iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတုန္းက အရမ္းကိုဆင္းရဲ႕တဲ့ လူတစ္ေယာက္ဟာ ဇနီးျဖစ္သူနဲ႔အတူ ေနထိုင္ခဲ့တယ္ ။ တစ္ေန႔မွာ ဇနီးျဖစ္သူက သူ႔ရဲ႕ ရွည္လ်ားတဲ့ ဆံႏြယ္ေတြကို ျဖီးသင္ဖို႔အတြက္ ဘီးေလး တစ္ေခ်ာင္း လိုခ်င္တဲ့အေၾကာင္းေျပာခဲ့တယ္ ။ ေယာကၤ်ားျဖစ္သူက ဘီးအသစ္တစ္ေခ်ာင္းမ၀ယ္ေပးႏုိင္တဲ့အတြက္ အလြန္၀မ္းနည္းသြားျပီး မ၀ယ္ေပးႏုိင္လို႔ ေတာင္းပန္ပါတယ္ဆိုတဲ့အေၾကာင္း ေျပာခဲ့တယ္ ။

သူက သူ႔ရဲ႕ၾကိဳးပ်က္ဆီးေနတဲ့လက္ပတ္နာရီေလးကို ထုတ္ျပျပီး အဲဒီလက္ပတ္နာရီေလးျပင္ဖို႔ေတာင္ ေငြမရွိတဲ့အေၾကာင္းကို ေသခ်ာရွင္းျပခဲ့တယ္ ။ အမ်ိဳးသမီးျဖစ္သူက
ေယာကၤ်ားျဖစ္သူကို ျပံဳးျပီး နားလည္စြာ ၾကည့္ေနခဲ့တယ္ ။ ျပီးေတာ့ေယာကၤ်ားျဖစ္သူက အလုပ္ကိုသြားခဲ့တယ္ အလုပ္သြားတဲ့လမ္းက နာရီ ဆိုင္တစ္ခုမွာ သူ႔ရဲ႕ ၾကိဳးျပတ္နာရီေလးကို ရတဲ့ေစ်းနဲ႔ေရာင္းခ်ခဲ့တယ္ ။ ျပီးေတာ့ သူ႔ဇနီးသည္အတြက္ ဘီးေလးတစ္ေခ်ာင္း၀ယ္လာခဲ့တယ္ ။ သူဟာ လက္ထဲမွာ ဇနီးျဖစ္သူကို ေပးဖို႔ ဘီးကေလးကိုင္ရင္း အိမ္ကိုျပန္လာခဲ့တယ္ ။

အိမ္ေရွ႕ေရာက္တဲ့အခါ ဇနီးျဖစ္သူကိုၾကည့္ျပီး သူဟာ အရမ္းကို တုန္လႈပ္အံ့ၾသသြားခဲ့ရတယ္ ။ ဇနီးျဖစ္သူဟာ ဦးေခါင္းထက္က ဆံပင္အရွည္ၾကီးကို တိုတိုေလးညွပ္ထားတဲ့အတြက္ျဖစ္တယ္ ။ သူမဟာ ဆံပင္အရွည္ၾကီးကိုျဖတ္ေရာင္းျပီး ရတဲ့ပိုက္ဆံနဲ႔ ေယာကၤ်ားျဖစ္သူအတြက္ လက္ပတ္နာရီၾကိဳးလွလွေလးတစ္ခု၀ယ္ေပးထားခဲ့တယ္ ။

ႏွစ္ဦးစလံုးရဲ႕မ်က္၀န္းေတြကေန မ်က္ရည္ေတြ စီးက်လာခဲ့ပါတယ္ ။ သူတို႔လုပ္ရပ္ေတြအတြက္ တစ္ဦးကိုတစ္ဦး ၀မ္းနည္းလို႔မဟုတ္ေပမယ့္ သူတို႔တစ္ဦးအေပၚတစ္ဦးထားရွိတဲ့ အခ်စ္ေတြကို အခ်င္းခ်င္းနားလည္သြားလို႔ျဖစ္ပါတယ္

ခ်စ္တယ္ဆိုတာက မခက္ခဲပါဘူး တကယ္ခ်စ္တတ္ဖို႔ တကယ့္ကိုခ်စ္မိသြားဖို႔ဆိုတာကေတာ့ စိတ္ထဲကႏွစ္ႏွစ္ကာကာ ရင္ခုန္သံေတြနဲ႔ သီဖြဲ႕ထားဖို႔လိုပါတယ္ သင္ေရာ သူ႔ကို တကယ္ခ်စ္ပါသလား . . . ဘယ္ေတာ့ မွ သူမ်က္ရည္က်ေအာင္မလုပ္မိပါေစနဲ႔ ဘယ္ေတာ့မွ သူ႔ကို အေ၀းထြက္သြားခြင့္မေပးပါနဲ႔ စစ္မွန္တဲ့ခ်စ္ျခင္းအားျဖင့္ သူ႔ကို ေႏြးေထြးစြာ ေပြ႕ဖက္ထားလိုက္ပါ ။

