iMyanmarHouse.com - Best Property Website for Myanmar
×

သမိုင္းေၾကာင္းတစ္ေလွ်ာက္၌ ကြ်န္မတို႕ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြနဲ႕ တန္းတူအခြင့္အေရး ရရွိခဲ့ပါသလား။ ေသခ်ာတာတစ္ခု ကေတာ့ အေမရိကန္ ျပည္ေထာင္စုကဲ့သို႕ ေသာ ႏိုင္ငံေတြမွာေတာင္ အမ်ိဳးသမီးေတြဟာ တစ္ဆင့္ႏွိမ့္ ဆက္ဆံခံခဲ့ၾကရတယ္ ဆိုတာပါပဲ။ ရယ္စရာေကာင္းတဲ့ အေသးအဖြဲ႕ကိစၥေလးေတြက အစ၊ စိတ္တုိစရာေကာင္းတဲ့ အေျခအေနထိ ကန္႕သတ္ခံခဲ့ရပါတယ္။ ေအာက္မွာေဖာ္ျပထားတဲ့ အခ်က္ ၇ ခ်က္ ကေတာ့ အထင္ရွားဆံုးပဲ ျဖစ္ပါတယ္။ 

(၁) ေရေႏြးေငြ႕သံုးမီးရထားေမာင္းႏွင္ခြင့္မျပဳျခင္း
၁၉ရာစုအေစာပိုင္းေလာက္မွာ ေရေႏြးေငြ႔သံုးမီးရထားမ်ားတြင္ အမ်ိဳးသမီးမ်ား ကို ေမာင္းႏွင္ခြင့္ ျပဳပါက စိုးရိမ္စရာအေျခအေနမ်ား ျဖစ္ေပၚလာနိုင္သည္ဟု Intel Corporation's Interaction and Experience Research မွဒါရိုက္တာတစ္ဦးျဖစ္သူ မနုႆ ေဗဒပညာရွင္ Genevieve Bell ကေျပာခ့ဲပါတယ္။ တခ်ိဳ႕ကြ်မ္းက်င္ပညာရွင္ေတြဟာ အမ်ိဳးသမီးမ်ားရဲ႕ခႏၶာကိုယ္ဟာ တစ္နာရီမိုင္ ၅၀ ႏႈန္းခရီးသြားဖို႔ ေတာင္ မသင့္ေတာ္ဘူးလို႕ လက္ခံယံုၾကည္ခဲ့ၾကပါတယ္။ သူတို႔က ကိုယ္တို႕အမ်ိဳးသမီးေတြရဲ႕ သားအိမ္ေတြဟာ ရထားကို အ့ဲေလာက္ထိအရွိန္ျမွင့္လိုက္တာနဲ႔ မိုးေပၚပ်ံထြက္သြားေတာ့မယ့္ပံု လို႕ ေတြးေနၾကတယ္ထင္တယ္ဆိုျပီီး Bell ကေျပာၾကားခ့ဲတယ္။

(၂) ေရွ႕တန္းတြင္ တာ၀န္ထမ္းေဆာင္ခြင့္မျပဳျခင္း
U.S စစ္တပ္တြင္ သမိုင္းေၾကာင္းတစ္ေလွ်ာက္ အမ်ိဳးသမီးမ်ားအေပၚအဆင့္ အတန္းအလိုက္ ရပိုင္ခြင့္ကန္႔သတ္ထားျခင္း ရွိခဲ့ပါတယ္။ ၁၉၈၀ ခုႏွစ္မ်ားတြင္ အေမရိကန္နိုင္ငံဧ။္ ပထမဆံုးအမ်ိဳးသမီးဗိုလ္မွဴးျဖစ္သူ Ann Dunwoody ဟာ ေလထီးေလ့က်င့္ေက်ာင္းတြင္ေလ့က်င့္စဥ္ ဆံပင္ကိုကလစ္ျဖင့္ ထိန္းထားသျဖင့္ အျပစ္တင္ခံခဲ့ရပါတယ္။ ၁၉၄၈ခုႏွစ္မွာေတာ့ U.S စစ္တပ္မွာ အမ်ိဳးသမီးေတြကို တိုက္ခိုက္ေရးပိုင္း၌ တရား၀င္ ခန္႔အပ္ခဲ့ၾကပါတယ္။ ၀န္ေဆာင္မႈတစ္ခုအေနျဖင့္ ၃ႏွစ္တာ တာ၀န္ထမ္းေဆာင္ၿပီးခ်ိန္မွာေတာ့ တိုက္ခိုက္ေရးစစ္သားမ်ားကိုအဖြဲ႕ေခါင္းေဆာင္ မ်ားအျဖစ္ ရာထူး တိုးျမွင့္ေပးခဲ့ပါတယ္ ။ ငါတို႔စစ္တပ္က စစ္သား ေတြက အလုပ္မွာ တာ၀န္ထမ္းေဆာင္ဖို႔အတြက္ အရည္အခ်င္းေကာင္းေတြ ရွိၾကတယ္လို႕ တိုက္ခိုက္ေရးအတြက္ ကိုယ္ေရးအရာရွိ Leon E. Panetta ကေျပာၾကားခဲ့ပါတယ္။


