iMyanmarHouse.com - Best Property Website for Myanmar
×

ဆရာရွင့္ ကြ်န္မအသက္၂၉ နွစ္ အပ်ိဳပါ။ ကြ်န္မ မိန္းမကိုယ္က အျဖဴဆင္းရင္ယားတာ ၃ လေလာက္ရွိပါျပီ။ ရာသီလာရင္ မယားပါဘူး။ အရင္ကတလကိုတပတ္ေလာက္ယားတာ ခုကဆက္တိုု္က္ျဖစ္ျပီး ပိုပိုဆိုးလာပါတယ္ဆရာ။ ဘာေဆး ေသာက္ရမလဲ လမ္းညႊန္ေပးပါ။ ဘာျဖစ္တာလဲဆိုတာလည္း သိခ်င္ပါတယ္ဆရာ။ ေက်းဇူးတင္စြာျဖင့္။

Vagina (ဗဂ်ိဳင္းနား) ဆိုတာ ေမြးလမ္းေၾကာင္းျဖစ္ေပမဲ့ အပ်ိဳေတြအတြက္အားနာရတယ္။ မိန္းမကိုယ္ဆိုတာကို Vulva ကို ေျပာတာျဖစ္ပါတယ္။ ဒီေရာဂါအျဖစ္မနည္းပါ။ တခ်ိဳ႕မွာ တခါတေလသာျဖစ္ျပီး တခ်ိဳ႕ တာရွည္ျဖစ္တယ္။ တာရွည္နဲ႔ ခဏခဏျဖစ္ဖန္မ်ားရင္ ေနာင္မွာ ကင္ဆာအထိျဖစ္မလာဘူးလို႔ မေျပာႏိုင္ပါ။ ရွားလြန္းပါတယ္။ ေအာက္ခံေရာဂါ တခုခုရွိေနလို႔ျဖစ္တာ မ်ားတယ္။ ေရာဂါရယ္လို႔ မဟုတ္ဘဲ အစိုဓါတ္ကေနလဲ ျဖစ္ေစႏိုင္တယ္။ အစိုဓါတ္ဆိုတာ ဆီးစိုေနတာ၊ ဝမ္းသြားတာ နဲနဲေပက်န္တာ၊ ေခြ်းထြက္မ်ားတာ။ အစားအေသာက္ထဲမွာ ကိုယ္နဲ႔ အဆင္မေျပတာ ဥပမာ ေကဖင္း၊ ခရမ္းခ်ဥ္သီးနဲ႔ ေျမပဲပါေနတာေတြကေန ျဖစ္ေစႏိုင္တယ္။

ဗဂ်ိဳင္းနားကေန တခုခုဆင္းေနတာ၊ (ဗဂ်ိဳင္းနား) ပိုးဝင္တာ၊ မိန္းမကိုယ္ေရာင္တာ၊ လိင္လမ္းၾကြက္ႏို႔၊ သားအိမ္ ကင္ဆာေတြနဲ႔ ပတ္သက္ႏိုင္တယ္။ ဝမ္းမလံုတဲ့ေရာဂါ၊ Bowen's disease (ဘိုဝင္) ေရာဂါ၊ ပိုးေသေဆး ေသာက္ေနရရင္ ေမြးလမ္းမွာ မိႈပိုး ဝင္လာေစႏိုင္တယ္။ ဆီးခ်ိဳ နဲ႔ HIV ရွိေနသူေတြမွာလဲ မိႈပိုးဝင္လြယ္တယ္။ ဆီးခ်ိဳကိုယ္၌ကေနလည္း ယားတတ္တယ္။ မိႈ၊ သန္ေကာင္၊ ဝဲ နဲ႔ လိင္ကတဆင့္ ကူးစက္ေရာဂါေတြ ျဖစ္ႏိုင္တယ္။ Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အေရျပားနာ အမ်ိဳးမ်ိဳးကေန ျဖစ္ႏိုင္တယ္။ ၾကည့္ရင္ သိသာပါတယ္။ ေတာ္ေတာ္နဲ႔ မေပ်ာက္ႏိုင္ဘဲ၊ ျဖစ္တဲ့ေနရာမွာ သိသာတဲ့ အေရာင္၊ အထူအပါး မတူတာ၊ အနာလို ျဖစ္တာေတြ ရွိေနမယ္။ ဆပ္ျပာ၊ ေရေမႊး၊ ေခြ်းနံ႔ေပ်ာက္ေဆး၊ (ကြန္ဒြမ္)၊ အဝတ္အထည္ဆိုးေဆး၊ ဆပ္ျပာမံႈ႔၊ အဝတ္အထည္ (ကြန္ဒီရွင္နာ)၊ အတြင္းခံစတဲ့ သန္႔ရွင္းေရးနဲ႔ အလွအပ အေမႊးအၾကိဳင္ေတြနဲ႔ ကိုယ္နဲ႔ မတည့္သူေတြမွာလဲ ယားႏိုင္တယ္။ ေသြးဆံုးသူေတြမွာလဲ အျဖစ္မနည္းၾကပါ။ ကိုယ္ဝန္ေဆာင္ေနခ်ိန္၊ ကေလးႏို႔တိုက္ခ်ိန္ေတြမွာ တခ်ိဳ႕ မိန္းမကိုယ္ ယားတယ္။ Cancer of the vulval skin ကင္ဆာကိုလဲ စာရင္းထဲထည့္ရတယ္။ အျဖစ္အလြန္နည္းပါတယ္။

