iMyanmarHouse.com - Best Property Website for Myanmar
×

ေဗဒင္ဆရာေတြဆီကို အမ်ားဆံုးလာၾကတဲ့ ဧည့္သည္ေတြထဲမွာ အမ်ားဆံုးက အိမ္ေထာင္ေရး အခ်စ္ေရးကိစၥ ေတြမ်ားတယ္။ လက္ရွိ အိမ္ေထာင္ေရး အဆင္မေျပ ျဖစ္ေနတဲ့ သူေတြပါတယ္။ တစ္ခ်ိဳ႕ၾကေတာ့လည္း မိမိ အိမ္ေထာင္ေရးကို အဆင္မေျပ ျဖစ္လာမွာကို စိုးရိမ္တဲ့လူေတြပါတယ္။ ေယာကၤ်ားအိမ္ကေန ဆင္းသြားလို႔ ၊ မိန္းမ အိမ္ကေန ဆင္းသြားလို႔ အစံုပါပဲ။

တစ္ခ်ိဳ႕အိမ္ေထာင္ မက်ေသးတဲ့ လူေတြၾကေတာ့လည္း အခ်စ္ေရးေပါ့။ အခ်စ္ကို ကိုးကြယ္ေနၾကတဲ့ သူေတြေပါ့။ မ်ားေသာအားျဖင္းအသက္(၂၀) ပါတ္၀န္းက်င္ အရြယ္ေတြမ်ားတယ္။ သူတို႔ေတြ ေမးေနက် ေမးခြန္းေတြက အခု အခစ္ေရးေကာင္းလားတဲ့။ ခ်စ္သူနဲ႔ ဒီႏွစ္ အဆင္ေျပမွာလားတဲ့။ ခ်စ္သူက ကိုယ့္ကို တကယ္ခ်စ္ရဲ့လား။ ခ်စ္သူနွင့္ ဖူးစာပါရဲ့လား။ ဘယ္ေတာ့ လက္ထပ္ျဖစ္မလဲ။ အခ်စ္ေရးလည္း အစံုပါပဲ။

ေနာက္ ကြ်န္ေတာ္ လက္ရွိေနထိုင္ေနတဲ့ ထိုင္းႏိုင္ငံက ေရြ႕ေျပာင္း အလုပ္သမားေတြၾကားက အခ်စ္ေရး အိမ္ ေထာင္ေရး ကိစၥေတြဟာ တစ္ခါတစ္ေလ ကံၾကမၼာေၾကာင့္ ျဖစ္တယ္လို႔ ဆိုေပမယ့္ မ်ားေသာအားျဖင့္ ကေတာ့ ကိုယ္ညံ့လို႔ ကိုယ္ခံရတာေတြရယ္ ၊ အေတြးအေခၚ ဗဟုသုတနည္းတာရယ္ ၊ ပညာမတတ္တာေတြကို အေျခခံတာမ်ားတယ္။ ေနာက္တစ္ခုက ပတ္၀န္းက်င္ရဲ့ လႊမ္းမိုးမွဳ႕နဲ႔ ဘ၀နဲ႔ရင္းၿပီး ရလာတဲ့ သခၤန္းစာေတြ မရွိတာေၾကာင့္ မ်ားမယ္ထင္တယ္။

အမွန္အတိုင္းေျပာရရင္ ကြ်န္ေတာ္ရဲ့ ေဗဒင္ေဟာခန္ေလးထဲမွာ ေန႔စဥ္ႏွင့္အမွ် အိမ္ေထာင္ေရးကိစၥ အခ်စ္ေရး ကိစၥေတြနဲ႔ ကင္းလြတ္တဲ့ေန႔ရယ္လို႔ မရွိသေလာက္ပါပဲ။ကြ်န္ေတာ္ဟာ ေန႔စဥ္ေန႔တိုင္း ဒီအိမ္ေထာင္ေရး အခ်စ္ ေရး ကိစၥေတြကို ႀကံဳႀကိဳက္ရတာမ်ားတယ္။ ေရြ႕ေျပာင္းအလုပ္သမားေတြဟာ မ်ားေသာအားျဖင့္ ပညာေရး အဆင့္အတန္း နိမ္က်တာမ်ားတယ္။ ပညာတတ္ေတြနည္းတယ္။ (၅)တန္းေအာင္ဆိုတာ အမ်ားဆံုးပဲ။ ေတာ္ေတာ္မ်ားမ်ားက ကိုယ့္နာမည္ေတာင္ ကိုယ္ေကာင္းေကာင္း မရးတတ္ၾကဘူး။