(၃) New York ဧ။္အမ်ားျပည္သူပိုင္ေနရာမ်ား၌ ေဆးလိပ္ေသာက္ခြင့္မရွိျခင္း
ယေန႔မွစ၍ ဟိုတယ္ႏွင့္စားေသာက္ဆိုင္ပိုင္ရွင္မ်ား၊ မန္ေနဂ်ာမ်ားသည္ အမ်ားျပည္သူပိုင္ေနရာမ်ား၌ အမ်ိဳးသမီးမ်ားေဆးလိပ္ေသာက္သံုးမႈကို တားျမစ္ရမည္ဟု New York Time သတင္းစာက ၁၉၀၈ ဇန္န၀ါရီလ ၂၁ ၌ ထုတ္ျပန္ခဲ့သည္။ လူတခ်ိဳ႕က ထိုထုတ္ျပန္မႈမွာ အလ်င္စလိုနိုင္သည္ဟု ဘုတ္အဖြဲ႕အေပၚေ၀ဖန္္အျပစ္တင္ခဲ့ၾကသည္။ အစည္းအေ၀းတက္ေရာက္ခဲ့ သူ John Henry Smith က ခ်မ္းသာသူမ်ားကိုပိုမိုအေရး ယူ ေဆာင္ရြက္သင့္သည္ဟု ဘုတ္အဖြဲ႕အေပၚအၾကံျပဳခဲ့သည္။

(၄) မာရသြန္ျပိဳင္ပြဲ၀င္ေရာက္ယွဥ္ျပိဳင္ခြင့္မျပဳျခင္း
ႏွစ္မ်ားစြာၾကာအထိ U.S နိုင္ငံဧ။္ကိုယ္ကာယအဖြဲ႕အစည္းျဖစ္သည့္ Amateur Athletic Union (AAU) ကတာေ၀းျပိဳင္ပြဲအပါအ၀င္မာရသြန္ ျပိဳင္ပြဲမ်ား၌အမ်ိဳးသမီးမ်ား၀င္ေရာက္ယွဥ္ျပိဳင္မႈကိုတားျမစ္ထားပါတယ္။ ခႏၶာကို္ယ္ၾကံ႕ခိုင္မႈျမွင့္တင္သည့္ အဖြဲ႕အစည္းတစ္ခုကေတာ့ မာရသြန္ျပိဳင္ပြဲမ်ားမွာ အမ်ိဳးသမီးမ်ားက်န္းမာေရးကိုေထာက္ပံ့နိုင္သည္ဟုေထာက္ျပခဲ့တဲ့အတြက္ ၁၉၇၀ခုနွစ္မ်ားတြင္ AAU မွ တခ်ိဳ႔အမ်ိဳးသမီးမ်ားအားမာရသြန္ျပိဳင္ခြင့္ရွိသည္ ဟု တရား၀င္ထုတ္ျပန္ခဲ့ပါတယ္။

