iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္စားပဲြထုိးလုပ္ေနတဲ့ ေရခဲမုန္႔ဆုိင္ကုိ စုတ္တီးစုတ္ျပတ္နဲ႔ ၉ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္
 ေရာက္လာတယ္။ ရုပ္ၾကည့္ရတာေတာ့ ေရခဲမုန္႔စားႏုိင္မယ့္ပုံ မေပၚပါဘူး၊ အလစ္သမားမ်ားလား။ စားၿပီး ပုိက္ဆံမရွင္းဘဲ ထေျပးရင္ ဒုကၡ။ ဒါေပမယ့္ ကုိယ္က စားပြဲထုိးဆုိေတာ့ Customer ေတြကုိ ဧည့္ဝတ္ေက်ေအာင္ သူထုိင္ေနတဲ့စားပြဲကုိ Menu ေလးကုိင္ၿပီး ခပ္ျပတ္ျပတ္ပဲ သြားေမးလုိက္တယ္။

“ဘာစားမွာလဲ”

ငနဲေလး Menu ထဲက ေဝဖာေရခဲမုန္႔ကုိ အာသားငမ္းငမ္းၾကည့္ေနတယ္။ ၿပီးေတာ့မွ

“ဒီေဝဖာေရခဲမုန္႔က ဘယ္ေလာက္က်လဲဗ်”

ဟြန္႔ ထင္တဲ့အတုိင္းပဲေလ။ ပုိက္ဆံမွ သိပ္မပါတာကုိ ေစ်းေမးၿပီးမွ စားေတာ့မယ္ဆုိတာ သိေနတယ္ေလ။ ကြ်န္ေတာ္လည္း အထင္ေသးလာတာနဲ႔ တုိတုိတုတ္တုတ္ျပန္ေျပာလုိက္တယ္။

“၁၅ဝဝ”

ကြ်န္ေတာ္လည္း ေစ်းေျပာလုိက္ေရာ ေကာင္ေလးက ပါလာတဲ့အိတ္ထဲက တစ္ရာတန္ေလးေတြ၊ ႏွစ္ရာတန္ေလးေတြ၊ ငါးဆယ္တန္ေလးေတြကုိ တစ္ရြက္ခ်င္းထုတ္ေရေနတယ္။ ပုိက္ဆံမေလာက္ဘဲနဲ႔မ်ား၊ စိတ္ပ်က္စရာေကာင္းလုိက္တာေလ။ ပုိက္ဆံႏြမ္းႏြမ္းေလေတြကုိ ေရတြက္ၿပီးေတာ့မွ မ်က္ႏွာႏြမ္းႏြမ္းေလးနဲ႔ ထပ္ေမးလုိက္တယ္။

“အကုိ ေရခဲမုန္႔ကုိ ေဝဖာမထည့္ဘဲနဲ႔ အလြတ္စားမယ္ဆုိရင္ ဘယ္ေလာက္လဲ”

ထင္သားပဲ၊ ဖင္မႏုိင္ဘဲ ပဲႀကီးဟင္းစားတဲ့ေကာင္။ လူရႈပ္ရတဲ့ၾကားထဲ အာရုံလာေနာက္ေနေသးတယ္။ ကြ်န္ေတာ္လည္း စိတ္မရွည္ေတာ့ဘူး။

“၁ဝဝဝ ကြာ”

“အဲဒီလုိဆုိရင္ ကြ်န္ေတာ့္ကုိ ေဝဖာမပါတဲ့ေရခဲမုန္႔ပဲ ေပးပါ ၁ဝဝဝေနာ္”

ရြံဖုိ႔ေကာင္းလုိက္တာ။ ေရခဲမုန္႔ေတာင္ ေဝဖာမပါဘဲ စားမတဲ့။ သူစားတာ အေရးမႀကီးဘူး။ မရွင္းဘဲ ထထြက္သြားရင္ ဆုိင္ရွင္က ကုိယ့္ကုိပဲ ဆူမွာ။ ဒီေကာင္ေလးကုိ မ်က္ခ်ည္မျပတ္ၾကည့္ထားမွ ျဖစ္မယ္။ ရွင္းခါနီးက်မွ ေဝ့လာေၾကာင္ပတ္လုပ္ေနရင္ေတာ့ နာၿပီသာမွတ္ကြာ။

