iMyanmarHouse.com - Best Property Website for Myanmar
×

သင္ ညတုိင္း မ်က္ႏွာသစ္ပါသလား။ သင့္လက္ကိုင္အိတ္အတြင္း တန္ဖုိးၾကီး ခရင္မ္ေတြ၊ လိုးရွင္း
ေတြနဲ႔ ျပည့္သိပ္ေနပါလား။ မိမိအသားအေရကို သဲသဲမဲမဲထိန္းသိမ္းေပမယ့္ဒီအေရးၾကီးအခ်က္တစ္ခုကို
 ေမ့ေကာင္း ေမ့ေနပါလိမ့္မယ္။ တကယ္ေတာ့ အေရျပားေရာဂါအထူးကု ဆရာဝန္တုိင္း အၾကံျပဳထားတဲ့ အခ်က္တစ္ခု ရိွပါတယ္။ အနည္းဆုံး တစ္ႏွစ္ တစ္ၾကိမ္ အေရျပားစစ္ေဆးမႈ ျပဳလုပ္ေပးဖုိ႔ပါပဲ။ စစ္ေဆးခ်ိန္ ၅ မိနစ္ေလာက္သာ ၾကာျမင့္တယ္ဆိုေပမယ့္ အက်ဳိးရလဒ္က ဘဝတစ္သက္စာ အေျပာင္းအလဲ ျဖစ္ေစႏုိုင္ပါတယ္။

အနည္းဆုံး တစ္ႏွစ္ တစ္ၾကိမ္ မဲွ႔စစ္ေဆးမႈ လုပ္ေဆာင္သင့္ေၾကာင္း ေဒါက္ Robyn Notterman, M.D., FAAD ရဲ႕ အဆိုအရ သိရပါတယ္။ အဲဒါက အေရျပားအထူးကုဆရာဝန္တစ္ဦးဟာ အသားအေရာင္နဲ႔ ပုံပန္းေပၚ အေျခခံျပီး ပုံမွန္မဟုတ္တဲ့ မွဲ႔ေတြ ခြဲျခားသိျမင္ႏိုင္ဖုိ႔အတြက္ အေရျပားကို မ်က္စိျဖင့္ၾကည့္စစ္ျခင္းပဲ ျဖစ္ပါတယ္။ ဒီလုိစစ္ေဆးမႈကို အေရျပားကင္ဆာေရာဂါ စစ္ေဆးမႈ skin cancer screening လုိ႔ လည္းသိရပါတယ္။

အေမရိကန္ျပည္သူေတြ ၅ ေယာက္မွာ ၁ ေယာက္က အေရျပားကင္ဆာေရာဂါ ရိွၾကတယ္လုိ႔ သိရပါတယ္။ ဒီအေရျပားကင္ဆာေရာဂါ ၾကိဳတင္ကာကြယ္ဖုိ႔ အလြယ္ဆုံးနည္းလမ္းေတြထဲက တစ္ခုက ႏွစ္စဥ္ အေရျပားကင္ဆာေရာဂါ စစ္ေဆးမႈ ျပဳလုပ္ျခင္းပဲ ျဖစ္ပါတယ္။

အေရျပားေရာဂါအထူးကုဆရာဝန္နဲ႔ ႏွစ္စဥ္ စစ္ေဆးမႈျပဳလုပ္ျခင္းက အေျပာင္းအလဲေတြနဲ႔ ေပၚလာတဲ့ မဲွ႔အသစ္ေတြကို ေျခရာခံ ခြဲျခားသိျမင္ႏုိင္ဖုိ႔ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။ ဒီေျပာင္းလဲမႈေတြ သတိထားမိျခင္းက မိမိအသက္ကို ကယ္တင္ႏုိင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: Trend Myanmar

#Unicode Version
သင် ညတိုင်း မျက်နှာသစ်ပါသလား။ သင့်လက်ကိုင်အိတ်အတွင်း တန်ဖိုးကြီး ခရင်မ်တွေ၊ လိုးရှင်း

တွေနဲ့ ပြည့်သိပ်နေပါလား။ မိမိအသားအရေကို သဲသဲမဲမဲထိန်းသိမ်းပေမယ့်ဒီအရေးကြီးအချက်တစ်ခုကို

 မေ့ကောင်း မေ့နေပါလိမ့်မယ်။ တကယ်တော့ အရေပြားရောဂါအထူးကု ဆရာဝန်တိုင်း အကြံပြုထားတဲ့ အချက်တစ်ခု ရှိပါတယ်။ အနည်းဆုံး တစ်နှစ် တစ်ကြိမ် အရေပြားစစ်ဆေးမှု ပြုလုပ်ပေးဖို့ပါပဲ။ စစ်ဆေးချိန် ၅ မိနစ်လောက်သာ ကြာမြင့်တယ်ဆိုပေမယ့် အကျိုးရလဒ်က ဘဝတစ်သက်စာ အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

အနည်းဆုံး တစ်နှစ် တစ်ကြိမ် မဲှ့စစ်ဆေးမှု လုပ်ဆောင်သင့်ကြောင်း ဒေါက် Robyn Notterman, M.D., FAAD ရဲ့ အဆိုအရ သိရပါတယ်။ အဲဒါက အရေပြားအထူးကုဆရာဝန်တစ်ဦးဟာ အသားအရောင်နဲ့ ပုံပန်းပေါ် အခြေခံပြီး ပုံမှန်မဟုတ်တဲ့ မှဲ့တွေ ခွဲခြားသိမြင်နိုင်ဖို့အတွက် အရေပြားကို မျက်စိဖြင့်ကြည့်စစ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးမှုကို အရေပြားကင်ဆာရောဂါ စစ်ဆေးမှု skin cancer screening လို့ လည်းသိရပါတယ်။

အမေရိကန်ပြည်သူတွေ ၅ ယောက်မှာ ၁ ယောက်က အရေပြားကင်ဆာရောဂါ ရှိကြတယ်လို့ သိရပါတယ်။ ဒီအရေပြားကင်ဆာရောဂါ ကြိုတင်ကာကွယ်ဖို့ အလွယ်ဆုံးနည်းလမ်းတွေထဲက တစ်ခုက နှစ်စဉ် အရေပြားကင်ဆာရောဂါ စစ်ဆေးမှု ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။



အရေပြားရောဂါအထူးကုဆရာဝန်နဲ့ နှစ်စဉ် စစ်ဆေးမှုပြုလုပ်ခြင်းက အပြောင်းအလဲတွေနဲ့ ပေါ်လာတဲ့ မဲှ့အသစ်တွေကို ခြေရာခံ ခွဲခြားသိမြင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေ သတိထားမိခြင်းက မိမိအသက်ကို ကယ်တင်နိုင်ပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: Trend Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top