iMyanmarHouse.com - Best Property Website for Myanmar
×

(၁၈)ႏွစ္ျပည့္ၿပီး ေမွ်ာ္လင့္ခ်က္ကုန္ဆုံးသြားၿပီလိုေတာ့ မသတ္မွတ္လိုက္ပါနဲ႕။ ႀကိဳးစားရင္ ျဖစ္နိုင္ပါေသးတယ္။ ေအာက္ကနည္းလမ္းေလးေတြက ကူညီေပးပါလိမ့္မယ္။

(၁)သင့္ေတာ္တဲ့ အာဟာရဓာတ္မ်ား ေ႐ြးခ်ယ္စားသုံးပါ။

အစားအေသာက္က ခႏၶာကိုယ္ႀကီးထြားမႈအတြက္ အေထာက္အပံံ့ေပးနိုင္ဆုံးပါပဲ။ အရပ္ရွည္ဖို႔အတြက္ဆိုရင္ ပရိုတိန္း၊ကာဗြန္ ဟိုက္ၿဒိတ္ ၊ကယ္လ္စီယမ္၊ဗီတာမင္ ဒီပါတဲ့ အစားအစာေတြကို ေ႐ြးခ်ယ္ၿပီး စားေသာက္ေပးပါ။နိုထြက္ပစၥည္းအမ်ိဳးမ်ိဳး၊ပဲနဲ႕ဗီတာမင္မ်ားစြာပါတဲ့ ဟင္းသီးဟင္း႐ြက္ေတြက အေကာင္းဆုံးပါ။

(၂)ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ။

ကိုယ္က အရပ္ရွည္ခ်င္မွေတာ့ အပင္ပန္းေတာ့ ခံနိုင္ရမွာေပါ့ေနာ္။အစမွာေတာ့ တက္ႂကြၿပီး ၂ရက္၊၃ရက္ေလာက္လုပ္၊ တစ္ကိုယ္လုံးနာလာလို႔ဆိုၿပီး လက္ေလွ်ာ့တာမ်ိဳးေတာ့ မလုပ္ပါနဲ႕။ပုံမွန္ ဇြဲရွိရွိနဲ႕လုပ္သြားပါ။အေျပး၊အခုန္၊ေရကူး၊ဘတ္စ္ကတ္ေဘာကစားတာမ်ိဳးက အရိုးႀကီးထြားဖို႔ အသင့္ေတာ္ဆုံးပါ။

(၃)အိပ္ခ်ိန္ လုံလုံေလာက္ေလာက္နဲ႕ သက္ေတာင့္သက္သာလုပ္ပါ။

အိပ္ခ်ိန္မျပည့္တာလည္း အရပ္ရွည္ဖို႔ ေႏွာင့္ေႏွးေစပါတယ္။(၈)နာရီအျပည့္အဝအိပ္ေပးပါ။အိပ္တဲ့အခါမွာလည္း သက္ေတာင့္သက္သာျဖစ္ေအာင္ ပက္လက္အိပ္ပါ။ ဒူးေခါင္းေအာက္မွာ ခြေခါင္းအုံးျဖစ္ျဖစ္ ေခါင္းအုံးအေသးေလးျဖစ္ျဖစ္ ခံအိပ္ပါ။

(၄)စမတ္က်က်ေနပါ။

စမတ္က်က်ေနဆိုတာက ထိုင္တဲ့အခါမွာျဖစ္ျဖစ္ မတ္တပ္ရပ္တဲ့အခါျဖစ္ျဖစ္ ကုန္းေနတာမ်ိဳး၊ကိုင္းေနတာမ်ိဳးေတြ မလုပ္ဖို႔ပါ။အဲ့ဒါက အရိုးႀကီးထြားဖို႔ကို ေႏွာင့္ေႏွးေစပါတယ္။

(၅)ေဆးလိပ္၊အရက္ေရွာင္ပါ။

ေဆးလိပ္၊ အရက္ကေတာ့ အရပ္ရွည္ဖို႔အတြက္ အႀကီးမားဆုံးရန္သူပါ။ ခႏၶာကိုယ္ႀကီးထြားေစတဲ့ဆဲလ္ထုတ္လုပ္မႈကို ေလ်ာ့က်ေစပါတယ္။

(၆)ဆြဲဆန႔္ပါ။

အိပ္ယာကနိုးတဲ့အခါလည္း အေၾကာဆန႔္ပါ။ေလ့က်င့္ခန္းလုပ္တဲ့အခါမွာလည္း ဆြဲဆန႔္တဲ့ ေလ့က်င့္ခန္းကို အသားေပးပါ။ပ်င္းတဲ့အခါ အေၾကာဆန႔္တာလည္း အရပ္ရွည္ေစပါတယ္။ စနစ္တက်ဆိဳရင္ေတာ့ ေယာဂနည္းနဲ႕ ဆြဲဆန႔္တာက ပိုေကာင္းပါတယ္။ေ

