iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြဟာ ငယ္ရြယ္တဲ့အခ်ိန္ကို တမ္းတတတ္ၾကတာ မ်ားပါတယ္။  သံုးဆယ္ေက်ာ္လာတဲ့အခါ ၂၀ ေက်ာ္ဘဝကို ျပန္တမ္းတတာမ်ိဳးပါ။ ဒါေပမဲ့လည္း သံုးဆယ္ေက်ာ္အခ်ိန္ဟာ ၂၀ ဆယ္ေက်ာ္အခ်ိန္ထက္ ေကာင္းတဲ့အခ်က္ေတြ ေျမာက္မ်ားစြာ ရွိေနပါတယ္။

၁ - သူငယ္ခ်င္း

၂၀ ေက်ာ္အရြယ္မွာ သူငယ္ခ်င္းအေပါင္းအသင္းေျမာက္မ်ားစြာ ရွိပါတယ္။ ဟိုသူငယ္ခ်င္းကေခၚ ဒီသူငယ္ခ်င္းကေခၚနဲ႔ သင့္မွာ မအားလပ္ရဘူးျဖစ္ေနတတ္ပါတယ္။ ဒါေပမဲ့ ၃၀ ေက်ာ္တဲ့အခါမွာေတာ့ ဒီ သူငယ္ခ်င္းေတြ ဘယ္ေရာက္ကုန္မွန္းမသိေတာ့ပါဘူး။ သင့္ေဘးနားမွာ သူငယ္ခ်င္းတစ္ေယာက္ႏွစ္ေယာက္ေလာက္ပဲ က်န္ပါေတာ့တယ္။ ဒါေပမဲ့ ဒီက်န္တဲ့တစ္ေယာက္ ႏွစ္ေယာက္ကလည္း ဘယ္ေတာ့မွ သင့္ကို ခြဲမသြားမဲ့ အေကာင္းဆံုးသူငယ္ခ်င္းေတြမွန္း သင္သိထားရပါတယ္။ ၃၀ ေက်ာ္တဲ့အခါ အေကာင္းဆံုးသူငယ္ခ်င္းကို သင္ေရြးခ်ယ္ႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။

၂ - အခ်စ္ေရး

၂၀ ေက်ာ္မွာေတာ့ ထြက္သြားမယ္ဆိုတဲ့ သူကို သင္က အတင္းဆြဲထားမွာ ျဖစ္ပါတယ္။ လိုက္ေလ်ာမယ္၊ အနစ္နာခံမယ္၊ သူထြက္မသြားဖို႔က အဓိက ျဖစ္ပါတယ္။ ဒါေပမဲ့လည္း အဆံုးမွာ ထြက္သြားခဲ့ပါတယ္။ သံုးဆယ္ေက်ာ္တဲ့အခါမွာေတာ့ ထြက္သြားခြင့္ျပဳတဲ့ အႏုပညာကို သင္ေကာင္းေကာင္းတတ္ကၽြမ္းခဲ့ျပီ ျဖစ္ပါတယ္။ အခ်စ္ကို အတၱမာန နည္းနည္းနဲ႔ ရင့္က်က္စြာ သင္ခံစားႏုိင္ျပီ ျဖစ္ပါတယ္။

၃ - ကိုယ္ပိုင္စတုိင္

ဖက္ရွင္ဒီဇိုင္းကေနစလို႔ ဘဝရည္မွန္းခ်က္အထိ သင့္မွာ ပံုစံအမ်ိဳးမ်ိဳးျဖစ္ေနပါတယ္။ ပတ္ဝန္းက်င္အေျခအေနအရ သင့္မွာ ေျပာင္းလဲခ်င္တာ၊ ေျပာင္းလဲသြားတာမ်ိဳး ျဖစ္ေနပါတယ္။ ၃၀ ေက်ာ္ရင္ေတာ့ ဒီလိုမဟုတ္ေတာ့ပါဘူး။ အစစအရာရာ သင့္ကိုယ္ပိုင္စတုိင္နဲ႔ ေနႏုိင္ျပီ ျဖစ္ပါတယ္။

၄ - ယံုၾကည္မႈ

၂၀ ေက်ာ္မွာေတာ့ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈနည္းေနပါတယ္။ ကိုယ္ဘာလို႔ခ်င္လို႔ လိုခ်င္မွန္းမသိဘူးျဖစ္ေနတတ္ပါတယ္။ အခ်စ္ေရး၊ ရည္မွန္းခ်က္၊ အလုပ္အကိုင္ စတဲ့အရာေတြမွာ စမ္းတဝါးဝါး တည္ေဆာက္ခါစ ျဖစ္ေနပါတယ္။ ၃၀ ေက်ာ္မွာေတာ့ ဒီလို ေဝဝါးေနတာေတြ မရွိေတာ့ပါဘူး။ သင္ဘယ္သူလဲ၊ ဘာကိုလိုခ်င္လဲဆိုတာကို ျပတ္ျပတ္သားသား သိေနပါျပီ။

