iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ဝင္ေငြမ ေကာင္းတဲ့အခါ
ေခြ်တာသံုးစဲြတာ
အေကာင္းဆံုးယၾတာ။

၂။ လမ္းသြားတဲ့အခါ
ျကီးမားတဲ့ဝီရိယထားျခင္းဟာ
အႏၲရာယ္ကင္းဖို႔ အတြက္
အေကာင္းဆံုးယၾတာ။

၃။ ရန္လိုေနတဲ့လူနဲ႔
ဖက္ျပိဳင္ျပီးမျငင္းတာ
အေကာင္းဆံုးယၾတာ။

၄။ ေဒါသထြက္စရာ ျကံုတဲ႔အခါ
စိတ္ေျဖသာတဲ့ေနရာကို
ေရွာင္ ထြက္သြား ျခင္းဟာ
အေကာင္းဆံုးယၾတာ။

၅။ မနာလိုဝန္တိုစိတ္ကိုမေမြးေအာင္
ကံ ကံရဲ႕အက်ိဳးကိုလက္ခံနိူင္ေအာင္
ျကိုးစားတာ အ ေကာင္းဆံုးယၾတာ။

၆။ စိတ္ေကာင္းထားျခင္း
ရိုးသားမႈရွိျခင္းဟာ
ျကီးပြားရာ ျကီးပြားေျကာင္း အတြက္
အေကာင္းဆံုးယၾတာ။

၇။ အားလပ္ခ်ိန္မွာ
စာဖတ္တဲ႔အက်င့္ကို ေမြးျမဴျခင္းဟာ
အသိအလိမၼာတိုးတက္ေစဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၈။ ကံဆိုးခ်ိန္မွာ
ရတနာသံုးပါးကိုအထူးတလည္
ဆည္းကပ္ကိုးကြယ္တာသည္
ကံေကာင္းေတြေရာက္ေစဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၉။ တစ္စံုတစ္ရာ ေကြ်းေမြး
ေပးအပ္သူကို ေက်းဇူးရွင္
တစ္ဦးအျဖစ္ မေမ႔အပ္တာ
အေကာင္းဆံုးယၾတာ။

၁၀။ သူ႔တာဝန္ ကိုယ့္တာဝန္ကို
တိတိက်က် ခဲြျခားျပီး
တာဝန္ေက်ပြန္စြာ လုပ္တာ
အေကာင္းဆံုးယၾတာ။

၁၁။ ေရွ႕ေနာက္ေျမာ္ျမင္ တတ္တဲ့
ပညာရွိ လူျကီးမိဘရဲ႕
ဆိုဆံုးမမႈကို လိုက္နာတာ
အေကာင္းဆံုးယၾတာ။

၁၂။ မရ ေသးတဲ႔ဥစၥာကို
အပူတျပင္းမေတာင့္တ မလိုခ်င္တာ
စိတ္ခ်မ္းသာေစဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၁၃။ တတ္နိူင္ သေလာက္
စုေဆာင္းသြားတာဟာ
အနာဂတ္ခရီးအတြက္
အေကာင္းဆံုးယၾတာ။

၁၄။ ဘဝအေရးနိမ့္တဲ့ကာလမွာ
စိတ္ဓါတ္ကိုႀကံ႔ျကံ႔ခံနိူင္ေအာင္
သတိထားေမြးျမဴျခင္းဟာ
မိမိ မပ်က္စီးဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၁၅။စီးပြားျဖစ္တဲ့အခါ
ေအာက္ေျခမလြတ္ေအာင္
သတိတရားနဲ႔ေနထိုင္တာ
အေကာင္းဆံုးယၾတာ။

၁၆။ ငယ္စဥ္အခါ ပညာသင္ခ်ိန္မွာ
ပညာတတ္ေရးတစ္ခုတည္းကို
ေရွ႕ရႈ႕ျပီးတစိုက္မတ္မတ္
ျကိုးစားျခင္း ဟာ ေနာင္ေရးအတြက္
အေကာင္းဆုံး ယၾတာ။