ေကာင္ေလးက ေရခဲမုန္႔ကုိ ကုန္ေအာင္စားၿပီးေတာ့ ေကာင္တာမွာ ပုိက္ဆံလာရွင္းသြားတယ္။ သိတဲ့အတုိင္းပဲ ပုိက္ဆံအႏြမ္းေလးေတြေလ။ မႀကိဳက္ေပမယ့္ လက္ခံလုိက္ရတယ္။ ပုိက္ဆံေဟာင္းေနလုိ႔ အသစ္နဲ႕လဲခုိင္းရင္လည္း လဲစရာပုိက္ဆံပါဦးမွ ျဖစ္တာ။ ထားလုိက္ေတာ့။

ေကာင္ေလးျပန္သြားမွာ သူစားထားတဲ့ ေရခဲမုန္႔ခြက္ကုိ သိမ္းဖုိ႔မ လုိက္တယ္။ ေရခဲမုန္႔ခြက္ေအာက္မွာ ၅ဝဝတန္ေငြစကၠဴတစ္ရြက္။ ေဘးနားက စာရြက္ေပၚမွာ ခဲတံေလးနဲ႔ မလွမပေရးထားတဲ့ စာေလးတစ္ေၾကာင္းက ကြ်န္ေတာ့္ကုိ မင္သက္သြားေစတယ္။

“အကုိႀကီးအတြက္ ေဘာက္ဆူး ၅ဝဝ”

စာရြက္ေလးကုိ ကုိင္ၿပီး ကြ်န္ေတာ္ေတြေဝသြားတယ္။ ရင္ထဲမွာေတာ့ ရွက္ရြံ႕တဲ့စိတ္ေတြ၊ ေကာင္ေလးကုိ အထင္ႀကီးတဲ့စိတ္ေတြနဲ႕ ကုိယ့္ကုိယ္ကုိပဲ အျပစ္တင္မိပါတယ္။ သူ႕မုန္႔ဖုိးေလးေတြ စုၿပီးေတာ့ သူအရမ္းစားခ်င္တဲ့ ေဝဖာပါတဲ့ ေရခဲမုန္႔ကုိေတာင္ မစားဘဲနဲ႔ ကြ်န္ေတာ့္အတြက္ ေဘာက္ဆူး ၅ဝဝခ်န္ထားၿပီး ရုိးရုိးေရခဲမုန္႔ကုိ စားသြားတယ္။ ဒါကုိမသိတဲ့ ကြ်န္ေတာ္က ေကာင္ေလးကုိ အထင္ေတြေသးေနတာ။ ေကာင္ေလးကို ေလးစားမိသေလာက္ ကြ်န္ေတာ့္ကုိကြ်န္ေတာ္ ရွက္မိတယ္။ ေဘာက္ဆူးေပးတဲ့ ပုိက္ဆံ ၅ဝဝကုိေတာ့ အမွတ္တရ ပုိက္ဆံအိတ္ထဲမွာ ထည့္ထားလုိက္တယ္။ လူတုိင္းကုိ အထင္မေသးဖုိ႔၊ စာနာစိတ္ထားဖုိ႔၊ သနားၾကင္နာတတ္ဖုိ႔ေတြကုိ ၅ဝဝတန္ေလးက ကြ်န္ေတာ့္ကုိ ပညာေပးေနသလုိပဲ။ ေကာင္ေလးကုိ ကြ်န္ေတာ္အျမဲတမ္းေမ်ွာ္ေနတယ္။ ဒီတစ္ခါ ဆုိင္ကုိေရာက္လာရင္ေတာ့ သူအရမ္းစားခ်င္တဲ့ ေဝဖာေရခဲမုန္႔ေလးကုိ ဝယ္ေကြ်းဖုိ႔ေပါ့။



www.becomingminimalist.com မွ စာေရးဆရာ Joshua Becker ရဲ႕ The Boy and the Sundae ကုိ ျမန္မာမႈျပဳထားပါတယ္။

