iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြဟာ ကိုယ့္ခ်စ္သူ အမ်ိဳးသားက ဘာႀကီးျဖစ္ေနမွ၊ သူတို႕ကို ဘာလက္ေဆာင္ေ၀းေပးမွ၊ ဘယ္လိုက္ပို႕ေပးမွ ဆုိတာထက္ ခ်စ္သူအမ်ိဳးသားႏႈတ္ဖ်ားက ဖြင့္ဟလာတဲ့ ခ်ီးက်ဴးစကားေလးေတြကို ပိုတန္ဖုိးထားတတ္ၾက ပါတယ္။ စိတ္ထဲက မပါပဲ ေျပာတာမ်ိဳးေတာ့ သူတုိ႕မလိုခ်င္ဘူးေပါ့ေလ။ ကိုယ့္ခ်စ္သူ ရင္ထဲက ေျပာလာတဲ့စကား၊ ခ်ီးက်ဴးစကားေလးေတြဟာ ရိုးစင္းလြန္းရင္ေတာင္ သူတုိ႕စိတ္ထဲ အမွတ္ထင္ထင္ စြဲေနတတ္ၾကပါတယ္။ အဲ့ဒီစကားေလးေတြကေတာ့

၁။ ခ်ိဳျမိန္တဲ့အေတြးေတြကို ဖြင့္ဟလိုက္တာမ်ိဳး

ကိုယ့္ခ်စ္သူေကာင္ေလးက ကိုယ္နဲ႕ ပတ္သက္ျပီး ေရွ႔ေရးကို ဘယ္လိုေလး ေတြးထားတယ္၊ ဒါမွမဟုတ္ ကိုယ့္အေၾကာင္းဘာေလးေတြ ေတြးျဖစ္တယ္ဆုိတာမ်ိဳးေတြ ဖြင့္ဟလာတဲ့အခါ သူတုိ႕စိတ္ထဲ ၾကည္ႏူးသြားတတ္ပါတယ္။ ဥပမာ ..ကိုယ္တုိ႕ႏွစ္ေယာက္ အိမ္ေထာင္က်ျပီး ေမြးလာတဲ့ သမီးေလးဟာ သဲနဲ႕တူရင္ အရမ္းေကာင္းတာပဲ ဆုိတာမ်ိဳးေပါ့။

၂။ရုပ္ရွင္၊ စာအုပ္တစ္ခုခုထဲက အေၾကာင္းအရာ၊ စာသားကို ကိုယ့္ခ်စ္သူေရွ႔ ဖြင့္ဟလုိက္တာမ်ိဳး

ကိုယ့္ခ်စ္သူနဲ႕ ပတ္သက္တဲ့ စာသားေလး၊ အေၾကာင္းအရာေလးက ရုပ္ရွင္ထဲက၊ ဒါမွမဟုတ္ စာအုပ္ထဲက ဇာတ္ကြက္၊ ေရးသားခ်က္ေတြနဲ႕ တုိက္ဆုိင္သြားတယ္ဆုိရင္ ဒါကို ကိုယ့္ေရွ႔ဖြင့္ဟလာတယ္၊ မွတ္သားျပီး ျပန္လည္ေျပာျပလာတာမ်ိဳးေတြကို အမ်ိဳးသမီးေတြ ေၾကြတတ္ပါတယ္။

၃။ဘယ္ေလာက္ခ်စ္ေၾကာင္းကို စိတ္လိုလက္ရ ဖြ႔ဲႏြဲ႔ေျပာဆုိတာမ်ိဳး

ကိုယ္ဟာ မင္းနဲ႕သာဆုိ ငရဲျပည္ထိေတာင္ သြားရဲတယ္ဆုိတာမ်ိဳးကို ႏွစ္ဦးသား ၾကည္ႏူးေနခ်ိန္ေျပာတယ္ဆိုရင္ အမ်ိဳးသမီးေတြအေနနဲ႕ တကယ္ကို ၾကည္ႏူးပီတိျဖစ္ရမွာေပါ့။

