iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးဘဝတုန္းကေတာ့ ေဘာ္ဒါသူငယ္ခ်င္းေတြနဲ႔ တစ္ရုန္းရုန္း သြားလာ စားေသာက္ေနရတာကို ေပ်ာ္စရာေကာင္းၿပီး အနားယူတာလို႔ ထင္ေကာင္း ထင္ခဲ့ၾကပါမယ္။ ဒါေပမဲ့ အခ်ိန္နဲ႔အမွ်  ကိုယ့္ိကုိယ္ကို ဘယ္လိုေစာင့္ေရွာက္ရမယ္၊ ဂရုစိုက္ရမယ္ဆိုတာကို တျဖည္းျဖည္း ပိုနားလည္လာၾကပါတယ္။

လူေတြနဲ႔ အျမဲတမ္းလိုလို ေျပာဆိုထိေတြ႔ဆက္ဆံေနတာမ်ိဳးက သင့္အတြက္ စိတ္ေကာ လူေကာ ေကာင္းေကာင္းအနားရေစဖို႔ အေထာက္အကူ မျဖစ္ေစပါဘူး။ လူတစ္ေယာက္ဟာ တစ္ေန႔မွာ အနည္းဆံုး တစ္နာရီကေန သံုးနာရီေလာက္ေတာ့ တစ္ေယာက္တည္း ေနသင့္ပါတယ္။ တစ္ေယာက္တည္းရွိေနခ်ိန္မွာ လူေတြက အထီးက်န္တယ္လို႔ ေျပာၾကတယ္။ တကယ္က တစ္ေယာက္တည္းရွိေနခ်ိန္မွာ ကိုယ့္ စိတ္နဲ႔ ခႏၶာကို ဘက္ထရီ ျပန္ျဖည့္ရမွာပါ။

(၁) အာရုံ မေနာက္ဘူး

လူေတြနဲ႔ ဆက္ဆံတဲ့အခါမွာ ၾကံဳရတာက မ်ိဳးစံုေနတာပဲ။ တစ္ေယာက္တည္းရွိတဲ့အခ်ိန္မွာ နားညီး သက္သာတယ္။ တျခားလူေၾကာင့္ စိတ္ရႈပ္စရာေတြ၊ စိတ္ေသာကေတြ၊ အကုသုိလ္ေတြ အနည္းနဲ႔အမ်ားေတာ့ ကင္းေဝးျပီး လြတ္လပ္ေပ့ါပါးစြာ ေနႏုိင္ပါတယ္။ တစ္ေယာက္တည္းေတာ့ ရန္ျဖစ္မေနနဲ႔ေပါ့ေနာ္။ တစ္ေယာက္တည္း ေနတဲ့အခါမွာ တိတ္ဆိတ္မႈ၊ လြတ္လပ္မႈ၊ စိတ္တြင္း ျငိမ္းခ်မ္းမႈကို ခံစားရတယ္။ စိတ္ရဲ႕ ျငိမ္းခ်မ္းမႈကပဲ သင့္ကို ၁၀၀% အနားရေစပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို နာရီ အနည္းငယ္ေတာ့ တစ္ေယာက္တည္း ေနလိုက္ပါ။

(၂) ကိုယ့္အေၾကာင္းကို ပိုေတြးျဖစ္တယ္

လူအမ်ားနဲ႔ ရွိေနတဲ့အခါ စကားေျပာခ်င္စိတ္ ရွိသည္ျဖစ္ေစ၊ မရွိဘူး ျဖစ္ေစ လူမႈေရးအရ ေျပာဆုိ ဆက္ဆံရတယ္။ နားေထာင္ရတယ္။ တစ္ေယာက္တည္း ေနတဲ့အခ်ိန္မွာေတာ့ ကုိယ့္အတြက္ ကိုယ္ပိုင္ခံစားမႈနဲ႔ အျခား ကိုယ္ပိုင္လိုအင္ဆႏၷေတြကို စိတ္ကူးးယဥ္ၾကည့္ဖို႔ အခ်ိန္ ထြက္လာပါတယ္။ ဒီအခ်ိန္မွာ ကိုယ္ေကာင္းခဲ့တာ၊ ဆိုးခဲ့တာ၊ လုပ္ရပ္ေတြ၊ ေျပာခဲ့ဆိုခဲ့တာေတြ၊ ကူညီခဲ့တာေတြ၊ ပင္ပန္းခဲ့တာေတြ စသျဖင့္ ကုိယ့္အေၾကာင္း ေတြးျဖစ္တယ္။ ကိုယ့္ကုိယ္ကုိ သံုးသပ္ဆင္ျခင္တာမ်ိဳးေတြက တစ္ေယာက္တည္း ရွိတဲ့အခ်ိန္မွာပဲ လုပ္လို႔ အဆင္အေျပဆံုးအခ်ိန္ပါ။ အေတြးမလြန္ဖို႔ေတာ့ သတိထားပါ။ တစ္ေယာက္တည္း အထီးက်န္တယ္လို႔ ခံစားရတာ အဲဒီ အေတြးလြန္ျခင္းက စတာပါ။

