iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ခ်စ္သူနဲ႔အတူရိွေနခ်ိန္ အစစအရာရာ ျပည့္စုံေနမွာပါ။ ဒါေပမယ့္ မိတ္ေဆြအေပါင္းအသင္းၾကားထဲ သူ႔ကိုေခၚသြားတဲ့အခါ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္တာေလးေတြ ျဖစ္တတ္ပါတယ္။ စိတ္ပ်က္စရာအၾကည့္၊ ေဝဖန္တဲ့ အၾကည့္ေလးေတြ သူငယ္ခ်င္းေတြဆီက ရတတ္တာမ်ိဳးေပါ့။ ဒါေတြဟာ "မင္းရဲ႕ခ်စ္သူကို ငါတုိ႔မုန္းတယ္" လုိ႔ေဖာ္ျပတဲ့ သင့္သူငယ္ခ်င္းေတြရဲ႕ ကုိယ္ဟန္အမူအရာပဲ ျဖစ္ပါတယ္။ ဒီအခ်က္ကို သတိထားေလ့လာရပါမယ္။

သူ႔ေခၚလာခဲ့အခါ ပစ္ပယ္သလုိခံစားရျခင္း

ေနာက္ဆုံး လူေတြစုံလာၾကေပမယ့္ အျပန္အလွန္စကားေျပာဆိုမႈေတြ စားပြဲဝုိင္းတစ္ဖက္ျခမ္းမွာပဲ ရိွျပီး သင္နဲ႔ သင့္ခ်စ္သူကို ခ်န္ရစ္ထားတာမ်ဳိးပါ။

သူ႔အေၾကာင္း တမင္သက္သက္မေျပာဘဲ ေနျခင္း

သင့္အခ်စ္ဆုံးသူငယ္ခ်င္းကို သင့္ခ်စ္သူအေၾကာင္း ေျပာျပဖုိ႔ ၾကိဳးစားေနေပမယ့္ စကားလမ္းေၾကာင္းလႊဲဖုိ႔သာ သူ ၾကိဳးစားေနတတ္ပါတယ္။

ခ်စ္သူေခၚလာတဲ့အခါ သူ ထူးထူးျခားျခား တိတ္ဆိတ္ေနျခင္း

ဟန္ေဆာင္ရယ္ေမာခဲ့သလား။ သူမ ထုိင္ခုံေရြ႕ေနလား။ သင္တုိ႔ႏွစ္ေယာက္ပဲ ဘာကိစၥမဆုိ အခ်ိန္ၾကာျမင့္စြာ ေျပာဆုိေဆြးေႏြးေလ့ရိွပါက ေကာင္းတဲ့လကၡဏာတစ္ခု မဟုတ္ပါဘူး။

သူ႔ကို လ်စ္လ်ဳရွဴျခင္း

သင့္အခ်စ္ဆုံးသူငယ္ခ်င္းက သင့္ကို လုပ္ေဖာ္ကုိင္ဖက္ေတြရဲ႕ ဓာတ္ပုံေတြ ဆက္ျပေနတုန္းဆုိရင္ သင့္ခ်စ္သူအေၾကာင္း ေမးျမန္းဖုိ႔ လုံးဝစိတ္မစားၾကျခင္းသာ ျဖစ္ပါတယ္။

Credit : trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ချစ်သူနဲ့အတူရှိနေချိန် အစစအရာရာ ပြည့်စုံနေမှာပါ။ ဒါပေမယ့် မိတ်ဆွေအပေါင်းအသင်းကြားထဲ သူ့ကိုခေါ်သွားတဲ့အခါ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာလေးတွေ ဖြစ်တတ်ပါတယ်။ စိတ်ပျက်စရာအကြည့်၊ ဝေဖန်တဲ့ အကြည့်လေးတွေ သူငယ်ချင်းတွေဆီက ရတတ်တာမျိုးပေါ့။ ဒါတွေဟာ "မင်းရဲ့ချစ်သူကို ငါတို့မုန်းတယ်" လို့ဖော်ပြတဲ့ သင့်သူငယ်ချင်းတွေရဲ့ ကိုယ်ဟန်အမူအရာပဲ ဖြစ်ပါတယ်။ ဒီအချက်ကို သတိထားလေ့လာရပါမယ်။

သူ့ခေါ်လာခဲ့အခါ ပစ်ပယ်သလိုခံစားရခြင်း

နောက်ဆုံး လူတွေစုံလာကြပေမယ့် အပြန်အလှန်စကားပြောဆိုမှုတွေ စားပွဲဝိုင်းတစ်ဖက်ခြမ်းမှာပဲ ရှိပြီး သင်နဲ့ သင့်ချစ်သူကို ချန်ရစ်ထားတာမျိုးပါ။

သူ့အကြောင်း တမင်သက်သက်မပြောဘဲ နေခြင်း

သင့်အချစ်ဆုံးသူငယ်ချင်းကို သင့်ချစ်သူအကြောင်း ပြောပြဖို့ ကြိုးစားနေပေမယ့် စကားလမ်းကြောင်းလွှဲဖို့သာ သူ ကြိုးစားနေတတ်ပါတယ်။

ချစ်သူခေါ်လာတဲ့အခါ သူ ထူးထူးခြားခြား တိတ်ဆိတ်နေခြင်း

ဟန်ဆောင်ရယ်မောခဲ့သလား။ သူမ ထိုင်ခုံရွေ့နေလား။ သင်တို့နှစ်ယောက်ပဲ ဘာကိစ္စမဆို အချိန်ကြာမြင့်စွာ ပြောဆိုဆွေးနွေးလေ့ရှိပါက ကောင်းတဲ့လက္ခဏာတစ်ခု မဟုတ်ပါဘူး။

သူ့ကို လျစ်လျုရှူခြင်း

သင့်အချစ်ဆုံးသူငယ်ချင်းက သင့်ကို လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဓာတ်ပုံတွေ ဆက်ပြနေတုန်းဆိုရင် သင့်ချစ်သူအကြောင်း မေးမြန်းဖို့ လုံးဝစိတ်မစားကြခြင်းသာ ဖြစ်ပါတယ်။


Credit : trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top