ခ်စ္သူကို အလြန္အမင္း သ၀န္တုိျခင္းကေန ႏွစ္ဦးသားလမ္းခြဲသြားရတဲ့အထိ မျဖစ္ေစဖုိ႕
အခ်စ္ေရးမွာ
အလြန္အမင္း သ၀န္တိုတတ္ျခင္းဟာ အဲ့ဒီအခ်စ္ေရးကို ဖ်က္ဆီးပစ္ေနတာနဲ႔
တူပါတယ္။ ေနရာတကာ လိုက္သ၀န္တုိေနတတ္တာမ်ိဳးဟာ ခ်စ္စရာေကာင္းတဲ့ အျပဳအမူလည္း
မဟုတ္ပါဘူး။ ဒါကို သင့္ခ်စ္သူက ငါ့ကိုခ်စ္လြန္းလို႔ ၊ ဂရုစိုက္လြန္းလို႔
ခုလို ျဖစ္ေနတာပါလားလို႔လည္း ေတြးမွာ မဟုတ္ပါဘူး။
စိတ္အေႏွာင့္အယွက္ျဖစ္လာမယ့္ အေၾကာင္းအရင္း တစ္ရပ္ပါ။ ဒီေတာ့
ဘာမဟုတ္တာေလးကို လိုက္သ၀န္တုိေနတာမ်ိဳးေတြ မျဖစ္ေစဖုိ႔ သင့္အေနနဲ႔
ဂရုစိုက္သင့္ပါတယ္။ ဘယ္လိုအရာမ်ိဳးေတြက စိတ္ပ်က္စရာေကာင္းတဲ့ သ၀န္တုိျခင္း
အေျခအေနေတြလဲ ဆုိတာ ေျပာျပေပးခ်င္ပါတယ္။
၁။ဖုန္းမကိုင္လိုက္တာနဲ႔ သံသယစ၀င္ျပီး သ၀န္တိုေတာ့တာပဲ။
သင့္ခ်စ္သူေကာင္ေလးက
အလုပ္မအားလို႔၊ ဖုန္းသံမၾကားလို႔ စသျဖင့္ သင္ဖုန္းဆက္တဲ့အခ်ိန္
ဖုန္းမကိုင္လိုက္မိတာနဲ႔ တစ္ျခားတစ္ေယာက္နဲ႔ အတူရွိေနတာလားဆုိျပီး
ေတြးေတာ့တာပဲ။ ျပသနာရွာေတာ့တာပဲ။
၂။ခ်စ္သူရဲ႕ လူမႈကြန္ယက္ကလည္း သင့္ကုိ သ၀န္တုိေစတာပါပဲ။
ကိုယ့္ေကာင္ေလးရဲ႕
ေဖ့စ္ဘြတ္ခ္လို လူမႈကြန္ယက္မွာ သူငယ္ခ်င္းအသစ္ရသြားတာကို ျမင္တာနဲ႔၊
ေကာင္မေလးတစ္ေယာက္ရ႕ဲပံု Like လုပ္ထားတာျမင္တာနဲ႔ သင္ေနလုိ႔မရေအာင္
သ၀န္တိုေတာ့တာပဲ။ ဒါလည္း ခပ္ဆုိးဆိုးေပါ့။
၃။သူဘာေတြလုပ္ေနသလဲဆိုျပီး အၿမဲလိုက္ေစာင့္ၾကည့္ေနတယ္။
ကိုယ့္ေနာက္ကြယ္မွာ
ကိုယ္မသိတာ တစ္ခုခုလုပ္ေနသလားဆုိတာ သ၀န္တိုစိတ္နဲ႔ အျမဲေစာင့္ၾကည့္ေနတယ္။
အျပင္မွာ သူငယ္ခ်င္းေကာင္မေလး တစ္ေယာက္နဲ႔ စကားေျပာ၊ နႈတ္ဆက္ရင္ေတာင္
သင့္စိတ္ထဲ တစ္မ်ိဳးျဖစ္ေနတတ္တယ္။
၄။သူ႕သူငယ္ခ်င္းအသစ္ေတြကိုဆုိလည္း မယံုမၾကည္ျဖစ္ေနတတ္တယ္။
သင့္ကို
သူ႕သူငယ္ခ်င္းအသစ္တစ္ေယာက္နဲ႔ မိတ္ဆက္ေပးလုိက္တဲ့အခါ ဒါဘယ္တုန္းက ခင္တာလဲ၊
ဘယ္လိုသိတာလဲ၊ ဘယ္လိုလူမ်ိဳးလဲဆိုတာ လိုက္ေမးေနတတ္တယ္။
လိုက္စိတ္ပူေနတတ္သလို မိန္းကေလးသူငယ္ခ်င္းဆုိရင္ ေမးခြန္းေတြ ပိုမ်ားမ်ား
သင့္ခ်စ္သူကို ေမးတတ္တယ္။
၅။အခြင့္ရရင္ ရသလို ခ်စ္သူရဲ႕ အီးေမးလ္ေတြ၊ ဖုန္းေခၚဆိုမႈေတြကို လိုက္စစ္ေဆးတတ္တယ္။
ခ်စ္သူက