(၅) အေၾကြး၀ယ္ခြင့္ကတ္မရရွိျခင္း
၂၀ရာစုအတြင္း၌ အေၾကြး၀ယ္ကတ္ကုမၸဏီမ်ားသည္ လူလြတ္အမ်ိဳးသမီးမ်ား ကို ၀ယ္ယူခြင့္မေပးခဲ့ေပ။ အမ်ိဳးသားမ်ားႏွင့္ အမ်ိဳးသားမ်ားဧ။္လက္မွတ္ထိုးေပးနိုင္သည့္ အိမ္ေထာင္ရွင္အမ်ိဳးသမီးမ်ားကိုသာ ကိုင္ေဆာင္ခြင့္ျပဳခဲ့သည္။ ၁၉၇၄ ခုႏွစ္တြင္ အေၾကြး၀ယ္ကတ္ကိုင္ေဆာင္ ခြင့္တန္းတူအခြင့္အေရးရရွိေရးရန္ အသားအေရာင္၊ ကိုးကြယ္ယံုၾကည္မႈ၊ လူမ်ိဳး၊ က်ား၊မ ခြဲျခားမႈ၊ အိမ္ေထာင္ရွိ၊မရွိ ခြဲျခားမႈတို႔မရွိေအာင္ ျပဳလုပ္ခဲ့ၾကသည္။

(၆) တရားရံုးမ်ား၌တာ၀န္ထမ္းေဆာင္ခြင့္မရွိျခင္း
၁၈၇၉ခုႏွစ္မွ ၁၈၉၈ခုႏွစ္အတြင္း ႏွစ္ေပါင္း ၂၀ နီးပါးကမာၻတစ္္၀ွမ္း၌ အမ်ိဳးသမီးမ်ားအား တရားရံုးမ်ားတြင္ တာ၀န္ထမ္းေဆာင္ခြင့္ကိုတားျမစ္ထား ခဲ့ေသာ္လည္း ၁၉၂၇ခုႏွစ္မွာေတာ့ ထက္၀က္ေသာႏိုင္ငံမ်ားတြင္ ထမ္းေဆာင္ခြင့္ရရွိခဲ့ပါတယ္။ အမ်ိဳးသမီးမ်ားကို တာ၀န္ထမ္းေဆာင္ခြင့္မျပဳသည့္အေၾကာင္းအရင္းမွာ တခ်ိဳ႕ေသာအမႈကိစၥမ်ားသည္ အမ်ိဳးသမီးမ်ားအေနျဖင့္ၾကားနာရန္ မသင့္ေတာ္ျခင္း (အထူးအျဖင့္လိင္အမႈအခင္းကိစၥမ်ား) ေၾကာင့္ျဖစ္ျပီး အမ်ိဳးသားမ်ားႏွင့္အမ်ိဳးသမီးမ်ားတာ၀န္အတူတကြထမး္ေဆာင္ရန္မသင့္ ေတာ္ျခင္းေၾကာင့္ျဖစ္သည္။ ႏွစ္ေပါင္း ၄၁ ကုန္လြန္ျပီးေနာက္ ၁၉၇၅ခုႏွစ္ ေနာက္ပိုင္းတြင္ ထိုတားျမစ္ခ်က္ကိုပယ္ဖ်က္ခဲ့ပါတယ္။

