iMyanmarHouse.com - Best Property Website for Myanmar
×

ခပ္မိုက္မိုက္ ေကာင္ေလးေတြရဲ႕ ရဲရဲတင္းတင္း ဆက္ဆံမႈေတြက…
ေယာင္းေယာင္းတို႔ေရ
႐ုပ္ရွင္ထဲမွာေတာင္ ခပ္ဆိုးဆိုး ခပ္မိုက္မိုက္ မင္းသားဆို ပိုအသည္းလႈပ္တတ္ၾကတာ ကၽြန္မတို႔မိန္းကေလးေတြပါ။ ဘဝအေျခအေနက သနားစရာေကာင္းတာေလးပါ ထပ္ျဖည့္လိုက္ ေႂကြၿပီေလ…တျဖဳတ္ျဖဳတ္။တကယ့္လက္ေတြ႕မွာလည္း မိန္းကေလးေတာ္ေတာ္မ်ားမ်ားက အဲ့လိုခပ္ဆိုးဆိုး မိုက္မိုက္ဆိုရင္ ခ်စ္သူအျဖစ္ ေရြးခ်င္တတ္ၾကတယ္။ အရင္းစစ္ၾကည့္ရင္ေတာ့ ကၽြန္မတို႔ မိန္းကေလးေတြက အသနားပိုလို႔ေပါ့ေနာ္။ ဒီ့ျပင္အေၾကာင္းအရင္းေတြကေတာ့

(၁) ျပဳျပင္ေပးခ်င္တယ္။

မိန္းကေလးေတြက မိခင္စိတ္မ်ားတဲ့အတြက္ ေပးဆပ္ခ်င္တတ္ၾကတယ္။အဲ့ေပးဆပ္ခ်င္တတ္တဲ့ စိတ္ေၾကာင့္ ေပးဆပ္ရမယ့္သူမ်ိဳး ေပးဆပ္စရာလိုအပ္တဲ့သူမ်ိဳးကိုပဲ ေရြးခ်ယ္ခ်င္တတ္ၾကတာ ဆန္းေတာ့ မဆန္းပါဘူး။ဒီေတာ့ လမ္းမွားလိုက္ေနတယ္၊ ဘဝမွာ အမွားေတြ ေပြ႕ပိုက္ထားတဲ့သူမ်ိဳးကိုေတြ႕ရင္ ျပဳျပင္ေပးခ်င္ၾကတယ္။ ျပဳျပင္ေပးရင္းနဲ႔ ခ်စ္မိသြားတတ္သလို၊ ခ်စ္မိသြားလို႔လည္း ျပဳျပင္ေပးခ်င္တတ္ၾကတယ္။(ဆရာလုပ္ခ်င္တာ မဟုတ္ဘူးေနာ္။ ေပးဆပ္ခ်င္တာ။)

(၂)ျပဳစုေပးခ်င္တယ္။

ဒါကလည္း ေပးဆပ္ခ်င္တဲ့စိတ္ေၾကာင့္ ျဖစ္လာတာပါ။ရန္ေတြျဖစ္လာတယ္ အနာတရ ရလာတယ္ဆို ထိပ္ဆံုးက ျပဳစုေပးခ်င္တာပါ။ ခ်စ္သူအနာတရ ျဖစ္လာတာကို စိတ္မေကာင္းေပမဲ့ ခ်စ္သူကို အနားကပ္ ျပဳစုေပးရတာကို ႏွစ္သက္ၾကပါတယ္။