၁၇။အခြင့္အလမ္းေပၚလာတဲ့အခါ
လံု႔လဝီရီယကို ေရွ႕တန္းတင္ျပီး
အမိအရဆုပ္ကိုင္ လိုက္ျခင္းဟာ
ေအာင္ျမင္ျကီးပြားဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၁၈။ ဘာကိုမွမစဥ္းစားပဲ
မလုပ္တာမေျပာတာ ေနာင္မွ
ေနာင္ တ ရ တယ္ဆိုတဲ့
အျဖစ္မ်ိဳးကို မ ေရာက္ဖို႔ အတြက္
အေကာင္းဆံုးယၾတာ။

၁၉။သံုးနိူင္တဲ႔အေျခအေနရွိရက္နဲ႔
စိတ္ကိုလႊတ္ေပးျပီး
အရမ္းမဲ႔မသံုးစြဲတာဟာ ေနာင္
စိတ္ဆင္းရဲစရာ မျကံုဖို႔အတြက္
အေကာင္းဆုံးယၾတာ။

၂၀။ ေဘးရွိတဲ႔စကား
ျကမ္းတမ္းတဲ႔စကားကိုမဆိုျခင္းဟာ
ေနာင္ အခါျပႆနာအရႈပ္အရွင္းနဲ႔
ရင္မဆိုင္ရဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၂၁။ သူ႔ဘက္ ကိုယ့္ဘက္မွ်မွ်တတ
ျကည့္တာ စဥ္းစားတာ
လုပ္ကိုင္တာသည္
ေရရွည္လက္တဲြဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၂၂။ မနိူင္တဲ႔ဝန္ကို မထမ္းတာဟာ
အသက္ ရွည္ဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၂၃။ မိမိကိုယ္ကို အမွန္ ရႈ႕ေထာင့္မွ
ေဝဖန္သံုးသပ္တာဟာ
ေရွ႕ေလွ်ာက္ရမယ့္ဘဝခရီးမွာ
ပန္းခင္းလမ္းျဖစ္ဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၂၄။ ေဒါသကို အျပင္ မထြက္ေအာင္
ထိန္းနိူင္ တာဟာ အစစအရာရာ
ျပႆနာနည္းပါးေစဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၂၅။ ေက်ာ္ျဖတ္ ရတဲ႔ဘဝခရီးမွ
အမွားမ်ားကို ဆင္ျခင္သံုးသပ္ျပီး
ခ်က္ခ်င္းျပဳျပင္ သြားတာ
ေရွ႕ခရီး ေခ်ာေမာဖို႔အတြက္
အေကာင္းဆံုးယၾတာဝ

၂၆။ အတိတ္ကို ျပန္ေတြးျပီးလဲ
မပူေဆြး။ အနာဂတ္အေရးကို
လွမ္းေမွ်ာ္ျပီးလည္းမပူပန္။
ပစၥဳပၸန္တည့္တည့္မွာသာရပ္ျပီး
လုပ္သင့္လုပ္ထိုက္တာေတြကို
လုပ္ကိုင္ သြားတာဟာ
တိုးတက္ဖို႔အတြက္
အေကာင္းဆံုးယၾတာ။

၂၇။ အ ေကာင္းျမင္ ဝါဒနဲ႔
ဘဝခရီးကိုဆက္ျခင္းဟာ
အေကာင္းဆံုးယၾတာ။

၂၈။ က်န္းမာေရးယိုယြင္းေစတဲ႔
အေပ်ာ္အပါး လိုက္စားမႈ
မူးယစ္ေဆးဝါးနဲ႔အရက္ ေသစာကို
ေရွာင္ရွားတာဟာ
အသက္ရွည္ က်န္းမာေစ ဖို႔အတြက္
အေကာင္းဆံုးယၾတာပါ။

ေန႔စဥ္ဒီအခ်က္ကေလးေတြနဲ႔အညီ
က်င့္ျကံေနထိုင္သြားျကမယ္ဆိုရင္ေတာ့
ယျတာဆိုတာအထူးေခ်စရာမလိုပါဘူး
လို႔ ေျပာခ်င္ပါတယ္ သူငယ္ခ်င္းတို႔။