ဖုန္းထားခဲ့ျပီး အိမ္သာထသြားလိုက္ျပီဆုိတာနဲ႔ ဖုန္းကိုေကာက္ယူူျပီး
စစ္ေဆးေတာ့တာပဲ။ ကိုယ္မသိတဲ့ နံပါတ္ေတြ႕ရင္ေတာ့ ဘယ္သူဆက္ထားတာလဲဆိုျပီး
ေမးလို႔ မဆံုးေတာ့ဘူးေပါ့။ အီးေမးလ္ဆုိရင္လည္း ကုိယ္ပါ သူ႔ရဲ႕ password ကို
သိထားခ်င္တယ္။ ေတာင္းျပီး ကိုယ္ပါ inbox ကို ၀င္၀င္ၾကည့္တတ္တယ္။
သင္ဟာ အထက္ေဖာ္ျပပါ အခ်က္ေတြနဲ႔ ကိုက္ညီေနမယ္ဆုိရင္ေတာ့ သင့္ခ်စ္သူ
စိတ္အေႏွာင့္အယွက္ အႀကီးအက်ယ္ျဖစ္ေနရျပီဆုိတာ သိထားပါ။ ဒီလိုလုပ္ေနျခင္းဟာ
ခ်စ္သူႏွစ္ဦး ပိုမိုနီးစပ္ဖုိ႔ဆုိတာထက္ ေ၀းကြာသြားေအာင္သာ
ဖန္တီးႏိုင္တာပါ။ ဒါ့ေၾကာင့္ ကိုယ့္ခ်စ္သူကို ယံုၾကည္မႈရွိတာဆုိတာ
သူသိေအာင္ ေနပါ။ နားလည္မႈနဲ႔ ယံုၾကည္မႈကို အတုိင္းအတာတစ္ခုထိ
တည္ေဆာက္ပါလို႔ အႀကံေပးခ်င္ပါတယ္။
Credit:yourtango
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူကို အလွန်အမင်း သဝန်တိုခြင်းကနေ နှစ်ဦးသားလမ်းခွဲသွားရတဲ့အထိ မဖြစ်စေဖို့
အချစ်ရေးမှာ
အလွန်အမင်း သဝန်တိုတတ်ခြင်းဟာ အဲ့ဒီအချစ်ရေးကို ဖျက်ဆီးပစ်နေတာနဲ့
တူပါတယ်။ နေရာတကာ လိုက်သဝန်တိုနေတတ်တာမျိုးဟာ ချစ်စရာကောင်းတဲ့ အပြုအမူလည်း
မဟုတ်ပါဘူး။ ဒါကို သင့်ချစ်သူက ငါ့ကိုချစ်လွန်းလို့ ၊ ဂရုစိုက်လွန်းလို့
ခုလို ဖြစ်နေတာပါလားလို့လည်း တွေးမှာ မဟုတ်ပါဘူး။
စိတ်အနှောင့်အယှက်ဖြစ်လာမယ့် အကြောင်းအရင်း တစ်ရပ်ပါ။ ဒီတော့
ဘာမဟုတ်တာလေးကို လိုက်သဝန်တိုနေတာမျိုးတွေ မဖြစ်စေဖို့ သင့်အနေနဲ့
ဂရုစိုက်သင့်ပါတယ်။ ဘယ်လိုအရာမျိုးတွေက စိတ်ပျက်စရာကောင်းတဲ့ သဝန်တိုခြင်း
အခြေအနေတွေလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။
၁။ဖုန်းမကိုင်လိုက်တာနဲ့ သံသယစဝင်ပြီး သဝန်တိုတော့တာပဲ။
သင့်ချစ်သူကောင်လေးက
အလုပ်မအားလို့၊ ဖုန်းသံမကြားလို့ စသဖြင့် သင်ဖုန်းဆက်တဲ့အချိန်
ဖုန်းမကိုင်လိုက်မိတာနဲ့ တစ်ခြားတစ်ယောက်နဲ့ အတူရှိနေတာလားဆိုပြီး
တွေးတော့တာပဲ။ ပြသနာရှာတော့တာပဲ။
၂။ချစ်သူရဲ့ လူမှုကွန်ယက်ကလည်း သင့်ကို သဝန်တိုစေတာပါပဲ။
ကိုယ့်ကောင်လေးရဲ့
ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ယက်မှာ သူငယ်ချင်းအသစ်ရသွားတာကို မြင်တာနဲ့၊