(၃) အလုပ္ ပိုလုပ္ျဖစ္တယ္၊ အလုပ္ ပိုၿပီးတယ္

တစ္ကုိယ္ရည္၊ တစ္ကာယအတြက္ တုိးတက္စရာ ကိစၥေတြကေတာ့ တစ္ေယာက္တည္း ရွိေနခ်ိန္မွာ လုပ္ျဖစ္တာ မ်ားပါတယ္။ တစ္ေယာက္တည္း ေနတဲ့အခါမွာ ဝါသနာပါတာ တစ္ခုခု လုပ္ျဖစ္တယ္။ စာဖတ္ျဖစ္တယ္။ အလွျပင္ျဖစ္တယ္။  ေလ့က်င့္ခန္း လုပ္ျဖစ္တယ္။ ကိုယ့္ကိုယ္ကို ဂရုစိုက္ျဖစ္တယ္။ ကုိယ္လုပ္ရမယ့္ အလုပ္ေတြကိုပဲ အာရံုစူးစုိက္ျပီး လုပ္ျဖစ္တယ္။ ေနာက္ေန႔ လုပ္စရာေတြ ေတြးထားတယ္။

အျမဲတမ္း တစ္ေယာက္တည္း ေနမယ္ဆုိရင္လည္္း စိတ္က်ေရာဂါ ျဖစ္တတ္တာမို႔ မေကာင္းပါဘူး။ တစ္ေယာက္တည္း ေနတတ္တဲ့ အက်င့္ေလးကို ေမြးျမဴထားၿပီး မိမိ စိတ္၊ ခႏၶာနဲ႔ ဘဝ တိုးတက္ရာ တိုးတက္ေၾကာင္းကို လုပ္ပါ။ ကိုယ့္ကိုယ္ကို  ဘက္ထရီသြင္းတာမွာ ကိုယ္ခႏၶာအားအင္ အတြက္ကေတာ့ တစ္ေန႔ကို (၈) နာရီျပည့္ေအာင္ အိပ္ရမယ္။ စိတ္အားအင္ ဘက္ထရီသြင္းဖို႔ က်ေတာ့ ေန႔တိုင္း နာရီအနည္းငယ္ေလာက္ တစ္ေယာက္တည္း ေနေပးရုံပါပဲ။

Credit : Duwun

#Unicode Version

ကလေးဘဝတုန်းကတော့ ဘော်ဒါသူငယ်ချင်းတွေနဲ့ တစ်ရုန်းရုန်း သွားလာ စားသောက်နေရတာကို ပျော်စရာကောင်းပြီး အနားယူတာလို့ ထင်ကောင်း ထင်ခဲ့ကြပါမယ်။ ဒါပေမဲ့ အချိန်နဲ့အမျှ  ကိုယ့ိကိုယ်ကို ဘယ်လိုစောင့်ရှောက်ရမယ်၊ ဂရုစိုက်ရမယ်ဆိုတာကို တဖြည်းဖြည်း ပိုနားလည်လာကြပါတယ်။

လူတွေနဲ့ အမြဲတမ်းလိုလို ပြောဆိုထိတွေ့ဆက်ဆံနေတာမျိုးက သင့်အတွက် စိတ်ကော လူကော ကောင်းကောင်းအနားရစေဖို့ အထောက်အကူ မဖြစ်စေပါဘူး။ လူတစ်ယောက်ဟာ တစ်နေ့မှာ အနည်းဆုံး တစ်နာရီကနေ သုံးနာရီလောက်တော့ တစ်ယောက်တည်း နေသင့်ပါတယ်။ တစ်ယောက်တည်းရှိနေချိန်မှာ လူတွေက အထီးကျန်တယ်လို့ ပြောကြတယ်။ တကယ်က တစ်ယောက်တည်းရှိနေချိန်မှာ ကိုယ့် စိတ်နဲ့ ခန္ဓာကို ဘက်ထရီ ပြန်ဖြည့်ရမှာပါ။