ဒါ့ေၾကာင့္—-

”အဖိုးတန္တဲ့လူသားတစ္ေယာက္
ဘဝကိုရဖို႔ ေန႔စဥ္ယၾတာေခ်ၾကစို႔”

ကိုးဘြဲ ့ရဆရာေတာ္
အရွင္အာစာရာလကၤာရ။

Credit:Scientist Myanmar
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁။ ဝင်ငွေမ ကောင်းတဲ့အခါ
ချွေတာသုံးစွဲတာ
အကောင်းဆုံးယတြာ။

၂။ လမ်းသွားတဲ့အခါ
ကြီးမားတဲ့ဝီရိယထားခြင်းဟာ
အန္တရာယ်ကင်းဖို့ အတွက်
အကောင်းဆုံးယတြာ။

၃။ ရန်လိုနေတဲ့လူနဲ့
ဖက်ပြိုင်ပြီးမငြင်းတာ
အကောင်းဆုံးယတြာ။

၄။ ဒေါသထွက်စရာ ကြုံတဲ့အခါ
စိတ်ဖြေသာတဲ့နေရာကို
ရှောင် ထွက်သွား ခြင်းဟာ
အကောင်းဆုံးယတြာ။

၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင်
ကံ ကံရဲ့အကျိုးကိုလက်ခံနိူင်အောင်
ကြိုးစားတာ အ ကောင်းဆုံးယတြာ။

၆။ စိတ်ကောင်းထားခြင်း
ရိုးသားမှုရှိခြင်းဟာ
ကြီးပွားရာ ကြီးပွားကြောင်း အတွက်
အကောင်းဆုံးယတြာ။

၇။ အားလပ်ချိန်မှာ
စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ
အသိအလိမ္မာတိုးတက်စေဖို့အတွက်
အကောင်းဆုံးယတြာ။

၈။ ကံဆိုးချိန်မှာ
ရတနာသုံးပါးကိုအထူးတလည်
ဆည်းကပ်ကိုးကွယ်တာသည်
ကံကောင်းတွေရောက်စေဖို့အတွက်
အကောင်းဆုံးယတြာ။

၉။ တစ်စုံတစ်ရာ ကျွေးမွေး
ပေးအပ်သူကို ကျေးဇူးရှင်
တစ်ဦးအဖြစ် မမေ့အပ်တာ
အကောင်းဆုံးယတြာ။

၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို
တိတိကျကျ ခွဲခြားပြီး
တာဝန်ကျေပွန်စွာ လုပ်တာ
အကောင်းဆုံးယတြာ။

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့
ပညာရှိ လူကြီးမိဘရဲ့
ဆိုဆုံးမမှုကို လိုက်နာတာ
အကောင်းဆုံးယတြာ။

၁၂။ မရ သေးတဲ့ဥစ္စာကို
အပူတပြင်းမတောင့်တ မလိုချင်တာ
စိတ်ချမ်းသာစေဖို့အတွက်
အကောင်းဆုံးယတြာ။

၁၃။ တတ်နိူင် သလောက်
စုဆောင်းသွားတာဟာ
အနာဂတ်ခရီးအတွက်
အကောင်းဆုံးယတြာ။

၁၄။ ဘဝအရေးနိမ့်တဲ့ကာလမှာ
စိတ်ဓါတ်ကိုကြံ့ကြံ့ခံနိူင်အောင်
သတိထားမွေးမြူခြင်းဟာ
မိမိ မပျက်စီးဖို့အတွက်
အကောင်းဆုံးယတြာ။

၁၅။စီးပွားဖြစ်တဲ့အခါ
အောက်ခြေမလွတ်အောင်
သတိတရားနဲ့နေထိုင်တာ
အကောင်းဆုံးယတြာ။

၁၆။ ငယ်စဉ်အခါ ပညာသင်ချိန်မှာ
ပညာတတ်ရေးတစ်ခုတည်းကို
ရှေ့ရှု့ပြီးတစိုက်မတ်မတ်
ကြိုးစားခြင်း ဟာ နောင်ရေးအတွက်
အကောင်းဆုံး ယတြာ။

