iMyanmarHouse.com - Best Property Website for Myanmar
×

သမီးရည္းစားဆက္ဆံေရးမွာ ေဖာက္ျပန္မႈဆိုတာေတြ ရွိတတ္ပါတယ္ ။ သစၥာကို ျမတ္နိုးတန္ဖိုးထားသူမ်ား အတြက္ေတာ့ ေဖာက္ျပန္မႈဆိုတာ ရြံရွာစရာအေကာင္းဆံုး ကိစၥပါပဲ ။ အမ်ားအားျဖင့္ အမ်ိဳးသားမ်ားက ေဖာက္ျပန္သျဖင့္ အမ်ိဳးသမီးကပါ ေဖာက္ျပန္တယ္ဆိုတာကေတာ့ သိပ္လက္မခံခ်င္စရာပါပဲ ။ သူေဖာက္ျပန္တာ သူ႔ရဲ႕ ကိုယ္က်င့္တရားပါ ။ သူကိုယ္က်င့္တရားမေကာင္းတိုင္း မိမိပါ မေကာင္းဘူးဆိုတာကေတာ့ ဆင္ေျခဆင္လက္တစ္ခုလို႕ပဲ ျမင္ပါရေစ…။

အမ်ိဳးသားမ်ား နဲ႕ အမ်ိဳးသမီး ေဖာက္ျပန္ရတဲ့ အေၾကာင္းျပခ်က္ေတြက မတူပါဘူး ။ အမ်ိဳးသမီးမ်ားအေနနဲ႔ သူ၏ခ်စ္သူအေပၚ ဘာ့ေၾကာင့္ ေဖာက္ျပန္ဖို႔ လြယ္ကူရသလဲဆိုတဲ့ အေၾကာင္းျပခ်က္ေတြကေတာ့ ၃ခုရွိပါတယ္ ။
-    ေစာေစာကေျပာခဲ့သလို အမ်ားစုေသာ မိန္းမေတြဟာ သူ၏ခ်စ္သူေယာက္်ားက ေဖာက္ျပန္တတ္ေသာေၾကာင့္ သူတို႔လည္း ေဖာက္ျပန္ရျခင္း ျဖစ္ပါတယ္တဲ့ ။
-    မိမိတို႔ရဲ႕ ဆက္ဆံေရးကို ျငီးေငြ႕လာလို႔ပါတဲ့ ။ အဲ့လို အခ်ိန္မ်ိဳးမွာ ျပႆနာတစ္စံုတစ္ခုသာ တက္မိလို႔ကေတာ့ စိုးရိမ္ရမယ့္ အေျခအေနပါပဲ။
-    အခ်စ္ေရးကို အဆံုးသတ္ခ်င္လို႔ပါတဲ့ ။ မိမိတို႔ရဲ႕ ဆက္ဆံေရးမွာ စိတ္ညစ္စရာေတြ  ၊ စိတ္ထိခိုက္စရာေတြ မ်ားလာျပီဆိုရင္ အဆံုးသတ္ မလွတတ္ပါဘူး ။

သို႔ေသာ္..တစ္ခုေျပာစရာရွိတာက ေဖာက္ျပန္ခ်င္တဲ့သူကေတ့ာ ေဖာက္ျပန္မွာပါပဲ ။ အဲ့အတြက္ အေၾကာင္းျပခ်က္ ရွိေကာင္းရွိနိုင္သလို ၊ မရွိဘဲလည္း ေဖာက္ျပန္နုိင္တာပါပဲ ။ ဒါကေတာ့ ကိုယ္က်င့္တရားနဲ႔ သက္ဆိုင္တဲ့ ကိစၥရပ္ပဲျဖစ္ပါတယ္။ မိမိ ဂုဏ္သိကၡာ ၊ မိမိ တန္ဖိုးကို အေလးထားသူတစ္ေယာက္ကေတာ့ သူမ်ားေဖာက္ျပန္လို႔လည္း လိုက္မေဖာက္ျပန္သလို ၊ အဆင္မေျပမႈေတြ ရွိခဲ့လို႔ အခ်စ္ေရးကို အဆံုးသတ္ရတယ္ ဆိုရင္ေတာင္ ေဖာက္ျပန္မႈဟူေသာ
 ေခါင္းစဥ္နဲ႕ေတာ့ ထြက္မသြားတတ္ၾကပါဘူး။


