iMyanmarHouse.com - Best Property Website for Myanmar
×



Credit : Trend Myanmar



Unicode Version

Chewing gum (ပီကေ) က အစာစားလိုစိတ်ကို ထိန်းထားပေးတယ်၊ စိတ်ဖိစီးမှုသက်သာစေပြီး ထုတ်လုပ်မှု ပိုမိုကောင်းမွန်စေကြောင်း သက်သေပြထားပါတယ်။ သကြားကင်းတဲ့ chewing gum ဝါးနေသ၍တော့ သွားပိုးပေါက်တွေ မဖြစ်ပွားစေပါဘူး။ ထမင်းအစအနေတွေ တိုက်ထုတ်ပြီး သွားကြားတွေမှာ မပုပ်မသိုးအောင် ကာကွယ်ပေးတဲ့ သွားရည်ထုတ်လုပ်မှုကို လှုံ့ဆော်ဖြစ်ပွားစေကြောင်း အမေရိကန်နိုင်ငံသွားဘက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါပေမယ့် ပီကေမှာ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အချက်တစ်ချက်လည်း ရှိတယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ အချိန်ကြာမြင့်စွာ ထိတွေ့မှုက အထူးသဖြင့် မိမိစားတဲ့ အစားအသောက်ဆီက အာဟာရဓာတ်တွေ စုပ်ယူရာနေရာဖြစ်တဲ့ အူတွေအတွင်း အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဆဲလ်တွေအပေါ် ခွဲစိတ်ခန်းစမ်းသပ်မှုမှာ Binghamton တက္ကသိုလ်က သုတေသီတွေဟာ chewing gum ရှိ titanium oxide အမှုန်အမွှားလေးတွေနဲ့ထိတွေ့ခြင်းက အူဆဲလ်တွေကို သံဓာတ်၊ ဇင့်နဲ့ အဆီအက်ဆစ်တွေ စုပ်ယူဖို့ ပိုခက်ခဲစေကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ရာသီလာတဲ့အခါ သံဓာတ်ဆုံးရှုံးတဲ့ အမျိုးသမီးတွေကြား အာဟာရဓာတ်ချို့တည့်မှု ဖြစ်စေနိုင်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top