iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာသုတ္ပုဝါက အိမ္တုိင္းမွာ ေတြ႔ေနက် အဝတ္စတစ္ခုျဖစ္ပါတယ္။ ကုိယ္သုတ္ပုဝါ၊ မ်က္ႏွာသုတ္ပု၀ါေတြဟာ ပုံစံမ်ဳိးစုံ၊ အရြယ္အစားမ်ဳိးစုံနဲ႔ ကြာလတီမ်ဳိးစုံရိွပါတယ္။ ပုဝါဆိုတာ အၾကိမ္ၾကိမ္အသုံးျပဳရတဲ့အရာျဖစ္တာေၾကာင့္ သိပ္မၾကာခင္မွာပဲ ေနာက္အသစ္တစ္ခု ထပ္ဝယ္ရျပန္ပါတယ္။ ဒီေတာ့ ပုဝါေဟာင္းေတြကို ဒီအတုိင္းထား (သို႔) လႊင့္ပစ္မယ့္အစား ေနာက္တစ္မ်ဳိးအသုံးဝင္ေအာင္ ဖန္တီးမယ့္နည္းလမ္းေတြ ေဖာ္ျပေပးခ်င္ပါတယ္။ တီထြင္ၾကံဆႏုိင္ဖုိ႔သာ လုိအပ္ပါတယ္။

၁။ သန္႔ရွင္းေရးအဝတ္စုတ္

စတုိးဆုိင္ေတြက သန္႔ရွင္းေရးသုံး အဝတ္စေတြက တန္းဖုိးၾကီးတတ္ျပီး ေနာက္ဆုံးေတာ့ ဒီအဝတ္စေတြကို ညစ္ပတ္ေနတဲ့ မ်က္ႏွာျပင္ေတြ၊ ဖိတ္က်သြားတဲ့အရည္ေတြ သုတ္ဖုိ႔ေလာက္ပဲ အသုံးျပဳပါတယ္။ ပုဝါေတြ ေရကို ေကာင္းစြာထိန္းေပးလုိ႔ သန္႔ရွင္းေရးအတြက္ အသုံးျပဳျခင္းက အေထာက္အကူျဖစ္ေစပါလိမ့္မယ္။ သန္႔ရွင္းေရးသုံး အဝတ္စအျဖစ္ေျပာင္းမသုံးခင္ ပုဝါကို ေသခ်ာေလွ်ာ္ဖြတ္ေပးပါ။ ပုဝါကို သင့္ေတာ္သေလာက္ လုိခ်င္တဲ့ အရြယ္အစားျဖတ္ပါ။ ဘက္တီးရီးယားပိုး စုပုံလာမႈ ကာကြယ္တားဆီးဖုိ႔ အဲဒီအဝတ္စကို မၾကာမၾကာေလွ်ာ္ေပးပါ။

၂။ မီးပူထုိးေအာက္ခံအခင္း

အဝတ္အစားေတြ မီးပူတုိက္တဲ့အခါ မီးပူနဲ႔ အဝတ္အစားတုိက္ရုိက္ထိေတြ႔တာ မေကာင္းပါဘူး။ အဝတ္အစား ပ်က္စီးေစတတ္ပါတယ္။ အဝတ္အစားမပ်က္စီးေအာက္ မီးပူထုိးအခံသုံးပါ။ အဲဒီအတြက္ ပဝါေဟာင္းေလးတစ္ခုက ေကာင္းစြာ အသုံးဝင္ႏုိင္ပါတယ္။ မီးပူတုိက္တဲ့အခါ ပုဝါသန္႔သန္႔ေလးတစ္ခုသာ ခံေပးပါ။

၃။ ေရစစ္ေျခသုတ္

စတုိးဆုိင္ေတြမွာ ဝယ္မယ့္အစား ပုဝါအေဟာင္းေတြကို ေျခသုတ္အျဖစ္ ျပန္အသုံးျပဳႏုိင္ပါတယ္။ သင္လုပ္ရမွာက အရြယ္အစားတူ ပုဝါႏွစ္ခုရွာ သုိ႔မဟုတ္ ပုဝါႏွစ္ခုကို ဆင္တူ ျဖတ္ရုံေလးပါပဲ။ ပုဝါအနားသတ္ေတြ ခ်ဳပ္ေပးပါ။ ဒီအဝတ္စကို ေရခ်ဳိးခန္းတံခါးအျပင္ဘက္ သုိ႔မဟုတ္ ေရစုိစြတ္ႏုိင္မယ့္ ဘယ္ေနရာမွာမဆုိ ထားႏုိင္ပါတယ္။

