iMyanmarHouse.com - Best Property Website for Myanmar
×

ပဲပင္ေပါက္ကို ေစ်းမွာ အလြယ္တကူ ဝယ္ယူရ႐ွိႏုိင္ၿပီး ေၾကာ္စားတာ၊ သုပ္စားတာ၊ အခ်ဥ္တည္ၿပီးစားတာအျပင္ ဟင္းခ်ိဳလည္း ခ်က္ေသာက္ၾကပါတယ္။ ဝယ္ရလြယ္သလို ေစ်းလည္းခ်ိဳတဲ့ ပဲပင္ေပါက္က ခႏၶာကိုယ္အတြက္ေတာ့ ေကာင္းက်ိဳးေတြ အမ်ားႀကီးေပးပါတယ္။ ကိုယ္ဝန္ေဆာင္ မိခင္ေတြကေတာ့ ပဲပင္ေပါက္ကို ပိုၿပီးစားသံုးေပးသင့္ပါတယ္။

ဗီတာမင္ E ပါဝင္တဲ့အတြက္ ကိုယ္ဝန္လြယ္ထားရခ်ိန္ ျဖစ္ေပၚတတ္တဲ့ က်န္းမာေရးျပႆနာေတြကို တုိက္ထုတ္ေပးႏိုင္ပါတယ္။ သားအိမ္ကို အားေကာင္းေစလို႔ ကိုယ္ဝန္ကိုပိုၿမဲေစပါတယ္။ စိတ္ဖိစီးမႈကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အမွ်င္ဓာတ္ ပါဝင္မႈပါပဲ။ အမွ်င္ဓာတ္ဟာ အစာေျခမႈလုပ္ငန္းစဥ္ကို ပံုမွန္ျဖစ္ေစၿပီး ဝမ္းကိုလည္းမွန္ေစပါတယ္။ ေဖာလစ္အက္ဆစ္ (folic acid) ၾကြယ္ဝစြာ ပါဝင္လို႔ ေမြးလာတဲ့ကေလးမွာ သံဓာတ္ခ်ိဳ႕တဲ့မႈ မျဖစ္ေစပါဘူး။ မိခင္ကိုလည္း ေသြးအားေကာင္းေစပါတယ္။

ပဲပင္ေပါက္မွာ ပါဝင္တဲ့ အာဟာရတန္ဖိုးက ပဲေစ့မွာပါဝင္တာထက္ေတာင္ ပိုမ်ားေနပါေသးတယ္။ ဒါေပမဲ့ အပူခ်ိန္ျမင့္ျမင့္နဲ႔ အခ်ိန္ၾကာၾကာခ်က္တာမ်ိဳးကေတာ့ အာဟာရတန္ဖုိးကို ေလ်ာ့သြားေစလို႔ ၾကာၾကာ မခ်က္သင့္ပါဘူး။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပဲပင်ပေါက်ကို ဈေးမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ကြော်စားတာ၊ သုပ်စားတာ၊ အချဉ်တည်ပြီးစားတာအပြင် ဟင်းချိုလည်း ချက်သောက်ကြပါတယ်။ ဝယ်ရလွယ်သလို ဈေးလည်းချိုတဲ့ ပဲပင်ပေါက်က ခန္ဓာကိုယ်အတွက်တော့ ကောင်းကျိုးတွေ အများကြီးပေးပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေကတော့ ပဲပင်ပေါက်ကို ပိုပြီးစားသုံးပေးသင့်ပါတယ်။

ဗီတာမင် E ပါဝင်တဲ့အတွက် ကိုယ်ဝန်လွယ်ထားရချိန် ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ သားအိမ်ကို အားကောင်းစေလို့ ကိုယ်ဝန်ကိုပိုမြဲစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အမျှင်ဓာတ် ပါဝင်မှုပါပဲ။ အမျှင်ဓာတ်ဟာ အစာခြေမှုလုပ်ငန်းစဉ်ကို ပုံမှန်ဖြစ်စေပြီး ဝမ်းကိုလည်းမှန်စေပါတယ်။ ဖောလစ်အက်ဆစ် (folic acid) ကြွယ်ဝစွာ ပါဝင်လို့ မွေးလာတဲ့ကလေးမှာ သံဓာတ်ချို့တဲ့မှု မဖြစ်စေပါဘူး။ မိခင်ကိုလည်း သွေးအားကောင်းစေပါတယ်။

ပဲပင်ပေါက်မှာ ပါဝင်တဲ့ အာဟာရတန်ဖိုးက ပဲစေ့မှာပါဝင်တာထက်တောင် ပိုများနေပါသေးတယ်။ ဒါပေမဲ့ အပူချိန်မြင့်မြင့်နဲ့ အချိန်ကြာကြာချက်တာမျိုးကတော့ အာဟာရတန်ဖိုးကို လျော့သွားစေလို့ ကြာကြာ မချက်သင့်ပါဘူး။

Credit : duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top