iMyanmarHouse.com - Best Property Website for Myanmar
×

အဆင္ေၿပေၿပန႔ဲ ေပ်ာ္ရႊင္ေနၾကတဲ့ စံုတြဲအမ်ားစုဟာ သူတို႔ရဲ႕ ေပ်ာ္ရႊင္စရာ အခိုက္အတန္႔ေတြကို ဥယ်ာဥ္တစ္ခုလိုပဲ ထိန္းသိမ္းလိုတဲ့ ဆႏၵရွိၾကပါတယ္။ ဒီအထဲကမွ သူတုိ႔အၿမဲၿပဳမူေလ့ရွိတ့ဲ အမူအက်င့္(၁၀)မ်ိဳးကို ေဖာ္ၿပေပးလုိက္ပါတယ္။

၁။ အၿမဲပဲ ေပ်ာ္ရႊင္ေနၾကတဲ့ စံုတြဲအမ်ားစုဟာ အိပ္ရာ၀င္ခ်ိန္ကို အတူတကြ သတ္မွတ္ ထားရွိေလ့ရိွၾကတယ္လို႔ စိတ္ေရာဂါ အထူးကုဆရာ၀န္ Dr. Mark Goulston ကဆိုပါတယ္။ ဒီလိုမ်ိဳး အိပ္ရာ၀င္ခ်ိန္ကို သတ္မွတ္ထားရွိၿခင္းအားၿဖင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုမိုေႏြးေထြးမႈရွိၿပီး ကေတာက္ကဆၿဖစ္မႈေတြကို ေလ်ာ့ပါးေစႏိုင္တယ္လို႔ ဆိုပါတယ္။

၂။ ႏွစ္ေယာက္လံုး စိတ္၀င္စားႏိုင္မယ့္ အရာမ်ိဳးရွိေအာင္ ပ်ိဳးေထာင္ဖို႔ကေတာ့ ဒုတိယအခ်က္အေနနဲ႔ တည္ရွိေနပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္၀င္စားတာခ်င္း မတူညီႏိုင္ေပမယ့္ ႏွစ္ေယာက္လံုး စိတ္၀င္စားတဲ့ ဘံုကိစၥတစ္ခုခု ထားရွိၿခင္းအားၿဖင့္ Relationship တစ္ခုကို ပိုမိုအဆင္ေၿပေစတ့ဲ အခ်က္လို႔ဆိုႏိုင္ပါတယ္။

၃။ ေပ်ာ္ရႊင္တဲ့ စံုတြဲေတြကေတာ့ တစ္ေယာက္လက္ တစ္ေယာက္တြဲၿပီး လမ္းေလွ်ာက္ေလ့ရွိၾကပါတယ္။ သူတို႔ရဲ႔ အခ်စ္သူအေဖာ္န႔ဲ အတူရွိေနၿခင္းဟာ လမ္းတေလွ်ာက္မွာရွိတဲ့ အရာအားလံုးထက္ ပိုအေရးၾကီးတယ္ဆိုတာ သူတို႔ကိုယ္တိုင္သိေနလို႔ပါပဲ။

၄။ သေဘာထား မတိုက္ဆိုင္မႈေတြရွိလာတဲ့အခါ ဖ်က္လိုဖ်က္ဆီး လုပ္တာေတြ ၊ သ၀န္တိုတာေတြ ၿဖစ္ေနမယ့္အစား တစ္ေယာက္နဲ႔ တစ္ေယာက္ ယံုယံုၾကည္ၾကည္နဲ႔ လက္ခံခြင့္လႊတ္ေပးတတ္ၾကပါတယ္။

၅။ ဘယ္ေလာက္ပဲ အမွားေတြ လုပ္လုပ္ ခ်စ္သူ လုပ္ခဲ့သမွ် မွန္ကန္မႈရွိတဲ့ အရာေတြကိုသာ ပိုမိုဂရုစိုက္ေလ့ရွိၾကပါတယ္။

၆။ ဘယ္အလုပ္ကိစၥမ်ိဳးပဲၿဖစ္ၿဖစ္ ၿပီးေၿမာက္သြားတ့ဲအခါမွာ တစ္ေယာက္ကုိတစ္ေယာက္ ေပြ႔ဖက္ေလ့ရွိၾကပါတယ္။

၇။ အာရံုေနာက္စရာကိစၥေတြရွိေနရင္ေတာင္မွ တစ္ေယာက္နဲ႔တစ္ေယာက္ “ခ်စ္တယ္”ဆိုတဲ့ စကားကို ေၿပာဖို႔ အၿမဲတမ္းအဆင္သင့္ၿဖစ္ေနတတ္ၾကပါေသးတယ္။

၈။ စိတ္ဓာတ္က်စရာေတြရွိလာၿပန္ရင္လည္း ညအိပ္ရာ၀င္ခါနီးတိုင္း ဖြင့္ဟေၿပာဆို တိုင္ပင္ေလ့ရွိတဲ့အၿပင္ “ေကာင္းေသာည”လို႔ ေၿပာဖုိ႔လည္း မေမ့ေလ်ာ့တတ္ၾကပါဘူး။

