iMyanmarHouse.com - Best Property Website for Myanmar
×

နာမည္ေက်ာ္ ေတာင္ကို ရီးယားမင္းသားမ်ားျဖစ္ၾကေသာ လီေျဗာင္ဟြန္းႏွင့္ ပက္ခ္ဘုိဂမ္တို႔ ကို ႐ုပ္ရွင္ဇာတ္ကားသစ္တြင္ အ တူ ေတြ႕ျမင္ရန္ အလားအလာရွိ ေနသည္။

အသက္ (၄၆)ႏွစ္အရြယ္ လီ ေျဗာင္ဟြန္းႏွင့္ အသက္ (၂၃)ႏွစ္ အရြယ္ ပက္ခ္ဘုိဂမ္တုိ႔သည္ လက္ရွိတြင္ ‘Ansi Fortress of Abandoned People’ အမည္ရ ဇာတ္ကားသစ္တြင္ ပါ၀င္သ႐ုပ္ ေဆာင္ရန္ သံုးသပ္လ်က္ရွိ ေၾကာင္း ကုိယ္စားလွယ္တစ္ဦး က ေျပာသည္။

အဆိုပါ ဇာတ္ကားသစ္ကို ဒါ႐ိုက္တာ ကင္မ္ေ၀ါဆီက ႐ိုက္ ကူးၿပီး NEW ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီက ထုတ္ေ၀မည္ျဖစ္ သည္။

အဆုိပါဇာတ္ကားသည္ လက္ရွိတြင္ ထိပ္တန္းမင္းသားႏွစ္ ဦးက အဓိက ဇာတ္ေကာင္မ်ားမွ ပါ၀င္ရန္ စဥ္းစားသံုးသပ္ေနသ ျဖင့္ လူအမ်ားက စိတ္၀င္စား လ်က္ရွိသည္။

မင္းသား လီေျဗာင္ဟြန္း သည္ ‘Inside Men’ႏွင့္ ‘Master’ က့ဲသို႔ ဇာတ္ကားအမ်ားအျပား တြင္ ပါ၀င္သ႐ုပ္ေဆာင္ခဲ့သည့္ အျပင္ ေဟာလိ၀ုဒ္တြင္လည္း ‘Magnificient Seven’ ဇာတ္ကား ၌ ပါ၀င္သ႐ုပ္ေဆာင္ခဲ့သည္။

မင္းသား ပက္ခ္ဘိုဂမ္သည္ ေအာင္ျမင္မႈမ်ားစြာရရွိခဲ့ေသာ tvN ႐ုပ္သံလိုင္းက ထုတ္လႊင့္ သည့္ ‘Reply 1988’ ဒရာမာ ဇာတ္ကားႏွင့္ KBS ႐ုပ္သံလိုင္း က ထုတ္လႊင့္ခဲ့ေသာ ‘Love in the Moonlight’ ဇာတ္ကားတြင္ ပါ၀င္သ႐ုပ္ေဆာင္ခဲ့သည္။

Credit : 7Day daily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

နာမည်ကျော် တောင်ကို ရီးယားမင်းသားများဖြစ်ကြသော လီဗြောင်ဟွန်းနှင့် ပက်ခ်ဘိုဂမ်တို့ ကို ရုပ်ရှင်ဇာတ်ကားသစ်တွင် အ တူ တွေ့မြင်ရန် အလားအလာရှိ နေသည်။

အသက် (၄၆)နှစ်အရွယ် လီ ဗြောင်ဟွန်းနှင့် အသက် (၂၃)နှစ် အရွယ် ပက်ခ်ဘိုဂမ်တို့သည် လက်ရှိတွင် ‘Ansi Fortress of Abandoned People’ အမည်ရ ဇာတ်ကားသစ်တွင် ပါဝင်သရုပ် ဆောင်ရန် သုံးသပ်လျက်ရှိ ကြောင်း ကိုယ်စားလှယ်တစ်ဦး က ပြောသည်။

အဆိုပါ ဇာတ်ကားသစ်ကို ဒါရိုက်တာ ကင်မ်ဝေါဆီက ရိုက် ကူးပြီး NEW ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်ဝေမည်ဖြစ် သည်။

အဆိုပါဇာတ်ကားသည် လက်ရှိတွင် ထိပ်တန်းမင်းသားနှစ် ဦးက အဓိက ဇာတ်ကောင်များမှ ပါဝင်ရန် စဉ်းစားသုံးသပ်နေသ ဖြင့် လူအများက စိတ်ဝင်စား လျက်ရှိသည်။

မင်းသား လီဗြောင်ဟွန်း သည် ‘Inside Men’နှင့် ‘Master’ ကဲ့သို့ ဇာတ်ကားအများအပြား တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အပြင် ဟောလိဝုဒ်တွင်လည်း ‘Magnificient Seven’ ဇာတ်ကား ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။

မင်းသား ပက်ခ်ဘိုဂမ်သည် အောင်မြင်မှုများစွာရရှိခဲ့သော tvN ရုပ်သံလိုင်းက ထုတ်လွှင့် သည့် ‘Reply 1988’ ဒရာမာ ဇာတ်ကားနှင့် KBS ရုပ်သံလိုင်း က ထုတ်လွှင့်ခဲ့သော ‘Love in the Moonlight’ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Credit : 7Day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top