(၇)ေနေရာင္ထဲထြက္ပါ။

မနက္ေစာေစာ ေနေရာင္ျခည္နဲ႕ ထိေတြ႕ေပးပါ။(ေန႕လည္ပိုင္း ေနေရာင္ျခည္က ခရမ္းလြန္ေရာင္ျခည္ မ်ားတဲ့အတြက္ အသားအေရ ပ်က္စီးနိုင္ပါတယ္။)အရပ္ရွည္ေစဖို႔ လိုအပ္တဲ့ ဗီတာမင္ဒီက ေနေရာင္ျခည္ကလည္း ရရွိနိုင္ပါတယ္။

Source: Health Fix
Credit : Go Goe

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

(၁၈)နှစ်ပြည့်ပြီး မျှော်လင့်ချက်ကုန်ဆုံးသွားပြီလိုတော့ မသတ်မှတ်လိုက်ပါနဲ့။ ကြိုးစားရင် ဖြစ်နိုင်ပါသေးတယ်။ အောက်ကနည်းလမ်းလေးတွေက ကူညီပေးပါလိမ့်မယ်။

(၁)သင့်တော်တဲ့ အာဟာရဓာတ်များ ရွေးချယ်စားသုံးပါ။

အစားအသောက်က ခန္ဓာကိုယ်ကြီးထွားမှုအတွက် အထောက်အပံံ့ပေးနိုင်ဆုံးပါပဲ။ အရပ်ရှည်ဖို့အတွက်ဆိုရင် ပရိုတိန်း၊ကာဗွန် ဟိုက်ဒြိတ် ၊ကယ်လ်စီယမ်၊ဗီတာမင် ဒီပါတဲ့ အစားအစာတွေကို ရွေးချယ်ပြီး စားသောက်ပေးပါ။နိုထွက်ပစ္စည်းအမျိုးမျိုး၊ပဲနဲ့ဗီတာမင်များစွာပါတဲ့ ဟင်းသီးဟင်းရွက်တွေက အကောင်းဆုံးပါ။

(၂)လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

ကိုယ်က အရပ်ရှည်ချင်မှတော့ အပင်ပန်းတော့ ခံနိုင်ရမှာပေါ့နော်။အစမှာတော့ တက်ကြွပြီး ၂ရက်၊၃ရက်လောက်လုပ်၊ တစ်ကိုယ်လုံးနာလာလို့ဆိုပြီး လက်လျှော့တာမျိုးတော့ မလုပ်ပါနဲ့။ပုံမှန် ဇွဲရှိရှိနဲ့လုပ်သွားပါ။အပြေး၊အခုန်၊ရေကူး၊ဘတ်စ်ကတ်ဘောကစားတာမျိုးက အရိုးကြီးထွားဖို့ အသင့်တော်ဆုံးပါ။

(၃)အိပ်ချိန် လုံလုံလောက်လောက်နဲ့ သက်တောင့်သက်သာလုပ်ပါ။

အိပ်ချိန်မပြည့်တာလည်း အရပ်ရှည်ဖို့ နှောင့်နှေးစေပါတယ်။(၈)နာရီအပြည့်အဝအိပ်ပေးပါ။အိပ်တဲ့အခါမှာလည်း သက်တောင့်သက်သာဖြစ်အောင် ပက်လက်အိပ်ပါ။ ဒူးခေါင်းအောက်မှာ ခွခေါင်းအုံးဖြစ်ဖြစ် ခေါင်းအုံးအသေးလေးဖြစ်ဖြစ် ခံအိပ်ပါ။

(၄)စမတ်ကျကျနေပါ။

စမတ်ကျကျနေဆိုတာက ထိုင်တဲ့အခါမှာဖြစ်ဖြစ် မတ်တပ်ရပ်တဲ့အခါဖြစ်ဖြစ် ကုန်းနေတာမျိုး၊ကိုင်းနေတာမျိုးတွေ မလုပ်ဖို့ပါ။အဲ့ဒါက အရိုးကြီးထွားဖို့ကို နှောင့်နှေးစေပါတယ်။

(၅)ဆေးလိပ်၊အရက်ရှောင်ပါ။

ဆေးလိပ်၊ အရက်ကတော့ အရပ်ရှည်ဖို့အတွက် အကြီးမားဆုံးရန်သူပါ။ ခန္ဓာကိုယ်ကြီးထွားစေတဲ့ဆဲလ်ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။

(၆)ဆွဲဆန့်ပါ။

အိပ်ယာကနိုးတဲ့အခါလည်း အကြောဆန့်ပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းကို အသားပေးပါ။ပျင်းတဲ့အခါ အကြောဆန့်တာလည်း အရပ်ရှည်စေပါတယ်။ စနစ်တကျဆိုရင်တော့ ယောဂနည်းနဲ့ ဆွဲဆန့်တာက ပိုကောင်းပါတယ်။ေ

(၇)နေရောင်ထဲထွက်ပါ။

မနက်စောစော နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။(နေ့လည်ပိုင်း နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည် များတဲ့အတွက် အသားအရေ ပျက်စီးနိုင်ပါတယ်။)အရပ်ရှည်စေဖို့ လိုအပ်တဲ့ ဗီတာမင်ဒီက နေရောင်ခြည်ကလည်း ရရှိနိုင်ပါတယ်။

Source: Health Fix
Credit : Go Goe


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top