၁၇။အခွင့်အလမ်းပေါ်လာတဲ့အခါ
လုံ့လဝီရီယကို ရှေ့တန်းတင်ပြီး
အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ
အောင်မြင်ကြီးပွားဖို့အတွက်
အကောင်းဆုံးယတြာ။

၁၈။ ဘာကိုမှမစဉ်းစားပဲ
မလုပ်တာမပြောတာ နောင်မှ
နောင် တ ရ တယ်ဆိုတဲ့
အဖြစ်မျိုးကို မ ရောက်ဖို့ အတွက်
အကောင်းဆုံးယတြာ။

၁၉။သုံးနိူင်တဲ့အခြေအနေရှိရက်နဲ့
စိတ်ကိုလွှတ်ပေးပြီး
အရမ်းမဲ့မသုံးစွဲတာဟာ နောင်
စိတ်ဆင်းရဲစရာ မကြုံဖို့အတွက်
အကောင်းဆုံးယတြာ။

၂၀။ ဘေးရှိတဲ့စကား
ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ
နောင် အခါပြဿနာအရှုပ်အရှင်းနဲ့
ရင်မဆိုင်ရဖို့အတွက်
အကောင်းဆုံးယတြာ။

၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတ
ကြည့်တာ စဉ်းစားတာ
လုပ်ကိုင်တာသည်
ရေရှည်လက်တွဲဖို့အတွက်
အကောင်းဆုံးယတြာ။

၂၂။ မနိူင်တဲ့ဝန်ကို မထမ်းတာဟာ
အသက် ရှည်ဖို့အတွက်
အကောင်းဆုံးယတြာ။

၂၃။ မိမိကိုယ်ကို အမှန် ရှု့ထောင့်မှ
ဝေဖန်သုံးသပ်တာဟာ
ရှေ့လျှောက်ရမယ့်ဘဝခရီးမှာ
ပန်းခင်းလမ်းဖြစ်ဖို့အတွက်
အကောင်းဆုံးယတြာ။

၂၄။ ဒေါသကို အပြင် မထွက်အောင်
ထိန်းနိူင် တာဟာ အစစအရာရာ
ပြဿနာနည်းပါးစေဖို့အတွက်
အကောင်းဆုံးယတြာ။

၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှ
အမှားများကို ဆင်ခြင်သုံးသပ်ပြီး
ချက်ချင်းပြုပြင် သွားတာ
ရှေ့ခရီး ချောမောဖို့အတွက်
အကောင်းဆုံးယတြာဝ

၂၆။ အတိတ်ကို ပြန်တွေးပြီးလဲ
မပူဆွေး။ အနာဂတ်အရေးကို
လှမ်းမျှော်ပြီးလည်းမပူပန်။
ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီး
လုပ်သင့်လုပ်ထိုက်တာတွေကို
လုပ်ကိုင် သွားတာဟာ
တိုးတက်ဖို့အတွက်
အကောင်းဆုံးယတြာ။

၂၇။ အ ကောင်းမြင် ဝါဒနဲ့
ဘဝခရီးကိုဆက်ခြင်းဟာ
အကောင်းဆုံးယတြာ။

၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့
အပျော်အပါး လိုက်စားမှု
မူးယစ်ဆေးဝါးနဲ့အရက် သေစာကို
ရှောင်ရှားတာဟာ
အသက်ရှည် ကျန်းမာစေ ဖို့အတွက်
အကောင်းဆုံးယတြာပါ။

နေ့စဉ်ဒီအချက်ကလေးတွေနဲ့အညီ
ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင်တော့
ယတြာဆိုတာအထူးချေစရာမလိုပါဘူး
လို့ ပြောချင်ပါတယ် သူငယ်ချင်းတို့။

ဒါ့ကြောင့်—-

”အဖိုးတန်တဲ့လူသားတစ်ယောက်
ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့”

ကိုးဘွဲ့ရဆရာတော်
အရှင်အာစာရာလင်္ကာရ။

Credit:Scientist Myanmar

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top