(၇) အာကာသယာဥ္မႈး အျဖစ္ ေဆာင္ရြက္ခြင့္မျပဳျခင္း
အမ်ိဳးသမီးေတြအေနနဲ႕ အာကာသယာဥ္မွဴး မျဖစ္ရဘူးလို႕ တရား၀င္ ပိတ္ပင္ထားတာမရွိေပမယ့္ နာဆာ ရဲ႕ အလုပ္ခန္႕အပ္ပံု နည္းလမ္းက ထိုအလုပ္အတြက္ အမ်ိဳးသမီးမ်ား ၀င္ေရာက္၍ အင္တာဗ်ဳးေျဖဆိုခြင့္ မရေအာင္အထိ ထိထိေရာက္ေရာက္ တားျမစ္ႏိုင္ခဲ့ပါတယ္။ ၁၉၅၀ ႏွစ္ကုန္ပိုင္းနဲ႕ ၁၉၆၀ အေစာပိုင္းကာလေတြမွာ နာဆာရဲ႕ မန္ေနဂ်ာက စစ္ဘက္ဆိုင္ရာ ေလယာဥ္မွဴးရာထူးအတြက္  ရန္ပံုေငြထည့္၀င္ႏိုင္တဲ့ လူတခ်ိဳ႕ဆီကသာ ေလွ်ာက္လႊာေတြ လက္ခံခဲ့ပါတယ္။ အေမရိကန္စစ္ဘက္ကလည္း အမ်ိဳးသမီးေတြကို ေလယာဥ္မွဴးအျဖစ္ ေလ့က်င့္ေရးမွာေတာင္ လက္မခံခဲ့တဲ့အတြက္ နာဆာ က ျပဳလုပ္တဲ့ အင္တာဗ်ဴးအဖြဲ႕ထဲမွာ တစ္ေယာက္ တစ္ေလေတာင္ မပါခဲ့ပါဘူး။ ဒီျဖစ္စဥ္ဟာ ၁၉၇၉ ခုနစ္ နာဆာ က အာကာသယာဥ္မွဴးအျဖစ္ ေလက်င့္ေပးဖို႕ အမ်ိဳးသမီးေတြရဲ႕ ေလွ်ာက္လႊာကို လက္မခံစဥ္အခ်ိန္ထိ ျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္ေတြပါ။ ၁၉၈၃ ခုနစ္မွာေတာ့ Sally Ride က အာကာသထဲကို သြားေရာက္ခဲ့တဲ့ ပထမဆံုး အမ်ိဳးသမီး ျဖစ္လာခဲ့ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သမိုင်းကြောင်းတစ်လျှောက်၌ ကျွန်မတို့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ရရှိခဲ့ပါသလား။ သေချာတာတစ်ခု ကတော့ အမေရိကန် ပြည်ထောင်စုကဲ့သို့ သော နိုင်ငံတွေမှာတောင် အမျိုးသမီးတွေဟာ တစ်ဆင့်နှိမ့် ဆက်ဆံခံခဲ့ကြရတယ် ဆိုတာပါပဲ။ ရယ်စရာကောင်းတဲ့ အသေးအဖွဲ့ကိစ္စလေးတွေက အစ၊ စိတ်တိုစရာကောင်းတဲ့ အခြေအနေထိ ကန့်သတ်ခံခဲ့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက် ၇ ချက် ကတော့ အထင်ရှားဆုံးပဲ ဖြစ်ပါတယ်။

(၁) ရေနွေးငွေ့သုံးမီးရထားမောင်းနှင်ခွင့်မပြုခြင်း
၁၉ရာစုအစောပိုင်းလောက်မှာ ရေနွေးငွေ့သုံးမီးရထားများတွင် အမျိုးသမီးများ ကို မောင်းနှင်ခွင့် ပြုပါက စိုးရိမ်စရာအခြေအနေများ ဖြစ်ပေါ်လာနိုင်သည်ဟု Intel Corporation's Interaction and Experience Research မှဒါရိုက်တာတစ်ဦးဖြစ်သူ မနုဿ ဗေဒပညာရှင် Genevieve Bell ကပြောခဲ့ပါတယ်။ တချို့ကျွမ်းကျင်ပညာရှင်တွေဟာ အမျိုးသမီးများရဲ့ခန္ဓာကိုယ်ဟာ တစ်နာရီမိုင် ၅၀ နှုန်းခရီးသွားဖို့ တောင် မသင့်တော်ဘူးလို့ လက်ခံယုံကြည်ခဲ့ကြပါတယ်။ သူတို့က ကိုယ်တို့အမျိုးသမီးတွေရဲ့ သားအိမ်တွေဟာ ရထားကို အဲ့လောက်ထိအရှိန်မြှင့်လိုက်တာနဲ့ မိုးပေါ်ပျံထွက်သွားတော့မယ့်ပုံ လို့ တွေးနေကြတယ်ထင်တယ်ဆိုပြီး Bell ကပြောကြားခဲ့တယ်။