ကောင်မလေးတစ်ယောက်ရဲ့ပုံ Like လုပ်ထားတာမြင်တာနဲ့ သင်နေလို့မရအောင်
သဝန်တိုတော့တာပဲ။ ဒါလည်း ခပ်ဆိုးဆိုးပေါ့။
၃။သူဘာတွေလုပ်နေသလဲဆိုပြီး အမြဲလိုက်စောင့်ကြည့်နေတယ်။
ကိုယ့်နောက်ကွယ်မှာ
ကိုယ်မသိတာ တစ်ခုခုလုပ်နေသလားဆိုတာ သဝန်တိုစိတ်နဲ့ အမြဲစောင့်ကြည့်နေတယ်။
အပြင်မှာ သူငယ်ချင်းကောင်မလေး တစ်ယောက်နဲ့ စကားပြော၊ နှုတ်ဆက်ရင်တောင်
သင့်စိတ်ထဲ တစ်မျိုးဖြစ်နေတတ်တယ်။
၄။သူ့သူငယ်ချင်းအသစ်တွေကိုဆိုလည်း မယုံမကြည်ဖြစ်နေတတ်တယ်။
သင့်ကို
သူ့သူငယ်ချင်းအသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တဲ့အခါ ဒါဘယ်တုန်းက ခင်တာလဲ၊
ဘယ်လိုသိတာလဲ၊ ဘယ်လိုလူမျိုးလဲဆိုတာ လိုက်မေးနေတတ်တယ်။
လိုက်စိတ်ပူနေတတ်သလို မိန်းကလေးသူငယ်ချင်းဆိုရင် မေးခွန်းတွေ ပိုများများ
သင့်ချစ်သူကို မေးတတ်တယ်။
၅။အခွင့်ရရင် ရသလို ချစ်သူရဲ့ အီးမေးလ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေကို လိုက်စစ်ဆေးတတ်တယ်။
ချစ်သူက
ဖုန်းထားခဲ့ပြီး အိမ်သာထသွားလိုက်ပြီဆိုတာနဲ့ ဖုန်းကိုကောက်ယူူပြီး
စစ်ဆေးတော့တာပဲ။ ကိုယ်မသိတဲ့ နံပါတ်တွေ့ရင်တော့ ဘယ်သူဆက်ထားတာလဲဆိုပြီး
မေးလို့ မဆုံးတော့ဘူးပေါ့။ အီးမေးလ်ဆိုရင်လည်း ကိုယ်ပါ သူ့ရဲ့ password ကို
သိထားချင်တယ်။ တောင်းပြီး ကိုယ်ပါ inbox ကို ဝင်ဝင်ကြည့်တတ်တယ်။
သင်ဟာ
အထက်ဖော်ပြပါ အချက်တွေနဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ သင့်ချစ်သူ
စိတ်အနှောင့်အယှက် အကြီးအကျယ်ဖြစ်နေရပြီဆိုတာ သိထားပါ။ ဒီလိုလုပ်နေခြင်းဟာ
ချစ်သူနှစ်ဦး ပိုမိုနီးစပ်ဖို့ဆိုတာထက် ဝေးကွာသွားအောင်သာ ဖန်တီးနိုင်တာပါ။
ဒါ့ကြောင့် ကိုယ့်ချစ်သူကို ယုံကြည်မှုရှိတာဆိုတာ သူသိအောင် နေပါ။
နားလည်မှုနဲ့ ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ တည်ဆောက်ပါလို့
အကြံပေးချင်ပါတယ်။
Credit:yourtango
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
» ခ်စ္သူကို အလြန္အမင္း သ၀န္တုိျခင္းကေန ႏွစ္ဦးသားလမ္းခြဲသြားရတဲ့အထိ မျဖစ္ေစဖုိ႕
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။