၉။ အတူတူရွိမေနႏိုင္ဘူးဆိုရင္ေတာင္မွ တစ္ေန႔တာမွာ ဘာေတြၿဖစ္ပ်က္ေနတယ္ဆိုတာကို သိဖို႔ အေရးတယူ ဖုန္းေခၚဆိုေလ့ရွိၾကပါတယ္။

၁၀။ ေနာက္ဆံုးတစ္ခ်က္အေနန႔ဲကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အတူတူရွိေနရတဲ့အတြက္ အၿမဲတမ္း ေက်နပ္ဂုဏ္ယူေနေလ့ရွိၾကတယ္ဆိုတာပါပဲ။ ။


Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အဆင်ပြေပြေနဲ့ ပျော်ရွှင်နေကြတဲ့ စုံတွဲအများစုဟာ သူတို့ရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဥယျာဉ်တစ်ခုလိုပဲ ထိန်းသိမ်းလိုတဲ့ ဆန္ဒရှိကြပါတယ်။ ဒီအထဲကမှ သူတို့အမြဲပြုမူလေ့ရှိတဲ့ အမူအကျင့်(၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အမြဲပဲ ပျော်ရွှင်နေကြတဲ့ စုံတွဲအများစုဟာ အိပ်ရာဝင်ချိန်ကို အတူတကွ သတ်မှတ် ထားရှိလေ့ရှိကြတယ်လို့ စိတ်ရောဂါ အထူးကုဆရာဝန် Dr. Mark Goulston ကဆိုပါတယ်။ ဒီလိုမျိုး အိပ်ရာဝင်ချိန်ကို သတ်မှတ်ထားရှိခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ပိုမိုနွေးထွေးမှုရှိပြီး ကတောက်ကဆဖြစ်မှုတွေကို လျော့ပါးစေနိုင်တယ်လို့ ဆိုပါတယ်။

၂။ နှစ်ယောက်လုံး စိတ်ဝင်စားနိုင်မယ့် အရာမျိုးရှိအောင် ပျိုးထောင်ဖို့ကတော့ ဒုတိယအချက်အနေနဲ့ တည်ရှိနေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားတာချင်း မတူညီနိုင်ပေမယ့် နှစ်ယောက်လုံး စိတ်ဝင်စားတဲ့ ဘုံကိစ္စတစ်ခုခု ထားရှိခြင်းအားဖြင့် Relationship တစ်ခုကို ပိုမိုအဆင်ပြေစေတဲ့ အချက်လို့ဆိုနိုင်ပါတယ်။

၃။ ပျော်ရွှင်တဲ့ စုံတွဲတွေကတော့ တစ်ယောက်လက် တစ်ယောက်တွဲပြီး လမ်းလျှောက်လေ့ရှိကြပါတယ်။ သူတို့ရဲ့ အချစ်သူအဖော်နဲ့ အတူရှိနေခြင်းဟာ လမ်းတလျှောက်မှာရှိတဲ့ အရာအားလုံးထက် ပိုအရေးကြီးတယ်ဆိုတာ သူတို့ကိုယ်တိုင်သိနေလို့ပါပဲ။

၄။ သဘောထား မတိုက်ဆိုင်မှုတွေရှိလာတဲ့အခါ ဖျက်လိုဖျက်ဆီး လုပ်တာတွေ ၊ သဝန်တိုတာတွေ ဖြစ်နေမယ့်အစား တစ်ယောက်နဲ့ တစ်ယောက် ယုံယုံကြည်ကြည်နဲ့ လက်ခံခွင့်လွှတ်ပေးတတ်ကြပါတယ်။

၅။ ဘယ်လောက်ပဲ အမှားတွေ လုပ်လုပ် ချစ်သူ လုပ်ခဲ့သမျှ မှန်ကန်မှုရှိတဲ့ အရာတွေကိုသာ ပိုမိုဂရုစိုက်လေ့ရှိကြပါတယ်။

၆။ ဘယ်အလုပ်ကိစ္စမျိုးပဲဖြစ်ဖြစ် ပြီးမြောက်သွားတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လေ့ရှိကြပါတယ်။

၇။ အာရုံနောက်စရာကိစ္စတွေရှိနေရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် “ချစ်တယ်”ဆိုတဲ့ စကားကို ပြောဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်ကြပါသေးတယ်။

၈။ စိတ်ဓာတ်ကျစရာတွေရှိလာပြန်ရင်လည်း ညအိပ်ရာဝင်ခါနီးတိုင်း ဖွင့်ဟပြောဆို တိုင်ပင်လေ့ရှိတဲ့အပြင် “ကောင်းသောည”လို့ ပြောဖို့လည်း မမေ့လျော့တတ်ကြပါဘူး။

၉။ အတူတူရှိမနေနိုင်ဘူးဆိုရင်တောင်မှ တစ်နေ့တာမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သိဖို့ အရေးတယူ ဖုန်းခေါ်ဆိုလေ့ရှိကြပါတယ်။

၁၀။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ တစ်ယောက်နဲ့တစ်ယောက် အတူတူရှိနေရတဲ့အတွက် အမြဲတမ်း ကျေနပ်ဂုဏ်ယူနေလေ့ရှိကြတယ်ဆိုတာပါပဲ။ ။



Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top