၁။ Yeast infection (Candidiasis) (Monilia, Thrush) ဗဂ်ိဳင္းနား (ရိစ္) ပိုးဝင္ရင္ အျဖဴေရာင္ ပ်စ္တဲ့ (ခ်ိစ္) လို ဆင္းတယ္။ အလြန္ယားၿပီး၊ မိန္းမကုိယ္ နီေနမယ္။ နာမယ္။ ဆီးေအာင့္မယ္။ Diflucan (Fluconazole) 150 mg တခါတည္း ေသာက္ပါ။ လိုအပ္ရင္ ရက္ပိုေပးပါတယ္။ (သို႔) Nystatin, Mycostatin စားေဆး၊ (400,000 to 600,000 units) တေန႔ ၄ ၾကိမ္ေသာက္ပါ။ (သို႔) Clotrimazole vaginal tablet ေမြြးလမ္းထဲ 100 mg ၆ ညထည့္ပါ။ ဒါမွမဟုတ္ 200 mg ၃ ညထည့္ပါ။ (သို႔) Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ္းေဆး၊ ထည့္ေဆးေတြကိုလည္း သံုးတယ္။

၂။ Bacterial Vaginosis ဗက္တီးရီးယားေၾကာင့္ ေမြးလမ္းေၾကာင္းေရာင္ရင္ ခပ္က်ဲက်ဲ၊ ၾကည္တဲ့ ျဖဴဝါတဲ့ အနံ႔ဆိုးတဲ့ အရည္ဆင္းတယ္၊ ယားမယ္၊ လိင္ဆက္ဆံ ၿပီးရင္ ပိုဆိုးတယ္။ ေနာက္ဆက္တြဲ အျဖစ္ (PID) တင္ပါးဆံုတြင္း အဂၤါေတြ ေရာင္တာျဖစ္ႏိုင္တယ္။ ကိုယ္ဝန္ရွိရင္ ေရႁမႊာအိတ္ေရာင္တာ၊ သားအိမ္ေရာင္တာ ျဖစ္ေစမယ္။ ၃ ပံု ၁ ပံုေလာက္က ေဆးမလိုဘဲေပ်ာက္ႏိုင္တယ္။ Metronidazole 2 Gm တခါတည္းေသာက္။ တခ်ိဳ႕က ေဆးမခံႏိုင္ဘူး။ ပ်ိဳ႕-အန္ တတ္တယ္။ အစားပ်က္တယ္။ (သို႔) Metronidazole 500 mg တေန႔ ၂-၃ ၾကိမ္၊ ၇ ရက္၊ လိင္ဆက္ဆံဘက္ကပါ ေသာက္သင့္တယ္။ (ကြန္ဒြမ္) သံုးပါ။ စားေဆးနဲ႔အတူ Metronidazole vaginal gel (Metrogel) ေမြးလမ္းေၾကာင္းထဲ ထည့္ေဆး၊ (သို႔) Clindamycin cream 2% ေမြးလမ္းေၾကာင္းထဲထည့္ေဆး၊ ညအခ်ိန္၊ ၆-၇ ရက္ထည့္ပါ။ (သို႔) Clindamycin 300 mg တေန႔ ၂ ၾကိမ္ ၇ ရက္ေသာက္ပါ။

