iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးအိမ္ကင္ဆာဟာ အမ်ိဳးသမီးေတြ သိပ္သတိထားေလ့ရွိတဲ့ ကင္ဆာမ်ိဳး မဟုတ္ပါဘူး။ တကယ္တမ္းလည္း အမ်ိဳးသမီးေတြထက္ အမ်ိဳးသားေတြမွာ ပိုမို အျဖစ္မ်ားေလ့ရွိပါတယ္။ အသက္အရြယ္အားျဖင့္လည္း ၆၅ ႏွစ္အထက္ပိုင္းမွာ အျဖစ္မ်ားပါတယ္။ အေမရိကန္ႏုိင္ငံမွာေတာ့ ႏွစ္စဥ္ႏွစ္တုိင္း အမ်ိဳးသမီးေပါင္း ၁၈၀၀၀ နဲ႔အထက္ဟာ ဆီးအိမ္ကင္ဆာျဖစ္ပြားေလ့ရွိေနပါတယ္။ အမ်ိဳးသမီးေတြဟာ ကနဦးလကၡဏာေတြကို ဂရုမျပဳမိဘဲ ေရာဂါျမင့္မားတဲ့အဆင့္ေရာက္မွာသာ ဆီးအိမ္ကင္ဆာကို သတိျပဳမိတတ္ၾကတယ္လို႔ ဆုိပါတယ္။ ဒါေၾကာင့္ သင္သတိထားသင့္တဲ့ ကနဦးဆီးအိမ္ကင္ဆာလကၡဏာေတြကို ေဖာ္ျပလိုက္ပါတယ္။

၁ - ဆီးတြင္း ေသြးပါျခင္း

ဆီးအိမ္ကင္ဆာရဲ႕  အေစာဆံုးလကၡဏာတစ္ခု ျဖစ္ပါတယ္။ နာက်င္ျခင္းမရွိတဲ့အျပင္ အမ်ိဳးသမီးေတြဟာ ဓမၼတာေသြးနဲ႔ ယွဥ္တြဲနားလည္လိုက္မိတာေၾကာင့္ ဒီလိုလကၡဏာကို သတိမထားမိတတ္ၾကပါဘူး။ ဒါေပမဲ့ ေသြးထဲ ဆီးပါတိုင္းလည္း ဆီးအိမ္ကင္ဆာရွိတယ္လို႔ ေျပာလို႔ မရပါဘူး။ ဆရာဝန္နဲ႔ တုိင္ပင္ေဆြးေႏြးသင့္ပါတယ္။

၂ - ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း

ဆီးလမ္းေၾကာင္းပိုးဝင္တဲ့အခါမွာလည္း ဆီးအိမ္ကင္ဆာနဲ႔ မွားတတ္ပါတယ္။ လကၡဏာေတာ္ေတာ္မ်ားမ်ားဟာ တူညီတာေၾကာင့္ ျဖစ္ပါတယ္။ ၾကီးဖန္မ်ားစြာ ဆီးသြားတာ၊ ဆီးသြားတဲ့အခါ နာက်င္တာ၊ ဆီးသြားဖို႔ခက္တာမ်ိဳးေတြ ျဖစ္ပါတယ္။

၃ - ဘာေၾကာင့္မွန္းမသိတဲ့ နာက်င္မႈ

ဝမ္းဗုိက္နဲ႔ နံရိုးဘက္ေတြက နာက်င္တာျဖစ္ပါတယ္။ ဒီလို နာက်င္ေနမႈဟာ ဆီးအိမ္ကင္ဆာနဲ႔ ဆက္စပ္ေနတယ္ဆုိရင္ေတာ့ ဆီးအိမ္ကင္ဆာအဆင့္ဟာ အနည္းငယ္ျမင့္မားေနျပီ ျဖစ္ပါတယ္။ ကင္ဆာဟာ အရိုးေတြကိုပါ ျပန္႔ႏွံ႔ေနတာေၾကာင့္ အရိုးေတြကပါ နာက်င္ေနႏုိင္ပါတယ္။ ဒီလိုေနရာေတြမွာ နာက်င္ေနတယ္ဆုိရင္ေတာ့ ဆရာဝန္နဲ႔တိုင္ပင္သင့္ပါတယ္။