မ်ားေသာအားျဖင့္ အသက္ (၁၆)ႏွစ္ေလာက္ ေက်ာ္လာဂင္ပဲ အိမ္ေထာင္ျပဳဖို႔ စဥ္းစားေနၾကၿပီ။ မဂၤလာေဆာင္ေတြ ဖိတ္လို႔ သြားရၿပီဆိုရင္ သတိုးသားနဲ႔ သတိုးသမီးက ႏွစ္ေယာက္ေပါင္းမွ အသက္က(၃၀) ဆိုေတာ့ ငယ္ရြယ္လြန္းတဲ့ သူတို႔ေလးေတြရဲ့ အိမ္ေထာင္ေရး ေရရွည္မတည္တန္႔မွာကို စိုးရိမ္မိတယ္။ မ်ားေသာ အားျဖင့္ကေတာ့ အိမ္ေထာင္ေရး အဆင္မေျပတာက မ်ားပါတယ္။ ေတာ္ေတာ္ မိဘ အုပ္ထိန္းမႈ႕ ေကာင္းတဲ့ သူေတြေလာက္ပဲ အဆင္ေျပၾကတာ။

ေနာက္တစ္ခုက ဘာသာေရးႏွင့္ ကင္းကြာေနတာကလည္း သူတို႔အတြက္ အဆင္မေျပမႈ႕ တစ္ခုပါပဲ။ မ်ားေသာ အားျဖင့္ ဘာသာတရားကို နက္နက္႐ႈိင္း ယံုၾကည္ကိုးကြယ္ ေနတဲ့သူဟာ အမွား လုပ္တာနည္းတတ္တယ္။ သူရဲ့ မေကာင္းတဲ့ စိတ္ ေတာ္ေတာ္မ်ားမ်ားဟာ ဘာသာတရားရဲ့ ဆံုးမ သြန္သင္မႈ႕ေအာက္မွာ ယဥ္ေက်းသိမ္ေမြ႕ သြားတာမ်ားပါတယ္။ အခု ကြ်န္ေတာ္တို႔ ေနထိုင္ေနရတဲ့ ပါတ္၀န္းက်င္မွာ ဘယ္မွာလဲ ဘာသာေရး ဆံုးမမႈ႕။ တစ္ခါတစ္ေလေလာက္မွ ျမန္မာျပည္က ဘုန္းေတာ္ႀကီးေတြ ပင့္ၿပီး တရားပြဲ က်င့္ပၾကတာ။ ဒါေတာင္ တရားပြဲ ကို မလာႏိုင္ၾကတဲ့ လူက မ်ားပါတယ္။

ေနာက္ဒီမွာက သူ႕လင္ကို ငါခိုး သူ႔မယားကို ငါကလု။ ဒီလို အျဖစ္အပ်က္ေတြက အေတာ္မ်ားတယ္။ အဓိကတ ရားခံကေတာ့ လက္ကိုင္ဖံုးပါ။ဖံုနံပါတ္ရၿပီးဖံုးထဲကေနခ်စ္သူရည္းစားေတြ ျဖစ္သြားၾကတာက အမ်ားစုပဲ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ျမင္ေတာင္မျမင္ဘးူဘူး။ ေန႔တိုင္း ဖံုးေတြဆက္ၾက စကားေတြေျပာၾကနဲ႔။ ၾကာေတာ့ သံေယာဇဥ္ေတြ ျဖစ္ၾကေရာ။ ဖံုးစကားမေျပာရရင္ေတာင္ သူတို႔မွာ မေနႏိုင္ေလာက္ေအာင္ စြဲလမ္းသြားၾကတာ။

အျပင္မွာေတြ႕ၾက ရေအာင္လို႔လည္း ခ်ိန္းေရာ ေကာင္ေလးက အသက္(၁၈) ေကာင္မႀကီးက အသက္(၄၀) ။ ဟာ ႐ႈပ္ကုန္ေရာ။ တစ္ခါတစ္ေလက်ေတာ့လည္း ေကာင္မေလးက ငယ္ငယ္ ေကာင္ႀကီးက အသက္(၅၀) ၊ တစ္ခါတစ္ေလၾက အိမ္ေထာင္လက္ရွိ ရွိေနတဲ့ သူေတြ ။ အို အစံုပါပဲ။ အဲဒီလို အေျခအေနနဲ႔ေတြ႕ၾက ဆံုၾကရတဲ့ သူတို႔ေတြရဲ့ အခ်စ္ေရး အခမ္ေထာင္ေရး ဘယ္လို သာယာၾကပါ့မလဲ။ ထားပါေတာ့...