၃။ Chancroid (ရွိန္ကာ႐ြိဳက္) သားအိမ္အဝမွာအနာဆိုတာ လိင္ကတဆင့္ကူးစက္ေရာဂါအနာျဖစ္တယ္။ အနာရဲ႕ ႏႈတ္ခမ္းသား မညီမညာျဖစ္မယ္။ အေျခက ခပ္မြဲမြဲ အေရာင္ရွိမယ္။ ထိရင္နာမယ္။ လိင္အဂၤါမွာ အနာ-အႀကိတ္ ေပၚမယ္။
 ေပါင္ၿခံကအက်ိတ္ေတြေရာင္လာတယ္။ Azithromycin 1 gm တခါတည္းေသာက္ပါ။ (သို႔) Ceftriaxone, Ciprofloxacin 500 mg တေန႔ ၂ ၾကိမ္၊ ၃ ရက္ ေသာက္ပါ။ (သို႔) Erythromycin 500 mg တေန႔ ၄ ၾကိမ္ ၇ ရက္ေသာက္ပါ။

၄။ Chlamydial infection (ကလင္ဒါမိုင္ဒီးယား) ဟာ လိင္ကတဆင့္ကူးစက္ေရာဂါေတြထဲမွာ အျဖစ္အမ်ားဆံုးပါ။ လိင္အဂၤါေတြမွာ အနာျဖစ္တာပါ။ အနာဆိုေပမဲ့ မနာဘူး။ ေပါင္ၿခံမွာ တက္ေစ့ေတြ ေရာင္လာမယ္။ သားအိမ္အဝမွာ အျဖစ္မ်ားတယ္။ တခ်ိဳ႕ အျဖဴဆင္းမယ္။ လိင္ဆက္ဆံျပီးခ်ိန္ ေသြးနဲနဲဆင္းမယ္။ တခ်ိဳ႕မွာ ျပည္လိုေနတယ္။ နဲနဲဝါမယ္။ မီးခိုးေရာင္၊ ခပ္စိမ္းစိမ္း အေရာင္လဲ ျဖစ္ႏိုင္တယ္။ အျမႇဳပ္လိုလဲ ရွိတတ္တယ္။ ယားမယ္။ အနံ႔ဆိုးတယ္။ ဆီးခဏခဏ သြားခ်င္ၿပီး ဆီးေအာင့္တယ္။ အတြင္းအဂၤါေတြအထိ ေရာက္ႏိုင္တယ္္။ ဒီအခ်ိန္မွာ လိင္ဆက္ဆံရင္ နာမယ္။ ပိုးရွိေနေပမဲ့ လကၡဏာမျပသူေတြ ရွိတယ္။ အသက္ ၃ဝ ေအာက္ အျဖစ္မ်ားတယ္။ အထူးသျဖင့္ လိင္ဆက္ဆံဖက္မ်ားသူေတြမွာ ျဖစ္တယ္။ Azithromycin 1 Gm ေသာက္ပါ။ (သို႔) Doxycycline 100 mg တေန႔ ၂ ၾကိမ္ ၇-၁၄ ရက္။ (သို႔) Erythromycin 250-500-800 mg တေန႔ ၄ ၾကိမ္၊ ၇-၁၄ ရက္။ (သို႔) Ofloxacin 300 mg တေန႔ ၂ ၾကိမ္၊ ၇ ရက္၊ (သို႔) Ofloxacin = 400 mg တခါတည္းေသာက္ပါ။ (သို႔) Tetracycline 250-500 mg တေန႔ ၄ ၾကိမ္၊ ၁၄ ရက္ေသာက္ပါ။

