iMyanmarHouse.com - Best Property Website for Myanmar
×

ေမြးကင္းစကေလး၊ ႏုိ႔စုိ႔ကေလးေတြဟာ စမတ္ဖုန္း၊ တက္ဘလက္ေတြနဲ႔ ေဆာ့ကစားရတာ သေဘာက်ျပီး အခ်ိန္တုိအတြင္း ေဆာ့တတ္ကိုင္တတ္သြားၾကပါတယ္။

ထမင္းခ်က္ခ်ိန္ျဖစ္ျဖစ္၊ ကားေမာင္းေနစဥ္ျဖစ္ျဖစ္ မိဘေတြ အလုပ္မ်ားတဲ့အခါ စမတ္ဖုန္းက ကေလးကို ျငိမ္ေဆးေက်ြးထားသလို လြယ္ကူတဲ့နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ ကေလးေတြကို စမတ္ဖုန္း၊ တက္ဘလက္ေတြေပးကုိင္တာ ဒစ္ဂ်စ္တယ္နည္းပညာအတတ္ပညာပိုင္း ေလ့လာသင္ယူရာမွာ ကေလးအတြက္ အေရးၾကီးတယ္လုို႔ ယူဆေကာင္းယူဆပါလိမ့္မယ္။  ဒါေပမယ့္ ဖုန္းနဲ႔ ထိေတြ႔ခ်ိန္လြန္ကဲမႈက ကေလးေတြအတြက္ အႏၱရာယ္ျဖစ္ေစႏုိင္ေၾကာင္း ကြ်မ္းက်င္သူေတြ စိတ္ပူေနၾကပါတယ္။

ကေလးေတြ ယခင္ထက္ စခရင္နဲ႔ထိေတြ႔မႈ ပိုမ်ားလာတယ္။ စမတ္ဖုန္း၊ တက္ဘလက္၊ ဂိမ္း၊ တီဗီ၊ လက္ေတာ့ပ္တုိ႔ က်ယ္ျပန္႔စြာ အသုံးျပဳျခင္းတုိ႔က ယူေကနဲ႔ ႏုိင္ငံတကာက ဆရာဝန္ေတြၾကား စိုးရိမ္မႈေတြ ျဖစ္ပြားေစေၾကာင္း ကေလးအထူးကုဆရာဝန္မ်ားအဖြဲ႔အစည္း Royal College of Paediatrics and Child Health က ဆုိပါတယ္။

Touch-screen နည္းပညာဟာ ကေလးေတြအတြက္ေတာင္ စမတ္ဖုန္း၊ တက္ဘလက္ေတြ အသုံးျပဳရ အရမ္းလြယ္ကူေစပါတယ္။ Screen အသုံးျပဳျခင္းက ကေလးငယ္ေတြရဲ႕ ဦးေႏွာက္ဖြံ႔ျဖိဳးမႈ ထိခိုက္ေစပါတယ္။ Touch-screen နဲ႔ ထိေတြ႔မႈ လြန္ကဲျခင္းက အာရုံစိုက္မႈနဲ႔ အာရုံစူးစိုက္ႏုိင္စြမ္းအျပင္ အစာစားခ်င္စိတ္အာသီသအေပၚ အက်ဳိးသက္ေရာက္မႈ ရိွပါတယ္။ Screen သုံးစြဲမႈက ထုိင္ရတဲ့ ဘဝေနထုိင္မႈပုံစံကို ပိုမိုတြန္းအားေပးပါတယ္။ ကေလးေတြကို ရုပ္ပိုင္းအရ ကမာၻၾကီးကို စူးစမ္းေလ့လာဖုိ႔ တုိက္တြန္းသင့္ပါတယ္။ ကေလးေတြ က်န္းမာစြာၾကီးထြားဖြံ႔ျဖဳိးလာဖုိ႔ တစ္ေန႔ ၃ နာရီၾကာ လႈပ္လႈပ္ရွားရွားေနဖုိ႔ လုိအပ္တယ္လုိ႔ ဆရာဝန္ေတြက ဆုိပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မွေးကင်းစကလေး၊ နို့စို့ကလေးတွေဟာ စမတ်ဖုန်း၊ တက်ဘလက်တွေနဲ့ ဆော့ကစားရတာ သဘောကျပြီး အချိန်တိုအတွင်း ဆော့တတ်ကိုင်တတ်သွားကြပါတယ်။

ထမင်းချက်ချိန်ဖြစ်ဖြစ်၊ ကားမောင်းနေစဉ်ဖြစ်ဖြစ် မိဘတွေ အလုပ်များတဲ့အခါ စမတ်ဖုန်းက ကလေးကို ငြိမ်ဆေးကျွေးထားသလို လွယ်ကူတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကလေးတွေကို စမတ်ဖုန်း၊ တက်ဘလက်တွေပေးကိုင်တာ ဒစ်ဂျစ်တယ်နည်းပညာအတတ်ပညာပိုင်း လေ့လာသင်ယူရာမှာ ကလေးအတွက် အရေးကြီးတယ်လို့ ယူဆကောင်းယူဆပါလိမ့်မယ်။  ဒါပေမယ့် ဖုန်းနဲ့ ထိတွေ့ချိန်လွန်ကဲမှုက ကလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူတွေ စိတ်ပူနေကြပါတယ်။

ကလေးတွေ ယခင်ထက် စခရင်နဲ့ထိတွေ့မှု ပိုများလာတယ်။ စမတ်ဖုန်း၊ တက်ဘလက်၊ ဂိမ်း၊ တီဗီ၊ လက်တော့ပ်တို့ ကျယ်ပြန့်စွာ အသုံးပြုခြင်းတို့က ယူကေနဲ့ နိုင်ငံတကာက ဆရာဝန်တွေကြား စိုးရိမ်မှုတွေ ဖြစ်ပွားစေကြောင်း ကလေးအထူးကုဆရာဝန်များအဖွဲ့အစည်း Royal College of Paediatrics and Child Health က ဆိုပါတယ်။

Touch-screen နည်းပညာဟာ ကလေးတွေအတွက်တောင် စမတ်ဖုန်း၊ တက်ဘလက်တွေ အသုံးပြုရ အရမ်းလွယ်ကူစေပါတယ်။ Screen အသုံးပြုခြင်းက ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်စေပါတယ်။ Touch-screen နဲ့ ထိတွေ့မှု လွန်ကဲခြင်းက အာရုံစိုက်မှုနဲ့ အာရုံစူးစိုက်နိုင်စွမ်းအပြင် အစာစားချင်စိတ်အာသီသအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ Screen သုံးစွဲမှုက ထိုင်ရတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုမိုတွန်းအားပေးပါတယ်။ ကလေးတွေကို ရုပ်ပိုင်းအရ ကမ္ဘာကြီးကို စူးစမ်းလေ့လာဖို့ တိုက်တွန်းသင့်ပါတယ်။ ကလေးတွေ ကျန်းမာစွာကြီးထွားဖွံ့ဖြိုးလာဖို့ တစ်နေ့ ၃ နာရီကြာ လှုပ်လှုပ်ရှားရှားနေဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top