iMyanmarHouse.com - Best Property Website for Myanmar
×
၂။ ဒေါသလျော့ပါးစေ
၃။ သွေးပေါင်ကျစေ
၎။ နှလုံးကာကွယ်ပေး
Credit:trend myanmar
#Unicode Version
ရယ်မောခြင်းက endorphin (စိတ်နာကျင်ခံစားရမှုလျော့နည်းစေတဲ့ ဟော်မုန်း) ထုတ်လုပ်ပေးခြင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာ ဖြစ်စေခြင်းဖြင့် ဟန်ချက်ပြန်ထိန်းပေးပါတယ်။ Endorphin ဆိုတာ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ chemical တွေပဲဖြစ်ပါတယ်။ ရယ်မောခြင်းက စိတ်ပျော်ရွှင်မှု ပိုရစေနိုင်ပြီး ဝေဒနာကို ခေတ္တသက်သာရာရစေနိုင်ပါတယ်။ အရေးကြီးဆုံးအချက်က နှလုံးကို ကာကွယ်ပေးတဲ့အချက်ပါပဲ။
၁။ နှလုံးကျန်းမာရေး ပိုမိုကောင်းမွန်စေခြင်း
အားရပါးရရယ်မောတာက အထူးကောင်းမွန်တဲ့ နှလုံးလေ့ကျင့်ခန်းတစ်ခုနဲ့ တူပါတယ်။ နှလုံးသွေးပို့လွတ်မှု ကောင်းမွန်စေပြီး ၁နာရီကြာ ပုံမှန်လမ်းလျှောက်လို့ ကျတဲ့ ကယ်လိုရီးပမာဏကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် ရယ်မောပါ။
၂။ ဒေါသလျော့ပါးစေ
ရယ်မောခြင်းက ဒေါသငြိမ်းစေပြီး ပဋိပက္ခတွေ မြန်မြန်ရှင်းစေပါတယ်။
၃။ သွေးပေါင်ကျစေ
သွေးပေါင်ကျသူတွေ နှလုံးရောဂါနဲ့ ဦးနှောက်သွေးကြောပိတ်ရောဂါ လျော့နည်းစေပါလိမ့်မယ်။ ဒါကြောင့် ရယ်မောပြီး ပျော်ပျော်နေပါ။
၄။ နှလုံးကာကွယ်ပေး
ရယ်မောခြင်းက သွေးကြောတွေရဲ့ လုပ်ဆောင်ချက်ပိုမိုကောင်းမွန်စေပြီး သွေးလည်ပတ်မှု ပိုအားကောင်းစေပါတယ်။ နှလုံးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ပြသနာတွေ ခုခံကာကွယ်ပေးနိုင်ပါတယ်။
၅။ စိတ်ဖိစီးမှုဟော်မုန်းပမာဏ လျော့နည်းစေ
စိတ်ဖိစီးမှုဟော်မုန်းပမာဏ လျော့နည်းခြင်းက ခန္ဓကိုယ်ကို ထိခိုက်စေတဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုဟော်မုန်းလျော့နည်းခြင်းက ကိုယ်ခံအားပိုမိုမြင့်တက်စေနိုင်ပါတယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top