iMyanmarHouse.com - Best Property Website for Myanmar
×
Credit : trend myanmar
Unicode Version
အနုပညာလောကထဲကို ဝါသနာမပါပဲ ဝင်ရောက်လာခဲ့တဲ့ မေကဗျာဟာ အခုလက်ရှိမှာတော့ အောင်မြင်လူသိများတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေခဲ့ပါပြီ။ သူမဟာသရုပ်ဆောင်အလုပ်ကို ဝါသနာမပါခဲ့ပေမဲ့ ကြိုးစားပြီးတန်ဖိုးထားကာ လုပ်ကိုင်သောကြောင့် နေရာတစ်နေရာကိုရရှိခဲ့ပေမဲ့လဲ အသက်အရွယ်ရလာတဲ့အခါ စီးပွားရေးပိုင်းကို စတင်ခြေလှမ်းကြည့်ရင်း အနေအထားလေးတစ်ခုဖြစ်လာတဲ့အတွက် အနုပညာပိုင်းနဲ့အနည်းငယ်အလှမ်းဝေးကွာခဲ့ပါတယ်။ အခုဆိုကားမရိုက်တာ ၇လ၊ ၈လလောက်ရှိနေပြီဖြစ်တဲ့မေကဗျာနဲ့တွေ့ဆုံခိုက်မေးမြန်းဖြစ်သမျှကတော့
-အစ်မ ကားမရိုက်တာအတော်ကြာပြီနော်။
ဟုတ်တယ်။ ၇လ၊ ၈လလောက်တော့ရှိပြီ။ ကားမရိုက်ဖြစ်ဘူး။ လုံးလုံးကြီးမရိုက်တာတော့ မဟုတ်ဘူး။ ကြားထဲမှာ ကြိုကြားကြိုကြားတော့ ရိုက်ဖြစ်တယ်။ ဒါပေမဲ့လို့ ကဗျာကကားကြီး အရိုက်လုံးဝကိုနည်းပါတယ်။ ကားမရိုက်တဲ့အချိန်မှာ  ကဗျာ သီချင်းတွေဆိုဖြစ်တယ်။ နောက်စက်ဆိုင်ရှိတယ်။ နောက်ပြီးတော့ ကဗျာအွန်လိုင်းမှာ အထည်လေးတွေရောင်းဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒါက စီးပွားဖြစ်တော့မဟုတ်ပါဘူး။ ဝယ်တဲ့သူတွေကို ပစ္စည်းကောင်းကောင်းလေးတွေ၊ ဈေးသက်သက်သာသာလေးတွေနဲ့ရစေချင်တယ်။ လှစေချင်တယ်။ အဲ့ဒါကြောင့် အပျော်လုပ်တာပါ။ နောက်မေမေက ကွန်ပျူတာပန်းထိုးစက်ရုံ လုပ်ထားတဲ့အတွက်ကြောင့် အဲ့ဒီစက်ရုံမှာပဲ ကဗျာလုပ်ဖြစ်နေပါတယ်။ မေမေကတော့ကိုယ့်ကိုနောက်ပိုင်း ကားမရိုက်စေချင်တော့ဘူး။ စက်ရုံမှာပဲဦးစီးပြီးလုပ်စေချင်တယ် ။
-ကဗျာ့အနေနဲ့ရော နောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေကို လက်ခံဖြစ်ဦးမလား။
သိပ်မလုပ်ဖြစ်လောက်ဘူး။ အခုတောင်ကဗျာ ဒီကားဝင်နေလို့သင်တန်းတွေလဲပျက်တယ်။ အိမ်ကအမေကပြောနေပြီ။ နင့်ကိုငါမရိုက်ပါနဲ့ပြောတာကို ရိုက်တယ်ပေါ့။ အင်းပါ သင်တန်းလဲတက်ပါ့မယ်။ ဒါလဲဆက်ရိုက်ပ့ါမယ်ဆိုပြီးလုပ်ကာမှ ကားရိုက်တွေက တောက်လျှောက်ကိုလာနေတယ်။ ကဗျာဟိုဖက်နဲ့ဒီဖက်ကိုမျှပြီး ရိုက်မှာပါ။ ဒါပြီးရင် ကဗျာမြင့်မြတ်နဲ့အိချောပိုနဲ့တစ်ကားလုံးအပြည့်တော့မပါဘူး။ ဒါပေမဲ့ သုံးရက်လောက် သွားကူညီပေးဖို့ရှိတယ်။ အဲ့ဒါပြီးရင်တော့ ကဗျာဇာတ်လမ်းတွဲတစ်ခု လက်ခံထားပါတယ်။
-အနုပညာနဲ့စီးပွားရေးဆို ဘယ်ဟာက ကဗျာရဲ့အဓိကဝါသနာဖြစ်မလဲ။
ကဗျာမင်းသမီးအလုပ်ကို ဝါသနာမပါပဲနဲ့ဒီလောကထဲကိုရောက်လာခဲ့တာပေါ့။ တကယ်ဝါသနာပါတာက အက၊ ကဗျာလုပ်ချင်တာက ကျောင်းဆရာမ။ ဒါပေမဲ့ ကဗျာအမေက ဒီအလုပ်ကိုအရမ်းလုပ်စေချင်တော့ တင်ပေးရင်းတင်ပေးရင်းနဲ့ရောက်လာခဲ့တာပေါ့။ ကဗျာကလုပ်လို့ပြောတဲ့အရာမှန်သမျှကို တန်ဖိုးထားပြီးကြိုးစားပြီးလုပ်တယ်။ အဲ့ဒါကြောင့် အခုချိန်ထိဆက်လုပ်ဖြစ်သွားတာပေါ့။ အဲ့ဒီလိုလုပ်နေရင်းနဲ့မှ စီးပွားရေးကိုလုပ်ကြည့်လိုက်တဲ့အခါ စီးပွားရေးလုပ်ရတာကိုပိုပျော်သွားတယ်။ အသက်အရွယ်ကြောင့်လဲပါမှာပေါ့။ အခုအသက်အရွယ်မှာဆို စီးပွားရေးလုပ်ရတာကို ပိုပျော်တယ်။
