iMyanmarHouse.com - Best Property Website for Myanmar
×











Credit :Duwun


#Unicode Version

ငှက်ပျောသီးစားပြီးရင် အခွံက ဘာမှအသုံးမဝင်ဘူးထင်နေရင် သင်မှားသွားပါလိမ့်မယ်။ ဒီအခွံကို စားပြီးတိုင်း အမှိုက်ပုံးထဲ မပစ်ဘဲ အိမ်က နှင်းဆီပန်းအိုးထဲကို မြေသြဇာအဖြစ်ထည့်လို့ ရပါတယ်။ ဒါအပြင် အခြား အသုံးဝင်တဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။

(၁) ပိုးမွှားအကိုက်ခံရရင် ငှက်ပျောခွံနဲ့ ပွတ်နိုင်တယ်။

ဆေးပညာအရဆိုရင်တော့ အစွမ်းရှိတယ်ဆိုတာကို တရားဝင်ပြောကြားထားတာကို မတွေ့ရသေးပါ။ ငှက်ပျောခွံမှာပါတဲ့ သကြားဓါတ်က ယားယံခြင်းကို ပျောက်စေနိုင်ပါတယ်။ အချို့ ဒေသတွေမှာဆိုရင် ခြင်ကိုက်ခံရတဲ့ နေရာတွေကို ငှက်ပျောခွံနဲ့ လိမ်းလေ့ရှိတယ်လို့ သိရပါတယ်။

(၂) ငှက်ပျောခွံမှာပါတဲ့ Kalium ဓါတ်ကြောင့် သားရေဖိနပ်ကို ပြောင်အောင်တိုက်တဲ့အခါမှာ သုံးလို့ရတယ်။

(၃) ထိခိုက်မိလို့ရတဲ့ ဒဏ်ရာ၊ အညိုအမဲစွဲနတဲ့ ဒဏ်ရာတွေကို အရောင်ကျပြီး သက်သာသွားစေတယ်။

(၄) သွားတွေကို ဖြူစေပါတယ်။ သွားတိုက်ဆေးနဲ့သွားမတိုက်ခင်မှာ ငှက်ပျောသီးအခွံနဲ့ အရင်တိုက်ပါ။ ပြီးမှ သွားတိုက်ဆေးနဲ့ တိုက်မယ်ဆိုရင် (၁) လလောက်ကြာရင် သွားတွေ ဖြူလာပါတယ်။ ငှက်ပျောသီးအခွံမှာပါတဲ့ ဓာတ်ဟာ သွားမှာ ကပ်နေတဲ့ သွားချေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၅) နဖူးပေါ်မှာတင်ပြီး ငှက်ပျောခွံနဲ့ ပွတ်ပေးရင် ခေါင်းကိုက်ခြင်းကို သက်သာစေတယ်။

(၆) အရိုးစူးတဲ့အခါ အဆူးစူးတဲ့အခါ စူးတဲ့နေရာကို ငှက်ပျောခွံနဲ့ အုပ်ထားရင် သက်သာတယ်

အဆူးစူးတဲ့နေရာကို ငှက်ပျောသီးအခွံနဲ့ မိနစ် (၃၀) ကနေ (၁) နာရီလောက် ကပ်ထားရင် စူးနေတဲ့နေရာ ပတ်ဝန်းကျင်က အသားက နူးညံ့လာပြီး ဆူးက သူ့အလိုလို ထွက်လာတတ်ပါတယ်။

(၇) အလုပ်လုပ်ရင်း လက်မှာပေနေတဲ့ ဘောပင်မှင်တွေ ဖျက်ရာတွင်လည်း ငှက်ပျောသီးအခွံကို သုံးနိုင်ပါတယ်။

Credit :Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top