ပါဝင်ပစ္စည်းများ
ဒိန်ချဉ် ၁/၂ ခွက်
ဂရင်းတီး ၁/၂ ခွက်
တရုတ်နံနံ
Credit:trend myanmar
#Unicode Version
မနက် လန်းဆန်းစွာအိပ်ရာထဖို့နဲ့ အချိန်တိုအတွင်း အားအင်တိုးမြင့်စေဖို့ လိုအပ်ပါက ဒီအံ့မခန်းဖွယ်ဖျော်ရည်လေး သောက်ကြည့်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ပဲ ဖော်စပ်ပြုလုပ်ထားတဲ့ ဖျော်ရည်ဖြစ်ပြီး အားအင်အမြန်ပြည့်စေပါလိမ့်မယ်။
ပြင်ဆင်ရ လွယ်ကူလျင်မြန်ပြီး အလုပ်သွားဖို့ နောက်ကျတဲ့အချိန်မှာ မနက်စာအဖြစ် သုံးဆောင်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ဒိန်ချဉ် ၁/၂ ခွက်
ပန်းသီး ၁ လုံး (အခွံခွာပြီး ခပ်စိပ်စိပ်လှီးပြီးသား)
ဂရင်းတီး ၁/၂ ခွက်
ပျားရည် ထမင်းစားဇွန်း (၁) ဇွန်း
တရုတ်နံနံ
ပြင်ဆင်ပုံပြင်ဆင်နည်း
ပါဝင်ပစ္စည်းအားလုံး သစ်သီးဖျော်စက်ထဲ ထည့်ပြီး ရေအနည်းငယ်နဲ့ ရောဖျော်ပေးရပါမယ်။ ဒီဖျော်ရည်မှာ ကယ်လိုရီ ၁၆၅၊ ပရိုတိန်းဓာတ် ၁၀ ဂရမ်၊ ကာဗွန်ဟိုက်ဒရိတ် ၃၀ ဂရမ် (အမျှင်ဓာတ် ၃ ဂရမ်) နဲ့ အဆီ ၂ ဂရမ်ပါရှိပါတယ်။
မနက်ခင်း သုံးဆောင်ပေးပါ။ မနက်စာအစား သုံးဆောင်နိုင်ပြီး ခဏလေးအတွင်း အားအင်တိုးမြင့်စေပါလိမ့်မယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:trend myanmar
Home
»
စားသောက်ဖွယ်
»
ဗဟုသုတ
» ကော်ဖီထက် မနက်ခင်း မိုပိုလန်းဆန်းစေမယ့် အိမ်တွင်းဖြစ် အားဖြည့် ဖျော်ရည်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။