တင်ထားနိုင်ပါသည်။ သွေးစီးဆင်းခြင်းသည်
2. ရေခဲကပ်ခြင်း
3. အရောင်လျော့ဆေး
အကိုက်အခဲပျောက်
Credit:DrMyanmar
#Unicode Version
1. ခြေထောက်များကိုမြှောက်ထားပါ
တစ်နေ့တာလုံးမတ်တပ်ရပ်ထားပါက ခြေထောက်များအနည်းငယ်ရောင်နေတတ်ပါသည်။ ထိုသို့ဖြစ်ပွားပါက ခြေထောက်များကိုမြှောက်ထားခြင်းဖြင့်ကုသပါ။ ခြေထောက်တင်ရန် ခေါင်းအုံးတစ်ခု သီးသန့်ဝယ်ထားပါ။ အိမ်ပြန်ရောက်ပါက ခြေထောက်များကို ခေါင်းအုံးပေါ်တွင် တင်ထားနိုင်ပါသည်။ သွေးစီးဆင်းခြင်းသည် ကမ္ဘာ့ဆွဲအားနှင့်ဆက်စပ်လျက်ရှိပြီးနောက်ဆုံးတွင် နှလုံးသို့ပြန်လာရသည်။
2. ရေခဲကပ်ခြင်း
ရေခဲကပ်ခြင်းအားဖြင့် -
- သွေးကြောများကျုံ့သွားစေရန် စွမ်းဆောင်နိုင်ပါသည်။
- ဖောင်းနေသောသွေးကြောများရှိပါက သက်သာအောင်ပြုလုပ်ပေးနိုင်ပါသည်။
3. အရောင်လျော့ဆေး
အကိုက်အခဲပျောက် အရောင်လျော့ဆေးများသည် ခြေထောက်ရောင်ခြင်းများကိုသက်သာစေနိုင်သော်လည်း ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါသည်။
4. အထူးစပါယ်ရှယ်ပြုလုပ်ထားသော ခြေအိတ်၊ အစွပ်သုံးခြင်း
၎င်းခြေအိတ်များကို ဆေးဝါးအရောင်းဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါသည်။
- အရေပြားတင်းရင်းစေရန် အကူအညီပေးနိုင်ခြင်း
- သွေးပြန်ကြောများကိုပြင်ပမှ အထောက်အပံ့ပေးခြင်းဖြင့် နှလုံးသွေးစီးဆင်းမှုကို ပိုမိုလွယ်ကူစေခြင်း
5. လေ့ကျင့်ခန်းပြုလုပ်ခြင်း
သွေးကြောထုံးသူများတွင် သွေးများစုပုံ၍ သွေးစီးဆင်းမှုမကောင်းပါ။ ထို့ကြောင့် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးသင့်ပါသည်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:DrMyanmar
သွေးပြန်ကြောထုံးခြင်းမှ ကင်းဝေးစေရန် နည်းလမ်းများ...!
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။