(၃) ကိုယ့္ေၾကာင့္ ေျပာင္းလဲသြားတာ ျမင္ခ်င္လို႔

“ဟဲ့ နင့္ရည္းစား အရမ္းကို လိမၼာေနပါလား။ ဘယ္လိုျဖစ္သြားတာလဲ။နင္ ဘယ္လိုမ်ား လုပ္လိုက္တာလဲ။”ဒါမ်ိဳးေလး အေျပာခံရၾကည့္ပါလား။ ေလဟုန္မွာ ပ်ံေနသလိုပဲ။ ပီတိအဟုန္နဲ႔ တစ္ေနကုန္ ေျမာက္ႂကြေျမာက္ႂကြနဲ႔ျဖစ္ေနမွာ။ ကိုယ့္ေၾကာင့္ ကိုယ့္ခ်စ္သူ ေျပာင္းလဲသြားတယ္(ေကာင္းတဲ့ဘက္ကို ေျပာတာေနာ္။)ဆိုတာဟာ မိန္းကေလးေတြရဲ႕ ႀကီးမားတဲ့ ေပ်ာ္ရႊင္မႈတစ္ခုပါ။
(၄)သူတို႔က..ဇြတ္

ခပ္ဆိုးဆိုးမိုက္မိုက္ ေကာင္ေလးေတြမွာ အားနာတာ၊ ခ်စ္သူ႔အရိပ္အကဲ ၾကည့္တာ သိပ္မရွိဘူး။အဲ့ေတာ့ သူတို႔လိုခ်င္တာ တစ္ခုဆို မရမက ရေအာင္ယူတတ္ၾကတယ္။ ဥပမာကြာ..အနမ္းေပးခ်င္တယ္။ လူကြယ္ရာမွာ ဆြဲၿပီးဖက္နမ္းပလိုက္တာပဲ။ အရွက္အေၾကာက္ႀကီးတဲ့ မိန္းကေလးေတြက ခ်စ္သူရဲ႕ ယုယမႈကိုေတာ့ ခံခ်င္တယ္။ဒါေပမယ့္ ဖြင့္မေျပာရဲဘူး။အဲ့လိုဆိုေတာ့..ခပ္မိုက္မိုက္ ေကာင္ေလးေတြရဲ႕ ရဲရဲတင္းတင္း ဆက္ဆံမႈေတြက သာယာမႈတစ္ခု ျဖစ္ေစတတ္ပါတယ္။

(၅)ခ်စ္သူရဲ႕ အကာအကြယ္ေပးမႈကို တကယ္လက္ေတြ႕ ခံစားရလို႔

ဒါလည္း ခပ္မိုက္မိုက္ေကာင္ေလးေတြမွာ ရွိတတ္တဲ့ “ခ်စ္သူထိ ဓားၾကည့္”ဆိုတဲ့ စ႐ိုက္ေၾကာင့္ပါ။ေယာက်ာ္းတိုင္းေတာ့ အဲ့လိုပါပဲ။ဒါေပမယ့္ သူတို႔က ပိုဆိုးပါတယ္။ကိုယ့္ေကာင္မေလးကို မ်က္လံုးနဲ႔ေတာင္ မၾကည့္နဲ႔။ၾကည့္လို႔ကေတာ့ အဲ့လူအေသပဲ။ ဒါမ်ိဳးကို မိန္းကေလးေတြေတာ္ေတာ္မ်ားမ်ား သိပ္သေဘာက်တတ္ပါတယ္။အမွီအခိုစိတ္မ်ားတဲ့ မိန္းကေလးေတြအဖို႔ ခ်စ္သူ႔ရဲ႕ ကာကြယ္ေပးမႈက ဘဝတစ္ခုကိုလံုး လံုျခံဳသြားေစသလိုပါတယ္။

မိန္းကေလးေတြက “တစ္ကမ႓ာလံုးက က်န္တဲ့သူေတြကို မေကာင္း ကိုယ့္အေပၚပဲ ေကာင္းတဲ့သူမ်ိဳး”ကို လိုခ်င္တတ္ၾကတယ္။ဒါက ခပ္မိုက္မိုက္ေကာင္ေလးေတြရဲ႕ အားသာခ်က္ေပါ့။သူတို႔က အဲဒီအခ်က္ကို ျဖည့္ဆည္းေပးႏိုင္တယ္ေလ။ဒါကပဲ မိန္းကေလးေတြအတြက္ ဆြဲေဆာင္မႈျဖစ္ေစတာပဲ။ေယာင္းေယာင္းတို႔လည္း စဥ္းစားၾကည့္ပါ။ ဒီအခ်က္ေတြဟုတ္မဟုတ္… တိုက္ဆိုင္ရင္ ရွဲသြားႏိုင္သည္။၊