၄ - အစာ စားခ်င္စိတ္ေလ်ာ့က်မႈ

အစာစားခ်င္စိတ္ေလ်ာ့က်လာတာဟာလည္း ကင္ဆာေတြရဲ႕ လကၡဏာျဖစ္ပါတယ္။ ဆီးအိမ္ကင္ဆာျဖစ္တဲ့အခါမွာလည္း ဝိတ္ေလ်ာ့က်ျပီး ေမာပန္းႏြမ္းနယ္ကာ အားအင္မရွိသလို ခံစားရတာေတြ ျဖစ္ေနႏုိင္ပါတယ္။ ဒါေပမဲ့ ဒီလိုလကၡဏာေတြ ျဖစ္ေပၚေနတာနဲ႔ ကင္ဆာျဖစ္ေနတယ္လို႔ အဆံံုးစြန္ထိ မေတြးလိုက္ပါနဲ႔။ အဆက္မျပတ္ျဖစ္ေနမွသာ ဆရာဝန္နဲ႔ တုိင္ပင္သင့္ပါတယ္။

Credit : duwun
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆီးအိမ်ကင်ဆာဟာ အမျိုးသမီးတွေ သိပ်သတိထားလေ့ရှိတဲ့ ကင်ဆာမျိုး မဟုတ်ပါဘူး။ တကယ်တမ်းလည်း အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမို အဖြစ်များလေ့ရှိပါတယ်။ အသက်အရွယ်အားဖြင့်လည်း ၆၅ နှစ်အထက်ပိုင်းမှာ အဖြစ်များပါတယ်။ အမေရိကန်နိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးပေါင်း ၁၈၀၀၀ နဲ့အထက်ဟာ ဆီးအိမ်ကင်ဆာဖြစ်ပွားလေ့ရှိနေပါတယ်။ အမျိုးသမီးတွေဟာ ကနဦးလက္ခဏာတွေကို ဂရုမပြုမိဘဲ ရောဂါမြင့်မားတဲ့အဆင့်ရောက်မှာသာ ဆီးအိမ်ကင်ဆာကို သတိပြုမိတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင်သတိထားသင့်တဲ့ ကနဦးဆီးအိမ်ကင်ဆာလက္ခဏာတွေကို ဖော်ပြလိုက်ပါတယ်။

၁ - ဆီးတွင်း သွေးပါခြင်း

ဆီးအိမ်ကင်ဆာရဲ့  အစောဆုံးလက္ခဏာတစ်ခု ဖြစ်ပါတယ်။ နာကျင်ခြင်းမရှိတဲ့အပြင် အမျိုးသမီးတွေဟာ ဓမ္မတာသွေးနဲ့ ယှဉ်တွဲနားလည်လိုက်မိတာကြောင့် ဒီလိုလက္ခဏာကို သတိမထားမိတတ်ကြပါဘူး။ ဒါပေမဲ့ သွေးထဲ ဆီးပါတိုင်းလည်း ဆီးအိမ်ကင်ဆာရှိတယ်လို့ ပြောလို့ မရပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

၂ - ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါမှာလည်း ဆီးအိမ်ကင်ဆာနဲ့ မှားတတ်ပါတယ်။ လက္ခဏာတော်တော်များများဟာ တူညီတာကြောင့် ဖြစ်ပါတယ်။ ကြီးဖန်များစွာ ဆီးသွားတာ၊ ဆီးသွားတဲ့အခါ နာကျင်တာ၊ ဆီးသွားဖို့ခက်တာမျိုးတွေ ဖြစ်ပါတယ်။

၃ - ဘာကြောင့်မှန်းမသိတဲ့ နာကျင်မှု

ဝမ်းဗိုက်နဲ့ နံရိုးဘက်တွေက နာကျင်တာဖြစ်ပါတယ်။ ဒီလို နာကျင်နေမှုဟာ ဆီးအိမ်ကင်ဆာနဲ့ ဆက်စပ်နေတယ်ဆိုရင်တော့ ဆီးအိမ်ကင်ဆာအဆင့်ဟာ အနည်းငယ်မြင့်မားနေပြီ ဖြစ်ပါတယ်။ ကင်ဆာဟာ အရိုးတွေကိုပါ ပြန့်နှံ့နေတာကြောင့် အရိုးတွေကပါ နာကျင်နေနိုင်ပါတယ်။ ဒီလိုနေရာတွေမှာ နာကျင်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

၄ - အစာ စားချင်စိတ်လျော့ကျမှု

အစာစားချင်စိတ်လျော့ကျလာတာဟာလည်း ကင်ဆာတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ ဆီးအိမ်ကင်ဆာဖြစ်တဲ့အခါမှာလည်း ဝိတ်လျော့ကျပြီး မောပန်းနွမ်းနယ်ကာ အားအင်မရှိသလို ခံစားရတာတွေ ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုလက္ခဏာတွေ ဖြစ်ပေါ်နေတာနဲ့ ကင်ဆာဖြစ်နေတယ်လို့ အဆံုံးစွန်ထိ မတွေးလိုက်ပါနဲ့။ အဆက်မပြတ်ဖြစ်နေမှသာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Credit : duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top