iMyanmarHouse.com - Best Property Website for Myanmar
×
(၅) နှိပ်နယ်ပေးပါ။
(၇) ခါးမတ်မတ်နေပါ။
Credit: Forhermyanmar
Unicode Version
(၁) ဘရာဆိုက်ဒ် ရွေးချယ်မှု မှန်ကန်ပါစေ
တချို့ကတော့ ရင်သား ပိုကြီးသယောင် ထင်ရမယ်ဆိုပြီးတော့ ဘရာဆိုက်ဒ်သေးဝတ်တတ်ကြသလို၊ တချို့ကျတော့လည်း ကိုယ့်ဆိုက်ဒ်ထက်ပိုကြီးတဲ့ ဘရာမျိုးရွေးဝတ်တတ်ကြတယ်။ ဒါတွေဟာ မှားပါတယ်။ ဘရာဆိုက်ဒ်ကြီးဝတ်တဲ့အခါကျ အထဲမှာချောင်နေပြီးတော့ လှုပ်ရှားတဲ့အခါ ရင်သားက လှုပ်လှုပ်နေတတ်ပြီး လျော့ရဲရဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ကွက်တိဖြစ်တဲ့ ဘရာဆိုက်ဒ်မျိုးကို ရွေးချယ်နော်။
ပျိုမေတို့ရဲ့ ရင်သားဟာ သေးတယ်ဆိုရင်တော့ အုံပါတဲ့ ဘရာမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။  အုံထူထူကြီးတွေတော့ မဝတ်နဲ့နော်။ အရမ်းသိသာသွားတတ်ပါတယ်။ သဘာဝကျကျလေးနဲ့ ကိတ်သယောင်လေးဆိုလုံလောက်လေပြီနော့။
(၂) ရင်သားလေးလှချင်တယ်ဆိုရင် မကြာခဏ အစားလျှော့စားတာမျိုး ရှောင်ကြဉ်ပါ။
လေ့ကျင့်ခန်းနဲ့မလုပ်ဘဲ အစားလျှော့စားခြင်းဟာ အသားရေကို လျော့တွဲစေနိုင်တာမို့ အစားလျှော့မယ်ဆိုလည်းလေ့ကျင့်ခန်းလေးနဲ့တူတူတွဲလုပ်ပေးဖို့ မမေ့နဲ့နော်။
(၃) မျက်နှာပေါင်းတင်သလိုမျိုး ရင်သားလေးတွေကိုလည်း ပေါင်းတင်လို့ရပါတယ်တဲ့။
ပေါင်းတင်ဖို့ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းလေးတွေပဲ သုံးပါမယ်နော်။ ဒိန်ချဉ်၊ ဗီတာမင်အီးနဲ့ ကြက်ဥတို့ကို ဆတူရောစပ်ပြီး ရင်သားလေးတွေပေါ် လိမ်းပေးပါ။ မိနစ်၃၀လောက်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချပေးပါ။
(၄) အိပ်တဲ့အခါ ပက်လက်အိပ်ပါ။
ရင်သားတွေကို ဖိအိပ်တဲ့အခါ ရင်သားအလှအပကို ထိခိုက်စေနိုင်ပါတယ်တဲ့။
(၅) နှိပ်နယ်ပေးပါ။
ဒီနည်းကတော့ မြန်မာမိန်းကလေးတွေအဖို့ အထူးအဆန်း ဖြစ်နေမှာပါ။ ဒါပေမယ့် ရင်သားလေးတွေကို နှိပ်နယ်ပေးခြင်းဟာ ရင်သားတွေကိုတကယ်ပဲ ပိုလှစေပါတယ်။ ဒါကြောင့် မရှက်ပါနဲ့။ ဘယ်သူမှမမြင်နိုင်တဲ့ရေချိုးခန်းထဲမှာ လုပ်လို့ရပါတယ်။ နှိပ်နယ်ပေးတဲ့အခါမှာ နည်းလမ်းမှန်ဖို့ အရေးကြီးပါတယ်။ နောက်တစ်ပါတ်မှ နှိပ်နယ်ပေးတဲ့အကြောင်း အသေးစိတ်တင်ပေးပါမယ်။
(၆) Moisturizer သုံးပေးပါတဲ့။
တချို့ အင်္ဂလိပ်ကားတွေမှာ ကောင်မလေးအချို့ ရေချိုးပြီးရင် ရင်သားတွေကို တစ်ခုခုလိမ်းတာ တွေ့ဖူးကြတယ်ဟုတ်။ သူတို့လိမ်းတာက Moisturizer ပါတဲ့။ မျက်နှာလေးတွေ ပိုကြည်အောင် အသားရေပိုကောင်းအောင် Moisturizer လိမ်းသလိုပဲ ရင်သားလေးတွေကိုလည်း လိမ်းပေးဖို့လိုပါတယ်။
(၇) ခါးမတ်မတ်နေပါ။
ခါးကိုင်းနေတဲ့အခါမျိုးကျ ရင်သားလေးတွေရဲ့အလှကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ယုံကြည်မှုရှိရှိနဲ့ ခါးလေးမတ်မတ်နေပါ။
ကဲဒါဆိုရင်တော့ လူကြားထဲမှာ ယုံကြည်ချက်ရှိရှိနဲ့ ရင်လေးကော့ပြီး သွားနိုင်ပြီပေါ့။
နေ့စဉ် ပျိုမေတို့အတွက် မတူညီတဲ့အကြောင်းအရာတွေကို ယူဆောင်လာပေးမှာမို့
စောင့်မျှော်ပေးကြဖို့ မမေ့နဲ့နော်။
Credit: Forhermyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top