၅။ Gonorrhea ဂႏိုးရီးယား ဒုတိယအမ်ားဆံုး လိင္ကတဆင့္ ကူးစက္ေရာဂါျဖစ္တယ္။ အမ်ိဳးသမီးဆိုရင္ အျဖဴဆင္းမယ္။ ျပည္လိုဆင္းမယ္။ ဆီးက ပန္းထြက္သလို သြားတယ္။ ၾကားရက္ ေသြးဆင္းတာ ျဖစ္တတ္ေသးတယ္။ ဆက္ဆံရင္လဲ နာမယ္။ အထဲကို ေရာဂါျပန္႔ရင္ သားအိမ္ေဘးကအဂၤါမွန္သမွ် ေရာင္ႏိုင္တယ္။ ေဆးမကုရင္ ေယာက္်ားေရာ မိန္းမပါ ကေလးမရတာ ျဖစ္သြားတတ္တယ္။ Cefixime 400 mg တခါတည္းေသာက္ပါ။ (သို႔) Ceftriaxone 125 mg IM ထိုးပါ။ (သို႔) Ciprofloxacin 500 mg ေသာက္ပါ။ (သို႔) Ofloxacin 400 mg + Azithromycin 1 g (သို႔) Doxycycline 100 mg တေန႔ ၂ ၾကိမ္ ၇ ရက္တြဲပါ။ ေဆးယဥ္တာေတြရွိေနျပီ။

၆။ မိႈပိုးဝင္တာကို Gynazle, Lotrimin, Monistat, and Terazol လိမ္းေဆး (ထည့္ေဆး) ေတြ ၁-၂-၃ ရက္နဲ႔ ေပ်ာက္တယ္။ Fluconazole (Diflucan) တျပားေသာက္တာနဲ႔ေပ်ာက္မယ္။ ဆိုးတာဆိုရင္ ထည့္ေဆးနည္း Azole ေဆး ၁၄ ရက္ ထည့္ရမယ္။ Vaginal cream, ointment, tablet or suppository အေနနဲ႔ လာတယ္။ Clotrimazole (Gyne-Lotrimin), miconazole (Monistat 3), and terconazole (Terazol 3) ေတြျဖစ္တယ္။ တခ်ိဳ႕ေဆးေတြက ေဆးညႊန္မွာ ၅-၆ ည ထည့္ခိုင္းတယ္။ ေဆးညႊန္အတိုင္းသံုးပါ။ - စားေဆးနည္း Fluconazole (Diflucan) စားေဆးကို ၂-၃ ရက္ ေသာက္ဖို႔ ထည့္ေဆးအစားေပးတယ္။ ကိုယ္ဝန္ရွိရင္ မေပးရပါ။ ထိန္းထားဘို႔လိုသူကို Fluconazole tablets စားေဆး တပတ္ ၁ ျပား၊ ၆ လၾကာ။ Clotrimazole vaginal suppository ထည့္ေဆးကို တပတ္ ၁ ခါလည္းေပးႏိုင္တယ္။ လိင္ကတဆင့္ ကူးစက္တာဆိုရင္ အေဖၚကိုလည္းေဆးကုသပါ။

ယားလို႔ကုတ္ရင္ ပိုဆိုးေစတယ္။ အတတ္ႏိုင္ဆံုး မကုပ္မိေအာင္ထိန္းပါ။ Benzodiazepines (အင္တီ-ဟစ္တမင္း) ေဆး ညအခ်ိန္ေသာက္ႏိုင္တယ္။ Hormones ointments ေသြးဆံုးသူေတြအတြက္
 ေပးမယ္။ Steroid creams or lotions ေရာင္ရမ္းတာ သက္သာေအာင္ေပးမယ္။ (စတီရြိဳက္) လိမ္းေဆး သတိထားသံုးပါ။ တခ်ိဳ႕အေျခအေနေတြကို ပိုဆိုးေစႏိုင္တယ္။ Moisturisers (Emollients) ေဆးကို (ခရင္) လိမ္းေဆးအေနနဲ႔ လာတယ္။ ဘာလို႔ယားတာျဖစ္ျဖစ္ သက္သာေစမယ္။ ေဆးမ်ားသြားလို႔လဲ ကိစၥမရွိဘူး။ လက္အိတ္သံုးပါ။ လက္သည္း အတိုျဖတ္ပါ။ လက္သည္းနီဆိုးတာ သတိထားပါ။(ေကာ္တြန္) ခပ္ေခ်ာင္ေခ်ာင္ကိုသာ ဝတ္ဆင္ပါ။ အတြင္းခံကို ေန႔တိုင္းလဲလွယ္ပါ။ စိုထိုင္းတာမ်ားရင္ တေန႔တခါမက လဲပါ။ ေနလို႔ရတဲ့ ေနရာ-အခ်ိန္ေတြမွာ အတြင္းခံ မဝတ္ဘဲေနပါ။ ေလသလပ္ခံပါ။ ေရနဲ႔ေန႔တိုင္း မိန္းမကိုယ္ကို အသာအယာေဆးေၾကာပါ။ Feminine hygiene sprays and douches ကိရိယာေတြ၊ အသံုးအေဆာင္ေတြ မသံုးဘဲသာေဆးပါ။ ေရကို အေပၚကေနေလာင္းခ်နည္းက စည္ပိုင္းထဲ စိမ္ခ်ိဳးတာထက္ ေကာင္းတယ္။ ေရမေျခာက္ေသးခင္ အတြင္းခံမဝတ္ပါနဲ႔။ ေခါင္းေလွ်ာ္တာကို သီးသန္႔လုပ္ပါ။ တခ်ိဳ႕ ေခါင္းေလွ်ာ္ရည္က ကိုယ္နဲ႔မသင့္တာျဖစ္ႏိုင္တယ္။ဆပ္ျပာ၊ ေရေမႊး၊
 ေခြ်းနံ႔ေပ်ာက္ေဆးေတြက ကိုယ္နဲ႔ သင့္-မသင့္ သတိထားပါ။ လိုမယ္ထင္ရင္ ေျပာင္းသံုးပါ။ မသံုးဘဲ ေနလို႔ရရင္ မသံုးပါနဲ႔။