ေနာက္ဆံုးၾကေတာ့ ေဗဒင္ဆရာဆီ ေရာက္လာၿပီ။ ဆရာရယ္ အဆင္ေျပေအာင္ လုပ္ေပးပါတဲ့။ ကဲ..ဒါဆို နင့္ေယာကၤ်ားက ဘာေန႔သားလည္းဆိုေတာ့ မသိဘူးတဲ့။ အဲဒီေလာက္ ကိုယ့္ေယာက္်ား အေၾကာင္း ကိုယ္သိ တာ။ ကိုယ့္ေယာက္်ားက ဘာေန႔သားလည္း ၊ ဘယ္ဇာတိလည္း၊ သူမိဘက ဘာမ်ိဳး႐ိုးလည္း ၊ တစ္ခုမွကို မသိတာ။ ကရင္မွန္းမသိ ၊ ဗမာမွန္းမသိ။ မြန္လား ရွမ္းလား လံုး၀ မကြဲျပားဖူး။

အခု ကြ်န္ေတာ္အဓိက ေျပာခ်င္တာက အိမ္ေထာင္ေရး အဆင္မေျပဘူး။ ကိုယ့္ေယာက်္ား ကိုယ့္အနားကို အနားမကပ္ဘူးဆိုရင္ ေအာက္ပါ ယၾတာနည္းအတိုင္း ေဆာင္ရြက္ၾကည့္လိုက္ပါ။ အနားမကပ္တဲ့ လင္ အနားမွာကပ္ၿပီး အၿမဲတမ္း ခ်စ္ခ်စ္ခင္ ျဖစ္သြားပါတယ္ ဆိုတာကို ေစတနာေကာင္းျဖင့္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

လင္ေယာက္်ားကိုယ့္အနားကပ္ေအာင္

လင္ဗန္းထဲမွာ မိမိ၀တ္ေနက် နားကပ္ကိုထည့္ပါ။ ေရသန္႔တစ္ဗူးေလာက္ ေလာင္းထည့္လိုက္ပါ။ ၿပီးရင္ အဲဒီနားကပ္ေရစိမ္ကိုမိမိလင္ေယာက္်ားကိုတိုက္ပါ။ဒါမွမဟုတ္မိမိလင္ေယာက္်ား ေသာက္တတ္တဲ့
 ေရထဲမွာ ထည့္ထားလိုက္ပါ။ ဒါမွမဟုတ္ အဲဒီေရနဲ႔ ထမင္းဟင္းခ်က္ၿပီး ကိုယ့္ေယာကၤ်ားကို
 ေကြ်းေမြးပါ။ ဒါဆိုရင္ ကိုယ့္အနားကို လံုး၀ မကပ္တဲ့ လင္ အရမ္းကပ္ အရမ္းခ်စ္သြားပါေၾကာင္း...

သင္တို႔၏အက်ိဳးကို ထာ၀စဥ္လိုလားေသာေစတနာေကာင္းျဖင့္.....

Credit:Hein Tint Zaw

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဗေဒင်ဆရာတွေဆီကို အများဆုံးလာကြတဲ့ ဧည့်သည်တွေထဲမှာ အများဆုံးက အိမ်ထောင်ရေး အချစ်ရေးကိစ္စ တွေများတယ်။ လက်ရှိ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေတဲ့ သူတွေပါတယ်။ တစ်ချို့ကြတော့လည်း မိမိ အိမ်ထောင်ရေးကို အဆင်မပြေ ဖြစ်လာမှာကို စိုးရိမ်တဲ့လူတွေပါတယ်။ ယောင်္ကျားအိမ်ကနေ ဆင်းသွားလို့ ၊ မိန်းမ အိမ်ကနေ ဆင်းသွားလို့ အစုံပါပဲ။

တစ်ချို့အိမ်ထောင် မကျသေးတဲ့ လူတွေကြတော့လည်း အချစ်ရေးပေါ့။ အချစ်ကို ကိုးကွယ်နေကြတဲ့ သူတွေပေါ့။ များသောအားဖြင်းအသက်(၂၀) ပါတ်ဝန်းကျင် အရွယ်တွေများတယ်။ သူတို့တွေ မေးနေကျ မေးခွန်းတွေက အခု အခစ်ရေးကောင်းလားတဲ့။ ချစ်သူနဲ့ ဒီနှစ် အဆင်ပြေမှာလားတဲ့။ ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား။ ချစ်သူနှင့် ဖူးစာပါရဲ့လား။ ဘယ်တော့ လက်ထပ်ဖြစ်မလဲ။ အချစ်ရေးလည်း အစုံပါပဲ။

