iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အသက္ ၂၀ ေက်ာ္ထဲ ခုန္ကူးေနျပီဆုိရင္ေတာ့ ခုေျပာျပေပးမယ့္အေၾကာင္းအရာက သင့္အတြက္ သိထားသင့္တဲ့ အေၾကာင္းအရာ ျဖစ္ပါတယ္။ အိမ္ေထာင္ျပဳေတာ့မယ္ဆုိ ဘယ္အသက္အရြယ္ဟာ အိမ္ေထာင္တစ္ခုစတင္ဖုိ႕ အသင့္ေတာ္ဆံုးလဲဆုိျပီး အျမဲေျပာဆုိျငင္းခုန္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း ငယ္တုန္းယူ၊ ကေလးေမြးတာေကာင္းတယ္လုိ႕ ဆုိၾကသလို တစ္ခ်ိဳ႕က်ေတာ့လည္း ပစၥည္းဥစၥာလည္းျပည့္စံု၊ ဗဟုသုတအသိဥာဏ္ေတြ ပိုမိုျပည့္၀တဲ့အခ်ိန္က်မွ မဂၤလာေဆာင္တာ အေကာင္းဆုံးလုိ႕ ဆုိၾကျပန္ပါတယ္။ 37% Rule ေခၚ သခ်ၤာသီအုိရီတစ္ခုက ၂၆ ဟာ ေရရွည္အိမ္ေထာင္ဖက္ ေရြးခ်ယ္ဖုိ႔ အသင့္ေတာ္ဆုံးအသက္အရြယ္အျဖစ္ သတ္မွတ္ထားတယ္လုိ႔ Independent က ေဖာ္ျပထားပါတယ္။

Algorithms to Live By: The Computer Science of Human Decisions စာအုပ္ ေရးသားျပဳစုသူေတြျဖစ္တဲ့ ထုိးထြင္းသိျမင္မႈပုိင္းဆိုင္ရာသိပၸံပညာရွင္ Tom Griffiths နဲ႔ သတင္းစာဆရာ Brian Christian တုိ႔မွ ေဖာ္ထုတ္တဲ့သီအုိရီက အသက္ ၂၆ ႏွစ္အရြယ္ဟာ အေျခခ်ဖုိ႔ အေကာင္းဆုံးအခ်ိန္လုိ႔ ေဖာ္ျပထားပါတယ္။

ဒီေန႔ဒီခ်ိန္ထိ စုေဆာင္းလာခဲ့တဲ့ အသိပညာ၊ ဗဟုသုတနဲ႔ အခ်က္အလက္ေတြေပၚမူတည္ျပီး ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ အေကာင္းဆုံးအခုိက္အတန္႔ ေရာက္ရိွေနတဲ့အခ်ိန္လုိ႔ သတ္မွတ္ထားပါတယ္။ ဒီလုိ ေရြးခ်ယ္မႈ ျပဳလုပ္တဲ့အခါမွာ ဆုံးျဖတ္ခ်က္အေကာင္းဆုံး ခ်မွတ္ႏုိင္ေျခ ပိုမ်ားပါတယ္။ အေရြးေစာလြန္းတာ ပိုမိုေကာင္းမြန္တဲ့ ေရြးခ်ယ္စရာေတြ လြတ္သြားႏုိင္သလုိ အၾကာၾကီး ေစာင့္လြန္းရင္လည္း ေကာင္းမြန္တဲ့ ေရြးခ်ယ္စရာေလးေတြအတြက္ အကန္႔အသတ္ပိုရွိသြားတတ္ပါတယ္။

ဒီေတာ့့ သာမာန္လူတစ္ေယာက္ဟာ အသက္ ၁၈ နဲ႔ ၄၀ ၾကာ အနာဂတ္လက္တြဲေဖာ္ ရွာမယ္ဆုိရင္ ၂၆ ႏွစ္က ဆုံးျဖတ္ခ်က္ခ်ဖုိ႔ အသင့္ေတာ္ဆုံး အသက္အရြယ္ျဖစ္ေၾကာင္း သိပၸံပညာရွင္ေတြ အခိုင္အမာေျပာဆုိထားပါတယ္။

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်အသက် ၂၀ ကျော်ထဲ ခုန်ကူးနေပြီဆိုရင်တော့ ခုပြောပြပေးမယ့်အကြောင်းအရာက သင့်အတွက် သိထားသင့်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ အိမ်ထောင်ပြုတော့မယ်ဆို ဘယ်အသက်အရွယ်ဟာ အိမ်ထောင်တစ်ခုစတင်ဖို့ အသင့်တော်ဆုံးလဲဆိုပြီး အမြဲပြောဆိုငြင်းခုန်တတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း ငယ်တုန်းယူ၊ ကလေးမွေးတာကောင်းတယ်လို့ ဆိုကြသလို တစ်ချို့ကျတော့လည်း ပစ္စည်းဥစ္စာလည်းပြည့်စုံ၊ ဗဟုသုတအသိဉာဏ်တွေ ပိုမိုပြည့်ဝတဲ့အချိန်ကျမှ မင်္ဂလာဆောင်တာ အကောင်းဆုံးလို့ ဆိုကြပြန်ပါတယ်။ 37% Rule ခေါ် သချၤာသီအိုရီတစ်ခုက ၂၆ ဟာ ရေရှည်အိမ်ထောင်ဖက် ရွေးချယ်ဖို့ အသင့်တော်ဆုံးအသက်အရွယ်အဖြစ် သတ်မှတ်ထားတယ်လို့ Independent က ဖော်ပြထားပါတယ်။

Algorithms to Live By: The Computer Science of Human Decisions စာအုပ် ရေးသားပြုစုသူတွေဖြစ်တဲ့ ထိုးထွင်းသိမြင်မှုပိုင်းဆိုင်ရာသိပ္ပံပညာရှင် Tom Griffiths နဲ့ သတင်းစာဆရာ Brian Christian တို့မှ ဖော်ထုတ်တဲ့သီအိုရီက အသက် ၂၆ နှစ်အရွယ်ဟာ အခြေချဖို့ အကောင်းဆုံးအချိန်လို့ ဖော်ပြထားပါတယ်။

ဒီနေ့ဒီချိန်ထိ စုဆောင်းလာခဲ့တဲ့ အသိပညာ၊ ဗဟုသုတနဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အကောင်းဆုံးအခိုက်အတန့် ရောက်ရှိနေတဲ့အချိန်လို့ သတ်မှတ်ထားပါတယ်။ ဒီလို ရွေးချယ်မှု ပြုလုပ်တဲ့အခါမှာ ဆုံးဖြတ်ချက်အကောင်းဆုံး ချမှတ်နိုင်ခြေ ပိုများပါတယ်။ အရွေးစောလွန်းတာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာတွေ လွတ်သွားနိုင်သလို အကြာကြီး စောင့်လွန်းရင်လည်း ကောင်းမွန်တဲ့ ရွေးချယ်စရာလေးတွေအတွက် အကန့်အသတ်ပိုရှိသွားတတ်ပါတယ်။

ဒီတော့ သာမာန်လူတစ်ယောက်ဟာ အသက် ၁၈ နဲ့ ၄၀ ကြာ အနာဂတ်လက်တွဲဖော် ရှာမယ်ဆိုရင် ၂၆ နှစ်က ဆုံးဖြတ်ချက်ချဖို့ အသင့်တော်ဆုံး အသက်အရွယ်ဖြစ်ကြောင်း သိပ္ပံပညာရှင်တွေ အခိုင်အမာပြောဆိုထားပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top