ကြန္ဒြမ္မွာ သုက္ပိုးသတ္ေဆးလဲ တြဲထားတာဆိုရင္ ကိုယ္နဲ႔ သင့္-မသင့္ ၾကည့္ပါ။ ဆီးစပ္ေမႊး မရိတ္ပါနဲ႔။ စိတ္ဖိအား မ်ားေနရင္ ေလွ်ာ့ခ်ပါ။ သန္႔ရွင္းေရးလုပ္တာမွာ (ထိုင္ေနတဲ့ အေနအထားမွာ) လက္ကို ေရွ႕ကေန ေနာက္ဖက္ဆီသာ တလမ္းသြား လႈပ္ရွားပါ။ Yogurt (ေရာဂတ္) ဒိန္ခ်ဥ္ စားပါ။ ကိုယ္အေလးခ်ိန္ မ်ားေနရင္ ပိန္ေအာင္လုပ္ပါ။

ေမးခြန္း = ဆရာရွင့္ သမီးအသက္က ၂၃ ပါ။ အျဖဴဆင္းေနတာနဲ႔ ပက္သက္ျပီး ေမးခ်င္လို႔ပါ။ အျဖဴဆင္းတာက ယားတယ္။ အနံ႔ေတာ့မရွိဘူး။ အျဖဴေရာင္ပ်စ္ပ်စ္ ေတြလိုမ်ိဳးဆင္းတာပါ။ အရင္ ၁ လေလာက္က ေဆးခန္းျပတာ Danzen နဲ႔ Vaginal Tablet ၆ ညထည့္ခိုင္းပါတယ္ဆရာ။ အဲအခ်ိန္ကေတာ့ သက္သာသလိုလိုနဲ႔ ခုပိုဆိုးလာလို႔ပါဆရာ။ သမီး ဘာေဆးသံုးရပါမလဲဆရာ။

အေျဖ = ရာသီ၊ အိမ္ ေထာင္ေရး (အေတြ႔အၾကံဳ) မသိပါ။ ေဆာရီး။ မေျပာလိုရင္လည္း ဘေလာ့မွာဖတ္ႏိုင္ပါတယ္။

ျပန္ေျဖ = ရာသီ ပံုမွန္ လာပါတယ္ဆရာ။ အိမ္ေထာင္ေတာ႔ မရွိပါဘူး။ living together ေတာ့ရွိပါတယ္ဆရာ။ ဆရာ့ဘေလာ့မွာ မေတြ႔လို႔ပါ။ ရာသီလာျပီးတဲ့ရက္ဆို အျဖဴျပန္ဆင္းပါတယ္ဆရာ။