၄။အေမထက္ေတာင္ ပိုျပီး ...... ဆိုတာမ်ိဳး

ကိုယ့္ခ်စ္သူက ကိုယ့္ကို မင္းဟင္းခ်က္တာ အေမထက္ေတာင္ ေကာင္းေသးတယ္ဆုိတာမ်ိဳး ေျပာလိုက္ရင္ သူတုိ႕ရင္ထဲ ဘယ္ေလာက္ထိ ေပ်ာ္သြားၾကသလဲဆုိတာ သင္သိမွာ မဟုတ္ပါဘူး။ အေမကုိ ေစာ္ကားတာမ်ိဳး သူတုိ႕ မႀကိဳက္ေပမယ့္ သားရွင္ အေမေတြနဲ႕ ႏႈိင္းယွဥ္ခ်ီးမြမ္းခံရတာေတာ့ သူတုိ႕ သေဘာက်ၾကပါတယ္။

၅။သူကုိယ္နဲ႕ ရွိတဲ့အခ်ိန္ ဘယ္ေလာက္ထိ သက္ေတာင့္သက္သာနဲ႕ အဆင္ေျပေျပေနႏိုင္တယ္ဆိုတာ ခ်ီးမြမ္းတာမ်ိဳး

အျခားလူေတြနဲ႕ အတူရွိေနခ်ိန္ေတြထက္ ကိုယ္နဲ႕အတူ ရွိတဲ့အခါ အရာအားလံုး ျပီးျပည့္စံုသလို ခံစားရတယ္ဆိုတဲ့ စကားမ်ိဳးဟာ တစ္ဖက္လူကို အျပည့္အ၀ခ်ီးမြမ္းေျပာဆိုလိုက္တာပါ။ ဒီလိုစကားမ်ိဳး သင့္ခ်စ္သူေကာင္မေလးက ႏွစ္ျခိဳက္လိမ့္မယ္ဆိုတာ မယံုမရွိပါနဲ႕။

၆။အျပင္လူတစ္ေယာက္ရဲ႕ ခ်ီးမြမ္းစကားကို ကိုယ့္ခ်စ္သူဆီ ျပန္သယ္ေဆာင္ေျပာျပတာမ်ိဳး

ကိုယ့္ခ်စ္သူေကာင္ေလးနဲ႕ ပတ္သက္တဲ့ အသိမိတ္ေဆြ၊ သူငယ္ခ်င္းေတြက ကိုယ့္အေၾကာင္း ခ်ီးမြမ္းေျပာဆုိေနတာကို ခ်စ္သူေကာင္ေလးက ျပန္ေျပာျပမယ္ဆုိရင္ ေကာင္မေလးအေနနဲ႕ ဘယ္ေလာက္ေတာင္ ေပ်ာ္မိလိမ့္မလဲ။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးတွေဟာ ကိုယ့်ချစ်သူ အမျိုးသားက ဘာကြီးဖြစ်နေမှ၊ သူတို့ကို ဘာလက်ဆောင်ဝေးပေးမှ၊ ဘယ်လိုက်ပို့ပေးမှ ဆိုတာထက် ချစ်သူအမျိုးသားနှုတ်ဖျားက ဖွင့်ဟလာတဲ့ ချီးကျူးစကားလေးတွေကို ပိုတန်ဖိုးထားတတ်ကြ ပါတယ်။ စိတ်ထဲက မပါပဲ ပြောတာမျိုးတော့ သူတို့မလိုချင်ဘူးပေါ့လေ။ ကိုယ့်ချစ်သူ ရင်ထဲက ပြောလာတဲ့စကား၊ ချီးကျူးစကားလေးတွေဟာ ရိုးစင်းလွန်းရင်တောင် သူတို့စိတ်ထဲ အမှတ်ထင်ထင် စွဲနေတတ်ကြပါတယ်။ အဲ့ဒီစကားလေးတွေကတော့

၁။ ချိုမြိန်တဲ့အတွေးတွေကို ဖွင့်ဟလိုက်တာမျိုး

ကိုယ့်ချစ်သူကောင်လေးက ကိုယ်နဲ့ ပတ်သက်ပြီး ရှေ့ရေးကို ဘယ်လိုလေး တွေးထားတယ်၊ ဒါမှမဟုတ် ကိုယ့်အကြောင်းဘာလေးတွေ တွေးဖြစ်တယ်ဆိုတာမျိုးတွေ ဖွင့်ဟလာတဲ့အခါ သူတို့စိတ်ထဲ ကြည်နူးသွားတတ်ပါတယ်။ ဥပမာ ..ကိုယ်တို့နှစ်ယောက် အိမ်ထောင်ကျပြီး မွေးလာတဲ့ သမီးလေးဟာ သဲနဲ့တူရင် အရမ်းကောင်းတာပဲ ဆိုတာမျိုးပေါ့။

