iMyanmarHouse.com - Best Property Website for Myanmar
×

ေဖေဖာ္၀ါရီ ၁ ရက္ေန႕မွာ လူမႈကြန္ယက္ေပၚတင္ေပးခဲ့တဲ့ ဒီေလာက္နဲ႕ပဲေက်နပ္ပါတယ္ သီခ်င္းနဲ႕ပတ္သက္ၿပီး ပရိသတ္အမ်ားရဲ႕ ေ၀ဖန္မႈအခံရဆံုးသူကေတာ့ ရဲရင့္ေအာင္ပါ။ အဆိုပါသီခ်င္းကို ေ၀ဖန္မႈေတြမ်ားတဲ့ၾကားထဲကပဲ ၾကည့္ရႈသူျမင့္မားခဲ့သလို အဆုိေတာ္ရဲရင့္ေအာင္ကုိလဲ မ်က္ရည္ခ်ဴတဲ့အဆိုေတာ္၊ မားကတ္တင္းဆင္းတဲ့အဆုိေတာ္ဆိုၿပီး ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ကာ ေ၀ဖန္ျခင္းကို ခံခဲ့ရပါေသးတယ္။ ရဲရင့္ေအာင္ဟာ အားလံုးသိတဲ့အတုိင္း အေရွ႕မွာ အသည္းကြဲထားခဲ့တဲ့ အခံေၾကာင့္ အဆိုပါရက္ပိုင္းအတြင္းစိတ္ဖိစီးမႈမ်ားျပားခဲ့တယ္လို႕သိရပါတယ္။ ဒါ့အျပင္သူဟာ အခုေနာက္ပိုင္းမွာလဲ တက္သစ္စ ေမာ္လ္ဒယ္တစ္ေယာက္နဲ႕တြဲေနတယ္ဆိုတဲ့ သတင္းေတြပရိသတ္ၾကားမွာ သို႕ေလာသို႕ေလာပ်ံ႕ႏွံ႕ခဲ့သလို အထင္လြဲစရာအခ်ိဳ႕ေၾကာင့္လဲ သူ႕ရဲ႕အခ်စ္ေရး၊ ဂီတ၊ ဖက္ရွင္ပိုင္းအစစအရာရာမွာ လူအမ်ား ေ၀ဖန္စရာေတြျဖစ္ခဲ့အတြက္သူရွိရာသို႕သြားေရာက္ၿပီး ေ၀ဖန္မႈမ်ားအေပၚ စိတ္ခံစားခ်က္မ်ားနဲ႕လက္ရွိဂီတလႈပ္ရွားမႈမ်ားကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ


-ေနာက္တစ္ခုက အစ္ကို႕ကုိလူရႊင္ေတာ္ၾကာစိနဲ႕တူတယ္ဆိုၿပီး ေနာက္ၾကတာမ်ိဳးရွိတယ္။ အဲဒီအေပၚမွာေရာ ဘယ္လိုခံစားရလဲ။

ကိုၾကာစိတို႕ေနာက္ 5 Stars ဆိုတာ ကၽြန္ေတာ္အရမ္းၾကိဳက္တယ္။ အေျပာင္အပ်က္ေတြကိုသေဘာက်တယ္။ ဦးၾကင္၀ွက္နဲ႕လဲရိုက္ဖူးတယ္။ သေဘာက်တယ္ေပါ့။ သူတို႕နဲ႕အျပင္မွာဆံုရင္လဲ ေပ်ာ္ေပ်ာ္ပါးပါးပဲေနတယ္။ ကၽြန္ေတာ္က လူတစ္ေယာက္ခံစားခ်က္အေနနဲ႕ေျပာရရင္ ကၽြန္ေတာ့္ကို တျခားလူတစ္ေယာက္နာမည္နဲ႕ေျပာတာကိုမၾကိိဳက္ဘူး။ ကိုၾကာစိမို႕လို႕မဟုတ္ဘူး။ ကၽြန္ေတာ့္ကုိ တျခားတစ္ေယာက္နာမည္နဲ႕ေခါင္းစဥ္တတ္တာမၾကိဳက္ဘူး။ သူ႕အတြက္လဲမေကာင္းဘူး။ ကၽြန္ေတာ္ကရဲရင့္ေအာင္ပဲ။ တျခားသူဘယ္ေတာ့မွလဲျဖစ္မွာမဟုတ္ပါဘူး။



-အခုလက္ရွိ ဘာေတြလုပ္ျဖစ္ေနလဲ။

ကၽြန္ေတာ့္ဒုတိယအေခြအတြက္ ျပင္ဆင္ေနတယ္။ သီခ်င္းေတြေရးတယ္။ အဲ့ဒီသီခ်င္းေတြကို ဘယ္လိုဖန္တီးရမလဲဆိုတာကို သူငယ္ခ်င္းေတြနဲ႕တုိင္ပင္တယ္။ ေနာက္ၿပီးလိုအပ္တာေလးေတြလုပ္ျဖစ္ေနတယ္။

-ဒုတိယအေခြကေရာ ပထမအေခြနဲ႕ဘာေတြကြာျခားခ်က္ရွိမလဲ။

ကၽြန္ေတာ္အရင္တုန္းက ဆိုေနက်ပံုစံ၊ ကၽြန္ေတာ္သီခ်င္းေရးေနက်ပံုစံကေနပဲ တစ္ခုခုခြဲထြက္သြားတာပဲျဖစ္မွာပါ။ ကၽြန္ေတာ့္ပံုစံကိုပဲ အေျပာင္းအလဲေတြအမ်ားၾကီးျဖစ္ေအာင္လုပ္ထားပါတယ္။ သီခ်င္းကေလာေလာဆယ္ ၁၁ ပုဒ္ေလာက္ထည့္ဖို႕စဥ္းစားထားတယ္။ တစ္ေခြလံုးကို ကၽြန္ေတာ္ပဲေရးတာပါ။ ဒါေပမဲ့ ကုိေ၀လေရးထားတဲ့တစ္ပုဒ္ေတာ့ပါတယ္။ Featuring အေနနဲ႕ကေလာေလာဆယ္ အျပင္ကသူငယ္ခ်င္းေတြကိုေတာ့ မေျပာရေသးဘူး။ ကၽြန္ေတာ္နဲ႕လက္တြဲလုပ္ေနတဲ့ သူငယ္ခ်င္းေတြပဲ စီမံခန္႕ခြဲၿပီး ေနရာခ်ရေသးပါတယ္။ တျခားအျပင္က Featuring သူငယ္ခ်င္းေတြေတာ့ မေခၚရေသးပါဘူး။