ေမးခြန္းေမးသူေတြ -
အိမ္ေထာင္မက်ေသးလို႔ အပ်ိဳဆိုတာနဲ႔ မျပီးေသးပါ။ ထပ္ေမးေနရတာ မေကာင္းလွပါ။ ဒါေပမယ့္ မေမးလို႔မျဖစ္ပါ။ အဲလိုအျဖစ္မ်ိဳးေတြက အမ်ားၾကီး။
Credit:Dr.Tint Swe

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆရာရှင့် ကျွန်မအသက်၂၉ နှစ် အပျိုပါ။ ကျွန်မ မိန်းမကိုယ်က အဖြူဆင်းရင်ယားတာ ၃ လလောက်ရှိပါပြီ။ ရာသီလာရင် မယားပါဘူး။ အရင်ကတလကိုတပတ်လောက်ယားတာ ခုကဆက်တိုု်က်ဖြစ်ပြီး ပိုပိုဆိုးလာပါတယ်ဆရာ။ ဘာဆေး သောက်ရမလဲ လမ်းညွှန်ပေးပါ။ ဘာဖြစ်တာလဲဆိုတာလည်း သိချင်ပါတယ်ဆရာ။ ကျေးဇူးတင်စွာဖြင့်။

Vagina (ဗဂျိုင်းနား) ဆိုတာ မွေးလမ်းကြောင်းဖြစ်ပေမဲ့ အပျိုတွေအတွက်အားနာရတယ်။ မိန်းမကိုယ်ဆိုတာကို Vulva ကို ပြောတာဖြစ်ပါတယ်။ ဒီရောဂါအဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာဖြစ်ပြီး တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။ အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။

ဗဂျိုင်းနားကနေ တခုခုဆင်းနေတာ၊ (ဗဂျိုင်းနား) ပိုးဝင်တာ၊ မိန်းမကိုယ်ရောင်တာ၊ လိင်လမ်းကြွက်နို့၊ သားအိမ် ကင်ဆာတွေနဲ့ ပတ်သက်နိုင်တယ်။ ဝမ်းမလုံတဲ့ရောဂါ၊ Bowen's disease (ဘိုဝင်) ရောဂါ၊ ပိုးသေဆေး သောက်နေရရင် မွေးလမ်းမှာ မှိုပိုး ဝင်လာစေနိုင်တယ်။ ဆီးချို နဲ့ HIV ရှိနေသူတွေမှာလဲ မှိုပိုးဝင်လွယ်တယ်။ ဆီးချိုကိုယ်၌ကနေလည်း ယားတတ်တယ်။ မှို၊ သန်ကောင်၊ ဝဲ နဲ့ လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်တယ်။ Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အရေပြားနာ အမျိုးမျိုးကနေ ဖြစ်နိုင်တယ်။ ကြည့်ရင် သိသာပါတယ်။ တော်တော်နဲ့ မပျောက်နိုင်ဘဲ၊ ဖြစ်တဲ့နေရာမှာ သိသာတဲ့ အရောင်၊ အထူအပါး မတူတာ၊ အနာလို ဖြစ်တာတွေ ရှိနေမယ်။ ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေး၊ (ကွန်ဒွမ်)၊ အဝတ်အထည်ဆိုးဆေး၊ ဆပ်ပြာမှုံ့၊ အဝတ်အထည် (ကွန်ဒီရှင်နာ)၊ အတွင်းခံစတဲ့ သန့်ရှင်းရေးနဲ့ အလှအပ အမွှေးအကြိုင်တွေနဲ့ ကိုယ်နဲ့ မတည့်သူတွေမှာလဲ ယားနိုင်တယ်။ သွေးဆုံးသူတွေမှာလဲ အဖြစ်မနည်းကြပါ။ ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်ချိန်တွေမှာ တချို့ မိန်းမကိုယ် ယားတယ်။ Cancer of the vulval skin ကင်ဆာကိုလဲ စာရင်းထဲထည့်ရတယ်။ အဖြစ်အလွန်နည်းပါတယ်။

၁။ Yeast infection (Candidiasis) (Monilia, Thrush) ဗဂျိုင်းနား (ရိစ်) ပိုးဝင်ရင် အဖြူရောင် ပျစ်တဲ့ (ချိစ်) လို ဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။ Diflucan (Fluconazole) 150 mg တခါတည်း သောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ (သို့) Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။ (သို့) Clotrimazole vaginal tablet မွေးလမ်းထဲ 100 mg ၆ ညထည့်ပါ။ ဒါမှမဟုတ် 200 mg ၃ ညထည့်ပါ။ (သို့) Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။

