iMyanmarHouse.com - Best Property Website for Myanmar
×

လီမင္ဟိုဟာ ပရိသတ္နဲ႔ ေတြ႕ဆံုေမးျမန္းခန္းတစ္ခုမွာ သူသေဘာက်တဲ့ မိန္းကေလးပံုစံကို ေမးျမန္းခံခဲ့ရတာျဖစ္ပါတယ္။

"တစ္ခါတေလမွာ ဘီကီနီဝတ္မိန္းကေလးျဖစ္ႏိုင္သလို တစ္ခါတေလမွာ သာမန္အဝတ္အစားနဲ႔ မိန္းကေလး ျဖစ္ႏုိင္ပါတယ္" လို႔ လီမင္ဟိုက ဆုိပါတယ္။

လီမင္ဟိုဟာ အဝတ္အထည္ကုမၸဏီ Bench အတြက္ ဖိလစ္ပိုင္ကို သြးေရာက္စဥ္မွာ ေမးျမန္းခံခဲ့ရတာျဖစ္ပါတယ္။

မိန္းကေလးတစ္ေယာက္မွာ အေရးႀကီးဆံုးက ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိဖို႔ပဲလို႔ လီမင္ဟိုက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

"သူဘာဝတ္တယ္ဆုိတာ အေရးမႀကီးပါဘူး။ သူ႔ကိုယ္သူ ဘယ္လိုျပသတယ္ဆုိတာေပၚ မူတည္သြားတယ္။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိတာဟာ အရမ္းဆက္စီက်ၿပီး ဆြဲေဆာင္မႈရွိတယ္" လို႔ ေတာင္ကိုရီးယားမင္းသားေခ်ာ လီမင္ဟိုက ေျပာျပခဲ့ပါတယ္။

ဖိလစ္ပိုင္ကၽြန္းသူေလးတစ္ဦးကို စြဲလမ္းမိေနတဲ့ လီမင္ဟို

လတ္တေလာမွာေတာ့ လီမင္ဟိုတစ္ေယာက္ ေၾကာ္ျငာအလုပ္ေတြနဲ႔ အလုပ္မ်ားေနတယ္လို႔ သိရပါတယ္။

လီမင္ဟိုဟာ သူ႔ရဲ႕သ႐ုပ္ေဆာင္သက္ ၁၀ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ “Always by LEE MIN HO” လို႔အမည္ေပးထားတဲ့ တစ္ကိုယ္ေတာ္စီးရီးကို ထုတ္ဖို႔ အစီအစဥ္ရွိိပါတယ္။

သီခ်င္းအယ္လ္ဘမ္သစ္ ထုတ္ေတာ့မယ့္ လီမင္ဟို

သူ႔ရဲ႕အရင္အယ္လ္ဘမ္ေတြကေတာ့ အရမ္းကို ေအာင္ျမင္ခဲ့ၿပီး အေရာင္းရဆံုး အယ္လ္ဘမ္စာရင္းေတြထဲမွာ ထိပ္ဆံုးကေန ေနရာယူႏုိင္ခဲ့ပါတယ္။ အထူးသျဖင့္ ျပည္ပႏုိင္ငံေတြမွာပါ။ သူ႔ရဲ႕ပထမဆံုး မီနီအယ္လ္ဘမ္ "My Everything" ဟာ ဂ်ပန္ႏိုင္ငံရဲ႕ Oricon daily album chart မွာ နံပါတ္ ၁ ျဖစ္ခဲ့ၿပီး သူ႔ရဲ႕ “Song For You” သီခ်င္းက ထိုင္ဝမ္ရဲ႕ iTunes မွာ နားေထာင္သူ အမ်ားဆံုးျဖစ္ခဲ့ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လီမင်ဟိုဟာ ပရိသတ်နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ သူသဘောကျတဲ့ မိန်းကလေးပုံစံကို မေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။

"တစ်ခါတလေမှာ ဘီကီနီဝတ်မိန်းကလေးဖြစ်နိုင်သလို တစ်ခါတလေမှာ သာမန်အဝတ်အစားနဲ့ မိန်းကလေး ဖြစ်နိုင်ပါတယ်" လို့ လီမင်ဟိုက ဆိုပါတယ်။

လီမင်ဟိုဟာ အဝတ်အထည်ကုမ္ပဏီ Bench အတွက် ဖိလစ်ပိုင်ကို သွးရောက်စဉ်မှာ မေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်မှာ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပဲလို့ လီမင်ဟိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။

"သူဘာဝတ်တယ်ဆိုတာ အရေးမကြီးပါဘူး။ သူ့ကိုယ်သူ ဘယ်လိုပြသတယ်ဆိုတာပေါ် မူတည်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာဟာ အရမ်းဆက်စီကျပြီး ဆွဲဆောင်မှုရှိတယ်" လို့ တောင်ကိုရီးယားမင်းသားချော လီမင်ဟိုက ပြောပြခဲ့ပါတယ်။

ဖိလစ်ပိုင်ကျွန်းသူလေးတစ်ဦးကို စွဲလမ်းမိနေတဲ့ လီမင်ဟို

လတ်တလောမှာတော့ လီမင်ဟိုတစ်ယောက် ကြော်ငြာအလုပ်တွေနဲ့ အလုပ်များနေတယ်လို့ သိရပါတယ်။

လီမင်ဟိုဟာ သူ့ရဲ့သရုပ်ဆောင်သက် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “Always by LEE MIN HO” လို့အမည်ပေးထားတဲ့ တစ်ကိုယ်တော်စီးရီးကို ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။

သီချင်းအယ်လ်ဘမ်သစ် ထုတ်တော့မယ့် လီမင်ဟို

သူ့ရဲ့အရင်အယ်လ်ဘမ်တွေကတော့ အရမ်းကို အောင်မြင်ခဲ့ပြီး အရောင်းရဆုံး အယ်လ်ဘမ်စာရင်းတွေထဲမှာ ထိပ်ဆုံးကနေ နေရာယူနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြည်ပနိုင်ငံတွေမှာပါ။ သူ့ရဲ့ပထမဆုံး မီနီအယ်လ်ဘမ် "My Everything" ဟာ ဂျပန်နိုင်ငံရဲ့ Oricon daily album chart မှာ နံပါတ် ၁ ဖြစ်ခဲ့ပြီး သူ့ရဲ့ “Song For You” သီချင်းက ထိုင်ဝမ်ရဲ့ iTunes မှာ နားထောင်သူ အများဆုံးဖြစ်ခဲ့ပါတယ်။


Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top