ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးက ၀ိကာလအခါမွာ အစာစားျခင္းမွ ေရွာင္ၾကဥ္တာကို လိုလားေတာ္မူ
ပါတယ္။ဒါေၾကာင့္ ၁၂-နာရီေက်ာ္ တဲ့အခါ အစာမစားျခင္းဟာ ဘုရားရွင္ရဲ႕အလိုေတာ္က်ျဖစ္ပါတယ္။
ဆြမ္းေတာ္ပြဲကို ဘုရားအေဆာင္မွာ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ၁၂-နာရီ ေက်ာ္တဲ့အထိ ထားမယ္ဆိုရင္ ဘုရားရွင္အလိုေတာ္က်မဟုတ္ေတာ့ပါဘူး။
ဘုရားရွင္ရဲ႕အလိုေတာ္က်ျဖစ္ေအာင္ ေန႔ ၁၂-နာရီမေက်ာ္ခင္ ဆြမ္းေတာ္စြန္႔တာက ပိုမိုေကာင္းမြန္
ပါလိမ့္မယ္။
ဒါ့ျပင္ ဆြမး္ေတာ္ကို ေန႔၁၂-နာရီေက်ာ္လြန္လို႔ ညေနအခ်ိန္အထိ ထားမယ္ဆိုရင္ ယင္ေကာင္ေတြ၊
ပုရြက္ဆိတ္ေတြနဲ႔ ဘုရားအေဆာင္ဟာ ရႈပ္ပြေနေတာ့မွာပါ။
ဒါဆုိရင္ေတာ့
ဘုရားရွင္ကို္ အဂါရ၀ မရိုေသရာလဲ ေရာက္ေန ပါတယ္။ အေကာင္းဆံုးကေတာ့ ၁၂
-နာရီမထိုးမီအခ်ိန္ေလးအထိသာ ထားၿပီး ဆြမ္းေတာ္စြန္႔က အေကာင္းဆံုးျဖစ္ပါတယ္။
ဒါေပမဲ့
အခက္အခဲအရမနက္အေစာႀကီးအလုပ္သြားရမယ္ဆိုရင္ေတာ့ ေန႔
၁၂-နာရီအထိဆြမ္းကပ္ဖို႔က မျဖစ္ႏိူင္တဲ့အတြက္ အေကာင္းဆံုးအေနနဲ႔ အႀကံေပး
ရမယ္ဆိုရင္ နံနက္ ေစာေစာအိပ္ရာကထတဲ့အက်င့္လုပ္ၿပီး၊
ေစာေစာဆြမ္းထခ်က္လို႔ရပါတယ္။
ျပီးရင္ နံနက္အရုဏ္ဆြမ္းအျဖင့္ နံနက္
၆-နာရီေလာက္မွာ ဆြမ္းေတာ္ကပ္ၿပီး၊ နံနက္ ၆း၃၀-နာရီ သို႔မဟုတ္ ၇-နာရီေလာက္
ဆြမ္းေတာ္စြန္႔မယ္ဆိုရင္ေတာ့ အေကာင္းဆံုးျဖစ္ပါလိမ့္မယ္ဆိုတာ
ေျဖၾကားေပးလိုက္ပါတယ္။
Credit:ဦးေကာ၀ိဒ(ၿမိတ္)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဝိကာလအခါမှာ အစာစားခြင်းမှ ရှောင်ကြဉ်တာကို လိုလားတော်မူ
ပါတယ်။ဒါကြောင့် ၁၂-နာရီကျော် တဲ့အခါ အစာမစားခြင်းဟာ ဘုရားရှင်ရဲ့အလိုတော်ကျဖြစ်ပါတယ်။
ဆွမ်းတော်ပွဲကို ဘုရားအဆောင်မှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ၁၂-နာရီ ကျော်တဲ့အထိ ထားမယ်ဆိုရင် ဘုရားရှင်အလိုတော်ကျမဟုတ်တော့ပါဘူး။
ဘုရားရှင်ရဲ့အလိုတော်ကျဖြစ်အောင် နေ့ ၁၂-နာရီမကျော်ခင် ဆွမ်းတော်စွန့်တာက ပိုမိုကောင်းမွန်
ပါလိမ့်မယ်။
ဒါ့ပြင် ဆွမ်းတော်ကို နေ့၁၂-နာရီကျော်လွန်လို့ ညနေအချိန်အထိ ထားမယ်ဆိုရင် ယင်ကောင်တွေ၊
ပုရွက်ဆိတ်တွေနဲ့ ဘုရားအဆောင်ဟာ ရှုပ်ပွနေတော့မှာပါ။
ဒါဆိုရင်တော့ ဘုရားရှင်ကို အဂါရ၀ မရိုသေရာလဲ ရောက်နေ ပါတယ်။ အကောင်းဆုံးကတော့ ၁၂ -နာရီမထိုးမီအချိန်လေးအထိသာ ထားပြီး ဆွမ်းတော်စွန့်က အကောင်းဆုံးဖြစ်ပါတယ်။
ဒါပေမဲ့ အခက်အခဲအရမနက်အစောကြီးအလုပ်သွားရမယ်ဆိုရင်တော့ နေ့ ၁၂-နာရီအထိဆွမ်းကပ်ဖို့က မဖြစ်နိူင်တဲ့အတွက် အကောင်းဆုံးအနေနဲ့ အကြံပေး ရမယ်ဆိုရင် နံနက် စောစောအိပ်ရာကထတဲ့အကျင့်လုပ်ပြီး၊ စောစောဆွမ်းထချက်လို့ရပါတယ်။
ပြီးရင် နံနက်အရုဏ်ဆွမ်းအဖြင့် နံနက် ၆-နာရီလောက်မှာ ဆွမ်းတော်ကပ်ပြီး၊ နံနက် ၆း၃၀-နာရီ သို့မဟုတ် ၇-နာရီလောက် ဆွမ်းတော်စွန့်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
Credit:ဦးကောဝိဒ(မြိတ်)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...