၂။ Bacterial Vaginosis ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်းရောင်ရင် ခပ်ကျဲကျဲ၊ ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲ အဖြစ် (PID) တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ်ရောင်တာ၊ သားအိမ်ရောင်တာ ဖြစ်စေမယ်။ ၃ ပုံ ၁ ပုံလောက်က ဆေးမလိုဘဲပျောက်နိုင်တယ်။ Metronidazole 2 Gm တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ ပျို့-အန် တတ်တယ်။ အစားပျက်တယ်။ (သို့) Metronidazole 500 mg တနေ့ ၂-၃ ကြိမ်၊ ၇ ရက်၊ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ စားဆေးနဲ့အတူ Metronidazole vaginal gel (Metrogel) မွေးလမ်းကြောင်းထဲ ထည့်ဆေး၊ (သို့) Clindamycin cream 2% မွေးလမ်းကြောင်းထဲထည့်ဆေး၊ ညအချိန်၊ ၆-၇ ရက်ထည့်ပါ။ (သို့) Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။

၃။ Chancroid (ရှိန်ကာရွိုက်) သားအိမ်အဝမှာအနာဆိုတာ လိင်ကတဆင့်ကူးစက်ရောဂါအနာဖြစ်တယ်။ အနာရဲ့ နှုတ်ခမ်းသား မညီမညာဖြစ်မယ်။ အခြေက ခပ်မွဲမွဲ အရောင်ရှိမယ်။ ထိရင်နာမယ်။ လိင်အင်္ဂါမှာ အနာ-အကြိတ် ပေါ်မယ်။
 ပေါင်ခြံကအကျိတ်တွေရောင်လာတယ်။ Azithromycin 1 gm တခါတည်းသောက်ပါ။ (သို့) Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ (သို့) Erythromycin 500 mg တနေ့ ၄ ကြိမ် ၇ ရက်သောက်ပါ။

၄။ Chlamydial infection (ကလင်ဒါမိုင်ဒီးယား) ဟာ လိင်ကတဆင့်ကူးစက်ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ တချို့ အဖြူဆင်းမယ်။ လိင်ဆက်ဆံပြီးချိန် သွေးနဲနဲဆင်းမယ်။ တချို့မှာ ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုပ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ ပိုးရှိနေပေမဲ့ လက္ခဏာမပြသူတွေ ရှိတယ်။ အသက် ၃ဝ အောက် အဖြစ်များတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖက်များသူတွေမှာ ဖြစ်တယ်။ Azithromycin 1 Gm သောက်ပါ။ (သို့) Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။ (သို့) Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။ (သို့) Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊ (သို့) Ofloxacin = 400 mg တခါတည်းသောက်ပါ။ (သို့) Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

၅။ Gonorrhea ဂနိုးရီးယား ဒုတိယအများဆုံး လိင်ကတဆင့် ကူးစက်ရောဂါဖြစ်တယ်။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးကအင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။ Cefixime 400 mg တခါတည်းသောက်ပါ။ (သို့) Ceftriaxone 125 mg IM ထိုးပါ။ (သို့) Ciprofloxacin 500 mg သောက်ပါ။ (သို့) Ofloxacin 400 mg + Azithromycin 1 g (သို့) Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက်တွဲပါ။ ဆေးယဉ်တာတွေရှိနေပြီ။

၆။ မှိုပိုးဝင်တာကို Gynazle, Lotrimin, Monistat, and Terazol လိမ်းဆေး (ထည့်ဆေး) တွေ ၁-၂-၃ ရက်နဲ့ ပျောက်တယ်။ Fluconazole (Diflucan) တပြားသောက်တာနဲ့ပျောက်မယ်။ ဆိုးတာဆိုရင် ထည့်ဆေးနည်း Azole ဆေး ၁၄ ရက် ထည့်ရမယ်။ Vaginal cream, ointment, tablet or suppository အနေနဲ့ လာတယ်။ Clotrimazole (Gyne-Lotrimin), miconazole (Monistat 3), and terconazole (Terazol 3) တွေဖြစ်တယ်။ တချို့ဆေးတွေက ဆေးညွှန်မှာ ၅-၆ ည ထည့်ခိုင်းတယ်။ ဆေးညွှန်အတိုင်းသုံးပါ။ - စားဆေးနည်း Fluconazole (Diflucan) စားဆေးကို ၂-၃ ရက် သောက်ဖို့ ထည့်ဆေးအစားပေးတယ်။ ကိုယ်ဝန်ရှိရင် မပေးရပါ။ ထိန်းထားဘို့လိုသူကို Fluconazole tablets စားဆေး တပတ် ၁ ပြား၊ ၆ လကြာ။ Clotrimazole vaginal suppository ထည့်ဆေးကို တပတ် ၁ ခါလည်းပေးနိုင်တယ်။ လိင်ကတဆင့် ကူးစက်တာဆိုရင် အဖေါ်ကိုလည်းဆေးကုသပါ။