နောက် ကျွန်တော် လက်ရှိနေထိုင်နေတဲ့ ထိုင်းနိုင်ငံက ရွေ့ပြောင်း အလုပ်သမားတွေကြားက အချစ်ရေး အိမ် ထောင်ရေး ကိစ္စတွေဟာ တစ်ခါတစ်လေ ကံကြမ္မာကြောင့် ဖြစ်တယ်လို့ ဆိုပေမယ့် များသောအားဖြင့် ကတော့ ကိုယ်ညံ့လို့ ကိုယ်ခံရတာတွေရယ် ၊ အတွေးအခေါ် ဗဟုသုတနည်းတာရယ် ၊ ပညာမတတ်တာတွေကို အခြေခံတာများတယ်။ နောက်တစ်ခုက ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု့နဲ့ ဘဝနဲ့ရင်းပြီး ရလာတဲ့ သင်္ခန်းစာတွေ မရှိတာကြောင့် များမယ်ထင်တယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော်ရဲ့ ဗေဒင်ဟောခန်လေးထဲမှာ နေ့စဉ်နှင့်အမျှ အိမ်ထောင်ရေးကိစ္စ အချစ်ရေး ကိစ္စတွေနဲ့ ကင်းလွတ်တဲ့နေ့ရယ်လို့ မရှိသလောက်ပါပဲ။ကျွန်တော်ဟာ နေ့စဉ်နေ့တိုင်း ဒီအိမ်ထောင်ရေး အချစ် ရေး ကိစ္စတွေကို ကြုံကြိုက်ရတာများတယ်။ ရွေ့ပြောင်းအလုပ်သမားတွေဟာ များသောအားဖြင့် ပညာရေး အဆင့်အတန်း နိမ်ကျတာများတယ်။ ပညာတတ်တွေနည်းတယ်။ (၅)တန်းအောင်ဆိုတာ အများဆုံးပဲ။ တော်တော်များများက ကိုယ့်နာမည်တောင် ကိုယ်ကောင်းကောင်း မရးတတ်ကြဘူး။

များသောအားဖြင့် အသက် (၁၆)နှစ်လောက် ကျော်လာဂင်ပဲ အိမ်ထောင်ပြုဖို့ စဉ်းစားနေကြပြီ။ မင်္ဂလာဆောင်တွေ ဖိတ်လို့ သွားရပြီဆိုရင် သတိုးသားနဲ့ သတိုးသမီးက နှစ်ယောက်ပေါင်းမှ အသက်က(၃၀) ဆိုတော့ ငယ်ရွယ်လွန်းတဲ့ သူတို့လေးတွေရဲ့ အိမ်ထောင်ရေး ရေရှည်မတည်တန့်မှာကို စိုးရိမ်မိတယ်။ များသော အားဖြင့်ကတော့ အိမ်ထောင်ရေး အဆင်မပြေတာက များပါတယ်။ တော်တော် မိဘ အုပ်ထိန်းမှု့ ကောင်းတဲ့ သူတွေလောက်ပဲ အဆင်ပြေကြတာ။

နောက်တစ်ခုက ဘာသာရေးနှင့် ကင်းကွာနေတာကလည်း သူတို့အတွက် အဆင်မပြေမှု့ တစ်ခုပါပဲ။ များသော အားဖြင့် ဘာသာတရားကို နက်နက်ရှိုင်း ယုံကြည်ကိုးကွယ် နေတဲ့သူဟာ အမှား လုပ်တာနည်းတတ်တယ်။ သူရဲ့ မကောင်းတဲ့ စိတ် တော်တော်များများဟာ ဘာသာတရားရဲ့ ဆုံးမ သွန်သင်မှု့အောက်မှာ ယဉ်ကျေးသိမ်မွေ့ သွားတာများပါတယ်။ အခု ကျွန်တော်တို့ နေထိုင်နေရတဲ့ ပါတ်ဝန်းကျင်မှာ ဘယ်မှာလဲ ဘာသာရေး ဆုံးမမှု့။ တစ်ခါတစ်လေလောက်မှ မြန်မာပြည်က ဘုန်းတော်ကြီးတွေ ပင့်ပြီး တရားပွဲ ကျင့်ပကြတာ။ ဒါတောင် တရားပွဲ ကို မလာနိုင်ကြတဲ့ လူက များပါတယ်။