(၂) ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ခွင့်မပြုခြင်း
U.S စစ်တပ်တွင် သမိုင်းကြောင်းတစ်လျှောက် အမျိုးသမီးများအပေါ်အဆင့် အတန်းအလိုက် ရပိုင်ခွင့်ကန့်သတ်ထားခြင်း ရှိခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်များတွင် အမေရိကန်နိုင်ငံဧ။် ပထမဆုံးအမျိုးသမီးဗိုလ်မှူးဖြစ်သူ Ann Dunwoody ဟာ လေထီးလေ့ကျင့်ကျောင်းတွင်လေ့ကျင့်စဉ် ဆံပင်ကိုကလစ်ဖြင့် ထိန်းထားသဖြင့် အပြစ်တင်ခံခဲ့ရပါတယ်။ ၁၉၄၈ခုနှစ်မှာတော့ U.S စစ်တပ်မှာ အမျိုးသမီးတွေကို တိုက်ခိုက်ရေးပိုင်း၌ တရားဝင် ခန့်အပ်ခဲ့ကြပါတယ်။ ဝန်ဆောင်မှုတစ်ခုအနေဖြင့် ၃နှစ်တာ တာဝန်ထမ်းဆောင်ပြီးချိန်မှာတော့ တိုက်ခိုက်ရေးစစ်သားများကိုအဖွဲ့ခေါင်းဆောင် များအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပါတယ် ။ ငါတို့စစ်တပ်က စစ်သား တွေက အလုပ်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် အရည်အချင်းကောင်းတွေ ရှိကြတယ်လို့ တိုက်ခိုက်ရေးအတွက် ကိုယ်ရေးအရာရှိ Leon E. Panetta ကပြောကြားခဲ့ပါတယ်။


(၃) New York ဧ။်အများပြည်သူပိုင်နေရာများ၌ ဆေးလိပ်သောက်ခွင့်မရှိခြင်း
ယနေ့မှစ၍ ဟိုတယ်နှင့်စားသောက်ဆိုင်ပိုင်ရှင်များ၊ မန်နေဂျာများသည် အများပြည်သူပိုင်နေရာများ၌ အမျိုးသမီးများဆေးလိပ်သောက်သုံးမှုကို တားမြစ်ရမည်ဟု New York Time သတင်းစာက ၁၉၀၈ ဇန်နဝါရီလ ၂၁ ၌ ထုတ်ပြန်ခဲ့သည်။ လူတချို့က ထိုထုတ်ပြန်မှုမှာ အလျင်စလိုနိုင်သည်ဟု ဘုတ်အဖွဲ့အပေါ်ဝေဖန်အပြစ်တင်ခဲ့ကြသည်။ အစည်းအဝေးတက်ရောက်ခဲ့ သူ John Henry Smith က ချမ်းသာသူများကိုပိုမိုအရေး ယူ ဆောင်ရွက်သင့်သည်ဟု ဘုတ်အဖွဲ့အပေါ်အကြံပြုခဲ့သည်။

(၄) မာရသွန်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုခြင်း
နှစ်များစွာကြာအထိ U.S နိုင်ငံဧ။်ကိုယ်ကာယအဖွဲ့အစည်းဖြစ်သည့် Amateur Athletic Union (AAU) ကတာဝေးပြိုင်ပွဲအပါအဝင်မာရသွန် ပြိုင်ပွဲများ၌အမျိုးသမီးများဝင်ရောက်ယှဉ်ပြိုင်မှုကိုတားမြစ်ထားပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုမြှင့်တင်သည့် အဖွဲ့အစည်းတစ်ခုကတော့ မာရသွန်ပြိုင်ပွဲများမှာ အမျိုးသမီးများကျန်းမာရေးကိုထောက်ပံ့နိုင်သည်ဟုထောက်ပြခဲ့တဲ့အတွက် ၁၉၇၀ခုနှစ်များတွင် AAU မှ တချို့အမျိုးသမီးများအားမာရသွန်ပြိုင်ခွင့်ရှိသည် ဟု တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

(၅) အကြွေးဝယ်ခွင့်ကတ်မရရှိခြင်း
၂၀ရာစုအတွင်း၌ အကြွေးဝယ်ကတ်ကုမ္ပဏီများသည် လူလွတ်အမျိုးသမီးများ ကို ဝယ်ယူခွင့်မပေးခဲ့ပေ။ အမျိုးသားများနှင့် အမျိုးသားများဧ။်လက်မှတ်ထိုးပေးနိုင်သည့် အိမ်ထောင်ရှင်အမျိုးသမီးများကိုသာ ကိုင်ဆောင်ခွင့်ပြုခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အကြွေးဝယ်ကတ်ကိုင်ဆောင် ခွင့်တန်းတူအခွင့်အရေးရရှိရေးရန် အသားအရောင်၊ ကိုးကွယ်ယုံကြည်မှု၊ လူမျိုး၊ ကျား၊မ ခွဲခြားမှု၊ အိမ်ထောင်ရှိ၊မရှိ ခွဲခြားမှုတို့မရှိအောင် ပြုလုပ်ခဲ့ကြသည်။

