iMyanmarHouse.com - Best Property Website for Myanmar
×

သြားမ်က္ႏွာျပင္ေပၚမွာ ျမင္ရတဲ့ အေရာင္ေတြက External Stainနဲ႔ Internal Stain ဆိုျပီး နွစ္မ်ိဳးရိွတဲ့ အနက္ ကြမ္းစားထားတဲ့ သြားေတြဆိုရင္ ျပင္ပ အစြန္းအထင္း(External Stain) အေန နဲ႔ အနီေရာင္၊ အနက္ေရာင္၊ အညိဳ ေရာင္စသျဖင့္ ျမင္ရတတ္ပါတယ္။ အဲဒီ လို ျမင္ရတဲ့ ကြမ္းေခ်းေတြကို Abrasive နည္းနဲ႔ ျဖစ္ေစ၊ Ultrasonic Scalar နည္းနဲ႔ ျဖစ္ေစ ျခစ္ထုတ္ၿပီး ျဖဴစင္ေအာင္ ျပဳျပင္လို႔ ရပါတယ္။

သြားျဖဴစင္ေအာင္

သြားျဖဴေအာင္ အျပင္မွာ ျပဳျပင္တဲ့ နည္းနဲ႔ အတြင္းမွာ ျပဳျပင္တဲ့နည္းဆိုၿပီး ႏွစ္နည္းရွိပါတယ္။ အျပင္မွာ ျပဳျပင္တဲ့ နည္းဆိုတာ ကေတာ့ အျပင္မွာ ရွိေနတဲ့ သြားအေရာင္ အဆင္း အညိဳ၊ အဝါ၊ အ မည္း၊ အစင္းေတြကို ျခစ္ထုတ္တဲ့နည္း ပါ။ ဒါက သာမန္သြားတိုက္တဲ့ နည္းနဲ႔ တူပါတယ္။ အတြင္းမွာ ျပဳျပင္တဲ့နည္းကေတာ့ အိမ္မွာ ျဖဴေနတဲ့အက်Ðေတြ ညစ္ေပေန ရင္ ဆပ္ျပာနဲ႔ စိမ္ၿပီး ေၾကးခြ်တ္လို႔ မေျပာင္တဲ့အခါ မဲနယ္ဆိုးရသလိုပဲ သြားရဲ႔အတြင္း ပိုင္းမ်က္ႏွာျပင္ေတြကို ပံုစံယူစနစ္နဲ႔ သြားမ်က္ႏွာျပင္ကို ျဖဴ ေအာင္ လုပ္လို႔ ရပါတယ္။

သြားအေရာင္ျခင္း မတူညီၾက

လူတစ္ဦးနဲ႔ တစ္ဦး သြားအေရာင္ခ်င္း မတူညီၾကပါဘူး။ တခ်ဳိ႕က သြားျဖဴၿပီး တခ်ဳိ႕က သြားဝါၾက ပါတယ္။ စားတဲ့ အစားအစာ ကလည္း တစ္ေယာက္နဲ႔ တစ္ ေယာက္ မတူတာေၾကာင့္ပါ။ တစ္ေယာက္ က ကိုကာကိုလာ ႀကိဳက္တယ္။ တစ္ ေယာက္က လက္ဖက္ရည္ၾကိဳက္ . စသျဖင့္ စားေသာက္တဲ့ အစား အေသာက္က မတူတဲ့ အတြက္ ထြက္ရွိ လာတဲ့ သြားရဲ႕ မ်က္ႏွာျပင္က အေရာင္ မတူတာပါ။ တကယ္ေတာ့ သြားဆိုတာ လံုးဝအျဖဴမဟုတ္ဘဲ ျဖဴသလိုလို၊ ဝါသ လိုလို၊ ညိဳသလိုလို၊ ျဖဴနီသလိုလို၊ ဝါညိဳ သလိုလို ျဖစ္တတ္တဲ့ အတြက္ လူ တစ္ေယာက္နဲ႔ တစ္ေယာက္ အေရာင္ မတူႏိုင္ပါဘူး။

သြားမ်ားတြင္ မလိုလားအပ္ေသာ အေရာင္အဆင္း မရိွေအာင္

သြားမွာ အစင္းေတြ၊ အမည္းေတြကို ေသခ်ာ ဂ႐ုစိုက္ၾကည့္႐ႈၿပီး ဒါက သြားပိုး စားတာေၾကာင့္လား၊ ေက်ာက္ရွိေနတာ လား ဆိုတာ ခြဲျခားရပါမယ္။ သြားပိုးစား ေနတာဆိုရင္ သြားမ်က္ႏွာျပင္က အ ေပါက္ေတြကို ဖာေထးသင့္ရင္ ဖာေထး ေပးရပါမယ္။ သြားမွာ ရွိေန တာက ေက်ာက္ ဆိုရင္ ျခစ္ထုတ္ၿပီး သြားမ်က္ႏွာျပင္ကို လွပေအာင္ ျပင္ရမွာပါ။

