iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္ေတာ့ ဆိုရိုးေလးေတာင္ ရွိပါတယ္။ လင္ေနစ ဆင္ေသမွတဲ့။ ကုိယ့္စကားဘဲ နားေထာင္ေအာင္ လုပ္လို႕ရတဲ့နည္းလမ္းေတြရွိပါတယ္။ လုပ္ၾကည့္လိုက္ပါ။ တစ္ခြန္းမွ ျပန္မေျပာရဲဘဲပါ ျဖစ္သြားမယ္။ 😛

(1) မိုးလင္းတာနဲ႕ ကုိယ္က စၿပီး အမိန္႕ေပးပါ။

သူ႕ကုိ အနိုင္မေပးပါနဲ႕။ ကုိယ့္ဘက္က စၿပီးေတာ့သာ အုပ္စိုးလိုက္ပါ။

“ေမာင္ေရ ဘယ္ခ်ိန္ရွိေနၿပီလဲ ထေလ”

“နာရီကိုၾကည့္ဦး ေရထခ်ိဳးေတာ့ အက်ႋီက တန္းမွာ ခ်ိတ္ထားၿပီးသား” “ေရခ်ိဳးၿပီးတာနဲ႔ ထမင္းစားခန္းထဲလာခဲ့ ဒီမွာ မနက္စာ အသင့္ျဖစ္ေနၿပီ” စသျဖင့္ ကုိယ္က ဦးေအာင္ခ်ည္း ေဟာက္ပစ္ပါ။

 (2) ကိုယ္ကခ်ည္း ဦးေအာင္လုပ္ပစ္ပါ။

အရာရာတိုင္းဟာ ကုိယ့္လက္ကုိယ့္ေျခပဲ ျဖစ္ပါေစ။ “စားၿပီးသား ပန္းကန္ေတြထားခဲ့ မေဆးနဲ႕ဆို မေဆးနဲ႕” “မီးပူက တိုက္စရာမလိုဘူး ကြ်န္မတိုက္မယ္ ရွင္ထိစရာ အေၾကာင္းကိုမရွိဘူး” “အလုပ္သြားေတာ့ေလ ေနာက္က်ေနေတာ့မွာပဲ” အဲ့လိုမ်ိဳး သူ႕အေပၚမွာ အနိုင္ယူလိုက္ပါ။ အလုပ္သြားခါနီး အာဘြားပါ ေကာက္ေပးပစ္လိုက္။

(3) သူ႕မိဘမ်ားကိုလည္း အေလွ်ာ့မေပးပါနဲ႕။

“သမီးရယ္ အဝတ္ေတြထားခဲ့ပါ အေမေလွ်ာ္လိုက္မယ္” “ရပါတယ္ ဒီစာအုပ္ပံုက အေဖရွင္းမလို႔္” စတာမ်ိဳးေတြ ေျပာလာခဲ့ရင္ ျပတ္ျပတ္သားသားျငင္းလိုက္ပါ။ ဟုတ္တယ္ေလ။ ကုိယ့္မာနကို ထိခိုက္တယ္။ ကုိယ္ကပဲ သိမ္းက်ံဳးလုပ္ပစ္လိုက္။ သူတို႕ ဘာမွထပ္မေျပာေတာ့ေအာင္။

(4) မီးဖိုေခ်ာင္ဆိုတာ ကုိယ့္ရဲ႕နန္းေတာ္ပါ။

သင့္ေယာက္်ားဟာ ဘာေကာင္ႀကီး ျဖစ္ေနပါေစ။ သင့္အိမ္မွာေတာ့ သင္ဟာ မီးဖိုေခ်ာင္ရဲ႕ ဘုရင္မပါ။ ဟင္းဝင္မခ်က္ပါေစနဲ႕။ အာလူးတစ္လံုးေတာင္ အထိမခံပါနဲ႕။ ထမင္းစားဖို႕ကလြဲၿပီး မီးဖိုေခ်ာင္ထဲဝင္လာတဲ့ အရိပ္အေယာင္ေတြ႕ရင္ ေအာ္ေငါက္ၿပီးသာ ေမာင္းထုတ္ပါ။ “ဘာလာလုပ္တာလဲ အိမ္ေရွ႕မွာ စာဖတ္ေနေလ” “ဘာစားမလို႕တုန္း လွမ္းေအာ္လိုက္ရင္ၿပီးေရာ လာပို႕ေပးမယ္” စတာမ်ိဳးေတြ ရဲရဲႀကီးေဟာက္ပစ္လိုက္ပါ။