-ဘယ္ေလာက္ေလာက္ၿပီးသြားၿပီလဲ။

သီခ်င္းေရးတဲ့အပိုင္းက တစ္၀က္ေက်ာ္ေက်ာ္ၿပီးသြားပါၿပီ။ ဒါေပမဲ့သီခ်င္းပံုစံက ဘယ္လိုပံုစံတီးရင္ေကာင္းမလဲ။ ဘယ္လိုပံုစံဖန္တီးရင္ေကာင္းမလဲက လုပ္ေနဆဲပဲေပါ့။ ကၽြန္ေတာ္ဒီႏွစ္ထဲမွာ ထြက္ႏုိင္ေအာင္ၾကိဳးစားမွာပါ။

-ဒုတိယအေခြမထြက္ေသးခင္ စပ္ၾကားမွာေရာ အြန္လိုင္းကေနၾကားညွပ္ၿပီး တင္ေပးဖို႕အစီအစဥ္ရွိမလား။

တင္ခ်င္တဲ့စိတ္ကူးေလးေတာ့ရွိပါတယ္။ ဒါေပမဲ့ အဲ့ဒါေတြအားလံုးက သီခ်င္းေတြအားလံုးလုပ္ၿပီးသြားေတာ့မွ ဒီသီခ်င္းေလးေတာ့ ငါပရိသတ္ကိုေပးမယ္။ ဘယ္သီခ်င္းကိုေတာ့ မတင္ေပးေသးဘူးဆိုတာမ်ိဳးျဖစ္လာမွာဆိုေတာ့ အရင္ဆံုး လုပ္ေနတဲ့သီခ်င္းေတြၿပီးေအာင္ပဲၾကိဳးစားေနပါတယ္။

-အေရွ႕မွာတင္ခဲ့တဲ့ ဒီေလာက္နဲ႕ပဲေက်နပ္ပါတယ္။ သီခ်င္းရဲ႕ ေအာင္ျမင္မႈအေပၚမွာေရာ ဘယ္လုိခံစားရလဲ။

အဲ့ဒီသီခ်င္းနဲ႕ပတ္သက္ၿပီးေတာ့ ၀မ္းသာတယ္။ ေပ်ာ္တယ္။ ဘာလုိ႕လဲဆိုေတာ့ ကိုယ္တစ္ေယာက္တည္းဖန္တီးခဲ့တာမဟုတ္ဘူး။ ကၽြန္ေတာ့္သူငယ္ခ်င္းေတြေဘးနားကေနအိပ္ေရးပ်က္ခံၿပီး ၀ိုင္းဖန္တီးေပးၾကတယ္။ ကၽြန္ေတာ့္သူငယ္ခ်င္းေတြလဲအရမ္းပင္ပန္းပါတယ္။ အဲ့ဒါကို ပရိသတ္လက္ခံတဲ့အတြက္ ကၽြန္ေတာ္အရမ္း၀မ္းသာပါတယ္။ ေနာက္အလုပ္ေတြဆက္ၿပီးေတာ့ လုပ္ဖို႕လဲ အရမ္းအားရွိပါတယ္။

-အဲ့ဒီသီခ်င္းက ဒုတိယအေခြထဲမွာ ပါမဲ့ သီခ်င္းလား။

ဟုတ္တယ္။ ဒုတိယအေခြထဲမွာ ပါမွာပါ။

-တခ်ိဳ႕ပရိသတ္ေတြက်ေတာ့လဲ ဒီသီခ်င္းနဲ႕ပတ္သက္ၿပီး မ်က္ရည္ခ်ဴတယ္။ မားကတ္တင္းဆင္းတယ္ဆိုၿပီး ေ၀ဖန္ၾကတဲ့အေပၚမွာေရာ ဘယ္လိုခံစားရလဲ။

ဘယ္လိုေျပာမလဲ။ လူဆိုတာ တစ္ေယာက္နဲ႕တစ္ေယာက္မတူဘူးေလ။ အျမင္ကလဲတူခ်င္မွတူမယ္။ လူဆိုတာ အေၾကာင္းအရာအကုန္လံုးကိုမသိႏုိင္ဘူးေလ။ သိသေလာက္နဲ႕ေျပာတယ္။ ကၽြန္ေတာ့အတြက္ကေတာ့ ဘာမွျပသနာမရွိပါဘူး။ ကၽြန္ေတာ္သိတာက ဒီသီခ်င္းအေပၚမွာ ကၽြန္ေတာ္တို႕အားလံုး ေစတနာအမ်ားၾကီးထားၿပီးလုပ္လိုက္တယ္။ အဲ့ဒီအတြက္ေက်နပ္တယ္။

-ဒုတိယအေခြမွာေရာ အခ်စ္သီခ်င္း၊ အသည္းကြဲသီခ်င္း၊ ဘ၀နဲ႕ပတ္သက္တဲ့အေၾကာင္းအရာေတြဆုိ ဘယ္ဟာပိုမ်ားမလဲ။

အခ်စ္သီခ်င္းတစ္၀က္၊ အျခားဆန္းၾကတယ္တဲ့အေၾကာင္းအရာေတြတစ္၀က္ပါပါတယ္။ ဘ၀နဲ႕ပတ္သက္တာေလးေတြလဲပါပါတယ္။

-ၿပီးခဲ့တဲ့ ခ်စ္သူမ်ားေန႕ကိုေရာ ဘယ္လိုမ်ိဳးျဖတ္သန္းျဖစ္ခဲ့လဲ။

ခ်စ္သူမ်ားေန႕က အိပ္ေရးပ်က္တယ္။ ဘာလို႕လဲဆိုေတာ့ အဲ့ဒီေန႕ရိႈးမွာဆိုဖို႕အတြက္သီခ်င္းတိုက္တာ မိုးပါလင္းသြားတယ္။ အေစာၾကီးျပန္ထရတယ္။ ေနမေကာင္းေပမဲ့ သီခ်င္းသြားဆိုရတယ္။ ပရိသတ္ေတြနဲ႕ျဖတ္သန္းတယ္။

