iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိန္လုေျပးေနရတဲ့အခါမွာပဲျဖစ္ျဖစ္၊ ေရခ်ဳိးလုိ႔ မသင့္တဲ့ အေျခအေနေတြမွာပဲ ျဖစ္ျဖစ္ ကသိကေအာက္ျဖစ္စရာ အေကာင္းဆုံးျပသနာက ခႏၶာကိုယ္အနံ႔အသက္ဆုိး ထြက္ျခင္းပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ခုေဖာ္ျပမယ့္ အခ်က္ေတြက ေရမခ်ဳိးလဲ ေမႊးၾကိဳင္လန္းဆန္းေနေစမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။

၁။ လက္သန္႔စင္ေဆးရည္ hand sanitizer အသုံးျပဳပါ

ခ်ဳိင္းၾကားေခြ်းထြက္တာ သင့္အတြက္ ေဖ်ာက္ဖ်က္မရတဲ့ ျပသနာတစ္ခုျဖစ္ေနတယ္ဆုိရင္ ဒါေလးက ခ်ဳိင္းၾကားေခြ်းစုိျခင္းကို ကာကြယ္ေပးမယ့္ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ ေခြ်းနံ႔ေပ်ာက္ေဆး ေဆာင္ထားဖုိ႔ ေမ့ေနတယ္ဆိုရင္ hand sanitizer က ေမႊးၾကိဳင္ေနေစဖုိ႔ ၾကီးမားတဲ့ အေထာက္အကူျဖစ္ႏုိင္ပါတယ္။ hand sanitizer ကို ခ်ဳိင္းမွာအသုံးျပဳတာက ဘက္တီးရီးယားပိုးေတြ ေသေစျပီး အနံ႔အသက္ ပ်က္ျပယ္ေစႏုိင္ပါတယ္။

၂။ ညဘက္ ေခြ်းနံ႔ေပ်ာက္ေဆး လိမ္းေပးပါ

ေခြ်းနံ႔ေပ်ာက္ေဆးကို ေရခ်ဳိးျပီးမွ လိမ္းသင့္တယ္လုိ႔ လူအမ်ားအျပား ယုံၾကည္ထားၾကပါတယ္။ ဒါေပမယ့္ ေခြ်းနံ႔ေပ်ာက္ေဆးကုိ ညအိပ္ခါနီးလည္း အသုံးျပဳႏုိင္ပါတယ္။ ေခြ်းတိတ္ေဆးနဲ႔ ေခြ်းနံ႔ေပ်ာက္ေဆးတုိ႔က အစိုဓာတ္ပမာဏနည္းပါးတဲ့အခ်ိန္ သုိ႔မဟုတ္ မရိွတဲ့အခ်ိန္မွာ အေရျပားေပၚ အက်ဳိးသက္ေရာက္မႈ အမ်ားဆုံး ျဖစ္ပါတယ္။ ေခြ်းနံ႔ေပ်ာက္ေဆးက မနက္လန္းလန္းဆန္းဆန္း ႏုိးထေစျပီး အနံ႔ဆုိးကင္းေစတာေၾကာင့္ လူအမ်ားစုက ေခြ်းနံ႔ေပ်ာက္ေဆးကို ညအိပ္ခါနီး လိမ္းၾကပါတယ္။

၃။ ဆံပင္မွာ ကေလးသုံးေပါင္ဒါ အသုံးျပဳပါ

ေခါင္းမေလွ်ာ္တဲ့အခါ ဆံပင္ေတြကေစးကပ္ျပီး အဆီျပန္ေလ့ရိွပါတယ္။ ဒီေတာ့ ၾကိဳက္ႏွစ္သက္စရာမေကာင္းလွတဲ့ အနံ႔အသက္ေတြ ျဖစ္ေပၚေစပါတယ္။ ဆံပင္ေစးကပ္မႈမျဖစ္ေအာင္ ဆံပင္ေတြၾကား ကေလးသုံးေပါင္ဒါအနည္းငယ္ ဖ်န္းေပးပါ။ အနံ႔အသက္ဆုိးေတြ ေလ်ာ့ပါးေစပါလိမ့္မယ္။

၄။ ေရေမႊးသုံးပါ

တံေတာင္ဆစ္၊ ခါးနဲ႔ လည္ပင္းစတဲ့ အဓိကေခြ်းျပန္တတ္တဲ့ေနရာမွာ ေရေမႊးဖ်န္းပါ။ ဒီေနရာေတြက ေရေမႊးနံ႔ကို အခ်ိန္ၾကာရွည္ခံေစပါတယ္။ ေရေမႊးနံ႔ ပိုမိုၾကာရွည္ခံေအာင္ ေရေမႊးကို အက်ၤီမဝတ္ခင္ ဆြတ္ေပးရပါမယ္။ 