(၆) တရားရုံးများ၌တာဝန်ထမ်းဆောင်ခွင့်မရှိခြင်း
၁၈၇၉ခုနှစ်မှ ၁၈၉၈ခုနှစ်အတွင်း နှစ်ပေါင်း ၂၀ နီးပါးကမ္ဘာတစ်ဝှမ်း၌ အမျိုးသမီးများအား တရားရုံးများတွင် တာဝန်ထမ်းဆောင်ခွင့်ကိုတားမြစ်ထား ခဲ့သော်လည်း ၁၉၂၇ခုနှစ်မှာတော့ ထက်ဝက်သောနိုင်ငံများတွင် ထမ်းဆောင်ခွင့်ရရှိခဲ့ပါတယ်။ အမျိုးသမီးများကို တာဝန်ထမ်းဆောင်ခွင့်မပြုသည့်အကြောင်းအရင်းမှာ တချို့သောအမှုကိစ္စများသည် အမျိုးသမီးများအနေဖြင့်ကြားနာရန် မသင့်တော်ခြင်း (အထူးအဖြင့်လိင်အမှုအခင်းကိစ္စများ) ကြောင့်ဖြစ်ပြီး အမျိုးသားများနှင့်အမျိုးသမီးများတာဝန်အတူတကွထမ်းဆောင်ရန်မသင့် တော်ခြင်းကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၄၁ ကုန်လွန်ပြီးနောက် ၁၉၇၅ခုနှစ် နောက်ပိုင်းတွင် ထိုတားမြစ်ချက်ကိုပယ်ဖျက်ခဲ့ပါတယ်။

(၇) အာကာသယာဉ်မှုး အဖြစ် ဆောင်ရွက်ခွင့်မပြုခြင်း
အမျိုးသမီးတွေအနေနဲ့ အာကာသယာဉ်မှူး မဖြစ်ရဘူးလို့ တရားဝင် ပိတ်ပင်ထားတာမရှိပေမယ့် နာဆာ ရဲ့ အလုပ်ခန့်အပ်ပုံ နည်းလမ်းက ထိုအလုပ်အတွက် အမျိုးသမီးများ ဝင်ရောက်၍ အင်တာဗျုးဖြေဆိုခွင့် မရအောင်အထိ ထိထိရောက်ရောက် တားမြစ်နိုင်ခဲ့ပါတယ်။ ၁၉၅၀ နှစ်ကုန်ပိုင်းနဲ့ ၁၉၆၀ အစောပိုင်းကာလတွေမှာ နာဆာရဲ့ မန်နေဂျာက စစ်ဘက်ဆိုင်ရာ လေယာဉ်မှူးရာထူးအတွက်  ရန်ပုံငွေထည့်ဝင်နိုင်တဲ့ လူတချို့ဆီကသာ လျှောက်လွှာတွေ လက်ခံခဲ့ပါတယ်။ အမေရိကန်စစ်ဘက်ကလည်း အမျိုးသမီးတွေကို လေယာဉ်မှူးအဖြစ် လေ့ကျင့်ရေးမှာတောင် လက်မခံခဲ့တဲ့အတွက် နာဆာ က ပြုလုပ်တဲ့ အင်တာဗျူးအဖွဲ့ထဲမှာ တစ်ယောက် တစ်လေတောင် မပါခဲ့ပါဘူး။ ဒီဖြစ်စဉ်ဟာ ၁၉၇၉ ခုနစ် နာဆာ က အာကာသယာဉ်မှူးအဖြစ် လေကျင့်ပေးဖို့ အမျိုးသမီးတွေရဲ့ လျှောက်လွှာကို လက်မခံစဉ်အချိန်ထိ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေပါ။ ၁၉၈၃ ခုနစ်မှာတော့ Sally Ride က အာကာသထဲကို သွားရောက်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top