Credit:ေက်ာ္စုိးေအာင္ (အခရာ)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျွန်တော်စားပွဲထိုးလုပ်နေတဲ့ ရေခဲမုန့်ဆိုင်ကို စုတ်တီးစုတ်ပြတ်နဲ့ ၉နှစ်အရွယ်ကောင်လေးတစ်ယောက်
 ရောက်လာတယ်။ ရုပ်ကြည့်ရတာတော့ ရေခဲမုန့်စားနိုင်မယ့်ပုံ မပေါ်ပါဘူး၊ အလစ်သမားများလား။ စားပြီး ပိုက်ဆံမရှင်းဘဲ ထပြေးရင် ဒုက္ခ။ ဒါပေမယ့် ကိုယ်က စားပွဲထိုးဆိုတော့ Customer တွေကို ဧည့်ဝတ်ကျေအောင် သူထိုင်နေတဲ့စားပွဲကို Menu လေးကိုင်ပြီး ခပ်ပြတ်ပြတ်ပဲ သွားမေးလိုက်တယ်။

“ဘာစားမှာလဲ”

ငနဲလေး Menu ထဲက ဝေဖာရေခဲမုန့်ကို အာသားငမ်းငမ်းကြည့်နေတယ်။ ပြီးတော့မှ

“ဒီဝေဖာရေခဲမုန့်က ဘယ်လောက်ကျလဲဗျ”

ဟွန့် ထင်တဲ့အတိုင်းပဲလေ။ ပိုက်ဆံမှ သိပ်မပါတာကို ဈေးမေးပြီးမှ စားတော့မယ်ဆိုတာ သိနေတယ်လေ။ ကျွန်တော်လည်း အထင်သေးလာတာနဲ့ တိုတိုတုတ်တုတ်ပြန်ပြောလိုက်တယ်။

“၁၅ဝဝ”

ကျွန်တော်လည်း ဈေးပြောလိုက်ရော ကောင်လေးက ပါလာတဲ့အိတ်ထဲက တစ်ရာတန်လေးတွေ၊ နှစ်ရာတန်လေးတွေ၊ ငါးဆယ်တန်လေးတွေကို တစ်ရွက်ချင်းထုတ်ရေနေတယ်။ ပိုက်ဆံမလောက်ဘဲနဲ့များ၊ စိတ်ပျက်စရာကောင်းလိုက်တာလေ။ ပိုက်ဆံနွမ်းနွမ်းလေတွေကို ရေတွက်ပြီးတော့မှ မျက်နှာနွမ်းနွမ်းလေးနဲ့ ထပ်မေးလိုက်တယ်။

“အကို ရေခဲမုန့်ကို ဝေဖာမထည့်ဘဲနဲ့ အလွတ်စားမယ်ဆိုရင် ဘယ်လောက်လဲ”

ထင်သားပဲ၊ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတဲ့ကောင်။ လူရှုပ်ရတဲ့ကြားထဲ အာရုံလာနောက်နေသေးတယ်။ ကျွန်တော်လည်း စိတ်မရှည်တော့ဘူး။

“၁ဝဝဝ ကွာ”

“အဲဒီလိုဆိုရင် ကျွန်တော့်ကို ဝေဖာမပါတဲ့ရေခဲမုန့်ပဲ ပေးပါ ၁ဝဝဝနော်”