-လူငယ္သဘာ၀ျဖတ္သန္းမႈအေနနဲ႕ေရာ ဘာေတြလုပ္ခဲ့ေသးလဲ။

ဘာမွမရွိပါဘူး။ ဘာမွမရွိဘူးဆိုတာ ကၽြန္ေတာ္အဲ့ဒီေန႕ညက သီခ်င္းမဆုိႏုိင္မွာကို အရမ္းစိတ္ပူတယ္။ ကၽြန္ေတာ့္ Valentine’s က အျမဲတမ္း အဲ့ဒီတိုင္းပါပဲ။ ကၽြန္ေတာ့ ပရိသတ္ေတြကေတာ့ ေခ်ာကလက္ေတြ၊ စာအုပ္ေတြေပးၾကတယ္။

-ကုိယ္ကုိတိုင္ကေရာ သူမ်ားကိုေပးျဖစ္ေသးလား။

ကၽြန္ေတာ္ ဒီႏွစ္ပရိသတ္ေတြကိုဘာမွမေပးျဖစ္ဘူး။ ေနမေကာင္းဘူး။ အားမရွိဘူး။ သီခ်င္းမဆိုႏုိင္ဘူး။ အဲ့ဒီစိတ္ၾကီးနဲ႕ဆိုေတာ့ တျခားဟာေတြမလုပ္ျဖစ္လုိက္ဘူး။

-ခ်စ္သူမ်ားေန႕ကတင္တဲ့အက်ီၤဆင္တူနဲ႕ပံုေၾကာင့္ ပရိသတ္ေတြသို႕ေလာသို႕ေလာျဖစ္ခဲ့ရတယ္။ အဲ့ဒီပံုကို ႏွစ္ေယာက္စလံုးတင္ၿပီး ျပန္ဖ်က္သြားၾကတာကိုေတြ႕ရတယ္။

ကၽြန္ေတာ္အဲ့ဒီအက်ီ္မွာပါတဲ့ စာသားေလးက မင္းၾကိဳက္ခဲ့သမွ်အကုန္လံုးကုိ ငါလြန္ခဲ့တဲ့ငါးႏွစ္ကၾကိဳက္ခဲ့ၿပီးသားဆိုတဲ့စာသားေလး ကၽြန္ေတာ္အရမ္းၾကိဳက္တယ္။ အဲ့ဒီအက်ီၤက Trend ကထုတ္တာပါ။ ကိုေ၀မင္းေမာင္တို႕နဲ႕ရင္းႏွီးေနေတာ့ ကၽြန္ေတာ္အဲ့ဒီအက်ီၤကိုအရမ္းၾကိဳက္တယ္။ အရမ္းလဲလိုခ်င္တယ္။ ဒါေပမဲ့အဲ့ဒီအက်ီၤက couple အတြက္ထုတ္တာပါ။ ဒါေပမဲ့ ၾကိဳက္လြန္းလို႕ကို ခ်စ္သူမ်ားေန႕မတုိင္ခင္ တျခားအက်ီ္ေတြသြားအားေပးရင္းနဲ႕အဲ့ဒီအက်ီၤေလးကိုလက္ေဆာင္ေတာင္းလာခဲ့တယ္။ အဲ့ဒါနဲ႕ရိႈးဆိုၿပီးတဲ့အခ်ိန္မွာ ရိႈးဆိုတဲ့အ၀တ္အစားေတြခၽြတ္ၿပီး အဲ့ဒီအက်ီၤကိုလဲ၀တ္ၿပီး ဓာတ္ပံုရိုက္တင္လိုက္တယ္။ အဲ့ဒီမွာ အဲ့ဒီလိုျဖစ္သြားတယ္။

-အဲ့ဒါဆုိ ဟိုတစ္ေယာက္နဲ႕ဘာမွမဆုိင္ဘူးေပါ့။

ဆိုင္တယ္ဆိုလဲ အက်ီ္ၤဆင္တူၾကီး၀တ္ၿပီး လက္တြဲၿပီးသြားေနတာမဟုတ္ဘူးေလ။ အဲ့ဒီအက်ီ္ကို၀တ္ခဲ့တယ္ဆိုတာ အဲ့ဒီစာသားကို တကယ္ၾကိဳက္လို႕ပါ။ ၿပီးေတာ့ တစ္ဖက္ကပံုတင္တာကိုလဲကၽြန္ေတာ္မသိလုိက္ပါဘူး။ သိသိခ်င္းျပန္ဖ်က္ပါတယ္။ သူလဲသိသိခ်င္းျပန္ဖ်က္သြားတယ္ထင္တယ္။

-အရင္ကတည္းက သူငယ္ခ်င္းလို႕လဲသိရတယ္။ အခုက်ေတာ့ေရာ။

လြန္ခဲ့တဲ့ သံုးႏွစ္ေလာက္ကတည္းက သူငယ္ခ်င္းေတြပါ။ အခုလဲသူငယ္ခ်င္းေတြပါပဲ။

-အခုလက္ရွိကေရာ က်န္းမာေရးကေကာင္းသြားၿပီလား။

ေကာင္းသြားၿပီ။ ဒီ့ထက္ပိုေကာင္းေအာင္လဲၾကိဳးစားေနပါတယ္။

-အရင္ကထက္ ပိုပိန္သြားတယ္ေနာ္။

ကၽြန္ေတာ္အရင္တုန္းက အားကစားေတာ္ေတာ္လုပ္ပါတယ္။ ဒါေပမဲ့ ဒုတိယအေခြစလုပ္တဲ့အခ်ိန္မွာ အစားအေသာက္မမွန္ေတာ့ဘူး။ ကၽြန္ေတာ့္မွာအစာအိမ္ေရာဂါလဲရွိတဲ့အခါက်ေတာ့ အစားအေသာက္မမွန္တဲ့အခါ ပိန္က်သြားတာေပါ့။

-လက္ရွိအခ်စ္ေရးကေရာ ဘယ္လိုရွိလဲ။

အခ်စ္ေရးနဲ႕ပတ္သက္ၿပီးေတာ့ စာမ်က္ႏွာေတြေပၚမွာ ဘာမွမေျပာခ်င္ေတာ့ပါဘူး။ ကၽြန္ေတာ္က ကၽြန္ေတာ့္ပရိသတ္ေတြသိပါတယ္။ ဘယ္အရာကိုမွလွ်ိဳ႕၀ွက္ၿပီး ဖံုးကြယ္ၿပီး ေနတဲ့သူမဟုတ္ပါဘူး။ အားလံုးကိုေပၚတင္လုပ္ပါတယ္။ ကၽြန္ေတာ့္ကုိယ္ကၽြန္ေတာ္လိပ္ျပာလံုရင္အားလံုးကိုေပၚတင္လုပ္ပါတယ္။

