iMyanmarHouse.com - Best Property Website for Myanmar
×

ေျခေထာက္ ႂကြက္တက္ျခင္းႏွင့္ ေျဖရွင္းနည္းမ်ား ေျခေထာက္ႂကြက္ တက္ျခင္း ဆိုတာကို လူတိုင္း မႀကံဳဖူးေပမယ့္ ၾကားေတာ့ ၾကားဖူးၾကမွပါ။ ႂကြက္တက္ျခင္း ျဖစ္တတ္တဲ့ အေၾကာင္းရင္းေတြနဲ႔ ေျဖရွင္း နည္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ႂကြက္တက္ျခင္းဆိုတာ ဘာလဲ

ေျခသလံုးေနရာနဲ႔ ဒူးေခါင္းရဲ႕ အေနာက္ဘက္ေနရာက ႂကြက္သားေတြ တအား နာက်င္လာတတ္တဲ့ ခံစားမႈမ်ဳိးပါ။ တစ္ခါတေလ ေျခဖဝါးေနရာက ႂကြက္သားေတြမွာလည္း ျဖစ္တတ္ပါတယ္။ အခ်ိန္အားျဖင့္ စကၠန္႔ပိုင္းနဲ႔ မိနစ္အနည္းငယ္ေလာက္ ၾကာတတ္ၿပီး တခ်ဳိ႕ေတြမွာ ၁၀ မိနစ္ေလာက္ ျဖစ္တတ္ပါတယ္။ တခ်ဳိ႕ေတြမွာ ႂကြက္တက္တာဟာ တစ္ေန႔တာ လႈပ္ရွားမႈၿပီးလို႔ ညအိပ္ရာဝင္ခ်ိန္က်မွ ျဖစ္တတ္ပါတယ္။ အိပ္စက္ခ်ိန္ကို အေႏွာင့္အယွက္ေပးတတ္ပါတယ္။

ဘယ္လိုလူေတြမွာ ႂကြက္တက္တတ္သလဲ

လူတိုင္းမွာ ႂကြက္တက္ျခင္း ျဖစ္ႏိုင္ပါတယ္။ အသက္ႀကီးသူေတြမွာ အမ်ားဆံုး ျဖစ္တတ္ၿပီး ႂကြက္တက္တဲ့သူ သံုးေယာက္မွာ တစ္ေယာက္ႏႈန္း ဟာ အသက္ ၆၀ ဝန္းက်င္ေတြမွာ အျဖစ္မ်ားပါတယ္။ ၁၀ ေယာက္မွာ ေလးေယာက္ႏႈန္းဟာ တစ္ပတ္မွာ သံုးႀကိမ္ေလာက္ ႂကြက္တက္တတ္ ပါတယ္။

