာ့ သင္ေဂ်၀င္တာ မဆန္းပါဘူး။ ဘယ္သူပဲျဖစ္ျဖစ္ ခ်စ္သူက နံပါတ္(၁) ျဖစ္ေစခ်င္တာပဲေလ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သဝန်တိုတဲ့စိတ်ခံစားချက်ဟာ သင့်အတွက် ကောင်းတဲ့ ခံစားချက်မျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သဝန်တိုတဲ့စိတ်ခံစားတတ်ကြတာ မထူးဆန်းပါဘူး။ ဒါပေမယ့် အလွန်အကျွံကြီး ဖြစ်မနေဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ ဘာမဟုတ်တာလေးကို သဝန်တိုနေတာမျိုးဆိုရင်တော့ ဒါ သင့်အတွက်ရော၊ သင်တို့အချစ်ရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ခုပြောပြပေးမယ့် အချိန်မျိုးတွေမှာ သင် သဝန်တိုတာမျိုး ဆိုရင်တော့ ဒါဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ သင့်အပြစ်မရှိပါဘူး။

၁။သူက အခြားအမျိုးသမီးတစ်ယောက်နဲ့ အီစီကလီ လုပ်နေတဲ့အခါ

သင်တို့နှစ်ယောက်စလုံးက ပါတီ၊ ဒါမှမဟုတ် လူများတဲ့ပွဲတစ်ခုခု ရောက်နေတယ်ဆိုပါစို့။ သင့်ချစ်သူက သင် မျက်နှာနည်းနည်းလွှဲလိုက်တာနဲ့ အခြားမိန်းမတစ်ယောက်နဲ့ အီစီကလီလုပ်နေတာကို သင်သိသွားလို့ သဝန်တိုတာမျိုးက သဘာဝကျပါတယ်။ ဒီလိုမျိုးဆိုရင်တော့ သင့်ခံစားချက်ကို မဖုံးကွယ်ပါနဲ့။ သင့်ချစ်သူကို ဒီလိုအပြုအမူမျိုး သင်မနှစ်မြို့ကြောင်း ပြောပြပေးပါ။

၂။ကိုယ့်ချစ်သူနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အကြောင်းအရာတစ်ခုခုကို တစ်ခြားလူပြောမှ သိရတဲ့အခါ

ကိုယ်နဲ့ ကိုယ်ချစ်သူ နှစ်ယောက်ဟာ အရမ်းကို ရင်းနှီးပြီး တစ်ယောက်အကြောင်း တစ်ယောက်သိပြီးသားလို့ ထင်ထားပေမယ့် အခြားတစ်ယောက်က ကိုယ့်ချစ်သူနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုခုကို ဖွင့်ဟလိုက်တဲ့အခါ စိတ်မကောင်းဖြစ်သွားတာမျိုး၊ သဝန်တိုသွားမိတာမျိုးတွေ ခံစားရတာကလည်း သဘာဝပါပဲ။ ဒီလိုအချိန်မျိုးတွေမှာ သူ့ကိုပြန်ပြီး တစ်ခြားလူသိတဲ့အရာ ကိုယ်ဘာ့ကြောင့် မသိရသလဲဆိုတာ မေးမြန်းနိုင်ပါတယ်။ ဒါပေမယ့် ပြသနာကြီးကြီးမားမား ဖြစ်အောင်တော့ မလုပ်ပါနဲ့။

၃။ကိုယ့်ချစ်သူက သူ့အလုပ်၊ သူ့ဝါသနာကို သင်နဲ့တန်းတူ အရမ်းအလေးပေးလွန်းတဲ့အခါ

ခုနောက်ပိုင်း ကိုယ့်ချစ်သူဟာ အလုပ်ကိုသာ ဦးစားပေးလွန်းတယ်။ ဒါမှမဟုတ် သူ့ရဲ့အခြားသောဝါသနာတစ်ခုခုအတွက် အချိန်တွေ ကုန်နေတတ်တယ်ဆိုရင်လည်း ဒါဟာ သင့်အတွက် သဝန်တိုခွင့်ရှိတဲ့အရာပါပဲ။ သင်က သင့်ဝါသနာနဲ့ အလုပ်ကို ဘယ်လောက်ချစ်ချစ် မိသားစု၊ သူငယ်ချင်းတွေနဲ့တော့ အချိန်ကုန်ဆုံးတာမျိုးတွေရှိရမှာ ဖြစ်သလို သင့်ချစ်သူကိုလည်း အချိန်ပေးရမယ် မဟုတ်လား။ ဒီလိုပြန်စဉ်းစားကြည့်လိုက်ပေါ့။ ဒီလိုဆို၇င် သင့်ဘက်က ပွင့်ပွင့်လင်းလင်း ပြောပြညှိုနှိုင်းလိုက်ပါ။ သူသင့်ကို တကယ်ချစ်ရင် သူ့ရဲ့နေ့စဉ်ရှင်သန်နေထိုင်မှုပုံစံကို ပြောင်းလဲလာပါလိမ့်မယ်။

၄။သင့်ကို သူဂရုမစိုက်ဘူးလို့ ခံစားလာရတဲ့အခါ

သင်က အခက်အခဲတွေနဲ့ ကြုံတွေ့နေပြီး ပြသနာမျိုးစုံရှင်းနေရချိန် သင့်ချစ်သူကတော့ သူ့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့နေ့အကြောင်း၊ အလုပ်မှာ ဘယ်လောက်အဆင်ပြေကြောင်း ပြောတယ်ဆိုရင် သင့်ဘက်က ဒီလို သဝန်တို၊ ဂျေဝင်တဲ့ ခံစားချက်မျိုးဖြစ်တာ မဆန်းပါဘူး။ သင်က သူ့အတွက် ပျော်ရွှင်ပေးနိုင်တယ်ဆိုပေမယ့် သူကတော့ သင့်အတွက် ဘာခံစားချက်မှမရှိသလို ဖြစ်နေတာမျိုးကို သင်စိတ်တိုတာမျိုးက အပြစ်မဟုတ်ပါဘူး။

၅။ကိုယ့်ချစ်သူက ခရီးတွေချည်း ထွက်နေတဲ့အခါ

အားနေ ခရီးပဲ ထွက်နေတယ်ဆိုသလိုမျိုး သင့်ချစ်သူကလည်း တစ်လကို တစ်ခါလောက်တော့ အနည်းဆုံး ခရီးထွက်ဖြစ်နေတယ်ဆိုပါစို့။ သင်ကတော့ ခရီးထွက်ဖို့ ပိုက်ဆံလည်းမရှိဘူး။ တတ်လည်းမတတ်နိုင်ဘူးဆိုရင် သူ့ကို ဂျေဝင်တာမျိုးက ဖြစ်တတ်ပါတယ်။

၆။သူက သင့်ထက် သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးတတ်တယ်ဆိုရင်

သင့်ချစ်သူက သင့်ထက် သူငယ်ချင်းတွေကိုသာ ပိုအချိန်ပေးတယ်။ ညနေတိုင်းနီးပါး တွေ့ဖြစ်ကြပြီး တစ်ခါတစ်လေ ကိုယ်နဲ့တွေ့မှာကိုတောင် ဖျက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဖို့ချိန်းတယ်ဆိုရင်တော့ သင်ဂျေဝင်တာ မဆန်းပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ချစ်သူက နံပါတ်(၁) ဖြစ်စေချင်တာပဲလေ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top