-အခ်စ္ကေရာ အစ္ကို႕ဘ၀အတြက္ဘယ္ေလာက္ထိအေရးပါလဲ။

အေရးမပါဘူးလို႕အျမဲတမ္းသတ္မွတ္ခဲ့တယ္။ အရင္တုန္းကေပါ့။ အလုပ္ပဲေခါင္းထဲထည့္တယ္။ အလုပ္ေကာင္းေကာင္းမြန္မြန္ၾကိဳးစားမွ ကၽြန္ေတာ့္မိသားစုနဲ႕ကၽြန္ေတာ့ေဘးမွာရွိလာမဲ့သူေတြကိုေကာင္းေကာင္းမြန္မြန္ထားႏုိင္မယ္ဆိုၿပီး
 ေတာ့ကၽြန္ေတာ္အလုပ္ပဲၾကိဳးစားတယ္။ ဒါေပမဲ့အခ်စ္ကိုေပါ့ေပါ့ပဲထားခဲ့ေပမဲ့ အခ်စ္ကလဲအေရးၾကီးတယ္လို႕ထင္ပါတယ္။

-အခုလက္ရွိက Single လား။

ဟုတ္။ တစ္ေယာက္တည္းပဲေလ။ အမွန္အတုိင္းေျပာရရင္ေတာ့ Relatonship နဲ႕ပတ္သက္ၿပီး ကၽြန္ေတာ္ မေျပာခ်င္ပါဘူး။ Single ဆိုရင္လဲဒီအရြယ္ၾကီး single လားဆိုၿပီး ဟုတ္လို႕ေျဖေပမဲ့ ကၽြန္ေတာ္ကုိယ့္ကိုကုိယ္သိမ္ငယ္သြားတယ္။ ရည္းစားရွိလို႕ရွိတယ္လို႕ေျဖျပန္ရင္လဲတစ္ဖက္မွာတျခားတစ္ေယာက္ပါလာတဲ့အတြက္ကၽြန္ေတာ္မထိခုိက္ေစခ်င္တဲ့အတြက္ Relationship နဲ႕ပတ္သက္ၿပီး အဲ့ဒီလိုၾကီးမေျဖခ်င္ပါဘူး။

-လူမႈကြန္ယက္ေပၚမွာ ေ၀ဖန္ခံရလြန္းတဲ့သူေတြထဲမွာ အစ္ကုိကပါေနတဲ့အခါက်ေတာ့ အခုလဲ ေမးစိက အရမ္းခၽြန္လြန္းေနတယ္။ ျပင္ထားတာဆိုၿပီး အသံေတြထပ္ထြက္လာျပန္တယ္။ အဲ့ဒါေလးကုိလဲ ေျပာျပေပးပါဦး။

ေမးစိနဲ႕ပတ္သက္ၿပီး လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က ကၽြန္ေတာ္တို႕ပါ၀င္သရုပ္ေဆာင္ထားတဲ့ ကားေတြမိတ္ဆက္ပြဲမွာ ကၽြန္ေတာ္တစ္ခါေျဖရွင္းၿပီးသြားပါၿပီ။ ဘာမွေတာ့ထပ္ေျပာစရာမရွိပါဘူး။ ကၽြန္ေတာ္ ၂၀၁၂ မွာအမုန္းဒိုင္ယာရီ အေခြထြက္တယ္။ အဲ့ဒီကတည္းက အဲ့အတိုင္းပါပဲ။ အရမ္းပိန္သြားရင္ေမးစိကခၽြန္လာေရာ အဲ့ဒီေတာ့ ကၽြန္ေတာ့္တာ၀န္က မပိန္ေအာင္ေနရမွာပါပဲ။ မပိန္ရင္ ေမးခၽြန္ေတာ့မွာမဟုတ္ပါဘူး။ ေမးစိမျပင္ထားပါဘူး။ ဒါေပမဲ့ အေမနဲ႕လိုက္သြားၿပီး ေမးစိေလးကုိေဆးထိုးဖူးပါတယ္။ ဒါေပမဲ့ခြဲစိတ္တာ၊ ဗြီရွိတ္လုပ္တာတို႕မလုပ္ဖူးပါဘူး။ အဲ့ဒီလိုလုပ္ရင္ ၾကြက္သားေတြေခ်လိုက္ရတာလို႕ၾကားဖူးတယ္။ အဲ့ဒါဆိုကၽြန္ေတာ္သီခ်င္းဆိုလို႕ရေတာ့မွာမဟုတ္ပါဘူး။

-အခုေနာက္ပိုင္း လူမႈကြန္ယက္ေပၚမွာ ေ၀ဖန္အခံရဆံုး သူတစ္ေယာက္အေနနဲ႕ဒီလိုေ၀ဖန္မႈေတြ၊ တိုက္ခုိက္မႈေတြခံရတဲ့အခါမွာေရာ ကိုယ့္ကုိကုိယ္ဘယ္လိုစိတ္ထားၿပီးေနျဖစ္လဲ။