ယ္လိုျပႆနာေတြက ႂကြက္တက္ေစတာလဲ

အေျခအေနတစ္ခုကို အေျခခံၿပီး ႂကြက္တက္တာမ်ဳိးေတာ့ မရွိတတ္ပါဘူး။ ေျခေထာက္ ႂကြက္သားေတြဟာ တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္ဖို႔ ခက္ခဲတဲ့ အခ်ိန္မ်ဳိးမွာ ႐ုတ္တရက္ ႂကြက္တက္တဲ့ အေျခအေနကို ျဖစ္ေစပါတယ္။ အိပ္ေပ်ာ္ေနခ်ိန္မွာ သင့္ေျခေထာက္ဟာ ေကြးတာဆန္႔တာကို သင္ကိုယ္တိုင္ သတိမထားမိႏိုင္ပါဘဲ ႂကြက္တက္တာမ်ဳိး ျဖစ္ေစပါတယ္။ ဒါက ႂကြက္သားေတြ ပံုစံမက်ျခင္းေၾကာင့္ျဖစ္ တဲ့ ျပႆနာမ်ဳိး ျဖစ္ တာေၾကာင့္ ဆြဲဆန္႔ေလ့က်င့္ခန္း ျပဳလုပ္ေပးတာမ်ဳိးနဲ႔ သက္သာေစႏိုင္ ပါတယ္။ ေနာက္ထပ္ျဖစ္ႏိုင္တဲ့ ျပႆနာကေတာ့ တျခားက်န္းမာေရး ျပႆနာ ေတြေၾကာင့္
 ေသာက္သံုးေနရတဲ့ ေဆးဝါး တခ်ဳိ႕ရဲ႕ ေဘးထြက္ ဆိုးက်ဳိးေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ႂကြက္ သားေတြကို အျပင္းအထန္ ဖိအားေပးခံရတာမ်ဳိး၊ ေရဓာတ္ခန္းေျခာက္တာ မ်ဳိး၊ ေသြးထဲမွာ ဆားဓာတ္ မညီမွ်တာမ်ဳိး၊ ကိုယ္ဝန္ေဆာင္ခ်ိန္၊ သိုင္း႐ြိဳက္ျပႆနာ၊ ေျခေထာက္ အတြင္း ေသြးလည္ပတ္မႈ အားနည္းတာမ်ဳိး၊ အရက္အလြန္ အကၽြံ ေသာက္တာမ်ဳိး၊ အာ႐ံုေၾကာ အားနည္းတာ၊ ေက်ာက္ကပ္ေရာဂါ ကု ေဆးဝါးေတြ ေသာက္သံုးေနရတာမ်ဳိးေတြေၾကာင့္ ႂကြက္တက္တတ္ပါ တယ္။

ဘယ္လို ကုသမႈ ေပးႏိုင္မလဲ

အေၾကာေတြကို ဆန္႔ထုတ္ေပးတဲ့ ေလ့က်င့္မႈမ်ဳိးနဲ႔ ႏွိပ္နယ္ေပးတာမ်ဳိးေတြ က ေျခေထာက္ ႂကြက္တက္တာကို အထိေရာက္ဆံုးနဲ႔ အျမန္ဆံုး သက္သာေစႏိုင္ပါတယ္။ နာက်င္မႈကေတာ့ ႂကြက္တတ္တာ သက္သာ သြားေပမယ့္ က်န္ေနတတ္ပါတယ္။ နာက်င္မႈကို သက္သာေစဖို႔ ပါရာစီ တေမာလို ေဆးမ်ဳိးေတြ ေသာက္ေပးႏိုင္ၿပီး ႂကြက္တက္တာ သက္သာၿပီးလို႔ ၂၄ နာရီၾကာမွ နာက်င္မႈ သက္သာသြားႏိုင္ပါတယ္။ ေရဓာတ္ခန္းေျခာက္ မႈေၾကာင့္ ႂကြက္တက္တာမ်ဳိး
ဆိုရင္ေတာ့ လံုေလာက္တဲ့ ေရပမာဏ ေသာက္ေပးဖို႔ လိုပါတယ္။ ေဆးဝါးကုသမႈေတြ လိုအပ္ရင္ေတာ့ ေလးပတ္ကေန ေျခာက္ပတ္အထိ ေသာက္သံုးေပးဖို႔ လိုပါတယ္။ ႂကြက္ တက္တာကို သက္သာေစဖို႔ မဂၢနီဆီယမ္၊ ဗီတာမင္ဘီကြန္ေပါင္း၊ ဗီတာမင္အီး၊ diltiazem, naftidrofuryl, orphenadrine နဲ႔ verapamil ပါဝင္တဲ့ ေဆးေတြကို မွီဝဲေပးသင့္ပါတယ္။