၅ - အားနည္းခ်က္

ကိုယ့္အားနည္းခ်က္၊ ကိုယ့္မစြမ္းေဆာင္ႏုိင္မႈေတြအေပၚ မေက်မနပ္ျဖစ္ေနတတ္ပါတယ္။ တစ္ခါတစ္ေလ ဒီလို အားနည္းခ်က္ေတြအတြက္ ဝမ္းနည္းေနတတ္ပါတယ္။ ဒါေပမဲ့ ၃၀ ေက်ာ္ရင္ေတာ့ သင့္ကိုယ္သင္ လက္ခံသြားပါျပီ။ အားနည္းခ်က္ေတြနဲ႔ပဲ ေအးေအးေဆးေဆး ေလွ်ာက္လွမ္းသြားႏုိင္ပါျပီ။

၆ - လူေကာင္း၊လူဆိုး

အသက္ ၂၀ ေက်ာ္မွာ သင့္အတြက္ ေကာင္းတဲ့လူနဲ႔ ဆုိးတဲ့လူကို ပါးပါးနပ္နပ္ မခြဲျခားတတ္ေသးပါဘူး။ လူတိုင္းနဲ႔ ရင္းရင္းႏွီးႏွီး ခင္မင္ဖို႔ ၾကိဳးစားေနတတ္ပါတယ္။ ၃၀ ေက်ာ္လာရင္ေတာ့ ဘယ္လူက သင့္အတြက္ စိတ္ပိုင္းဆုိင္ရာအရ ဒုကၡေပးမယ္သူ၊ ဘယ္လူကေတာ့ ျပႆနာရွာမယ့္သူဆိုတာ လြယ္လြယ္ကူကူ သိလာပါတယ္။

၇ - က်န္းမာေရးနဲ႔အခ်ိန္

၂၀ ေက်ာ္အရြယ္မွာေတာ့ အခ်ိန္ေတြအမ်ားၾကီးရွိတယ္လို႔ ထင္ပါတယ္။ က်န္းမာေရးဟာ တစ္သက္လံုး ဒီလိုပဲ ျဖစ္ေနလိမ့္မယ္လို႔ ထင္ပါတယ္။ သံုးဆယ္ေက်ာ္မွာေတာ့ အခ်ိန္ေတြဟာ တန္ဖိုးရွိေၾကာင္း သိလာျပီး ထိထိေရာက္ေရာက္ အသံုးခ်ပါတယ္။ ခႏၶကိုယ္ကိုလည္း ဂရုိစုိက္တတ္လာပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:duwun

#Unicode Version

လူတွေဟာ ငယ်ရွယ်တဲ့အချိန်ကို တမ်းတတတ်ကြတာ များပါတယ်။  သုံးဆယ်ကျော်လာတဲ့အခါ ၂၀ ကျော်ဘဝကို ပြန်တမ်းတတာမျိုးပါ။ ဒါပေမဲ့လည်း သုံးဆယ်ကျော်အချိန်ဟာ ၂၀ ဆယ်ကျော်အချိန်ထက် ကောင်းတဲ့အချက်တွေ မြောက်များစွာ ရှိနေပါတယ်။

၁ - သူငယ်ချင်း

၂၀ ကျော်အရွယ်မှာ သူငယ်ချင်းအပေါင်းအသင်းမြောက်များစွာ ရှိပါတယ်။ ဟိုသူငယ်ချင်းကခေါ် ဒီသူငယ်ချင်းကခေါ်နဲ့ သင့်မှာ မအားလပ်ရဘူးဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ၃၀ ကျော်တဲ့အခါမှာတော့ ဒီ သူငယ်ချင်းတွေ ဘယ်ရောက်ကုန်မှန်းမသိတော့ပါဘူး။ သင့်ဘေးနားမှာ သူငယ်ချင်းတစ်ယောက်နှစ်ယောက်လောက်ပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ ဒီကျန်တဲ့တစ်ယောက် နှစ်ယောက်ကလည်း ဘယ်တော့မှ သင့်ကို ခွဲမသွားမဲ့ အကောင်းဆုံးသူငယ်ချင်းတွေမှန်း သင်သိထားရပါတယ်။ ၃၀ ကျော်တဲ့အခါ အကောင်းဆုံးသူငယ်ချင်းကို သင်ရွေးချယ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