၄။ လက္သုတ္

မီးဖုိေခ်ာင္မွာ ပန္းကန္၊ လက္ေတြ သုတ္ဖုိ႔ တစ္ရွဴးေတြ အမ်ားဆုံး အသုံးျပဳပါတယ္။ ပုဝါေဟာင္းေတြသုံးျပီး အကုန္အက် အနည္းငယ္သက္သာေစဖုိ႔ ပုဝါေဟာင္းေတြကို စတုရန္းပုံ သုိ႔မဟုတ္ ေထာင့္မွန္စတုဂံပုံေလးေတြ ျဖတ္ျပီး မီးဖုိေခ်ာင္အတြင္း ပန္းကန္သုတ္ပဝါ ဒါမွမဟုတ္ လက္သုတ္ပဝါအျဖစ္ ထားႏုိင္ပါတယ္။ ဒါေပမယ့္ ပုံမွန္ ေလွ်ာ္ပြတ္ေပးဖုိ႔ေတာ့ လုိအပ္ပါတယ္။

၅။ ကေလးသြားရည္ခံ

ဒီေနရာမွာ ဖန္တီးတတ္မႈ လုိအပ္ျပီး အခ်ိန္ပို ကုန္ပါလိမ့္မယ္။ ပုဝါေဟာင္းေတြကို ကေလးသြားရည္ခံအျဖစ္လည္း ျပန္သုံးႏုိင္ပါတယ္။ ပုဝါကို သင့္ေတာ္တဲ့ အရြယ္အစားျဖတ္၊ ပုံစံေဖာ္ျပီး အနားသတ္ေတြ ခ်ဳပ္ေပးရပါမယ္။ ျပီးေတာ့ အဲ့ပုဝါစနဲ႔ပဲ ၾကိဳးတပ္ေပးႏုိင္ပါတယ္။ အေရာင္စုံလင္ျပီး ကေလးေတြအတြက္ ပိုစိတ္ဝင္စားစရာေကာင္းေအာင္ အေရာင္မ်ဳိးစုံေရာႏုိင္ပါတယ္။ ကေလးသြားရည္ခံကို ပုံမွန္ေလွ်ာ္ေပးရပါမယ္။

Credit :trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျက်နှာသုတ်ပုဝါက အိမ်တိုင်းမှာ တွေ့နေကျ အဝတ်စတစ်ခုဖြစ်ပါတယ်။ ကိုယ်သုတ်ပုဝါ၊ မျက်နှာသုတ်ပုဝါတွေဟာ ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံနဲ့ ကွာလတီမျိုးစုံရှိပါတယ်။ ပုဝါဆိုတာ အကြိမ်ကြိမ်အသုံးပြုရတဲ့အရာဖြစ်တာကြောင့် သိပ်မကြာခင်မှာပဲ နောက်အသစ်တစ်ခု ထပ်ဝယ်ရပြန်ပါတယ်။ ဒီတော့ ပုဝါဟောင်းတွေကို ဒီအတိုင်းထား (သို့) လွှင့်ပစ်မယ့်အစား နောက်တစ်မျိုးအသုံးဝင်အောင် ဖန်တီးမယ့်နည်းလမ်းတွေ ဖော်ပြပေးချင်ပါတယ်။ တီထွင်ကြံဆနိုင်ဖို့သာ လိုအပ်ပါတယ်။