ဘယ္လိုကာကြယ္တားဆီးမလဲ

တစ္ခါတေလ ႂကြက္တက္တာမ်ဳိးကေတာ့ ေဖာ္ျပပါ နည္းလမ္းေလးေတြ နဲ႔ ေျဖရွင္းေပးႏိုင္ၿပီး ႀကိမ္ဖန္မ်ားစြာ ႂကြက္တက္ျခင္းအတြက္ ဆိုရင္ေတာ့ ကုသႏိုင္ဖို႔ နည္းလမ္းေတြကို ရွာေဖြရမွာ ျဖစ္ပါတယ္။သင့္မွာ လက္ရွိေသာက္ သံုးေနရတဲ့ ေဆးဝါးေတြရွိရင္ အဲ့ဒီေဆးဝါးရဲ႕ ေဘးထြက္ဆုိးက်ဳိးကို သိဖို႔ ဆရာဝန္ကို အျမန္ဆံုး ျပသကာ ေမးျမန္းေဆြးေႏြးပါ။
 ေဆးဝါးေသာက္ေန ရသူ မဟုတ္ဘူး ဆိုရင္လည္း တျခားက်န္းမာေရး ျပႆနာ ရွိ၊ မရွိ ေဆြးေႏြး တိုင္ပင္ပါ။ ႂကြက္တက္ျခင္း သက္သာေစမည့္ နည္းလမ္းမ်ား

ဆြဲဆန္႔ေလ့က်င့္ခန္းေတြက ႂကြက္တက္တာကို ကုသႏိုင္တဲ့ နည္းလမ္း မဟုတ္ေပမယ့္ သက္သာေစႏိုင္တဲ့ နည္းလမ္းေတြထဲက တစ္ခုပါပဲ။ ေလ့လာမႈေတြအရ သတ္မွတ္မထားေပမယ့္ ဆရာဝန္ အမ်ားစုကေတာ့ လမ္းၫႊန္ေလ့ ရွိၾကပါတယ္။ ႂကြက္သားေတြကို အေထာက္အကူျပဳေစမယ့္ ဆြဲဆန္႔ေလ့က်င့္ခန္းေတြကို တစ္ေန႔ ငါးမိနစ္၊ သံုးႀကိမ္ေလာက္ ျပဳလုပ္ေပးပါ။ အိပ္ရာမဝင္ခင္မွာ ျပဳလုပ္ေပးရင္ ပိုေကာင္းပါတယ္။ နံရံမွာ လက္ေထာက္ထားၿပီး မတ္တတ္ရပ္ေနကာ ေျခေထာက္ေတြကိုေနာက္ျပန္ဆန္႔တန္းတင္တဲ့ ေလ့က်င့္မႈမ်ဳိးကို ႂကြက္တက္တာ သက္သာေစဖို႔ ျပဳလုပ္ေပးႏိုင္ပါတယ္။

ႂကြက္တက္ျခင္း သက္သာေစမည့္ အိပ္စက္မႈပံုစံ
သင့္အိပ္စက္မႈပံုစံကလည္း ႂကြက္တက္တာကို သက္သာေစဖို႔ ကူညီႏိုင္ပါတယ္။ - ေျခေထာက္ေအာက္ထဲမွာ ေခါင္းအံုးတစ္လံုးခုထားၿပီး သင့္ရင္ဘတ္ေန ရာထက္ အနည္းငယ္ ျမင့္ေနေအာင္ အိပ္ပါ။ - ေျခေထာက္ကို ေကြးေကာက္ေနတာမ်ဳိး မျဖစ္ေစဘဲ ေသခ်ာ ဆန္႔တန္းၿပီး အိပ္ပါ။

- သင့္ေျခေခ်ာင္းေတြနဲ႔ ေျခေထာက္တစ္ခုလံုးကို ေစာင္နဲ႔ ေသခ်ာလံုၿခံဳေႏြးေထြးေအာင္ ထားၿပီး အိပ္စက္ဖို႔
Credit: Good Health
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ ခြေထောက်ကြွက် တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်း နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြွက်တက်ခြင်းဆိုတာ ဘာလဲ