(5) ကုိယ့္ကို ျပန္မေျပာရဲေအာင္ လုပ္ထားပါ။

ဘယ္ေနရာမဆို ကုိယ့္စကားက အတည္ျဖစ္ပါေစ။ “ေဘာလံုးပြဲၾကည့္ရင္းစားဖို႕ ေျမပဲေၾကာ္နဲ႕ ကိုလာ” “ဒါက ကြ်န္မကိုေပး ကြ်န္မလုပ္ေပးမယ္” “မနက္ျဖန္ေမာင့္ေမြးေန႕ေနာ္ ဘုရားသြားမယ္ မုန္႕စားမယ္ သူငယ္ခ်င္းေတြပါဖိတ္လိုက္ဦး” သူျပန္မေျပာခင္ ကိုယ္က ဦးေအာင္ ဖိေျပာပါ။ 😛

(6) ကုိယ့္လက္ေအာက္မွာပဲ ထားပါ။

ကုိယ္က အေပၚစီးကပဲ ဆက္ဆံပါ။ သူ႕ကို ကုိယ့္လက္ေအာက္မွာပဲထားပါ။ ျပားျပားဝပ္ေနပါေစ။ “အလုပ္ကျပန္လာတုန္းက ေညာင္းတယ္ဆို လာခဲ့ နင္းေပးမယ္” “ဇက္ေၾကာေတြတက္ေနလို႕လား ခ်စ္ ႏွိပ္ေပးမယ္ေလ” လို႕ေခၚၿပီး ျပားျပားသာဝပ္ခိုင္းလိုက္ပါ။ 😛

 (၇) မ်က္စိေဒါက္ေထာက္ၾကည့္ေနပါ။

ကုိယ့္ခ်စ္သူ ဘယ္သြားတယ္ ဘာလုပ္တယ္ဆိုတာ မ်က္ျခည္မျပတ္ပါေစနဲ႕။ တီဗီၾကည့္ေနရာက ထသြားၿပီဆို “ဘာစားမလို႕လဲ ယူလာခဲ့ေပးမယ္”

အိပ္ရာနိုးလို႕ ထလာရင္ “သြားတိုက္ေဆးထည့္ၿပီးသား ေရခ်ိဳးခန္းထဲမွာ ပုဆိုးရွိတယ္” စသျဖင့္ အလြတ္မေပးဘဲ လိုက္ေျပာပါ။

အဲ့နည္းလမ္းေတြသာ လုပ္ၾကည့္လိုက္။ ကုိယ့္ေယာက္်ားဆိုတာ ပါးစပ္ႀကီးအေဟာင္းသားနဲ႕ ဘာမွျပန္မေျပာနိုင္ျဖစ္သြားမယ္။

ဟုတ္တယ္။ ေယာက္်ားဆိုတာ အဲ့လိုနိုင္ထားမွ ေတာ္ကာက်တာ။

Credit:For Her Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

တကယ်တော့ ဆိုရိုးလေးတောင် ရှိပါတယ်။ လင်နေစ ဆင်သေမှတဲ့။ ကိုယ့်စကားဘဲ နားထောင်အောင် လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ လုပ်ကြည့်လိုက်ပါ။ တစ်ခွန်းမှ ပြန်မပြောရဲဘဲပါ ဖြစ်သွားမယ်။ 😛

(1) မိုးလင်းတာနဲ့ ကိုယ်က စပြီး အမိန့်ပေးပါ။

သူ့ကို အနိုင်မပေးပါနဲ့။ ကိုယ့်ဘက်က စပြီးတော့သာ အုပ်စိုးလိုက်ပါ။

“မောင်ရေ ဘယ်ချိန်ရှိနေပြီလဲ ထလေ”

“နာရီကိုကြည့်ဦး ရေထချိုးတော့ အကျႋီက တန်းမှာ ချိတ်ထားပြီးသား” “ရေချိုးပြီးတာနဲ့ ထမင်းစားခန်းထဲလာခဲ့ ဒီမှာ မနက်စာ အသင့်ဖြစ်နေပြီ” စသဖြင့် ကိုယ်က ဦးအောင်ချည်း ဟောက်ပစ်ပါ။

 (2) ကိုယ်ကချည်း ဦးအောင်လုပ်ပစ်ပါ။

အရာရာတိုင်းဟာ ကိုယ့်လက်ကိုယ့်ခြေပဲ ဖြစ်ပါစေ။ “စားပြီးသား ပန်းကန်တွေထားခဲ့ မဆေးနဲ့ဆို မဆေးနဲ့” “မီးပူက တိုက်စရာမလိုဘူး ကျွန်မတိုက်မယ် ရှင်ထိစရာ အကြောင်းကိုမရှိဘူး” “အလုပ်သွားတော့လေ နောက်ကျနေတော့မှာပဲ” အဲ့လိုမျိုး သူ့အပေါ်မှာ အနိုင်ယူလိုက်ပါ။ အလုပ်သွားခါနီး အာဘွားပါ ကောက်ပေးပစ်လိုက်။

