iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္းက ညီညာမႈ႐ွိတဲ့ သြား၊ လွပတဲ့ သြားေတြကို ပိုင္ဆုိင္ ခ်င္ၾကပါတယ္။ ႏွစ္လိုဖြယ္ေကာင္းတဲ့ အျပံဳးတစ္ခုက သြားေတြရဲ႕ ျဖဴစင္ လွပမႈအေပၚမွာ အမ်ားႀကီး မွီခိုေနပါ တယ္။ သြားလွပမႈက တစ္ပါးသူထက္ အျမဲေျခတစ္လွမ္းသာေစသလုိ ကိုယ့္ ကိုကိုယ္ ယံုၾကည္မႈလည္း ႐ွိေစပါ တယ္။ ဒါ့ေၾကာင့္ ယေန႔ေခတ္ တစ္ ကမၻာလံုးမွာ သြားနဲ႔ပတ္သတ္ၿပီး ကုန္က်စရိတ္မ်ားစြာ အကုန္ခံၿပီး ျပဳျပင္မႈ၊ ကုသမႈ၊ ဂ႐ုစိုက္မႈေတြ တစ္ဆက္ထက္တစ္ဆ ပိုၿပီးလုပ္ ေဆာင္လာၾကပါတယ္။ နည္းပညာ အသစ္ အသစ္ေတြလည္း အျမဲေပၚ ေပါက္ေနၿပီး သြားေတြကုိလည္း ဟိုး အရင္ကလုိ ဂ႐ုမစိုက္ပဲေနတဲ့သူ မ႐ွိ သေလာက္ နည္းပါးသြားခဲ့ပါတယ္။ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ ျခင္း၊ သြားဘက္ဆိုင္ရာ ဆရာ၀န္ ေတြမ်ားစြာ ေပၚတက္လာျခင္းက သြားနဲ႔ ပတ္သတ္တဲ့ က်န္းမာေရး၊ အလွအပကို ဂ႐ုစိုက္လာေစဖို႔ တြန္း အားေပးေနသလို ျဖစ္သြားပါတယ္။

သြားမ႐ွိတဲ့သူ၊ သြားမညီတဲ့ သူေတြက သြားစိုက္ခ်င္တယ္၊ သြား ေတြကိုညိွၿပီး လွလွပပျဖစ္လာခ်င္ၾက သလို သြားလွၿပီး ညီညာေနတဲ့သူေတြ ကလည္း လွပမႈကို အ႐ွည္တည္တံ့ ေစခ်င္သလို သြားေတြကိုျဖဴျဖဴေလးနဲ႔ ပုလဲလံုးေလးေတြ စီတန္းထားသလို မ်ိဳး ျဖစ္ခ်င္ၾကပါတယ္။ သြား ေတြၾကားမွာ အညစ္အေၾကးေတြ မ႐ွိေစဖို႔ သြားသန္႔႐ွင္းေရးလုပ္ျခင္း ေတြကို ယေန႔ေခတ္မွာ ပိုမိုလုပ္ ေဆာင္လာၾကပါတယ္။ သြားသန္႔႐ွင္း ေရးက လူတုိင္းအတြက္ တကယ္ လည္း အေရးႀကီးပါတယ္။ လူတစ္ ေယာက္က ပံုမွန္အားျဖင့္ သြားဆရာ ၀န္နဲ႔ ၆ လ ကိုတစ္ႀကိမ္ ျပသဖို႔ လိုပါတယ္။ ခံတြင္းထဲမွာ ကင္ဆာ လကၡဏာေတြ ႐ွိမ႐ွိ ပံုမွန္စစ္ေဆးဖို႔ က အဓိကအခ်က္ပါ။ က်န္တာ ေတြကေတာ့ သြားပိုးစားျခင္း၊ သြားဖံုး ေရာဂါ စတာေတြကို စစ္ေဆးဖို႔ပါ။ သြားပိုးစားျခင္း မ႐ွိဘူးဆိုရင္ေတာင္ သြားဖံုးကေတာ့ လူတိုင္းနီးပါး အနည္းနဲ႔အမ်ား ေရာင္ေနေလ့ ႐ွိပါ တယ္။ သြားတိုက္နည္းစနစ္ ပံုစံမက် ျခင္းေၾကာင့္ ျဖစ္ရတာပါ။