-သမီးလေးလဲတော်တော်ကြီးလာပြီနော်။ သူကအသက်ဘယ်လောက်ရှိသွားပြီလဲ။
၇တန်းပါ။ သမီးလေးကိုတော့ ကဗျာ့အမေရော၊ ကဗျာ့စိတ်ကူးကရော ပညာတတ်စေချင်တယ်။ ပညာနဲ့လုပ်စားရတဲ့အလုပ်ကိုပဲ လုပ်စေချင်တယ်။ အခုချိန်မှာတော့ ပညာသင်ရမဲ့အရွယ်ဖြစ်တဲ့အတွက် အနုပညာလမ်းကြောင်းမှာဘာမှမတင်ဘူး။ ဘာအကူအညီပဲတောင်းတောင်း လုံးဝပေးမလုပ်ဘူး။ ဒီအချိန်မှာက သူ့အတွက်ဖြည့်ပေးနေရတဲ့အချိန်ဆိုတော့ ကဗျာတို့ဘေးကနေ လိုက်လုပ်ပေးနေတယ်။ သူ့ဟာသူ စဉ်းစားဆုံးဖြတ်တတ်တဲ့အရွယ်ရောက်သွားပြီဆိုရင်တော့ ကဗျာတို့ကသူ့ဖြစ်ချင်တာကို ဦးစားပေးမှာပါ။ ပညာတတ်ပြီးမှပဲ ကျန်တာကို လုပ်စေချင်တယ်။ သူရေကူးတတ်တယ်။ ပီယာနိုတီးတတ်တယ်။ ဂစ်တာသင်နေတယ်။ စက်ချုပ်တတ်တယ်။ ဒီဇိုင်းဆွဲတတ်တယ်။ ဒီအချိန်မှာသူ သရုပ်ဆောင် ဘက်ကိုတော့ ဝါသနာပါတာမျိုးမတွေ့ရဘူး။ ဒါပေမဲ့ ပြောလို့လဲမရဘူး။ ဖြစ်ချင်လဲဖြစ်မှာပေါ့။ ကိုယ်တွေလဲဝါသနာပါခဲ့တာမှ မဟုတ်တာ ဒါပေမဲ့လဲဖြစ်ခဲ့တာပဲဆိုတော့လေ။
-သမီးလေးနဲ့နှစ်ယောက်ထဲပဲ ဘဝကိုဖြတ်သန်းတော့မှာလား။
ပြောလို့တော့မရဘူး။ စကားတော့ အကုန်မပြောချင်ပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ သမီးလေးရယ်၊ ကဗျာ့မေမေရယ် ၊ ကဗျာရယ် အိမ်မှာ တူတူနေကြပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးကံဆိုတာ ဘယ်လိုဖြစ်လာဦးမလဲမသိသေးတဲ့အတွက် အဲ့ဒီဖက်ကိုတော့ ဘာကိုမှအသေအချာမပြောရဲပါဘူး။
-အဲ့ဒီဖက်အပိုင်းကိုစဉ်းရောစဉ်းစားဖြစ်လား။
တစ်ခါတစ်လေကျရင်လဲ စဉ်းစားဖြစ်တယ်။ သြော်ငါအားကိုးလေးရှာရင်ကောင်းမလားဆိုပြီး စဉ်းစားကြည့်တယ်။ ဒါပေမဲ့ အခုအသက်အရွယ်ထိဖြတ်သန်းလာတဲ့အချိန်မှာတော့ သူများကို အားကိုးရမဲ့ကံမပါဘူး။ ကိုယ့်ဟာကိုယ်ရပ်တည်ခဲ့ရတာမျိုးဆိုတော့လေ။ သြော်သူများကို အားကိုးပြီးမှ အားကိုးလို့ရရင်ကောင်းတယ်။ အားမကိုးရရင် တစ်ခါစိတ်ညစ်ရဦးမယ်လေဆိုပြီး အခုချိန်ထိကတော့ အသက်ကစကားပြောလာလို့လားမသိဘူး။ ကိုယ်လဲကိုယ့်ဟာကိုယ်လုပ်စားတတ်နေတဲ့အခါကျတော့ သူများကိုအားကိုးချင်စိတ် သိပ်မရှိဘူးဖြစ်နေတယ် ။
-အစ်မကိုအားပေးနေတဲ့ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။
ကဗျာပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာတော့ ကားရိုက်တွေတော်တော်ကျဲသွားပါတယ်။ ဒါပေမဲ့အခုတော့ စီးပွားရေးနဲ့ကားရိုက်ပိုင်းကိုမျှပြီးလုပ်နေပါတယ်လို့အခုချိန်ထိအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့။ ဒါပေမဲ့အရင်လိုတော့ အရမ်းလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ပရိသတ်ကြိုက်နိုင်မဲ့ကားလေးတွေ၊ ပရိသတ်အတွက် ဇာတ်ကားကောင်းလေးတွေကိုတော့ ကဗျာရိုက်ကူးပေးမှာပါ။ နောက်ပြီးတော့ ကဗျာ့ရဲ့ အခုမှခြေလှမ်းနေတဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ လာအားပေးလို့ရပါတယ်လို့ပြောချင်ပါတယ်။
Credit : trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top