Credit:duwun
#Unicode Version
မနက်ပိုင်း ရေချိုးတဲ့အခါ ရေအေးနဲ့ ချိုးသင့်ပါတယ်။ ဆောင်းတွင်းမှာ အရမ်းချမ်းတာမို့ ချိုးကြမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မနက်ပိုင်း ရေအေးနဲ့ ရေချိုးလိုက်တဲ့အခါမှာ အာရုံကြောတွေကို နိုးဆွလိုက်သလို ဖြစ်ပြီး တစ်နေကုန် တက်ကြွလန်းဆန်းနေစေပါတယ်။ သွေးသားလည်ပတ်မှုနဲ့ ခုခံအားကို ပိုမို ကောင်းမွန်စေပါတယ်။ ရေအေးအေးက ကျယ်နေတဲ့ ချွေးပေါက်တွေကိုလည်း ကျဉ်းမြောင်းသွားစေတဲ့အတွက်ကြောင့် ဆံသားတွေနဲ့ အရေပြားတွေကို အဆီပြန်မှု မဖြစ်စေပါဘူး။ ဒါကြောင့် အရေပြားတစ်ခုလုံးမှာ ရှိတဲ့အပေါက်ငယ်လေးတွေက ပိတ်သွားသလို ဖြစ်ပြီးတော့ ရာသီဥတုဒဏ်နဲ့ နေဒဏ်၊ လေဒဏ် တို့ကို ခံနိုင်ရည်ရှိပါတယ်။
ညပိုင်း ရေချိုးတာကိုတော့ ရေနွေးနဲ့ ချိုးပေးသင့်ပါတယ်။ ညပိုင်းရေချိုးတာက အရေပြားကို သန့်စင်ပေးပြီး အရေပြားဆဲလ်သစ်ထုတ်လုပ်မှုကို ပိုမြန်ဆန်စေပါတယ်။ ရေနွေးနွေးနဲ့ ချိုးလိုက်တဲ့အခါမှာ တစ်နေကုန် ပင်ပန်းညောင်းညာနေတာတွေကို ပြေပျောက်သက်သာစေပါတယ်။ တစ်နေကုန် ကပ်ညှိလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို သန့်စင်လိုက်သလိုဖြစ်သွားပါတယ်။ ရေနွေးက ချွေးပေါက်တွေကို ပွင့်စေပြီးတော့ သင်ညအိပ်နေချိန်မှာ အရေပြားက အောက်စီဂျင်လုံလုံလောက်လောက်နဲ့ ထိတွေ့နိုင်ဖို့ လမ်းဖွင့်ပေးသလိုလည်း ဖြစ်သွားစေပါတယ်။ ညမအိပ်ခင် ရေနွေးနဲ့ ရေချိုးထားရင် မနက်နိုးလာရင် ကြည်လင်လန်းဆန်းနေတာကို တွေ့ရမှာပါ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:duwun
မနက်ပိုင်းရေချိုးတာနဲ့ ညဘက်ရေချိုးတာ ဘယ်ဟာ ပိုကောင်းလဲ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။