iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၇ခုႏွစ္ မတ္လ(၅)ရက္ေန႕ ထိုင္းႏိုင္ငံမွာ က်င္းပျပဳလုပ္မယ့္ Thailand National Film Association Awards သို႕ သရုပ္ေဆာင္ အဆိုေတာ္ စိုင္းစိုင္းခမ္းလိႈင္က တက္ေရာက္မယ္လို႕ သိရပါတယ္။ Thailand National Film Association Awards ပြဲကုိ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳက  K-Bank Siam Pic-Ganesha Theater မွာ က်င္းပျပဳလုပ္တာ ျဖစ္ၿပီး (၂၆)ႀကိမ္ေျမာက္ Thailand National Film Association Awards ေပးပြဲလည္း ျဖစ္ပါတယ္။ အဲ့ဒီဆုခ်ိီးျမွင့္ပြဲမွာ ျမန္မာႏိုင္ငံက သရုပ္ေဆာင္ႏွစ္ဦးျဖစ္တဲ့ စိုင္းစိုင္းခမ္းလိႈင္နဲ႕ ေနတိုးတို႕ ပါဝင္သရုပ္ေဆာင္ထားတဲ့  From Bangkok to Mandalay ရုပ္ရွင္ဇာတ္ကားက ဆန္ကာတင္ဆု(၅) ပါဝင္ေနတယ္လို႕ သိရပါတယ္။

အဲ့ဒီဆုေတြကေတာ့ အေကာင္းဆံုးအမ်ိဳးသားသရုပ္ေဆာင္ဆု၊ အေကာင္းဆံုးအမ်ိဳးသားဇာတ္ပို႕ဆု၊ အေကာင္းဆံုးရုပ္ရွင္ ဖန္တီးမႈပိုင္းဆိုင္ရာ ထူးခၽြန္ဆု၊ အေကာင္းဆံုး ဇာတ္ညႊန္းဆုနဲ႕ အေကာင္းဆံုး ေတးဂီတဆုဆိုၿပီး ဆုငါးဆုကေတာ့ ဆန္ခါတင္အျဖစ္ ေရြးခ်ယ္ခံထားရပါတယ္။ ထိုင္းႏုိင္ငံရဲ႕ အကယ္ဒမီထူးခၽြန္ဆုေပးပြဲအတြက္ စိုင္းစိုင္းခမ္းလိႈင္ဟာ အေကာင္းဆံုး အမ်ိဳးသားသရုပ္ေဆာင္ဆုေရြးခ်ယ္ခံရတာျဖစ္ၿပီး ေနတိုးကေတာ့ အေကာငး္ဆံုးအမ်ိဳးသား ဇာတ္ပို႕ဆုအတြက္ ေရြးခ်ယ္ခံထားရတယ္ျဖစ္တယ္လို႕ သိရပါတယ္။

From Bangkok To Mandalay ရုပ္ရွင္ဇာတ္ကားကို ဇာတ္လမ္းဇာတ္္ညႊန္း ဒါရိုက္တာ ထိုင္းလူမ်ိဳး ျဖစ္တဲ့ Chartchai Ketnust ကရိုက္ကူးထားၿပီး ေနတိုး၊ စိုင္းစိုင္းခမ္းလိႈင္၊ ဝတ္မံႈေရႊရည္ နဲ႕ ထုိင္းမင္းသမီး Pilaiporn Supinchompoo တို႕က အဓိက ပါဝင္သရုပ္ေဆာင္ထားျဖစ္ပါတယ္။ဘန္ေကာက္မွမႏၱေလးရုပ္ရွင္ဇာတ္ကားကေတာ့ ျမန္မာႏိုင္ငံတြင္ ေအာက္တိုဘာလက ရံုတင္ျပသခဲ့ၿပီး ႏုိဝင္ဘာလက ထိုင္းႏိုင္ငံမွာ ရံုတင္ျပသခဲ့ပါတယ္။

အဲ့လိုႏွစ္ဦးစလံုး အကယ္ဒမီ ဆန္ခါတင္စာရင္းထဲ ပါဝင္ေနေပမယ့္ စိုင္းစိုင္းကေတာ့ သူအကယ္ဒမီ မရႏုိင္ေၾကာင္းနဲ႕ ေနတိုးကို အကယ္ဒမီရေစခ်င္ေၾကာင္း သူ႕ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားထားပါေသးတယ္။