Credit : apannpyay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခပ်မိုက်မိုက် ကောင်လေးတွေရဲ့ ရဲရဲတင်းတင်း ဆက်ဆံမှုတွေက…
ယောင်းယောင်းတို့ရေ
ရုပ်ရှင်ထဲမှာတောင် ခပ်ဆိုးဆိုး ခပ်မိုက်မိုက် မင်းသားဆို ပိုအသည်းလှုပ်တတ်ကြတာ ကျွန်မတို့မိန်းကလေးတွေပါ။ ဘဝအခြေအနေက သနားစရာကောင်းတာလေးပါ ထပ်ဖြည့်လိုက် ကြွေပြီလေ…တဖြုတ်ဖြုတ်။တကယ့်လက်တွေ့မှာလည်း မိန်းကလေးတော်တော်များများက အဲ့လိုခပ်ဆိုးဆိုး မိုက်မိုက်ဆိုရင် ချစ်သူအဖြစ် ရွေးချင်တတ်ကြတယ်။ အရင်းစစ်ကြည့်ရင်တော့ ကျွန်မတို့ မိန်းကလေးတွေက အသနားပိုလို့ပေါ့နော်။ ဒီ့ပြင်အကြောင်းအရင်းတွေကတော့

(၁) ပြုပြင်ပေးချင်တယ်။

မိန်းကလေးတွေက မိခင်စိတ်များတဲ့အတွက် ပေးဆပ်ချင်တတ်ကြတယ်။အဲ့ပေးဆပ်ချင်တတ်တဲ့ စိတ်ကြောင့် ပေးဆပ်ရမယ့်သူမျိုး ပေးဆပ်စရာလိုအပ်တဲ့သူမျိုးကိုပဲ ရွေးချယ်ချင်တတ်ကြတာ ဆန်းတော့ မဆန်းပါဘူး။ဒီတော့ လမ်းမှားလိုက်နေတယ်၊ ဘဝမှာ အမှားတွေ ပွေ့ပိုက်ထားတဲ့သူမျိုးကိုတွေ့ရင် ပြုပြင်ပေးချင်ကြတယ်။ ပြုပြင်ပေးရင်းနဲ့ ချစ်မိသွားတတ်သလို၊ ချစ်မိသွားလို့လည်း ပြုပြင်ပေးချင်တတ်ကြတယ်။(ဆရာလုပ်ချင်တာ မဟုတ်ဘူးနော်။ ပေးဆပ်ချင်တာ။)

(၂)ပြုစုပေးချင်တယ်။

ဒါကလည်း ပေးဆပ်ချင်တဲ့စိတ်ကြောင့် ဖြစ်လာတာပါ။ရန်တွေဖြစ်လာတယ် အနာတရ ရလာတယ်ဆို ထိပ်ဆုံးက ပြုစုပေးချင်တာပါ။ ချစ်သူအနာတရ ဖြစ်လာတာကို စိတ်မကောင်းပေမဲ့ ချစ်သူကို အနားကပ် ပြုစုပေးရတာကို နှစ်သက်ကြပါတယ်။