ခ်စ္တဲ့သူကခ်စ္လိမ့္မယ္။ မခ်စ္တဲ့သူကေတာ့ မခ်စ္ဘူးေပါ့။ ကၽြန္ေတာ္လဲအကုန္လံုးကိုျမင္ေနရပါတယ္။ တခ်ိဳ႕က်ေတာ့လဲ တျခားဟာေတြေ၀ဖန္ၾကတယ္။ ဘာမွမျဖစ္ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ့ သီခ်င္းေတြနဲ႕ပတ္သက္ၿပီးေတာ့ မ်က္ရည္ခ်ဴတယ္လို႕ကၽြန္ေတာ့ကိုေျပာတယ္။ ေနာက္ၿပီး မားကတ္တင္းဆင္းတာအရမ္းေတာတယ္လို႕ကၽြန္ေတာ့ကိုေျပာတယ္။ တကယ္ေတာ့ အဲ့ဒီလိုမဟုတ္ပါဘူး။ ကၽြန္ေတာ္ဒီသီခ်င္းကို ဒီဇင္ဘာလ ၂၃ ရက္ေန႕ထဲကေရးထားတယ္ဆိုတဲ့အေၾကာင္းကုိလဲတင္ထားၿပီးၿပီ။ သီခ်င္းကို အမ္တီဗီ share တဲ့ေန႕ကလဲ ကၽြန္ေတာ္တင္ထားပါတယ္။ အားလံုးၿပီးၿပီ။ ကၽြန္ေတာ့္ကို အဲ့ဒီအေၾကာင္းေတြမေျပာနဲ႕ေတာ့ ၿပီးၿပီလို႕ေျပာထားတယ္။ သီခ်င္းကို သီခ်င္းလို႕ပဲျမင္ေစခ်င္တယ္။ ပရိသတ္ဆီကသနားတာတို႕တစ္ခုခုလိုခ်င္ခဲ့တယ္ဆိုရင္အဲ့ဒီသီခ်င္းကို ဒုကၡခံၿပီး ကၽြန္ေတာ့္သူငယ္ခ်င္းေတြကိုဒုကၡေပးၿပီး အဲ့ဒီလိုျဖစ္ေအာင္ဖန္တီးစရာမလုိဘူး။ ကၽြန္ေတာ္ဂစ္တာေလးတစ္လက္နဲ႕ပဲဆိုလို႕ရတယ္ ။အဲ့ဒီလိုဆို ပရိသတ္နားထဲေတာင္ေခ်ာေခ်ာေမြ႕ေမြ႕နဲ႕၀င္သြားဦးမယ္။ ကၽြန္ေတာ္ကို႕ရိုးကားရားျဖစ္ေအာင္ေလွ်ာက္ဖန္တီးထားတာပါ။ အဲ့ဒီေတာ့သီခ်င္းနဲ႕ပတ္သက္ၿပီး ကၽြန္ေတာ္အဲ့ဒီေလာက္ပဲေျပာခ်င္ပါတယ္။ က်န္တာကေတာ့ ကိုယ္မွမဟုတ္တာ သူတို႕ကိုယ့္လိုဘယ္ျမင္ပါ့မလဲဆိုတဲ့ အေတြးနဲ႕ပဲကၽြန္ေတာ္ေနတတ္ပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လူမှုကွန်ယက်ပေါ်တင်ပေးခဲ့တဲ့ ဒီလောက်နဲ့ပဲကျေနပ်ပါတယ် သီချင်းနဲ့ပတ်သက်ပြီး ပရိသတ်အများရဲ့ ဝေဖန်မှုအခံရဆုံးသူကတော့ ရဲရင့်အောင်ပါ။ အဆိုပါသီချင်းကို ဝေဖန်မှုတွေများတဲ့ကြားထဲကပဲ ကြည့်ရှုသူမြင့်မားခဲ့သလို အဆိုတော်ရဲရင့်အောင်ကိုလဲ မျက်ရည်ချူတဲ့အဆိုတော်၊ မားကတ်တင်းဆင်းတဲ့အဆိုတော်ဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဝေဖန်ခြင်းကို ခံခဲ့ရပါသေးတယ်။ ရဲရင့်အောင်ဟာ အားလုံးသိတဲ့အတိုင်း အရှေ့မှာ အသည်းကွဲထားခဲ့တဲ့ အခံကြောင့် အဆိုပါရက်ပိုင်းအတွင်းစိတ်ဖိစီးမှုများပြားခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်သူဟာ အခုနောက်ပိုင်းမှာလဲ တက်သစ်စ မော်လ်ဒယ်တစ်ယောက်နဲ့တွဲနေတယ်ဆိုတဲ့ သတင်းတွေပရိသတ်ကြားမှာ သို့လောသို့လောပျံ့နှံ့ခဲ့သလို အထင်လွဲစရာအချို့ကြောင့်လဲ သူ့ရဲ့အချစ်ရေး၊ ဂီတ၊ ဖက်ရှင်ပိုင်းအစစအရာရာမှာ လူအများ ဝေဖန်စရာတွေဖြစ်ခဲ့အတွက်သူရှိရာသို့သွားရောက်ပြီး ဝေဖန်မှုများအပေါ် စိတ်ခံစားချက်များနဲ့လက်ရှိဂီတလှုပ်ရှားမှုများကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ဘာတွေလုပ်ဖြစ်နေလဲ။

ကျွန်တော့်ဒုတိယအခွေအတွက် ပြင်ဆင်နေတယ်။ သီချင်းတွေရေးတယ်။ အဲ့ဒီသီချင်းတွေကို ဘယ်လိုဖန်တီးရမလဲဆိုတာကို သူငယ်ချင်းတွေနဲ့တိုင်ပင်တယ်။ နောက်ပြီးလိုအပ်တာလေးတွေလုပ်ဖြစ်နေတယ်။

-ဒုတိယအခွေကရော ပထမအခွေနဲ့ဘာတွေကွာခြားချက်ရှိမလဲ။

ကျွန်တော်အရင်တုန်းက ဆိုနေကျပုံစံ၊ ကျွန်တော်သီချင်းရေးနေကျပုံစံကနေပဲ တစ်ခုခုခွဲထွက်သွားတာပဲဖြစ်မှာပါ။ ကျွန်တော့်ပုံစံကိုပဲ အပြောင်းအလဲတွေအများကြီးဖြစ်အောင်လုပ်ထားပါတယ်။ သီချင်းကလောလောဆယ် ၁၁ ပုဒ်လောက်ထည့်ဖို့စဉ်းစားထားတယ်။ တစ်ခွေလုံးကို ကျွန်တော်ပဲရေးတာပါ။ ဒါပေမဲ့ ကိုဝေလရေးထားတဲ့တစ်ပုဒ်တော့ပါတယ်။ Featuring အနေနဲ့ကလောလောဆယ် အပြင်ကသူငယ်ချင်းတွေကိုတော့ မပြောရသေးဘူး။ ကျွန်တော်နဲ့လက်တွဲလုပ်နေတဲ့ သူငယ်ချင်းတွေပဲ စီမံခန့်ခွဲပြီး နေရာချရသေးပါတယ်။ တခြားအပြင်က Featuring သူငယ်ချင်းတွေတော့ မခေါ်ရသေးပါဘူး။