၂။ရုပ်ရှင်၊ စာအုပ်တစ်ခုခုထဲက အကြောင်းအရာ၊ စာသားကို ကိုယ့်ချစ်သူရှေ့ ဖွင့်ဟလိုက်တာမျိုး

ကိုယ့်ချစ်သူနဲ့ ပတ်သက်တဲ့ စာသားလေး၊ အကြောင်းအရာလေးက ရုပ်ရှင်ထဲက၊ ဒါမှမဟုတ် စာအုပ်ထဲက ဇာတ်ကွက်၊ ရေးသားချက်တွေနဲ့ တိုက်ဆိုင်သွားတယ်ဆိုရင် ဒါကို ကိုယ့်ရှေ့ဖွင့်ဟလာတယ်၊ မှတ်သားပြီး ပြန်လည်ပြောပြလာတာမျိုးတွေကို အမျိုးသမီးတွေ ကြွေတတ်ပါတယ်။

၃။ဘယ်လောက်ချစ်ကြောင်းကို စိတ်လိုလက်ရ ဖွ့ဲနွဲ့ပြောဆိုတာမျိုး

ကိုယ်ဟာ မင်းနဲ့သာဆို ငရဲပြည်ထိတောင် သွားရဲတယ်ဆိုတာမျိုးကို နှစ်ဦးသား ကြည်နူးနေချိန်ပြောတယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ တကယ်ကို ကြည်နူးပီတိဖြစ်ရမှာပေါ့။

၄။အမေထက်တောင် ပိုပြီး ...... ဆိုတာမျိုး

ကိုယ့်ချစ်သူက ကိုယ့်ကို မင်းဟင်းချက်တာ အမေထက်တောင် ကောင်းသေးတယ်ဆိုတာမျိုး ပြောလိုက်ရင် သူတို့ရင်ထဲ ဘယ်လောက်ထိ ပျော်သွားကြသလဲဆိုတာ သင်သိမှာ မဟုတ်ပါဘူး။ အမေကို စော်ကားတာမျိုး သူတို့ မကြိုက်ပေမယ့် သားရှင် အမေတွေနဲ့ နှိုင်းယှဉ်ချီးမွမ်းခံရတာတော့ သူတို့ သဘောကျကြပါတယ်။

၅။သူကိုယ်နဲ့ ရှိတဲ့အချိန် ဘယ်လောက်ထိ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေနေနိုင်တယ်ဆိုတာ ချီးမွမ်းတာမျိုး

အခြားလူတွေနဲ့ အတူရှိနေချိန်တွေထက် ကိုယ်နဲ့အတူ ရှိတဲ့အခါ အရာအားလုံး ပြီးပြည့်စုံသလို ခံစားရတယ်ဆိုတဲ့ စကားမျိုးဟာ တစ်ဖက်လူကို အပြည့်အဝချီးမွမ်းပြောဆိုလိုက်တာပါ။ ဒီလိုစကားမျိုး သင့်ချစ်သူကောင်မလေးက နှစ်ခြိုက်လိမ့်မယ်ဆိုတာ မယုံမရှိပါနဲ့။

၆။အပြင်လူတစ်ယောက်ရဲ့ ချီးမွမ်းစကားကို ကိုယ့်ချစ်သူဆီ ပြန်သယ်ဆောင်ပြောပြတာမျိုး

ကိုယ့်ချစ်သူကောင်လေးနဲ့ ပတ်သက်တဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေက ကိုယ့်အကြောင်း ချီးမွမ်းပြောဆိုနေတာကို ချစ်သူကောင်လေးက ပြန်ပြောပြမယ်ဆိုရင် ကောင်မလေးအနေနဲ့ ဘယ်လောက်တောင် ပျော်မိလိမ့်မလဲ။

Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top