Credit:SkyBoyGroups
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

တစ်ခါတုန်းက အရမ်းကိုဆင်းရဲ့တဲ့ လူတစ်ယောက်ဟာ ဇနီးဖြစ်သူနဲ့အတူ နေထိုင်ခဲ့တယ် ။ တစ်နေ့မှာ ဇနီးဖြစ်သူက သူ့ရဲ့ ရှည်လျားတဲ့ ဆံနွယ်တွေကို ဖြီးသင်ဖို့အတွက် ဘီးလေး တစ်ချောင်း လိုချင်တဲ့အကြောင်းပြောခဲ့တယ် ။ ယောင်္ကျားဖြစ်သူက ဘီးအသစ်တစ်ချောင်းမဝယ်ပေးနိုင်တဲ့အတွက် အလွန်ဝမ်းနည်းသွားပြီး မဝယ်ပေးနိုင်လို့ တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ် ။

သူက သူ့ရဲ့ကြိုးပျက်ဆီးနေတဲ့လက်ပတ်နာရီလေးကို ထုတ်ပြပြီး အဲဒီလက်ပတ်နာရီလေးပြင်ဖို့တောင် ငွေမရှိတဲ့အကြောင်းကို သေချာရှင်းပြခဲ့တယ် ။ အမျိုးသမီးဖြစ်သူက
ယောင်္ကျားဖြစ်သူကို ပြုံးပြီး နားလည်စွာ ကြည့်နေခဲ့တယ် ။ ပြီးတော့ယောင်္ကျားဖြစ်သူက အလုပ်ကိုသွားခဲ့တယ် အလုပ်သွားတဲ့လမ်းက နာရီ ဆိုင်တစ်ခုမှာ သူ့ရဲ့ ကြိုးပြတ်နာရီလေးကို ရတဲ့ဈေးနဲ့ရောင်းချခဲ့တယ် ။ ပြီးတော့ သူ့ဇနီးသည်အတွက် ဘီးလေးတစ်ချောင်းဝယ်လာခဲ့တယ် ။ သူဟာ လက်ထဲမှာ ဇနီးဖြစ်သူကို ပေးဖို့ ဘီးကလေးကိုင်ရင်း အိမ်ကိုပြန်လာခဲ့တယ် ။

အိမ်ရှေ့ရောက်တဲ့အခါ ဇနီးဖြစ်သူကိုကြည့်ပြီး သူဟာ အရမ်းကို တုန်လှုပ်အံ့သြသွားခဲ့ရတယ် ။ ဇနီးဖြစ်သူဟာ ဦးခေါင်းထက်က ဆံပင်အရှည်ကြီးကို တိုတိုလေးညှပ်ထားတဲ့အတွက်ဖြစ်တယ် ။ သူမဟာ ဆံပင်အရှည်ကြီးကိုဖြတ်ရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ယောင်္ကျားဖြစ်သူအတွက် လက်ပတ်နာရီကြိုးလှလှလေးတစ်ခုဝယ်ပေးထားခဲ့တယ် ။

နှစ်ဦးစလုံးရဲ့မျက်ဝန်းတွေကနေ မျက်ရည်တွေ စီးကျလာခဲ့ပါတယ် ။ သူတို့လုပ်ရပ်တွေအတွက် တစ်ဦးကိုတစ်ဦး ဝမ်းနည်းလို့မဟုတ်ပေမယ့် သူတို့တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ အချစ်တွေကို အချင်းချင်းနားလည်သွားလို့ဖြစ်ပါတယ်

ချစ်တယ်ဆိုတာက မခက်ခဲပါဘူး တကယ်ချစ်တတ်ဖို့ တကယ့်ကိုချစ်မိသွားဖို့ဆိုတာကတော့ စိတ်ထဲကနှစ်နှစ်ကာကာ ရင်ခုန်သံတွေနဲ့ သီဖွဲ့ထားဖို့လိုပါတယ် သင်ရော သူ့ကို တကယ်ချစ်ပါသလား . . . ဘယ်တော့ မှ သူမျက်ရည်ကျအောင်မလုပ်မိပါစေနဲ့ ဘယ်တော့မှ သူ့ကို အဝေးထွက်သွားခွင့်မပေးပါနဲ့ စစ်မှန်တဲ့ချစ်ခြင်းအားဖြင့် သူ့ကို နွေးထွေးစွာ ပွေ့ဖက်ထားလိုက်ပါ ။

Credit:SkyBoyGroups

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top