ေဆးဝါးေၾကာင့္ ဝါေနေသာ သြားျဖဴေအာင္

သြားအေရာင္ ဝါတဲ့အေပၚ မူတည္ၿပီး အေရာင္ျဖဴတာကို မက္ေမာသူေတြကို သြားအေရာင္ျဖဴေအာင္ ေျပာင္းလဲယူ လို႔ရပါတယ္။ သြားအေရာင္ကို ေျပာင္း လို႔ ရႏိုင္တဲ့နည္းေတြက Bleaching (အ ေရာင္ခြ်တ္တဲ့နည္း) နဲ႔ သြားမ်က္ႏွာျပင္ ကို အုပ္တဲ့နည္းေတြပဲ ျဖစ္ပါတယ္။ အေရာင္ခြ်တ္တဲ့နည္းကေတာ့ လိုခ်င္တဲ့ အေရာင္အတိုင္းအတာအထိ မရႏိုင္ ပါဘူး။

မ်ိဳးရိုးအရ သြားဝါေနခဲ့လွ်င္

မ်ဳိး႐ိုးေၾကာင့္ သြားဝါေနခဲ့ရင္ လိုခ်င္တဲ့ အေရာင္ကို ရေအာင္ ဖံုးအုပ္တဲ့ နည္းနဲ႔ ရယူနိုင္ ပါတယ္။ ဒီလို ျပဳျပင္တာက ကုသမႈလုပ္တာ မဟုတ္ပါဘူး။ အလွဆင္ တာ ျဖစ္ပါတယ္။ အလွဆင္ ရာမွာ ေကာင္းက်ဳိးေရာ၊ ဆိုးက်ဳိးေရာ ရွိပါ တယ္။ သြားဝါတဲ့ အတိမ္အနက္ ရာခိုင္ ႏႈန္းနဲ႔ မ်က္ႏွာ အလွအပအေပၚ မူတည္ ၿပီး ျပဳျပင္သင့္ ပါတယ္။ သြားဝါတဲ့ ရာခိုင္ ႏႈန္းက မ်ားၿပီး မ်က္ႏွာ အေနအထားနဲ႔ သြားဖြဲ႕စည္းတည္ရွိပံုက လွေနရင္ေတာ့ ျပဳျပင္သင့္ပါတယ္။ သြားဝါတဲ့ အေန အထားက နည္းၿပီး မ်က္ႏွာအေန အထား ကလည္း မလွ၊ သြားအေန အထားက လည္း မမွန္ ဆိုရင္ေတာ့ မျပဳျပင္သင့္ပါ ဘူး။


Credit:ျမ၀တီ


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သွားမျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ အရောင်တွေက External Stainနဲ့ Internal Stain ဆိုပြီး နှစ်မျိုးရှိတဲ့ အနက် ကွမ်းစားထားတဲ့ သွားတွေဆိုရင် ပြင်ပ အစွန်းအထင်း(External Stain) အနေ နဲ့ အနီရောင်၊ အနက်ရောင်၊ အညို ရောင်စသဖြင့် မြင်ရတတ်ပါတယ်။ အဲဒီ လို မြင်ရတဲ့ ကွမ်းချေးတွေကို Abrasive နည်းနဲ့ ဖြစ်စေ၊ Ultrasonic Scalar နည်းနဲ့ ဖြစ်စေ ခြစ်ထုတ်ပြီး ဖြူစင်အောင် ပြုပြင်လို့ ရပါတယ်။

သွားဖြူစင်အောင်

သွားဖြူအောင် အပြင်မှာ ပြုပြင်တဲ့ နည်းနဲ့ အတွင်းမှာ ပြုပြင်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ အပြင်မှာ ပြုပြင်တဲ့ နည်းဆိုတာ ကတော့ အပြင်မှာ ရှိနေတဲ့ သွားအရောင် အဆင်း အညို၊ အဝါ၊ အ မည်း၊ အစင်းတွေကို ခြစ်ထုတ်တဲ့နည်း ပါ။ ဒါက သာမန်သွားတိုက်တဲ့ နည်းနဲ့ တူပါတယ်။ အတွင်းမှာ ပြုပြင်တဲ့နည်းကတော့ အိမ်မှာ ဖြူနေတဲ့အကျÐတွေ ညစ်ပေနေ ရင် ဆပ်ပြာနဲ့ စိမ်ပြီး ကြေးချွတ်လို့ မပြောင်တဲ့အခါ မဲနယ်ဆိုးရသလိုပဲ သွားရဲ့အတွင်း ပိုင်းမျက်နှာပြင်တွေကို ပုံစံယူစနစ်နဲ့ သွားမျက်နှာပြင်ကို ဖြူ အောင် လုပ်လို့ ရပါတယ်။

