iMyanmarHouse.com - Best Property Website for Myanmar
×

သူ႔ရဲ႕ ခ်ိဳသာတဲ့အျပံဳးေတြ.. ၾကင္နာတဲ့ စကားသံေတြ..
သူ႔ရဲ႕ ခုိင္မာတဲ့ ယံုၾကည္ခ်က္ေတြ.. ျမင့္ျမတ္တဲ့ စိတ္ထားေတြ..
.
ဘယ္အရာနဲ႔ပဲျဖစ္ျဖစ္ သူ႔မွာ ကုိယ္သေဘာက်တဲ့ အရာတစ္ခုခု.. ဒါမွမဟုတ္ ကုိယ့္ကို
ဆြဲေဆာင္ႏုိင္တဲ့အရာတစ္ခုခု ရွိေနျပီဆုိရင္ေတာ့ ကုိယ္သူ႔ကို စိတ္ဝင္စားမိမွာပါပဲ..
.
ဒီလို စိတ္ဝင္စားမႈကို အစျပဳျပီး ခင္မင္သိကြ်မ္းမယ္.. ဒီကမွတစ္ဆင့္
နွလံုးသားက အခ်က္ျပလာရင္ ခ်စ္ဖို႔ ဆံုးျဖတ္လုိက္မယ္.. ဒါနဲ႔ပဲ အခ်စ္ေရးတစ္ခုကို တည္ေဆာက္ၾကေတာ့မယ္ေပ့ါ..
.
ခ်စ္စ၊ ခင္စမွာ သာယာစရာေကာင္းသေလာက္ ေနာက္ပုိင္းလအနည္းငယ္အတြင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီမႈေတြကို ေတြ႔လာရမယ္။ စိတ္သေဘာမေတြ႔တာေလးေတြ ရွိလာမယ္။ တစ္ေယာက္ရဲ႕ ပင္ကုိစိတ္နဲ႔ သြင္ျပင္ကို တစ္ေယာက္ သိလာရမယ္။ (တစ္ေယာက္အေၾကာင္းတစ္ေယာက္ သိလာတဲ့သေဘာေပ့ါ။)
ဒီလို အေျခအေနမွာ ညွိႏႈိင္းႏုိင္မယ္.. တစ္ေယာက္ကိုတစ္ေယာက္ နားလည္ႏုိင္မယ္ဆုိရင္ေတာ့ ကာလရွည္လက္တြဲသြားဖို႔ အေျခအေနေကာင္းတဲ့ထဲပါပါလိမ့္မယ္။
.
အဲဒီအခ်ိန္မွာ သူ႔ရဲ႕ခ်ိဳသာတဲ့ အျပံဳးေတြလည္း မရွိေတာ့ပါဘူး။ (ကုိယ္ မခံစားတတ္ေတာ့တာလည္း ျဖစ္ေကာင္းျဖစ္ပါမယ္။)
သူ႔ရဲ႕ စကားသံေတြလည္း မၾကင္နာႏုိင္ေတာ့ပါဘူး။ (ရန္စကားေတြေတာင္ ပါခ်င္ပါလာပါလိမ့္မယ္။)
တကယ္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ၾကား အေပၚယံအေရျခံဳမႈေတြ တစ္စထက္တစ္စ ပုိျပီးေလ်ာ့ပါးလာတာပါ။
.
စစ္တမ္းေတြအရေတာ့ ဒီလိုအေျခအေနကိုေရာက္ဖို႔ (တစ္ေယာက္ရဲ႕ ပင္ကုိစိတ္ေနစိတ္ထားနဲ႔ စရုိက္ကို သိရဖို႔) အခ်ိန္ ေလးလကေန ေျခာက္လအထိ ၾကာတတ္ပါတယ္။
စေတြ႔ကာစမွာ ရင္ခုန္စရာေကာင္းတဲ့အျပဳအမူေတြနဲ႔ ၾကင္နာမႈေတြ၊ ခ်စ္စရာေကာင္းခဲ့တာေတြကို အတည္မွတ္ယူလုိ႔ လံုးဝ (လံုးဝ) မရႏုိင္ပါဘူး။ သူ႔ရဲ႕စိတ္ေနစိတ္ထားနဲ႔ အျပဳအမူအမွန္ေတြကို ေျခာက္လ ၾကာျပီးေနာက္ပုိင္းမွ အကဲျဖတ္လို႔ရပါမယ္။
.
ဒါေၾကာင့္ ခ်စ္ဖို႔ ဆံုးျဖတ္ေတာ့မယ္ဆုိရင္ တဒဂၤအျပဳအမူေလးေတြေပၚမွာၾကည့္ျပီး မဆံုးျဖတ္ပါနဲ႔။
အခ်ိန္အတိုင္းအတာတစ္ခုထိ မေျပာင္းလဲႏုိင္ဘူးဆုိမွ ဒါဟာ သူ႔ရဲ႕ ပင္ကုိ စိတ္ေနစိတ္ထားနဲ႔ သင့္အေပၚထားတဲ့ ခံစားခ်က္အစစ္အမွန္ပါ။