ခြေသလုံးနေရာနဲ့ ဒူးခေါင်းရဲ့ အနောက်ဘက်နေရာက ကြွက်သားတွေ တအား နာကျင်လာတတ်တဲ့ ခံစားမှုမျိုးပါ။ တစ်ခါတလေ ခြေဖဝါးနေရာက ကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချိန်အားဖြင့် စက္ကန့်ပိုင်းနဲ့ မိနစ်အနည်းငယ်လောက် ကြာတတ်ပြီး တချို့တွေမှာ ၁၀ မိနစ်လောက် ဖြစ်တတ်ပါတယ်။ တချို့တွေမှာ ကြွက်တက်တာဟာ တစ်နေ့တာ လှုပ်ရှားမှုပြီးလို့ ညအိပ်ရာဝင်ချိန်ကျမှ ဖြစ်တတ်ပါတယ်။ အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးတတ်ပါတယ်။

ဘယ်လိုလူတွေမှာ ကြွက်တက်တတ်သလဲ

လူတိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေမှာ အများဆုံး ဖြစ်တတ်ပြီး ကြွက်တက်တဲ့သူ သုံးယောက်မှာ တစ်ယောက်နှုန်း ဟာ အသက် ၆၀ ဝန်းကျင်တွေမှာ အဖြစ်များပါတယ်။ ၁၀ ယောက်မှာ လေးယောက်နှုန်းဟာ တစ်ပတ်မှာ သုံးကြိမ်လောက် ကြွက်တက်တတ် ပါတယ်။

ဘယ်လိုပြဿနာတွေက ကြွက်တက်စေတာလဲ

အခြေအနေတစ်ခုကို အခြေခံပြီး ကြွက်တက်တာမျိုးတော့ မရှိတတ်ပါဘူး။ ခြေထောက် ကြွက်သားတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ ခက်ခဲတဲ့ အချိန်မျိုးမှာ ရုတ်တရက် ကြွက်တက်တဲ့ အခြေအနေကို ဖြစ်စေပါတယ်။ အိပ်ပျော်နေချိန်မှာ သင့်ခြေထောက်ဟာ ကွေးတာဆန့်တာကို သင်ကိုယ်တိုင် သတိမထားမိနိုင်ပါဘဲ ကြွက်တက်တာမျိုး ဖြစ်စေပါတယ်။ ဒါက ကြွက်သားတွေ ပုံစံမကျခြင်းကြောင့်ဖြစ် တဲ့ ပြဿနာမျိုး ဖြစ် တာကြောင့် ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးတာမျိုးနဲ့ သက်သာစေနိုင် ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ ပြဿနာကတော့ တခြားကျန်းမာရေး ပြဿနာ တွေကြောင့်
 သောက်သုံးနေရတဲ့ ဆေးဝါး တချို့ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကြွက် သားတွေကို အပြင်းအထန် ဖိအားပေးခံရတာမျိုး၊ ရေဓာတ်ခန်းခြောက်တာ မျိုး၊ သွေးထဲမှာ ဆားဓာတ် မညီမျှတာမျိုး၊ ကိုယ်ဝန်ဆောင်ချိန်၊ သိုင်းရွိုက်ပြဿနာ၊ ခြေထောက် အတွင်း သွေးလည်ပတ်မှု အားနည်းတာမျိုး၊ အရက်အလွန် အကျွံ သောက်တာမျိုး၊ အာရုံကြော အားနည်းတာ၊ ကျောက်ကပ်ရောဂါ ကု ဆေးဝါးတွေ သောက်သုံးနေရတာမျိုးတွေကြောင့် ကြွက်တက်တတ်ပါ တယ်။