(၃) ကိုယ့်ကြောင့် ပြောင်းလဲသွားတာ မြင်ချင်လို့

“ဟဲ့ နင့်ရည်းစား အရမ်းကို လိမ္မာနေပါလား။ ဘယ်လိုဖြစ်သွားတာလဲ။နင် ဘယ်လိုများ လုပ်လိုက်တာလဲ။”ဒါမျိုးလေး အပြောခံရကြည့်ပါလား။ လေဟုန်မှာ ပျံနေသလိုပဲ။ ပီတိအဟုန်နဲ့ တစ်နေကုန် မြောက်ကြွမြောက်ကြွနဲ့ဖြစ်နေမှာ။ ကိုယ့်ကြောင့် ကိုယ့်ချစ်သူ ပြောင်းလဲသွားတယ်(ကောင်းတဲ့ဘက်ကို ပြောတာနော်။)ဆိုတာဟာ မိန်းကလေးတွေရဲ့ ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခုပါ။
(၄)သူတို့က..ဇွတ်

ခပ်ဆိုးဆိုးမိုက်မိုက် ကောင်လေးတွေမှာ အားနာတာ၊ ချစ်သူ့အရိပ်အကဲ ကြည့်တာ သိပ်မရှိဘူး။အဲ့တော့ သူတို့လိုချင်တာ တစ်ခုဆို မရမက ရအောင်ယူတတ်ကြတယ်။ ဥပမာကွာ..အနမ်းပေးချင်တယ်။ လူကွယ်ရာမှာ ဆွဲပြီးဖက်နမ်းပလိုက်တာပဲ။ အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတွေက ချစ်သူရဲ့ ယုယမှုကိုတော့ ခံချင်တယ်။ဒါပေမယ့် ဖွင့်မပြောရဲဘူး။အဲ့လိုဆိုတော့..ခပ်မိုက်မိုက် ကောင်လေးတွေရဲ့ ရဲရဲတင်းတင်း ဆက်ဆံမှုတွေက သာယာမှုတစ်ခု ဖြစ်စေတတ်ပါတယ်။

(၅)ချစ်သူရဲ့ အကာအကွယ်ပေးမှုကို တကယ်လက်တွေ့ ခံစားရလို့

ဒါလည်း ခပ်မိုက်မိုက်ကောင်လေးတွေမှာ ရှိတတ်တဲ့ “ချစ်သူထိ ဓားကြည့်”ဆိုတဲ့ စရိုက်ကြောင့်ပါ။ယောကျာ်းတိုင်းတော့ အဲ့လိုပါပဲ။ဒါပေမယ့် သူတို့က ပိုဆိုးပါတယ်။ကိုယ့်ကောင်မလေးကို မျက်လုံးနဲ့တောင် မကြည့်နဲ့။ကြည့်လို့ကတော့ အဲ့လူအသေပဲ။ ဒါမျိုးကို မိန်းကလေးတွေတော်တော်များများ သိပ်သဘောကျတတ်ပါတယ်။အမှီအခိုစိတ်များတဲ့ မိန်းကလေးတွေအဖို့ ချစ်သူ့ရဲ့ ကာကွယ်ပေးမှုက ဘဝတစ်ခုကိုလုံး လုံခြုံသွားစေသလိုပါတယ်။

မိန်းကလေးတွေက “တစ်ကမ္ဘာလုံးက ကျန်တဲ့သူတွေကို မကောင်း ကိုယ့်အပေါ်ပဲ ကောင်းတဲ့သူမျိုး”ကို လိုချင်တတ်ကြတယ်။ဒါက ခပ်မိုက်မိုက်ကောင်လေးတွေရဲ့ အားသာချက်ပေါ့။သူတို့က အဲဒီအချက်ကို ဖြည့်ဆည်းပေးနိုင်တယ်လေ။ဒါကပဲ မိန်းကလေးတွေအတွက် ဆွဲဆောင်မှုဖြစ်စေတာပဲ။ယောင်းယောင်းတို့လည်း စဉ်းစားကြည့်ပါ။ ဒီအချက်တွေဟုတ်မဟုတ်… တိုက်ဆိုင်ရင် ရှဲသွားနိုင်သည်။၊

Credit : apannpyay
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top