ရွံဖို့ကောင်းလိုက်တာ။ ရေခဲမုန့်တောင် ဝေဖာမပါဘဲ စားမတဲ့။ သူစားတာ အရေးမကြီးဘူး။ မရှင်းဘဲ ထထွက်သွားရင် ဆိုင်ရှင်က ကိုယ့်ကိုပဲ ဆူမှာ။ ဒီကောင်လေးကို မျက်ချည်မပြတ်ကြည့်ထားမှ ဖြစ်မယ်။ ရှင်းခါနီးကျမှ ဝေ့လာကြောင်ပတ်လုပ်နေရင်တော့ နာပြီသာမှတ်ကွာ။

ကောင်လေးက ရေခဲမုန့်ကို ကုန်အောင်စားပြီးတော့ ကောင်တာမှာ ပိုက်ဆံလာရှင်းသွားတယ်။ သိတဲ့အတိုင်းပဲ ပိုက်ဆံအနွမ်းလေးတွေလေ။ မကြိုက်ပေမယ့် လက်ခံလိုက်ရတယ်။ ပိုက်ဆံဟောင်းနေလို့ အသစ်နဲ့လဲခိုင်းရင်လည်း လဲစရာပိုက်ဆံပါဦးမှ ဖြစ်တာ။ ထားလိုက်တော့။

ကောင်လေးပြန်သွားမှာ သူစားထားတဲ့ ရေခဲမုန့်ခွက်ကို သိမ်းဖို့မ လိုက်တယ်။ ရေခဲမုန့်ခွက်အောက်မှာ ၅ဝဝတန်ငွေစက္ကူတစ်ရွက်။ ဘေးနားက စာရွက်ပေါ်မှာ ခဲတံလေးနဲ့ မလှမပရေးထားတဲ့ စာလေးတစ်ကြောင်းက ကျွန်တော့်ကို မင်သက်သွားစေတယ်။

“အကိုကြီးအတွက် ဘောက်ဆူး ၅ဝဝ”

စာရွက်လေးကို ကိုင်ပြီး ကျွန်တော်တွေဝေသွားတယ်။ ရင်ထဲမှာတော့ ရှက်ရွံ့တဲ့စိတ်တွေ၊ ကောင်လေးကို အထင်ကြီးတဲ့စိတ်တွေနဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါတယ်။ သူ့မုန့်ဖိုးလေးတွေ စုပြီးတော့ သူအရမ်းစားချင်တဲ့ ဝေဖာပါတဲ့ ရေခဲမုန့်ကိုတောင် မစားဘဲနဲ့ ကျွန်တော့်အတွက် ဘောက်ဆူး ၅ဝဝချန်ထားပြီး ရိုးရိုးရေခဲမုန့်ကို စားသွားတယ်။ ဒါကိုမသိတဲ့ ကျွန်တော်က ကောင်လေးကို အထင်တွေသေးနေတာ။ ကောင်လေးကို လေးစားမိသလောက် ကျွန်တော့်ကိုကျွန်တော် ရှက်မိတယ်။ ဘောက်ဆူးပေးတဲ့ ပိုက်ဆံ ၅ဝဝကိုတော့ အမှတ်တရ ပိုက်ဆံအိတ်ထဲမှာ ထည့်ထားလိုက်တယ်။ လူတိုင်းကို အထင်မသေးဖို့၊ စာနာစိတ်ထားဖို့၊ သနားကြင်နာတတ်ဖို့တွေကို ၅ဝဝတန်လေးက ကျွန်တော့်ကို ပညာပေးနေသလိုပဲ။ ကောင်လေးကို ကျွန်တော်အမြဲတမ်းမျှော်နေတယ်။ ဒီတစ်ခါ ဆိုင်ကိုရောက်လာရင်တော့ သူအရမ်းစားချင်တဲ့ ဝေဖာရေခဲမုန့်လေးကို ဝယ်ကျွေးဖို့ပေါ့။



www.becomingminimalist.com မှ စာရေးဆရာ Joshua Becker ရဲ့ The Boy and the Sundae ကို မြန်မာမှုပြုထားပါတယ်။

Credit:ကျော်စိုးအောင် (အခရာ)



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top