Credit: (ေရႊအင္းေလး)

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သမီးရည်းစားဆက်ဆံရေးမှာ ဖောက်ပြန်မှုဆိုတာတွေ ရှိတတ်ပါတယ် ။ သစ္စာကို မြတ်နိုးတန်ဖိုးထားသူများ အတွက်တော့ ဖောက်ပြန်မှုဆိုတာ ရွံရှာစရာအကောင်းဆုံး ကိစ္စပါပဲ ။ အများအားဖြင့် အမျိုးသားများက ဖောက်ပြန်သဖြင့် အမျိုးသမီးကပါ ဖောက်ပြန်တယ်ဆိုတာကတော့ သိပ်လက်မခံချင်စရာပါပဲ ။ သူဖောက်ပြန်တာ သူ့ရဲ့ ကိုယ်ကျင့်တရားပါ ။ သူကိုယ်ကျင့်တရားမကောင်းတိုင်း မိမိပါ မကောင်းဘူးဆိုတာကတော့ ဆင်ခြေဆင်လက်တစ်ခုလို့ပဲ မြင်ပါရစေ…။

အမျိုးသားများ နဲ့ အမျိုးသမီး ဖောက်ပြန်ရတဲ့ အကြောင်းပြချက်တွေက မတူပါဘူး ။ အမျိုးသမီးများအနေနဲ့ သူ၏ချစ်သူအပေါ် ဘာ့ကြောင့် ဖောက်ပြန်ဖို့ လွယ်ကူရသလဲဆိုတဲ့ အကြောင်းပြချက်တွေကတော့ ၃ခုရှိပါတယ် ။
-    စောစောကပြောခဲ့သလို အများစုသော မိန်းမတွေဟာ သူ၏ချစ်သူယောက်ျားက ဖောက်ပြန်တတ်သောကြောင့် သူတို့လည်း ဖောက်ပြန်ရခြင်း ဖြစ်ပါတယ်တဲ့ ။
-    မိမိတို့ရဲ့ ဆက်ဆံရေးကို ငြီးငွေ့လာလို့ပါတဲ့ ။ အဲ့လို အချိန်မျိုးမှာ ပြဿနာတစ်စုံတစ်ခုသာ တက်မိလို့ကတော့ စိုးရိမ်ရမယ့် အခြေအနေပါပဲ။
-    အချစ်ရေးကို အဆုံးသတ်ချင်လို့ပါတဲ့ ။ မိမိတို့ရဲ့ ဆက်ဆံရေးမှာ စိတ်ညစ်စရာတွေ  ၊ စိတ်ထိခိုက်စရာတွေ များလာပြီဆိုရင် အဆုံးသတ် မလှတတ်ပါဘူး ။

သို့သော်..တစ်ခုပြောစရာရှိတာက ဖောက်ပြန်ချင်တဲ့သူကတေ့ာ ဖောက်ပြန်မှာပါပဲ ။ အဲ့အတွက် အကြောင်းပြချက် ရှိကောင်းရှိနိုင်သလို ၊ မရှိဘဲလည်း ဖောက်ပြန်နိုင်တာပါပဲ ။ ဒါကတော့ ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်ပဲဖြစ်ပါတယ်။ မိမိ ဂုဏ်သိက္ခာ ၊ မိမိ တန်ဖိုးကို အလေးထားသူတစ်ယောက်ကတော့ သူများဖောက်ပြန်လို့လည်း လိုက်မဖောက်ပြန်သလို ၊ အဆင်မပြေမှုတွေ ရှိခဲ့လို့ အချစ်ရေးကို အဆုံးသတ်ရတယ် ဆိုရင်တောင် ဖောက်ပြန်မှုဟူသော
 ခေါင်းစဉ်နဲ့တော့ ထွက်မသွားတတ်ကြပါဘူး။


Credit: (ရွှေအင်းလေး)



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top