(၁) အာရုံ မနောက်ဘူး

လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကြုံရတာက မျိုးစုံနေတာပဲ။ တစ်ယောက်တည်းရှိတဲ့အချိန်မှာ နားညီး သက်သာတယ်။ တခြားလူကြောင့် စိတ်ရှုပ်စရာတွေ၊ စိတ်သောကတွေ၊ အကုသိုလ်တွေ အနည်းနဲ့အများတော့ ကင်းဝေးပြီး လွတ်လပ်ပေ့ါပါးစွာ နေနိုင်ပါတယ်။ တစ်ယောက်တည်းတော့ ရန်ဖြစ်မနေနဲ့ပေါ့နော်။ တစ်ယောက်တည်း နေတဲ့အခါမှာ တိတ်ဆိတ်မှု၊ လွတ်လပ်မှု၊ စိတ်တွင်း ငြိမ်းချမ်းမှုကို ခံစားရတယ်။ စိတ်ရဲ့ ငြိမ်းချမ်းမှုကပဲ သင့်ကို ၁၀၀% အနားရစေပါတယ်။ ဒါကြောင့် တစ်နေ့ကို နာရီ အနည်းငယ်တော့ တစ်ယောက်တည်း နေလိုက်ပါ။

(၂) ကိုယ့်အကြောင်းကို ပိုတွေးဖြစ်တယ်

လူအများနဲ့ ရှိနေတဲ့အခါ စကားပြောချင်စိတ် ရှိသည်ဖြစ်စေ၊ မရှိဘူး ဖြစ်စေ လူမှုရေးအရ ပြောဆို ဆက်ဆံရတယ်။ နားထောင်ရတယ်။ တစ်ယောက်တည်း နေတဲ့အချိန်မှာတော့ ကိုယ့်အတွက် ကိုယ်ပိုင်ခံစားမှုနဲ့ အခြား ကိုယ်ပိုင်လိုအင်ဆန္နတွေကို စိတ်ကူးးယဉ်ကြည့်ဖို့ အချိန် ထွက်လာပါတယ်။ ဒီအချိန်မှာ ကိုယ်ကောင်းခဲ့တာ၊ ဆိုးခဲ့တာ၊ လုပ်ရပ်တွေ၊ ပြောခဲ့ဆိုခဲ့တာတွေ၊ ကူညီခဲ့တာတွေ၊ ပင်ပန်းခဲ့တာတွေ စသဖြင့် ကိုယ့်အကြောင်း တွေးဖြစ်တယ်။ ကိုယ့်ကိုယ်ကို သုံးသပ်ဆင်ခြင်တာမျိုးတွေက တစ်ယောက်တည်း ရှိတဲ့အချိန်မှာပဲ လုပ်လို့ အဆင်အပြေဆုံးအချိန်ပါ။ အတွေးမလွန်ဖို့တော့ သတိထားပါ။ တစ်ယောက်တည်း အထီးကျန်တယ်လို့ ခံစားရတာ အဲဒီ အတွေးလွန်ခြင်းက စတာပါ။

(၃) အလုပ် ပိုလုပ်ဖြစ်တယ်၊ အလုပ် ပိုပြီးတယ်

တစ်ကိုယ်ရည်၊ တစ်ကာယအတွက် တိုးတက်စရာ ကိစ္စတွေကတော့ တစ်ယောက်တည်း ရှိနေချိန်မှာ လုပ်ဖြစ်တာ များပါတယ်။ တစ်ယောက်တည်း နေတဲ့အခါမှာ ဝါသနာပါတာ တစ်ခုခု လုပ်ဖြစ်တယ်။ စာဖတ်ဖြစ်တယ်။ အလှပြင်ဖြစ်တယ်။  လေ့ကျင့်ခန်း လုပ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖြစ်တယ်။ ကိုယ်လုပ်ရမယ့် အလုပ်တွေကိုပဲ အာရုံစူးစိုက်ပြီး လုပ်ဖြစ်တယ်။ နောက်နေ့ လုပ်စရာတွေ တွေးထားတယ်။

အမြဲတမ်း တစ်ယောက်တည်း နေမယ်ဆိုရင်လည်း စိတ်ကျရောဂါ ဖြစ်တတ်တာမို့ မကောင်းပါဘူး။ တစ်ယောက်တည်း နေတတ်တဲ့ အကျင့်လေးကို မွေးမြူထားပြီး မိမိ စိတ်၊ ခန္ဓာနဲ့ ဘဝ တိုးတက်ရာ တိုးတက်ကြောင်းကို လုပ်ပါ။ ကိုယ့်ကိုယ်ကို  ဘက်ထရီသွင်းတာမှာ ကိုယ်ခန္ဓာအားအင် အတွက်ကတော့ တစ်နေ့ကို (၈) နာရီပြည့်အောင် အိပ်ရမယ်။ စိတ်အားအင် ဘက်ထရီသွင်းဖို့ ကျတော့ နေ့တိုင်း နာရီအနည်းငယ်လောက် တစ်ယောက်တည်း နေပေးရုံပါပဲ။

Credit : Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top