၂ - အချစ်ရေး

၂၀ ကျော်မှာတော့ ထွက်သွားမယ်ဆိုတဲ့ သူကို သင်က အတင်းဆွဲထားမှာ ဖြစ်ပါတယ်။ လိုက်လျောမယ်၊ အနစ်နာခံမယ်၊ သူထွက်မသွားဖို့က အဓိက ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဆုံးမှာ ထွက်သွားခဲ့ပါတယ်။ သုံးဆယ်ကျော်တဲ့အခါမှာတော့ ထွက်သွားခွင့်ပြုတဲ့ အနုပညာကို သင်ကောင်းကောင်းတတ်ကျွမ်းခဲ့ပြီ ဖြစ်ပါတယ်။ အချစ်ကို အတ္တမာန နည်းနည်းနဲ့ ရင့်ကျက်စွာ သင်ခံစားနိုင်ပြီ ဖြစ်ပါတယ်။

၃ - ကိုယ်ပိုင်စတိုင်

ဖက်ရှင်ဒီဇိုင်းကနေစလို့ ဘဝရည်မှန်းချက်အထိ သင့်မှာ ပုံစံအမျိုးမျိုးဖြစ်နေပါတယ်။ ပတ်ဝန်းကျင်အခြေအနေအရ သင့်မှာ ပြောင်းလဲချင်တာ၊ ပြောင်းလဲသွားတာမျိုး ဖြစ်နေပါတယ်။ ၃၀ ကျော်ရင်တော့ ဒီလိုမဟုတ်တော့ပါဘူး။ အစစအရာရာ သင့်ကိုယ်ပိုင်စတိုင်နဲ့ နေနိုင်ပြီ ဖြစ်ပါတယ်။

၄ - ယုံကြည်မှု

၂၀ ကျော်မှာတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေပါတယ်။ ကိုယ်ဘာလို့ချင်လို့ လိုချင်မှန်းမသိဘူးဖြစ်နေတတ်ပါတယ်။ အချစ်ရေး၊ ရည်မှန်းချက်၊ အလုပ်အကိုင် စတဲ့အရာတွေမှာ စမ်းတဝါးဝါး တည်ဆောက်ခါစ ဖြစ်နေပါတယ်။ ၃၀ ကျော်မှာတော့ ဒီလို ဝေဝါးနေတာတွေ မရှိတော့ပါဘူး။ သင်ဘယ်သူလဲ၊ ဘာကိုလိုချင်လဲဆိုတာကို ပြတ်ပြတ်သားသား သိနေပါပြီ။

၅ - အားနည်းချက်

ကိုယ့်အားနည်းချက်၊ ကိုယ့်မစွမ်းဆောင်နိုင်မှုတွေအပေါ် မကျေမနပ်ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ ဒီလို အားနည်းချက်တွေအတွက် ဝမ်းနည်းနေတတ်ပါတယ်။ ဒါပေမဲ့ ၃၀ ကျော်ရင်တော့ သင့်ကိုယ်သင် လက်ခံသွားပါပြီ။ အားနည်းချက်တွေနဲ့ပဲ အေးအေးဆေးဆေး လျှောက်လှမ်းသွားနိုင်ပါပြီ။

၆ - လူကောင်း၊လူဆိုး

အသက် ၂၀ ကျော်မှာ သင့်အတွက် ကောင်းတဲ့လူနဲ့ ဆိုးတဲ့လူကို ပါးပါးနပ်နပ် မခွဲခြားတတ်သေးပါဘူး။ လူတိုင်းနဲ့ ရင်းရင်းနှီးနှီး ခင်မင်ဖို့ ကြိုးစားနေတတ်ပါတယ်။ ၃၀ ကျော်လာရင်တော့ ဘယ်လူက သင့်အတွက် စိတ်ပိုင်းဆိုင်ရာအရ ဒုက္ခပေးမယ်သူ၊ ဘယ်လူကတော့ ပြဿနာရှာမယ့်သူဆိုတာ လွယ်လွယ်ကူကူ သိလာပါတယ်။

၇ - ကျန်းမာရေးနဲ့အချိန်

၂၀ ကျော်အရွယ်မှာတော့ အချိန်တွေအများကြီးရှိတယ်လို့ ထင်ပါတယ်။ ကျန်းမာရေးဟာ တစ်သက်လုံး ဒီလိုပဲ ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။ သုံးဆယ်ကျော်မှာတော့ အချိန်တွေဟာ တန်ဖိုးရှိကြောင်း သိလာပြီး ထိထိရောက်ရောက် အသုံးချပါတယ်။ ခန္ဓကိုယ်ကိုလည်း ဂရိုစိုက်တတ်လာပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:duwun


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top