၅။ အဝတ္အစားလဲဝတ္ပါ

အေရးၾကီး စဥ္းစားရမယ့္ အခ်က္တစ္ခုက ေရမခ်ဳိးရင္ေတာင္ အက်ၤီလဲဝတ္ေပးရမွာ ျဖစ္ပါတယ္။ အက်ၤီေတြ အထူးသျဖင့္ အတြင္းခံေတြလဲေပးျခင္းက လန္းဆန္းမႈနဲ႔သန္႔ရွင္းမႈ ရေစႏုိင္ပါတယ္။ ေနာက္ ဘက္တီးရီးယားေရာဂါပိုး ကူးစက္မႈအႏၱရာယ္လည္း တားဆီးေပးပါလိမ့္မယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အချိန်လုပြေးနေရတဲ့အခါမှာပဲဖြစ်ဖြစ်၊ ရေချိုးလို့ မသင့်တဲ့ အခြေအနေတွေမှာပဲ ဖြစ်ဖြစ် ကသိကအောက်ဖြစ်စရာ အကောင်းဆုံးပြသနာက ခန္ဓာကိုယ်အနံ့အသက်ဆိုး ထွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခုဖော်ပြမယ့် အချက်တွေက ရေမချိုးလဲ မွှေးကြိုင်လန်းဆန်းနေစေမယ်လို့ မျှော်လင့်ပါတယ်။

၁။ လက်သန့်စင်ဆေးရည် hand sanitizer အသုံးပြုပါ

ချိုင်းကြားချွေးထွက်တာ သင့်အတွက် ဖျောက်ဖျက်မရတဲ့ ပြသနာတစ်ခုဖြစ်နေတယ်ဆိုရင် ဒါလေးက ချိုင်းကြားချွေးစိုခြင်းကို ကာကွယ်ပေးမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ချွေးနံ့ပျောက်ဆေး ဆောင်ထားဖို့ မေ့နေတယ်ဆိုရင် hand sanitizer က မွှေးကြိုင်နေစေဖို့ ကြီးမားတဲ့ အထောက်အကူဖြစ်နိုင်ပါတယ်။ hand sanitizer ကို ချိုင်းမှာအသုံးပြုတာက ဘက်တီးရီးယားပိုးတွေ သေစေပြီး အနံ့အသက် ပျက်ပြယ်စေနိုင်ပါတယ်။

၂။ ညဘက် ချွေးနံ့ပျောက်ဆေး လိမ်းပေးပါ

ချွေးနံ့ပျောက်ဆေးကို ရေချိုးပြီးမှ လိမ်းသင့်တယ်လို့ လူအများအပြား ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် ချွေးနံ့ပျောက်ဆေးကို ညအိပ်ခါနီးလည်း အသုံးပြုနိုင်ပါတယ်။ ချွေးတိတ်ဆေးနဲ့ ချွေးနံ့ပျောက်ဆေးတို့က အစိုဓာတ်ပမာဏနည်းပါးတဲ့အချိန် သို့မဟုတ် မရှိတဲ့အချိန်မှာ အရေပြားပေါ် အကျိုးသက်ရောက်မှု အများဆုံး ဖြစ်ပါတယ်။ ချွေးနံ့ပျောက်ဆေးက မနက်လန်းလန်းဆန်းဆန်း နိုးထစေပြီး အနံ့ဆိုးကင်းစေတာကြောင့် လူအများစုက ချွေးနံ့ပျောက်ဆေးကို ညအိပ်ခါနီး လိမ်းကြပါတယ်။

၃။ ဆံပင်မှာ ကလေးသုံးပေါင်ဒါ အသုံးပြုပါ

ခေါင်းမလျှော်တဲ့အခါ ဆံပင်တွေကစေးကပ်ပြီး အဆီပြန်လေ့ရှိပါတယ်။ ဒီတော့ ကြိုက်နှစ်သက်စရာမကောင်းလှတဲ့ အနံ့အသက်တွေ ဖြစ်ပေါ်စေပါတယ်။ ဆံပင်စေးကပ်မှုမဖြစ်အောင် ဆံပင်တွေကြား ကလေးသုံးပေါင်ဒါအနည်းငယ် ဖျန်းပေးပါ။ အနံ့အသက်ဆိုးတွေ လျော့ပါးစေပါလိမ့်မယ်။

၄။ ရေမွှေးသုံးပါ

တံတောင်ဆစ်၊ ခါးနဲ့ လည်ပင်းစတဲ့ အဓိကချွေးပြန်တတ်တဲ့နေရာမှာ ရေမွှေးဖျန်းပါ။ ဒီနေရာတွေက ရေမွှေးနံ့ကို အချိန်ကြာရှည်ခံစေပါတယ်။ ရေမွှေးနံ့ ပိုမိုကြာရှည်ခံအောင် ရေမွှေးကို အကျၤီမဝတ်ခင် ဆွတ်ပေးရပါမယ်။

၅။ အဝတ်အစားလဲဝတ်ပါ

အရေးကြီး စဉ်းစားရမယ့် အချက်တစ်ခုက ရေမချိုးရင်တောင် အကျၤီလဲဝတ်ပေးရမှာ ဖြစ်ပါတယ်။ အကျၤီတွေ အထူးသဖြင့် အတွင်းခံတွေလဲပေးခြင်းက လန်းဆန်းမှုနဲ့သန့်ရှင်းမှု ရစေနိုင်ပါတယ်။ နောက် ဘက်တီးရီးယားရောဂါပိုး ကူးစက်မှုအန္တရာယ်လည်း တားဆီးပေးပါလိမ့်မယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top