နောက်ဒီမှာက သူ့လင်ကို ငါခိုး သူ့မယားကို ငါကလု။ ဒီလို အဖြစ်အပျက်တွေက အတော်များတယ်။ အဓိကတ ရားခံကတော့ လက်ကိုင်ဖုံးပါ။ဖုံနံပါတ်ရပြီးဖုံးထဲကနေချစ်သူရည်းစားတွေ ဖြစ်သွားကြတာက အများစုပဲ။ တစ်ယောက်နဲ့ တစ်ယောက် မြင်တောင်မမြင်ဘးူဘူး။ နေ့တိုင်း ဖုံးတွေဆက်ကြ စကားတွေပြောကြနဲ့။ ကြာတော့ သံယောဇဉ်တွေ ဖြစ်ကြရော။ ဖုံးစကားမပြောရရင်တောင် သူတို့မှာ မနေနိုင်လောက်အောင် စွဲလမ်းသွားကြတာ။

အပြင်မှာတွေ့ကြ ရအောင်လို့လည်း ချိန်းရော ကောင်လေးက အသက်(၁၈) ကောင်မကြီးက အသက်(၄၀) ။ ဟာ ရှုပ်ကုန်ရော။ တစ်ခါတစ်လေကျတော့လည်း ကောင်မလေးက ငယ်ငယ် ကောင်ကြီးက အသက်(၅၀) ၊ တစ်ခါတစ်လေကြ အိမ်ထောင်လက်ရှိ ရှိနေတဲ့ သူတွေ ။ အို အစုံပါပဲ။ အဲဒီလို အခြေအနေနဲ့တွေ့ကြ ဆုံကြရတဲ့ သူတို့တွေရဲ့ အချစ်ရေး အခမ်ထောင်ရေး ဘယ်လို သာယာကြပါ့မလဲ။ ထားပါတော့...

နောက်ဆုံးကြတော့ ဗေဒင်ဆရာဆီ ရောက်လာပြီ။ ဆရာရယ် အဆင်ပြေအောင် လုပ်ပေးပါတဲ့။ ကဲ..ဒါဆို နင့်ယောင်္ကျားက ဘာနေ့သားလည်းဆိုတော့ မသိဘူးတဲ့။ အဲဒီလောက် ကိုယ့်ယောက်ျား အကြောင်း ကိုယ်သိ တာ။ ကိုယ့်ယောက်ျားက ဘာနေ့သားလည်း ၊ ဘယ်ဇာတိလည်း၊ သူမိဘက ဘာမျိုးရိုးလည်း ၊ တစ်ခုမှကို မသိတာ။ ကရင်မှန်းမသိ ၊ ဗမာမှန်းမသိ။ မွန်လား ရှမ်းလား လုံး၀ မကွဲပြားဖူး။

အခု ကျွန်တော်အဓိက ပြောချင်တာက အိမ်ထောင်ရေး အဆင်မပြေဘူး။ ကိုယ့်ယောကျ်ား ကိုယ့်အနားကို အနားမကပ်ဘူးဆိုရင် အောက်ပါ ယတြာနည်းအတိုင်း ဆောင်ရွက်ကြည့်လိုက်ပါ။ အနားမကပ်တဲ့ လင် အနားမှာကပ်ပြီး အမြဲတမ်း ချစ်ချစ်ခင် ဖြစ်သွားပါတယ် ဆိုတာကို စေတနာကောင်းဖြင့် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

လင်ယောက်ျားကိုယ့်အနားကပ်အောင်

လင်ဗန်းထဲမှာ မိမိဝတ်နေကျ နားကပ်ကိုထည့်ပါ။ ရေသန့်တစ်ဗူးလောက် လောင်းထည့်လိုက်ပါ။ ပြီးရင် အဲဒီနားကပ်ရေစိမ်ကိုမိမိလင်ယောက်ျားကိုတိုက်ပါ။ဒါမှမဟုတ်မိမိလင်ယောက်ျား သောက်တတ်တဲ့
 ရေထဲမှာ ထည့်ထားလိုက်ပါ။ ဒါမှမဟုတ် အဲဒီရေနဲ့ ထမင်းဟင်းချက်ပြီး ကိုယ့်ယောင်္ကျားကို
 ကျွေးမွေးပါ။ ဒါဆိုရင် ကိုယ့်အနားကို လုံး၀ မကပ်တဲ့ လင် အရမ်းကပ် အရမ်းချစ်သွားပါကြောင်း...

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသောစေတနာကောင်းဖြင့်.....


Credit:Hein Tint Zaw



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top