-ဘယ်လောက်လောက်ပြီးသွားပြီလဲ။

သီချင်းရေးတဲ့အပိုင်းက တစ်ဝက်ကျော်ကျော်ပြီးသွားပါပြီ။ ဒါပေမဲ့သီချင်းပုံစံက ဘယ်လိုပုံစံတီးရင်ကောင်းမလဲ။ ဘယ်လိုပုံစံဖန်တီးရင်ကောင်းမလဲက လုပ်နေဆဲပဲပေါ့။ ကျွန်တော်ဒီနှစ်ထဲမှာ ထွက်နိုင်အောင်ကြိုးစားမှာပါ။

-ဒုတိယအခွေမထွက်သေးခင် စပ်ကြားမှာရော အွန်လိုင်းကနေကြားညှပ်ပြီး တင်ပေးဖို့အစီအစဉ်ရှိမလား။

တင်ချင်တဲ့စိတ်ကူးလေးတော့ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေအားလုံးက သီချင်းတွေအားလုံးလုပ်ပြီးသွားတော့မှ ဒီသီချင်းလေးတော့ ငါပရိသတ်ကိုပေးမယ်။ ဘယ်သီချင်းကိုတော့ မတင်ပေးသေးဘူးဆိုတာမျိုးဖြစ်လာမှာဆိုတော့ အရင်ဆုံး လုပ်နေတဲ့သီချင်းတွေပြီးအောင်ပဲကြိုးစားနေပါတယ်။

-အရှေ့မှာတင်ခဲ့တဲ့ ဒီလောက်နဲ့ပဲကျေနပ်ပါတယ်။ သီချင်းရဲ့ အောင်မြင်မှုအပေါ်မှာရော ဘယ်လိုခံစားရလဲ။

အဲ့ဒီသီချင်းနဲ့ပတ်သက်ပြီးတော့ ဝမ်းသာတယ်။ ပျော်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်တစ်ယောက်တည်းဖန်တီးခဲ့တာမဟုတ်ဘူး။ ကျွန်တော့်သူငယ်ချင်းတွေဘေးနားကနေအိပ်ရေးပျက်ခံပြီး ဝိုင်းဖန်တီးပေးကြတယ်။ ကျွန်တော့်သူငယ်ချင်းတွေလဲအရမ်းပင်ပန်းပါတယ်။ အဲ့ဒါကို ပရိသတ်လက်ခံတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာပါတယ်။ နောက်အလုပ်တွေဆက်ပြီးတော့ လုပ်ဖို့လဲ အရမ်းအားရှိပါတယ်။

-အဲ့ဒီသီချင်းက ဒုတိယအခွေထဲမှာ ပါမဲ့ သီချင်းလား။

ဟုတ်တယ်။ ဒုတိယအခွေထဲမှာ ပါမှာပါ။

-တချို့ပရိသတ်တွေကျတော့လဲ ဒီသီချင်းနဲ့ပတ်သက်ပြီး မျက်ရည်ချူတယ်။ မားကတ်တင်းဆင်းတယ်ဆိုပြီး ဝေဖန်ကြတဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။

ဘယ်လိုပြောမလဲ။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူဘူးလေ။ အမြင်ကလဲတူချင်မှတူမယ်။ လူဆိုတာ အကြောင်းအရာအကုန်လုံးကိုမသိနိုင်ဘူးလေ။ သိသလောက်နဲ့ပြောတယ်။ ကျွန်တော့အတွက်ကတော့ ဘာမှပြသနာမရှိပါဘူး။ ကျွန်တော်သိတာက ဒီသီချင်းအပေါ်မှာ ကျွန်တော်တို့အားလုံး စေတနာအများကြီးထားပြီးလုပ်လိုက်တယ်။ အဲ့ဒီအတွက်ကျေနပ်တယ်။

-ဒုတိယအခွေမှာရော အချစ်သီချင်း၊ အသည်းကွဲသီချင်း၊ ဘဝနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆို ဘယ်ဟာပိုများမလဲ။

အချစ်သီချင်းတစ်ဝက်၊ အခြားဆန်းကြတယ်တဲ့အကြောင်းအရာတွေတစ်ဝက်ပါပါတယ်။ ဘဝနဲ့ပတ်သက်တာလေးတွေလဲပါပါတယ်။

-ပြီးခဲ့တဲ့ ချစ်သူများနေ့ကိုရော ဘယ်လိုမျိုးဖြတ်သန်းဖြစ်ခဲ့လဲ။

ချစ်သူများနေ့က အိပ်ရေးပျက်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီနေ့ရှိုးမှာဆိုဖို့အတွက်သီချင်းတိုက်တာ မိုးပါလင်းသွားတယ်။ အစောကြီးပြန်ထရတယ်။ နေမကောင်းပေမဲ့ သီချင်းသွားဆိုရတယ်။ ပရိသတ်တွေနဲ့ဖြတ်သန်းတယ်။

-လူငယ်သဘာဝဖြတ်သန်းမှုအနေနဲ့ရော ဘာတွေလုပ်ခဲ့သေးလဲ။

ဘာမှမရှိပါဘူး။ ဘာမှမရှိဘူးဆိုတာ ကျွန်တော်အဲ့ဒီနေ့ညက သီချင်းမဆိုနိုင်မှာကို အရမ်းစိတ်ပူတယ်။ ကျွန်တော့် Valentine’s က အမြဲတမ်း အဲ့ဒီတိုင်းပါပဲ။ ကျွန်တော့ ပရိသတ်တွေကတော့ ချောကလက်တွေ၊ စာအုပ်တွေပေးကြတယ်။

-ကိုယ်ကိုတိုင်ကရော သူများကိုပေးဖြစ်သေးလား။

ကျွန်တော် ဒီနှစ်ပရိသတ်တွေကိုဘာမှမပေးဖြစ်ဘူး။ နေမကောင်းဘူး။ အားမရှိဘူး။ သီချင်းမဆိုနိုင်ဘူး။ အဲ့ဒီစိတ်ကြီးနဲ့ဆိုတော့ တခြားဟာတွေမလုပ်ဖြစ်လိုက်ဘူး။

-ချစ်သူများနေ့ကတင်တဲ့အကျီၤဆင်တူနဲ့ပုံကြောင့် ပရိသတ်တွေသို့လောသို့လောဖြစ်ခဲ့ရတယ်။ အဲ့ဒီပုံကို နှစ်ယောက်စလုံးတင်ပြီး ပြန်ဖျက်သွားကြတာကိုတွေ့ရတယ်။