ဘယ်လို ကုသမှု ပေးနိုင်မလဲ

အကြောတွေကို ဆန့်ထုတ်ပေးတဲ့ လေ့ကျင့်မှုမျိုးနဲ့ နှိပ်နယ်ပေးတာမျိုးတွေ က ခြေထောက် ကြွက်တက်တာကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ နာကျင်မှုကတော့ ကြွက်တတ်တာ သက်သာ သွားပေမယ့် ကျန်နေတတ်ပါတယ်။ နာကျင်မှုကို သက်သာစေဖို့ ပါရာစီ တမောလို ဆေးမျိုးတွေ သောက်ပေးနိုင်ပြီး ကြွက်တက်တာ သက်သာပြီးလို့ ၂၄ နာရီကြာမှ နာကျင်မှု သက်သာသွားနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက် မှုကြောင့် ကြွက်တက်တာမျိုး
ဆိုရင်တော့ လုံလောက်တဲ့ ရေပမာဏ သောက်ပေးဖို့ လိုပါတယ်။ ဆေးဝါးကုသမှုတွေ လိုအပ်ရင်တော့ လေးပတ်ကနေ ခြောက်ပတ်အထိ သောက်သုံးပေးဖို့ လိုပါတယ်။ ကြွက် တက်တာကို သက်သာစေဖို့ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီကွန်ပေါင်း၊ ဗီတာမင်အီး၊ diltiazem, naftidrofuryl, orphenadrine နဲ့ verapamil ပါဝင်တဲ့ ဆေးတွေကို မှီဝဲပေးသင့်ပါတယ်။

ဘယ်လိုကာကွယ်တားဆီးမလဲ

တစ်ခါတလေ ကြွက်တက်တာမျိုးကတော့ ဖော်ပြပါ နည်းလမ်းလေးတွေ နဲ့ ဖြေရှင်းပေးနိုင်ပြီး ကြိမ်ဖန်များစွာ ကြွက်တက်ခြင်းအတွက် ဆိုရင်တော့ ကုသနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။သင့်မှာ လက်ရှိသောက် သုံးနေရတဲ့ ဆေးဝါးတွေရှိရင် အဲ့ဒီဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကို သိဖို့ ဆရာဝန်ကို အမြန်ဆုံး ပြသကာ မေးမြန်းဆွေးနွေးပါ။
 ဆေးဝါးသောက်နေ ရသူ မဟုတ်ဘူး ဆိုရင်လည်း တခြားကျန်းမာရေး ပြဿနာ ရှိ၊ မရှိ ဆွေးနွေး တိုင်ပင်ပါ။ ကြွက်တက်ခြင်း သက်သာစေမည့် နည်းလမ်းများ

ဆွဲဆန့်လေ့ကျင့်ခန်းတွေက ကြွက်တက်တာကို ကုသနိုင်တဲ့ နည်းလမ်း မဟုတ်ပေမယ့် သက်သာစေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ လေ့လာမှုတွေအရ သတ်မှတ်မထားပေမယ့် ဆရာဝန် အများစုကတော့ လမ်းညွှန်လေ့ ရှိကြပါတယ်။ ကြွက်သားတွေကို အထောက်အကူပြုစေမယ့် ဆွဲဆန့်လေ့ကျင့်ခန်းတွေကို တစ်နေ့ ငါးမိနစ်၊ သုံးကြိမ်လောက် ပြုလုပ်ပေးပါ။ အိပ်ရာမဝင်ခင်မှာ ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ နံရံမှာ လက်ထောက်ထားပြီး မတ်တတ်ရပ်နေကာ ခြေထောက်တွေကိုနောက်ပြန်ဆန့်တန်းတင်တဲ့ လေ့ကျင့်မှုမျိုးကို ကြွက်တက်တာ သက်သာစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။

ကြွက်တက်ခြင်း သက်သာစေမည့် အိပ်စက်မှုပုံစံ
သင့်အိပ်စက်မှုပုံစံကလည်း ကြွက်တက်တာကို သက်သာစေဖို့ ကူညီနိုင်ပါတယ်။ - ခြေထောက်အောက်ထဲမှာ ခေါင်းအုံးတစ်လုံးခုထားပြီး သင့်ရင်ဘတ်နေ ရာထက် အနည်းငယ် မြင့်နေအောင် အိပ်ပါ။ - ခြေထောက်ကို ကွေးကောက်နေတာမျိုး မဖြစ်စေဘဲ သေချာ ဆန့်တန်းပြီး အိပ်ပါ။

- သင့်ခြေချောင်းတွေနဲ့ ခြေထောက်တစ်ခုလုံးကို စောင်နဲ့ သေချာလုံခြုံနွေးထွေးအောင် ထားပြီး အိပ်စက်ဖို့

Credit: Good Health

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top