ယားလို့ကုတ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင်ထိန်းပါ။ Benzodiazepines (အင်တီ-ဟစ်တမင်း) ဆေး ညအချိန်သောက်နိုင်တယ်။ Hormones ointments သွေးဆုံးသူတွေအတွက်
 ပေးမယ်။ Steroid creams or lotions ရောင်ရမ်းတာ သက်သာအောင်ပေးမယ်။ (စတီရွိုက်) လိမ်းဆေး သတိထားသုံးပါ။ တချို့အခြေအနေတွေကို ပိုဆိုးစေနိုင်တယ်။ Moisturisers (Emollients) ဆေးကို (ခရင်) လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ယားတာဖြစ်ဖြစ် သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။ လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။(ကော်တွန်) ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။ နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။ ရေနဲ့နေ့တိုင်း မိန်းမကိုယ်ကို အသာအယာဆေးကြောပါ။ Feminine hygiene sprays and douches ကိရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာဆေးပါ။ ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။ ရေမခြောက်သေးခင် အတွင်းခံမဝတ်ပါနဲ့။ ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။ဆပ်ပြာ၊ ရေမွှေး၊
 ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။

ကွန်ဒွမ်မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။ ဆီးစပ်မွှေး မရိတ်ပါနဲ့။ စိတ်ဖိအား များနေရင် လျှော့ချပါ။ သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။ Yogurt (ရောဂတ်) ဒိန်ချဉ် စားပါ။ ကိုယ်အလေးချိန် များနေရင် ပိန်အောင်လုပ်ပါ။

မေးခွန်း = ဆရာရှင့် သမီးအသက်က ၂၃ ပါ။ အဖြူဆင်းနေတာနဲ့ ပက်သက်ပြီး မေးချင်လို့ပါ။ အဖြူဆင်းတာက ယားတယ်။ အနံ့တော့မရှိဘူး။ အဖြူရောင်ပျစ်ပျစ် တွေလိုမျိုးဆင်းတာပါ။ အရင် ၁ လလောက်က ဆေးခန်းပြတာ Danzen နဲ့ Vaginal Tablet ၆ ညထည့်ခိုင်းပါတယ်ဆရာ။ အဲအချိန်ကတော့ သက်သာသလိုလိုနဲ့ ခုပိုဆိုးလာလို့ပါဆရာ။ သမီး ဘာဆေးသုံးရပါမလဲဆရာ။

အဖြေ = ရာသီ၊ အိမ် ထောင်ရေး (အတွေ့အကြုံ) မသိပါ။ ဆောရီး။ မပြောလိုရင်လည်း ဘလော့မှာဖတ်နိုင်ပါတယ်။

ပြန်ဖြေ = ရာသီ ပုံမှန် လာပါတယ်ဆရာ။ အိမ်ထောင်တော့ မရှိပါဘူး။ living together တော့ရှိပါတယ်ဆရာ။ ဆရာ့ဘလော့မှာ မတွေ့လို့ပါ။ ရာသီလာပြီးတဲ့ရက်ဆို အဖြူပြန်ဆင်းပါတယ်ဆရာ။

မေးခွန်းမေးသူတွေ -
အိမ်ထောင်မကျသေးလို့ အပျိုဆိုတာနဲ့ မပြီးသေးပါ။ ထပ်မေးနေရတာ မကောင်းလှပါ။ ဒါပေမယ့် မမေးလို့မဖြစ်ပါ။ အဲလိုအဖြစ်မျိုးတွေက အများကြီး။
Credit:Dr.Tint Swe



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top