iMyanmarHouse.com - Best Property Website for Myanmar
×

Android ေပၚမွာ Gmail app သံုးစြဲသူမ်ားအေနနဲ႔ Gmail လိပ္စာမရိွသူမ်ား အပါအဝင္ မည္သူ႔မဆိုထံ ေငြပို႔ေငြလႊဲ ျပဳလုပ္ႏိုင္ၿပီျဖစ္တယ္လို႔ Google က ေၾကညာလိုက္ပါတယ္။

ေငြပို႔ေငြလႊဲျပဳလုပ္တဲ့ လုပ္ငန္းစဥ္တစ္ခုလံုးဟာ ဖိုင္ကို attach လုပ္သလိုပဲ လြယ္ကူၿပီး attachment icon ကို ႏွိပ္ကာ ေပးပို႔လိုတဲ့ေငြပမာဏကို ေရြးခ်ယ္႐ံုနဲ႔ ျပဳလုပ္ႏိုင္တယ္လို႔ ကုမၸဏီက ေျပာၾကားပါတယ္။

သံုးစြဲသူေတြဟာ payment app တစ္ခု ထည့္သြင္းဖို႔မလိုဘဲ ေငြလက္ခံျခင္း၊ ေငြေတာင္းခံျခင္းတို႔ကို ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕ ဘဏ္အေကာင့္ေတြနဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ႏိုင္ပါတယ္။

Snapchat, Facebook နဲ႔ WeChat တို႔က သူတို႔ရဲ႕ app ေတြကေန ေငြလႊဲႏိုင္တဲ့ feature ကို ထည့္သြင္းေပးခဲ့ၿပီးတဲ့ေနာက္ Google က အခုလို မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။

Credit: Internet Journal
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Android ပေါ်မှာ Gmail app သုံးစွဲသူများအနေနဲ့ Gmail လိပ်စာမရှိသူများ အပါအဝင် မည်သူ့မဆိုထံ ငွေပို့ငွေလွှဲ ပြုလုပ်နိုင်ပြီဖြစ်တယ်လို့ Google က ကြေညာလိုက်ပါတယ်။

ငွေပို့ငွေလွှဲပြုလုပ်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးဟာ ဖိုင်ကို attach လုပ်သလိုပဲ လွယ်ကူပြီး attachment icon ကို နှိပ်ကာ ပေးပို့လိုတဲ့ငွေပမာဏကို ရွေးချယ်ရုံနဲ့ ပြုလုပ်နိုင်တယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။

သုံးစွဲသူတွေဟာ payment app တစ်ခု ထည့်သွင်းဖို့မလိုဘဲ ငွေလက်ခံခြင်း၊ ငွေတောင်းခံခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဘဏ်အကောင့်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။

Snapchat, Facebook နဲ့ WeChat တို့က သူတို့ရဲ့ app တွေကနေ ငွေလွှဲနိုင်တဲ့ feature ကို ထည့်သွင်းပေးခဲ့ပြီးတဲ့နောက် Google က အခုလို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

Credit: Internet Journal

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top