"ဆုရဖို႔ေတာ့ ကၽြန္ေတာ္အေနနဲ႔မေမွ်ာ္လင့္ႏိုင္ပါ။ ထိုင္းႏိုင္ငံက ဇာတ္ကားေတြအမ်ားႀကီး သ႐ုပ္ေဆာင္ေတြအမ်ားႀကီးၾကားထဲမွာ ကၽြန္ေတာ့္ကို အသိအမွတ္ျပဳ ဆန္ခါတင္ေရြးတာပဲ အတိုင္းထက္အလြန္ပါဗ်ာ။ Nominee ငါးေနရာပါတာမို႔ တျခားဆုေတြေတာ့ ရႏိုင္တယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ အထူးသျဖင့္ ကိုေနတိုး ရပါေစလို႔ ဆုေတာင္းပါတယ္ဗ်။" လို႕ သူရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၂၀၁၇ခုနှစ် မတ်လ(၅)ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Thailand National Film Association Awards သို့ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က တက်ရောက်မယ်လို့ သိရပါတယ်။ Thailand National Film Association Awards ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြိုက  K-Bank Siam Pic-Ganesha Theater မှာ ကျင်းပပြုလုပ်တာ ဖြစ်ပြီး (၂၆)ကြိမ်မြောက် Thailand National Film Association Awards ပေးပွဲလည်း ဖြစ်ပါတယ်။ အဲ့ဒီဆုချီးမြှင့်ပွဲမှာ မြန်မာနိုင်ငံက သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ နေတိုးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့  From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားက ဆန်ကာတင်ဆု(၅) ပါဝင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီဆုတွေကတော့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံးရုပ်ရှင် ဖန်တီးမှုပိုင်းဆိုင်ရာ ထူးချွန်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး တေးဂီတဆုဆိုပြီး ဆုငါးဆုကတော့ ဆန်ခါတင်အဖြစ် ရွေးချယ်ခံထားရပါတယ်။ ထိုင်းနိုင်ငံရဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် စိုင်းစိုင်းခမ်းလှိုင်ဟာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရွေးချယ်ခံရတာဖြစ်ပြီး နေတိုးကတော့ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုအတွက် ရွေးချယ်ခံထားရတယ်ဖြစ်တယ်လို့ သိရပါတယ်။

From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ ထိုင်းလူမျိုး ဖြစ်တဲ့ Chartchai Ketnust ကရိုက်ကူးထားပြီး နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည် နဲ့ ထိုင်းမင်းသမီး Pilaiporn Supinchompoo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားဖြစ်ပါတယ်။ဘန်ကောက်မှမန္တလေးရုပ်ရှင်ဇာတ်ကားကတော့ မြန်မာနိုင်ငံတွင် အောက်တိုဘာလက ရုံတင်ပြသခဲ့ပြီး နိုဝင်ဘာလက ထိုင်းနိုင်ငံမှာ ရုံတင်ပြသခဲ့ပါတယ်။

အဲ့လိုနှစ်ဦးစလုံး အကယ်ဒမီ ဆန်ခါတင်စာရင်းထဲ ပါဝင်နေပေမယ့် စိုင်းစိုင်းကတော့ သူအကယ်ဒမီ မရနိုင်ကြောင်းနဲ့ နေတိုးကို အကယ်ဒမီရစေချင်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။

"ဆုရဖို့တော့ ကျွန်တော်အနေနဲ့မမျှော်လင့်နိုင်ပါ။ ထိုင်းနိုင်ငံက ဇာတ်ကားတွေအများကြီး သရုပ်ဆောင်တွေအများကြီးကြားထဲမှာ ကျွန်တော့်ကို အသိအမှတ်ပြု ဆန်ခါတင်ရွေးတာပဲ အတိုင်းထက်အလွန်ပါဗျာ။ Nominee ငါးနေရာပါတာမို့ တခြားဆုတွေတော့ ရနိုင်တယ်လို့ မျှော်လင့်မိပါတယ်။ အထူးသဖြင့် ကိုနေတိုး ရပါစေလို့ ဆုတောင်းပါတယ်ဗျ။" လို့ သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Credit : Duwun



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top