Credit: (Focus Youth)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သူ့ရဲ့ ချိုသာတဲ့အပြုံးတွေ.. ကြင်နာတဲ့ စကားသံတွေ..
သူ့ရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တွေ.. မြင့်မြတ်တဲ့ စိတ်ထားတွေ..
.
ဘယ်အရာနဲ့ပဲဖြစ်ဖြစ် သူ့မှာ ကိုယ်သဘောကျတဲ့ အရာတစ်ခုခု.. ဒါမှမဟုတ် ကိုယ့်ကို
ဆွဲဆောင်နိုင်တဲ့အရာတစ်ခုခု ရှိနေပြီဆိုရင်တော့ ကိုယ်သူ့ကို စိတ်ဝင်စားမိမှာပါပဲ..
.
ဒီလို စိတ်ဝင်စားမှုကို အစပြုပြီး ခင်မင်သိကျွမ်းမယ်.. ဒီကမှတစ်ဆင့်
နှလုံးသားက အချက်ပြလာရင် ချစ်ဖို့ ဆုံးဖြတ်လိုက်မယ်.. ဒါနဲ့ပဲ အချစ်ရေးတစ်ခုကို တည်ဆောက်ကြတော့မယ်ပေ့ါ..
.
ချစ်စ၊ ခင်စမှာ သာယာစရာကောင်းသလောက် နောက်ပိုင်းလအနည်းငယ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေကို တွေ့လာရမယ်။ စိတ်သဘောမတွေ့တာလေးတွေ ရှိလာမယ်။ တစ်ယောက်ရဲ့ ပင်ကိုစိတ်နဲ့ သွင်ပြင်ကို တစ်ယောက် သိလာရမယ်။ (တစ်ယောက်အကြောင်းတစ်ယောက် သိလာတဲ့သဘောပေ့ါ။)
ဒီလို အခြေအနေမှာ ညှိနှိုင်းနိုင်မယ်.. တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်မယ်ဆိုရင်တော့ ကာလရှည်လက်တွဲသွားဖို့ အခြေအနေကောင်းတဲ့ထဲပါပါလိမ့်မယ်။
.
အဲဒီအချိန်မှာ သူ့ရဲ့ချိုသာတဲ့ အပြုံးတွေလည်း မရှိတော့ပါဘူး။ (ကိုယ် မခံစားတတ်တော့တာလည်း ဖြစ်ကောင်းဖြစ်ပါမယ်။)
သူ့ရဲ့ စကားသံတွေလည်း မကြင်နာနိုင်တော့ပါဘူး။ (ရန်စကားတွေတောင် ပါချင်ပါလာပါလိမ့်မယ်။)
တကယ်တော့ တစ်ယောက်နဲ့တစ်ယောက်ကြား အပေါ်ယံအရေခြုံမှုတွေ တစ်စထက်တစ်စ ပိုပြီးလျော့ပါးလာတာပါ။
.
စစ်တမ်းတွေအရတော့ ဒီလိုအခြေအနေကိုရောက်ဖို့ (တစ်ယောက်ရဲ့ ပင်ကိုစိတ်နေစိတ်ထားနဲ့ စရိုက်ကို သိရဖို့) အချိန် လေးလကနေ ခြောက်လအထိ ကြာတတ်ပါတယ်။
စတွေ့ကာစမှာ ရင်ခုန်စရာကောင်းတဲ့အပြုအမူတွေနဲ့ ကြင်နာမှုတွေ၊ ချစ်စရာကောင်းခဲ့တာတွေကို အတည်မှတ်ယူလို့ လုံးဝ (လုံးဝ) မရနိုင်ပါဘူး။ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အပြုအမူအမှန်တွေကို ခြောက်လ ကြာပြီးနောက်ပိုင်းမှ အကဲဖြတ်လို့ရပါမယ်။
.
ဒါကြောင့် ချစ်ဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် တဒင်္ဂအပြုအမူလေးတွေပေါ်မှာကြည့်ပြီး မဆုံးဖြတ်ပါနဲ့။
အချိန်အတိုင်းအတာတစ်ခုထိ မပြောင်းလဲနိုင်ဘူးဆိုမှ ဒါဟာ သူ့ရဲ့ ပင်ကို စိတ်နေစိတ်ထားနဲ့ သင့်အပေါ်ထားတဲ့ ခံစားချက်အစစ်အမှန်ပါ။


Credit: (Focus Youth)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top