နွားနို့ဟာ ကယ်လ်ဆီယမ် ကြွယ်ဝမှု အများဆုံး အစားအစာ တစ်မျိုးဖြစ်တာကြောင့်
၁။ သွားတွေကို ခိုင်ခံ့စေနိုင်
နို့ကို
၂။ အရိုးတွေကို သန်မာစေ
လူတိုင်း
နို့မှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို တိုးစေပြီး အဆီကို လျော့စေပါတယ်။
နို့ဟာ
နို့သောက်ခြင်းဟာ
ပါတယ် ။
အကြံပြု ပါရစေ ။
Credit:Zee News
Unicode Version
နွားနိုု့ဟာ ကယ်လ်ဆီယမ် ကြွယ်ဝမှု အများဆုံး အစားအစာ တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့ အတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအစာပါ ။
ကျန်းမာတဲ့ ဘဝအတွက် နေ့စဉ် ဝိတ်ထိန်းတဲ့ အစီအစဉ်မှာလည်း နို့ကို ထည့်ထား သင့်ပါတယ် ။
ကျန်းမာရေး အကျိုးပြုမှု များစွာ ရှိတဲ့ နို့ကို နေ့တိုင်း သောက်ပေးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်ပါသလဲ။
၁။ သွားတွေကို ခိုင်ခံ့စေနိိုင်
နိုု့ကို နေ့စဉ် သောက်သုံးပေးခြင်းဖြင့် သွားတွေကို သန်မာစေပြီး ခိုင်ခံ့စေပါတယ် ။ သွားနာခြင်း ၊ သွားပိုးစားခြင်းနဲ့ သွားအခေါင်းပေါက် ဖြစ်ခြင်းတို့ကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ် ။
၂။ အရိုးတွေကို သန်မာစေ
လူတိုင်း အရိုးတွေ သန်မာစေဖို့ ဆိုရင် နို့ကို နေ့တိုင်း သောက်ပေးသင့်ပါတယ် ။ အထူးသဖြင့် ကလေးတွေပေါ့ ။ အရိုးပွခြင်း၊ ဒူးနာခြင်းနဲ့ အရိုးတွင်း အဆီခန်းခြောက်ခြင်း တို့ကို ကာကွယ်ပေးနိုင်ပါတယ် ။
၃။ ကြွက်သားတွေကို ကြီးထွားစေနိုင်
နိုု့မှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို တိုးစေပြီး အဆီကို လျော့စေပါတယ်။
၄။ အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်
နိုု့ဟာ အရေပြားနဲ့ အသားအရည်အတွက် ကောင်းမွန်တဲ့ ဆေးတစ်မျိုးပဲ ဖြစ်ပါတယ် ။ နို့ကို နေ့စဉ် သောက်ပေးခြင်းဖြင့် နေလောင်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ တင်းတိပ်နဲ့ အစက်အပြောက်တွေကို သက်သာစေပါတယ် ။ အသားအရည် ကြည်လင်ပြီး ကျန်းမာတဲ့ အရေပြားကို ရစေပါတယ် ။
၅။ စိတ်ဖိစီးမှု လျော့ချပေးနိုင်
နိုု့သောက်ခြင်းဟာ စိတ် ဖိစီးမှုကို လျော့ချပေးနိုင်တယ် ဆိုတာ သိသူ နည်းပါတယ် ။ အဲ့ဒီအချက်ဟာ အမှန်တ ကယ်ပါ ။ နိုု့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို လျော့ချပေးဖို့ ကောင်းကောင်း အလုပ်ပေးနိုင် ပါတယ် ။
တစ်ခု သတိထားရမှာ နို့ကို ဝမ်းထဲအစာ မရှိရင်တော့ မသောက်သင့်ပါဘူး ။ အထူးသဖြင့် မနက်အိပ်ယာ ထထခြင်း သောက်ခြင်းကို ရှောင်ရှားသင့်ပါတယ် ။ ဘာကြောင့်လဲဆိုရင် အစာအိမ်ဟာ တစ်ညလုံး အလုပ်လုပ်ထားပြီး ချေဖျက်ဖို့ ခက်ခဲတဲ့ အစာ အနည်းငယ်ပဲ ကျန်နေပါတယ် ။ နို့ဟာ ပရိုတိန်း ကြွယ်ဝတတဲ့ အတွက် အစာချေဖျက်တဲ့ အက်ဆစ်ဟာ ချေဖျက်ဖို့ ကောင်းကောင်း ဓာတ်မပြုပါဘူး ။ ဒါကြောင့် နို့ဟာ အာဟာရ မဖြစ်စေဘဲ အစာမကြေခြင်းနဲ့ ဝမ်းလျော ဝမ်းပျက် ခြင်း တို့ကို ဖြစ်စေတတ်ပါတယ် ။ မနက်ပိုင်းမှာ နို့ကို သောက်မယ် ဆိုရင်တော့ အစာတစ်ခုခုနဲ့ တွဲစားဖို့ အကြံပြု ပါရစေ ။
Credit:Zee News
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဘာကြောင့် နွားနို့ကို နေ့စဉ်သောက်သုံးသင့်သလဲ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။