သွားအရောင်ခြင်း မတူညီကြ

လူတစ်ဦးနဲ့ တစ်ဦး သွားအရောင်ချင်း မတူညီကြပါဘူး။ တချို့က သွားဖြူပြီး တချို့က သွားဝါကြ ပါတယ်။ စားတဲ့ အစားအစာ ကလည်း တစ်ယောက်နဲ့ တစ် ယောက် မတူတာကြောင့်ပါ။ တစ်ယောက် က ကိုကာကိုလာ ကြိုက်တယ်။ တစ် ယောက်က လက်ဖက်ရည်ကြိုက် . စသဖြင့် စားသောက်တဲ့ အစား အသောက်က မတူတဲ့ အတွက် ထွက်ရှိ လာတဲ့ သွားရဲ့ မျက်နှာပြင်က အရောင် မတူတာပါ။ တကယ်တော့ သွားဆိုတာ လုံးဝအဖြူမဟုတ်ဘဲ ဖြူသလိုလို၊ ဝါသ လိုလို၊ ညိုသလိုလို၊ ဖြူနီသလိုလို၊ ဝါညို သလိုလို ဖြစ်တတ်တဲ့ အတွက် လူ တစ်ယောက်နဲ့ တစ်ယောက် အရောင် မတူနိုင်ပါဘူး။

သွားများတွင် မလိုလားအပ်သော အရောင်အဆင်း မရှိအောင်

သွားမှာ အစင်းတွေ၊ အမည်းတွေကို သေချာ ဂရုစိုက်ကြည့်ရှုပြီး ဒါက သွားပိုး စားတာကြောင့်လား၊ ကျောက်ရှိနေတာ လား ဆိုတာ ခွဲခြားရပါမယ်။ သွားပိုးစား နေတာဆိုရင် သွားမျက်နှာပြင်က အ ပေါက်တွေကို ဖာထေးသင့်ရင် ဖာထေး ပေးရပါမယ်။ သွားမှာ ရှိနေ တာက ကျောက် ဆိုရင် ခြစ်ထုတ်ပြီး သွားမျက်နှာပြင်ကို လှပအောင် ပြင်ရမှာပါ။

ဆေးဝါးကြောင့် ဝါနေသော သွားဖြူအောင်

သွားအရောင် ဝါတဲ့အပေါ် မူတည်ပြီး အရောင်ဖြူတာကို မက်မောသူတွေကို သွားအရောင်ဖြူအောင် ပြောင်းလဲယူ လို့ရပါတယ်။ သွားအရောင်ကို ပြောင်း လို့ ရနိုင်တဲ့နည်းတွေက Bleaching (အ ရောင်ချွတ်တဲ့နည်း) နဲ့ သွားမျက်နှာပြင် ကို အုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ အရောင်ချွတ်တဲ့နည်းကတော့ လိုချင်တဲ့ အရောင်အတိုင်းအတာအထိ မရနိုင် ပါဘူး။

မျိုးရိုးအရ သွားဝါနေခဲ့လျှင်

မျိုးရိုးကြောင့် သွားဝါနေခဲ့ရင် လိုချင်တဲ့ အရောင်ကို ရအောင် ဖုံးအုပ်တဲ့ နည်းနဲ့ ရယူနိုင် ပါတယ်။ ဒီလို ပြုပြင်တာက ကုသမှုလုပ်တာ မဟုတ်ပါဘူး။ အလှဆင် တာ ဖြစ်ပါတယ်။ အလှဆင် ရာမှာ ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိပါ တယ်။ သွားဝါတဲ့ အတိမ်အနက် ရာခိုင် နှုန်းနဲ့ မျက်နှာ အလှအပအပေါ် မူတည် ပြီး ပြုပြင်သင့် ပါတယ်။ သွားဝါတဲ့ ရာခိုင် နှုန်းက များပြီး မျက်နှာ အနေအထားနဲ့ သွားဖွဲ့စည်းတည်ရှိပုံက လှနေရင်တော့ ပြုပြင်သင့်ပါတယ်။ သွားဝါတဲ့ အနေ အထားက နည်းပြီး မျက်နှာအနေ အထား ကလည်း မလှ၊ သွားအနေ အထားက လည်း မမှန် ဆိုရင်တော့ မပြုပြင်သင့်ပါ ဘူး။


Credit:မြဝတီ


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top