၁။ သန့်ရှင်းရေးအဝတ်စုတ်

စတိုးဆိုင်တွေက သန့်ရှင်းရေးသုံး အဝတ်စတွေက တန်းဖိုးကြီးတတ်ပြီး နောက်ဆုံးတော့ ဒီအဝတ်စတွေကို ညစ်ပတ်နေတဲ့ မျက်နှာပြင်တွေ၊ ဖိတ်ကျသွားတဲ့အရည်တွေ သုတ်ဖို့လောက်ပဲ အသုံးပြုပါတယ်။ ပုဝါတွေ ရေကို ကောင်းစွာထိန်းပေးလို့ သန့်ရှင်းရေးအတွက် အသုံးပြုခြင်းက အထောက်အကူဖြစ်စေပါလိမ့်မယ်။ သန့်ရှင်းရေးသုံး အဝတ်စအဖြစ်ပြောင်းမသုံးခင် ပုဝါကို သေချာလျှော်ဖွတ်ပေးပါ။ ပုဝါကို သင့်တော်သလောက် လိုချင်တဲ့ အရွယ်အစားဖြတ်ပါ။ ဘက်တီးရီးယားပိုး စုပုံလာမှု ကာကွယ်တားဆီးဖို့ အဲဒီအဝတ်စကို မကြာမကြာလျှော်ပေးပါ။

၂။ မီးပူထိုးအောက်ခံအခင်း

အဝတ်အစားတွေ မီးပူတိုက်တဲ့အခါ မီးပူနဲ့ အဝတ်အစားတိုက်ရိုက်ထိတွေ့တာ မကောင်းပါဘူး။ အဝတ်အစား ပျက်စီးစေတတ်ပါတယ်။ အဝတ်အစားမပျက်စီးအောက် မီးပူထိုးအခံသုံးပါ။ အဲဒီအတွက် ပဝါဟောင်းလေးတစ်ခုက ကောင်းစွာ အသုံးဝင်နိုင်ပါတယ်။ မီးပူတိုက်တဲ့အခါ ပုဝါသန့်သန့်လေးတစ်ခုသာ ခံပေးပါ။

၃။ ရေစစ်ခြေသုတ်

စတိုးဆိုင်တွေမှာ ဝယ်မယ့်အစား ပုဝါအဟောင်းတွေကို ခြေသုတ်အဖြစ် ပြန်အသုံးပြုနိုင်ပါတယ်။ သင်လုပ်ရမှာက အရွယ်အစားတူ ပုဝါနှစ်ခုရှာ သို့မဟုတ် ပုဝါနှစ်ခုကို ဆင်တူ ဖြတ်ရုံလေးပါပဲ။ ပုဝါအနားသတ်တွေ ချုပ်ပေးပါ။ ဒီအဝတ်စကို ရေချိုးခန်းတံခါးအပြင်ဘက် သို့မဟုတ် ရေစိုစွတ်နိုင်မယ့် ဘယ်နေရာမှာမဆို ထားနိုင်ပါတယ်။

၄။ လက်သုတ်

မီးဖိုချောင်မှာ ပန်းကန်၊ လက်တွေ သုတ်ဖို့ တစ်ရှူးတွေ အများဆုံး အသုံးပြုပါတယ်။ ပုဝါဟောင်းတွေသုံးပြီး အကုန်အကျ အနည်းငယ်သက်သာစေဖို့ ပုဝါဟောင်းတွေကို စတုရန်းပုံ သို့မဟုတ် ထောင့်မှန်စတုဂံပုံလေးတွေ ဖြတ်ပြီး မီးဖိုချောင်အတွင်း ပန်းကန်သုတ်ပဝါ ဒါမှမဟုတ် လက်သုတ်ပဝါအဖြစ် ထားနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန် လျှော်ပွတ်ပေးဖို့တော့ လိုအပ်ပါတယ်။

၅။ ကလေးသွားရည်ခံ

ဒီနေရာမှာ ဖန်တီးတတ်မှု လိုအပ်ပြီး အချိန်ပို ကုန်ပါလိမ့်မယ်။ ပုဝါဟောင်းတွေကို ကလေးသွားရည်ခံအဖြစ်လည်း ပြန်သုံးနိုင်ပါတယ်။ ပုဝါကို သင့်တော်တဲ့ အရွယ်အစားဖြတ်၊ ပုံစံဖော်ပြီး အနားသတ်တွေ ချုပ်ပေးရပါမယ်။ ပြီးတော့ အဲ့ပုဝါစနဲ့ပဲ ကြိုးတပ်ပေးနိုင်ပါတယ်။ အရောင်စုံလင်ပြီး ကလေးတွေအတွက် ပိုစိတ်ဝင်စားစရာကောင်းအောင် အရောင်မျိုးစုံရောနိုင်ပါတယ်။ ကလေးသွားရည်ခံကို ပုံမှန်လျှော်ပေးရပါမယ်။

Credit :trend myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top