ကျွန်တော်အဲ့ဒီအကျီ်မှာပါတဲ့ စာသားလေးက မင်းကြိုက်ခဲ့သမျှအကုန်လုံးကို ငါလွန်ခဲ့တဲ့ငါးနှစ်ကကြိုက်ခဲ့ပြီးသားဆိုတဲ့စာသားလေး ကျွန်တော်အရမ်းကြိုက်တယ်။ အဲ့ဒီအကျီၤက Trend ကထုတ်တာပါ။ ကိုဝေမင်းမောင်တို့နဲ့ရင်းနှီးနေတော့ ကျွန်တော်အဲ့ဒီအကျီၤကိုအရမ်းကြိုက်တယ်။ အရမ်းလဲလိုချင်တယ်။ ဒါပေမဲ့အဲ့ဒီအကျီၤက couple အတွက်ထုတ်တာပါ။ ဒါပေမဲ့ ကြိုက်လွန်းလို့ကို ချစ်သူများနေ့မတိုင်ခင် တခြားအကျီ်တွေသွားအားပေးရင်းနဲ့အဲ့ဒီအကျီၤလေးကိုလက်ဆောင်တောင်းလာခဲ့တယ်။ အဲ့ဒါနဲ့ရှိုးဆိုပြီးတဲ့အချိန်မှာ ရှိုးဆိုတဲ့အဝတ်အစားတွေချွတ်ပြီး အဲ့ဒီအကျီၤကိုလဲဝတ်ပြီး ဓာတ်ပုံရိုက်တင်လိုက်တယ်။ အဲ့ဒီမှာ အဲ့ဒီလိုဖြစ်သွားတယ်။

-အဲ့ဒါဆို ဟိုတစ်ယောက်နဲ့ဘာမှမဆိုင်ဘူးပေါ့။

ဆိုင်တယ်ဆိုလဲ အကျီ်ၤဆင်တူကြီးဝတ်ပြီး လက်တွဲပြီးသွားနေတာမဟုတ်ဘူးလေ။ အဲ့ဒီအကျီ်ကိုဝတ်ခဲ့တယ်ဆိုတာ အဲ့ဒီစာသားကို တကယ်ကြိုက်လို့ပါ။ ပြီးတော့ တစ်ဖက်ကပုံတင်တာကိုလဲကျွန်တော်မသိလိုက်ပါဘူး။ သိသိချင်းပြန်ဖျက်ပါတယ်။ သူလဲသိသိချင်းပြန်ဖျက်သွားတယ်ထင်တယ်။

-အရင်ကတည်းက သူငယ်ချင်းလို့လဲသိရတယ်။ အခုကျတော့ရော။

လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သူငယ်ချင်းတွေပါ။ အခုလဲသူငယ်ချင်းတွေပါပဲ။

-အခုလက်ရှိကရော ကျန်းမာရေးကကောင်းသွားပြီလား။

ကောင်းသွားပြီ။ ဒီ့ထက်ပိုကောင်းအောင်လဲကြိုးစားနေပါတယ်။

-အရင်ကထက် ပိုပိန်သွားတယ်နော်။

ကျွန်တော်အရင်တုန်းက အားကစားတော်တော်လုပ်ပါတယ်။ ဒါပေမဲ့ ဒုတိယအခွေစလုပ်တဲ့အချိန်မှာ အစားအသောက်မမှန်တော့ဘူး။ ကျွန်တော့်မှာအစာအိမ်ရောဂါလဲရှိတဲ့အခါကျတော့ အစားအသောက်မမှန်တဲ့အခါ ပိန်ကျသွားတာပေါ့။

-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။

အချစ်ရေးနဲ့ပတ်သက်ပြီးတော့ စာမျက်နှာတွေပေါ်မှာ ဘာမှမပြောချင်တော့ပါဘူး။ ကျွန်တော်က ကျွန်တော့်ပရိသတ်တွေသိပါတယ်။ ဘယ်အရာကိုမှလျှို့ဝှက်ပြီး ဖုံးကွယ်ပြီး နေတဲ့သူမဟုတ်ပါဘူး။ အားလုံးကိုပေါ်တင်လုပ်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လိပ်ပြာလုံရင်အားလုံးကိုပေါ်တင်လုပ်ပါတယ်။

-အချစ်ကရော အစ်ကို့ဘဝအတွက်ဘယ်လောက်ထိအရေးပါလဲ။

အရေးမပါဘူးလို့အမြဲတမ်းသတ်မှတ်ခဲ့တယ်။ အရင်တုန်းကပေါ့။ အလုပ်ပဲခေါင်းထဲထည့်တယ်။ အလုပ်ကောင်းကောင်းမွန်မွန်ကြိုးစားမှ ကျွန်တော့်မိသားစုနဲ့ကျွန်တော့ဘေးမှာရှိလာမဲ့သူတွေကိုကောင်းကောင်းမွန်မွန်ထားနိုင်မယ်ဆိုပြီး တော့ကျွန်တော်အလုပ်ပဲကြိုးစားတယ်။ ဒါပေမဲ့အချစ်ကိုပေါ့ပေါ့ပဲထားခဲ့ပေမဲ့ အချစ်ကလဲအရေးကြီးတယ်လို့ထင်ပါတယ်။

-အခုလက်ရှိက Single လား။

ဟုတ်။ တစ်ယောက်တည်းပဲလေ။ အမှန်အတိုင်းပြောရရင်တော့ Relatonship နဲ့ပတ်သက်ပြီး ကျွန်တော် မပြောချင်ပါဘူး။ Single ဆိုရင်လဲဒီအရွယ်ကြီး single လားဆိုပြီး ဟုတ်လို့ဖြေပေမဲ့ ကျွန်တော်ကိုယ့်ကိုကိုယ်သိမ်ငယ်သွားတယ်။ ရည်းစားရှိလို့ရှိတယ်လို့ဖြေပြန်ရင်လဲတစ်ဖက်မှာတခြားတစ်ယောက်ပါလာတဲ့အတွက်ကျွန်တော်မထိခိုက်စေချင်တဲ့အတွက် Relationship နဲ့ပတ်သက်ပြီး အဲ့ဒီလိုကြီးမဖြေချင်ပါဘူး။

-လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ခံရလွန်းတဲ့သူတွေထဲမှာ အစ်ကိုကပါနေတဲ့အခါကျတော့ အခုလဲ မေးစိက အရမ်းချွန်လွန်းနေတယ်။ ပြင်ထားတာဆိုပြီး အသံတွေထပ်ထွက်လာပြန်တယ်။ အဲ့ဒါလေးကိုလဲ ပြောပြပေးပါဦး။

မေးစိနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားတွေမိတ်ဆက်ပွဲမှာ ကျွန်တော်တစ်ခါဖြေရှင်းပြီးသွားပါပြီ။ ဘာမှတော့ထပ်ပြောစရာမရှိပါဘူး။ ကျွန်တော် ၂၀၁၂ မှာအမုန်းဒိုင်ယာရီ အခွေထွက်တယ်။ အဲ့ဒီကတည်းက အဲ့အတိုင်းပါပဲ။ အရမ်းပိန်သွားရင်မေးစိကချွန်လာရော အဲ့ဒီတော့ ကျွန်တော့်တာဝန်က မပိန်အောင်နေရမှာပါပဲ။ မပိန်ရင် မေးချွန်တော့မှာမဟုတ်ပါဘူး။ မေးစိမပြင်ထားပါဘူး။ ဒါပေမဲ့ အမေနဲ့လိုက်သွားပြီး မေးစိလေးကိုဆေးထိုးဖူးပါတယ်။ ဒါပေမဲ့ခွဲစိတ်တာ၊ ဗွီရှိတ်လုပ်တာတို့မလုပ်ဖူးပါဘူး။ အဲ့ဒီလိုလုပ်ရင် ကြွက်သားတွေချေလိုက်ရတာလို့ကြားဖူးတယ်။ အဲ့ဒါဆိုကျွန်တော်သီချင်းဆိုလို့ရတော့မှာမဟုတ်ပါဘူး။

-အခုနောက်ပိုင်း လူမှုကွန်ယက်ပေါ်မှာ ဝေဖန်အခံရဆုံး သူတစ်ယောက်အနေနဲ့ဒီလိုဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေခံရတဲ့အခါမှာရော ကိုယ့်ကိုကိုယ်ဘယ်လိုစိတ်ထားပြီးနေဖြစ်လဲ။

ချစ်တဲ့သူကချစ်လိမ့်မယ်။ မချစ်တဲ့သူကတော့ မချစ်ဘူးပေါ့။ ကျွန်တော်လဲအကုန်လုံးကိုမြင်နေရပါတယ်။ တချို့ကျတော့လဲ တခြားဟာတွေဝေဖန်ကြတယ်။ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့ သီချင်းတွေနဲ့ပတ်သက်ပြီးတော့ မျက်ရည်ချူတယ်လို့ကျွန်တော့ကိုပြောတယ်။ နောက်ပြီး မားကတ်တင်းဆင်းတာအရမ်းတောတယ်လို့ကျွန်တော့ကိုပြောတယ်။ တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်ဒီသီချင်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့ထဲကရေးထားတယ်ဆိုတဲ့အကြောင်းကိုလဲတင်ထားပြီးပြီ။ သီချင်းကို အမ်တီဗီ share တဲ့နေ့ကလဲ ကျွန်တော်တင်ထားပါတယ်။ အားလုံးပြီးပြီ။ ကျွန်တော့်ကို အဲ့ဒီအကြောင်းတွေမပြောနဲ့တော့ ပြီးပြီလို့ပြောထားတယ်။ သီချင်းကို သီချင်းလို့ပဲမြင်စေချင်တယ်။ ပရိသတ်ဆီကသနားတာတို့တစ်ခုခုလိုချင်ခဲ့တယ်ဆိုရင်အဲ့ဒီသီချင်းကို ဒုက္ခခံပြီး ကျွန်တော့်သူငယ်ချင်းတွေကိုဒုက္ခပေးပြီး အဲ့ဒီလိုဖြစ်အောင်ဖန်တီးစရာမလိုဘူး။ ကျွန်တော်ဂစ်တာလေးတစ်လက်နဲ့ပဲဆိုလို့ရတယ် ။အဲ့ဒီလိုဆို ပရိသတ်နားထဲတောင်ချောချောမွေ့မွေ့နဲ့ဝင်သွားဦးမယ်။ ကျွန်တော်ကို့ရိုးကားရားဖြစ်အောင်လျှောက်ဖန်တီးထားတာပါ။ အဲ့ဒီတော့သီချင်းနဲ့ပတ်သက်ပြီး ကျွန်တော်အဲ့ဒီလောက်ပဲပြောချင်ပါတယ်။ ကျန်တာကတော့ ကိုယ်မှမဟုတ်တာ သူတို့ကိုယ့်လိုဘယ်မြင်ပါ့မလဲဆိုတဲ့ အတွေးနဲ့ပဲကျွန်တော်နေတတ်ပါတယ်။

-နောက်တစ်ခုက အစ်ကို့ကိုလူရွှင်တော်ကြာစိနဲ့တူတယ်ဆိုပြီး နောက်ကြတာမျိုးရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုခံစားရလဲ။

ကိုကြာစိတို့နောက် 5 Stars ဆိုတာ ကျွန်တော်အရမ်းကြိုက်တယ်။ အပြောင်အပျက်တွေကိုသဘောကျတယ်။ ဦးကြင်ဝှက်နဲ့လဲရိုက်ဖူးတယ်။ သဘောကျတယ်ပေါ့။ သူတို့နဲ့အပြင်မှာဆုံရင်လဲ ပျော်ပျော်ပါးပါးပဲနေတယ်။ ကျွန်တော်က လူတစ်ယောက်ခံစားချက်အနေနဲ့ပြောရရင် ကျွန်တော့်ကို တခြားလူတစ်ယောက်နာမည်နဲ့ပြောတာကိုမကြိုက်ဘူး။ ကိုကြာစိမို့လို့မဟုတ်ဘူး။ ကျွန်တော့်ကို တခြားတစ်ယောက်နာမည်နဲ့ခေါင်းစဉ်တတ်တာမကြိုက်ဘူး။ သူ့အတွက်လဲမကောင်းဘူး။ ကျွန်တော်ကရဲရင့်အောင်ပဲ။ တခြားသူဘယ်တော့မှလဲဖြစ်မှာမဟုတ်ပါဘူး။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top