(3) သူ့မိဘများကိုလည်း အလျှော့မပေးပါနဲ့။

“သမီးရယ် အဝတ်တွေထားခဲ့ပါ အမေလျှော်လိုက်မယ်” “ရပါတယ် ဒီစာအုပ်ပုံက အဖေရှင်းမလို့်” စတာမျိုးတွေ ပြောလာခဲ့ရင် ပြတ်ပြတ်သားသားငြင်းလိုက်ပါ။ ဟုတ်တယ်လေ။ ကိုယ့်မာနကို ထိခိုက်တယ်။ ကိုယ်ကပဲ သိမ်းကျုံးလုပ်ပစ်လိုက်။ သူတို့ ဘာမှထပ်မပြောတော့အောင်။

(4) မီးဖိုချောင်ဆိုတာ ကိုယ့်ရဲ့နန်းတော်ပါ။

သင့်ယောက်ျားဟာ ဘာကောင်ကြီး ဖြစ်နေပါစေ။ သင့်အိမ်မှာတော့ သင်ဟာ မီးဖိုချောင်ရဲ့ ဘုရင်မပါ။ ဟင်းဝင်မချက်ပါစေနဲ့။ အာလူးတစ်လုံးတောင် အထိမခံပါနဲ့။ ထမင်းစားဖို့ကလွဲပြီး မီးဖိုချောင်ထဲဝင်လာတဲ့ အရိပ်အယောင်တွေ့ရင် အော်ငေါက်ပြီးသာ မောင်းထုတ်ပါ။ “ဘာလာလုပ်တာလဲ အိမ်ရှေ့မှာ စာဖတ်နေလေ” “ဘာစားမလို့တုန်း လှမ်းအော်လိုက်ရင်ပြီးရော လာပို့ပေးမယ်” စတာမျိုးတွေ ရဲရဲကြီးဟောက်ပစ်လိုက်ပါ။

(5) ကိုယ့်ကို ပြန်မပြောရဲအောင် လုပ်ထားပါ။

ဘယ်နေရာမဆို ကိုယ့်စကားက အတည်ဖြစ်ပါစေ။ “ဘောလုံးပွဲကြည့်ရင်းစားဖို့ မြေပဲကြော်နဲ့ ကိုလာ” “ဒါက ကျွန်မကိုပေး ကျွန်မလုပ်ပေးမယ်” “မနက်ဖြန်မောင့်မွေးနေ့နော် ဘုရားသွားမယ် မုန့်စားမယ် သူငယ်ချင်းတွေပါဖိတ်လိုက်ဦး” သူပြန်မပြောခင် ကိုယ်က ဦးအောင် ဖိပြောပါ။ 😛

(6) ကိုယ့်လက်အောက်မှာပဲ ထားပါ။

ကိုယ်က အပေါ်စီးကပဲ ဆက်ဆံပါ။ သူ့ကို ကိုယ့်လက်အောက်မှာပဲထားပါ။ ပြားပြားဝပ်နေပါစေ။ “အလုပ်ကပြန်လာတုန်းက ညောင်းတယ်ဆို လာခဲ့ နင်းပေးမယ်” “ဇက်ကြောတွေတက်နေလို့လား ချစ် နှိပ်ပေးမယ်လေ” လို့ခေါ်ပြီး ပြားပြားသာဝပ်ခိုင်းလိုက်ပါ။ 😛

 (၇) မျက်စိဒေါက်ထောက်ကြည့်နေပါ။

ကိုယ့်ချစ်သူ ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာ မျက်ခြည်မပြတ်ပါစေနဲ့။ တီဗီကြည့်နေရာက ထသွားပြီဆို “ဘာစားမလို့လဲ ယူလာခဲ့ပေးမယ်”

အိပ်ရာနိုးလို့ ထလာရင် “သွားတိုက်ဆေးထည့်ပြီးသား ရေချိုးခန်းထဲမှာ ပုဆိုးရှိတယ်” စသဖြင့် အလွတ်မပေးဘဲ လိုက်ပြောပါ။

အဲ့နည်းလမ်းတွေသာ လုပ်ကြည့်လိုက်။ ကိုယ့်ယောက်ျားဆိုတာ ပါးစပ်ကြီးအဟောင်းသားနဲ့ ဘာမှပြန်မပြောနိုင်ဖြစ်သွားမယ်။

ဟုတ်တယ်။ ယောက်ျားဆိုတာ အဲ့လိုနိုင်ထားမှ တော်ကာကျတာ။

Credit:For Her Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top