iMyanmarHouse.com - Best Property Website for Myanmar
×

Colgate သြားတုိက္ေဆးက ကမာၻတစ္ဝန္းအေက်ာ္ၾကားဆုံး သြားတိုက္ေဆးတစ္မ်ဳိးျဖစ္ျပီး လူေတာ္ေတာ္မ်ားမ်ားအသုံးျပဳတဲ့ ကုန္ပစၥည္းတစ္မ်ဳိးျဖစ္ပါတယ္။ သို႔ေသာ္လည္း ေလ့လာမႈတစ္ခုအရ Colgate သြားတုိက္ေဆးထဲမွာ ကင္ဆာေရာဂါနဲ႔ တျခားေရာဂါ အခ်ိဳ႕ ျဖစ္ပြားေစႏုိင္တဲ့ အႏၱရာယ္ေပးႏုိင္ေသာ Triclosa လုိ႔ေခၚတဲ့ ဓာတုပစၥည္းတစ္မ်ဳိးပါဝင္ေနတာကုိ ေတြ႔ရွိခဲ့ပါတယ္။

Chemical Research in Toxicology ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ မၾကာခင္က ျပဳလုပ္တဲ့ ေလ့လာမႈအရ ယင္းဓာတုပစၥည္းက ကင္ဆာဆဲလ္ဖြံ႔ျဖိဳးမႈကို အားေပးေၾကာင္းေတြ႔ရွိခဲ့ပါတယ္။ မၾကာေသးခင္ႏွစ္မ်ားအတြင္းက ျပဳလုပ္ခဲ့တဲ့ အမ်ဳိးမ်ဳိးေသာ ေလ့လာမႈမ်ားအရ ယင္းဓာတုပစၥည္းနဲ႔ က်န္းမာေရးအႏၱရာယ္မ်ား ဆက္စပ္ေနေၾကာင္းကို ရွင္းလင္းစြာ သက္ေသျပခဲ့ျပီးျဖစ္ပါတယ္။ Triclosa က အေရျပားထဲကို ျဖတ္သန္းသြားႏုိင္ျပီး ေဟာ္မုန္းလုပ္ငန္းစဥ္ကို ေႏွာင့္ယွက္ႏုိင္ပါတယ္။

ဒါ့အျပင္ ၂၀၀၈ ခုႏွစ္ကထုတ္ေဝခဲ့တဲ့ Environmental Health Perspectives  ဂ်ာနယ္ရဲ႕ စာတမ္းတစ္ေစာင္မွာ ေလ့လာမႈတြင္ပါဝင္သူဦးေရ( အသက္ ၆ ႏွစ္ သို႔မဟုတ္ ၆ ႏွစ္အထက္ လူေပါင္း ၂၅၁၇ ေယာက္) ၇၅%နီးပါးရဲ႕ ဆီးထဲမွာ triclosan ဓာတ္ကို ေတြ႔ရွိခဲ့တယ္လို႔ ဆုိပါတယ္။ Triclosan ဓာတ္ကို အဝတ္ေလွ်ာ္ဆပ္ျပာမ်ား၊ ခ်ဳိင္းလိမ္းဆီမ်ား၊ လက္သန္႔စင္ေဆးရည္မ်ား၊ ပိုးသတ္ေဆးမ်ားနဲ႔ အျခားလူသုံးမ်ားတဲ့ ပစၥည္းေတြမွာ ေတြ႔ရေလ့ရွိပါတယ္။ ဒီဓာတ္ကို ပမာဏ အမ်ားအျပားသုံးစြဲရင္ ကင္ဆာေရာဂါ ျဖစ္ေစႏုိင္တယ္လို႔ Chemical Research in Toxicology ဂ်ာနယ္ကျပဳလုပ္တဲ့ အျခားေလ့လာမႈတစ္ခုက ရွင္းျပထားပါတယ္။

သုေသတနမ်ားစြာနဲ႔ သက္ေသျပသခဲ့ေပမဲ့ Colgate အေနျဖင့္ ၎တုိ႔ရဲ႕ ပစၥည္းမ်ားက အႏၱရာယ္မရွိေၾကာင္း အခုိင္အမာေျပာေနဆဲျဖစ္ပါတယ္။ အခုခ်ိန္ထိသိရသေလာက္မွာ ကမာၻေပၚမွာ ကေနဒါႏုိင္ငံတစ္ခုတည္းကသာ Triclosan ဓာတ္ကို ပိတ္ပင္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Colgate သွားတိုက်ဆေးက ကမ္ဘာတစ်ဝန်းအကျော်ကြားဆုံး သွားတိုက်ဆေးတစ်မျိုးဖြစ်ပြီး လူတော်တော်များများအသုံးပြုတဲ့ ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်း လေ့လာမှုတစ်ခုအရ Colgate သွားတိုက်ဆေးထဲမှာ ကင်ဆာရောဂါနဲ့ တခြားရောဂါ အချို့ ဖြစ်ပွားစေနိုင်တဲ့ အန္တရာယ်ပေးနိုင်သော Triclosa လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။

Chemical Research in Toxicology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ ယင်းဓာတုပစ္စည်းက ကင်ဆာဆဲလ်ဖွံ့ဖြိုးမှုကို အားပေးကြောင်းတွေ့ရှိခဲ့ပါတယ်။ မကြာသေးခင်နှစ်များအတွင်းက ပြုလုပ်ခဲ့တဲ့ အမျိုးမျိုးသော လေ့လာမှုများအရ ယင်းဓာတုပစ္စည်းနဲ့ ကျန်းမာရေးအန္တရာယ်များ ဆက်စပ်နေကြောင်းကို ရှင်းလင်းစွာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ Triclosa က အရေပြားထဲကို ဖြတ်သန်းသွားနိုင်ပြီး ဟော်မုန်းလုပ်ငန်းစဉ်ကို နှောင့်ယှက်နိုင်ပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ်ကထုတ်ဝေခဲ့တဲ့ Environmental Health Perspectives  ဂျာနယ်ရဲ့ စာတမ်းတစ်စောင်မှာ လေ့လာမှုတွင်ပါဝင်သူဦးရေ( အသက် ၆ နှစ် သို့မဟုတ် ၆ နှစ်အထက် လူပေါင်း ၂၅၁၇ ယောက်) ၇၅%နီးပါးရဲ့ ဆီးထဲမှာ triclosan ဓာတ်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ Triclosan ဓာတ်ကို အဝတ်လျှော်ဆပ်ပြာများ၊ ချိုင်းလိမ်းဆီများ၊ လက်သန့်စင်ဆေးရည်များ၊ ပိုးသတ်ဆေးများနဲ့ အခြားလူသုံးများတဲ့ ပစ္စည်းတွေမှာ တွေ့ရလေ့ရှိပါတယ်။ ဒီဓာတ်ကို ပမာဏ အများအပြားသုံးစွဲရင် ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်လို့ Chemical Research in Toxicology ဂျာနယ်ကပြုလုပ်တဲ့ အခြားလေ့လာမှုတစ်ခုက ရှင်းပြထားပါတယ်။

သုသေတနများစွာနဲ့ သက်သေပြသခဲ့ပေမဲ့ Colgate အနေဖြင့် ၎င်းတို့ရဲ့ ပစ္စည်းများက အန္တရာယ်မရှိကြောင်း အခိုင်အမာပြောနေဆဲဖြစ်ပါတယ်။ အခုချိန်ထိသိရသလောက်မှာ ကမ္ဘာပေါ်မှာ ကနေဒါနိုင်ငံတစ်ခုတည်းကသာ Triclosan ဓာတ်ကို ပိတ်ပင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top