ေန႔စဥ္စားေသာက္တဲ့ အစား အေသာက္ေတြေၾကာင့္ သြားမွာ အစြန္းထင္းေတြ ျဖစ္ရတယ္ဆိုတာကို လည္း လူတုိင္းသိၾကပါတယ္။ ေန႔စဥ္ ေသာက္သံုးတဲ့ လက္ဖက္ရည္၊ ေကာ္ဖီ၊ ကြမ္း၊ ေဆးလိပ္၊ အခ်ိဳရည္နဲ႔ အစားအစာမွ ဆိုးေဆးေတြက သြား ရဲ႕နဂိုအေရာင္ကို ညစ္ႏြမ္းေစပါ တယ္။ သြားဆရာ၀န္နဲ႔ ပံုမွန္ျပသ ရာမွာ သြားႀကိဳသြားၾကား၊ သြားနဲ႔သြား ဖံုးၾကားက အညစ္အေၾကး တနည္း အားျဖင့္ သြားေခ်းေတြကိုသာ ဖယ္ ႐ွားႏိုင္တာပါ။ သြားမွာ႐ွိတဲ့ အစြန္း ထင္းေတြက ဖယ္႐ွားဖို႔ မလြယ္ပါဘူး။ ဖယ္႐ွားလို႔ ရတယ္ဆိုရင္ေတာင္ အကုန္ဖယ္ဖုိ႔ မျဖစ္ႏိုင္ပါဘူး။ အနည္းငယ္ကေတာ့ က်န္ေနမွာပါပဲ။ ဒီလို <ကင္းက်န္ေနတဲ့ အစြန္းေတြကို ကြၽန္ေတာ္တို႔ ဘယ္လုိေျဖ႐ွင္းၾကမ လဲ...၊
မီးဖိုေခ်ာင္သံုးပစၥည္းအခ်ိဳ႕နဲ႔ သြားတုိက္ေဆးေတြက ဒါေတြကို ဖယ္႐ွားေပးႏိုင္ပါတယ္။ ဒါေပမယ့္ သင္ကိုတိုင္က သြားကိုစြန္းထင္းေစ တဲ့ အရာေတြကို မေသာက္သံုး၊ မစားသံုးမွ စြန္းထင္းမႈေတြ ရာႏႈန္း ျပည့္ေပ်ာက္ကင္းမွာပါ။ မဟုတ္ရင္ သန္႔႐ွင္းလိုက္အေပၚကေန အစြန္း ေတြျပန္ျဖစ္လိုက္နဲ႔ လံုးခ်ာလည္လိုက္ ေနပါလိမ့္မယ္။ သြားအစြန္းခြၽတ္တဲ့ သြားတုိက္ေဆးေတြက စူပါမားကတ္ ေတြမွာ အလြယ္တကူ၀ယ္လို႔ ရပါ တယ္။ ဒါေပမယ့္ ရာႏႈန္းျပည့္ အစြန္းေတြ ကြၽတ္လိမ့္မယ္လို႔ေတာ့ မေမွ်ာ္လင့္ပါနဲ႔။ သင္ကိုယ္တိုင္က အစြန္းထင္ေစမယ့္ အရာေတြကို ေ႐ွာင္ႏိုင္မွ ရမွာပါ။ ေနာက္ပစၥည္း တစ္မ်ိဳးကေတာ့ ့hydrogen peroxide အရည္နဲ႔ ပလုပ္က်င္းဖို႔ပါ။ 3% hydrogen peroxide အရည္ကို ေရနဲ႔ေရာျပီး တစ္ေန႔ကို ၂ ႀကိမ္ ပလုပ္က်င္းေပးရင္လည္း ရပါတယ္။ Baking Soda လို႔ေခၚတဲ့ ေပါင္မုန္႔ဖုတ္တဲ့ အမႈန္႔ကိုသြားမွာ ပြတ္တိုက္ေပးရင္လည္း သြားအစြန္း ေတြ ေပ်ာက္ေစပါတယ္။ ဂ်ီးခြၽတ္တဲ့ အစြမ္းသတၱိပါၿပီး အမ်ားႀကီးသံုးရင္ ေတာ့ သြားရဲ႕ေၾကြလႊာ ပ်က္စီးႏိုင္ တယ္ဆိုတာကို သတိျပဳေပးပါ။ အခ်ိဳ႕ကလည္း ့hydrogen peroxide နဲ႔ baking soda ကိုေရာၿပီး အသံုးျပဳၾကပါတယ္။ အသီးအႏွံအခ်ိဳ႕ ကလည္း သြားေတြကို ျဖဴစင္သြားေစ ပါတယ္။ ပန္းသီးစားေပးရင္ သြား ေခ်းေတြနဲ႔ အစြန္းထင္းေတြကို ေျပာင္ေစၿပီး ဒိန္ခဲကလည္း ကယ္လ္ စီယမ္ဓာတ္ကိုေပးစြမ္းၿပီး သြားေတြ အ႐ိုးေတြကို က်န္းမာေစပါတယ္။ ဒိန္ခဲက ခံတြင္းထဲက အက္ဆစ္ဓာတ္ ကို ေခ်ဖ်က္ေပးၿပီး သြားပိုးစားျခင္းကို ကာကြယ္ေပးတဲ့အတြက္ သြားပိုးစား ျခင္းေၾကာင့္ျဖစ္တဲ့ သြားအေရာင္ ေျပာင္းမႈေတြကို ကာကြယ္ႏိုင္မွာပါ။

စေတာ္ဘယ္ရီသီးကို တစ္ျခမ္း ျခမ္းၿပီး သြားရဲ႕မ်က္ႏွာျပင္ေတြကို ပြတ္တိုက္ေပးျခင္းကလည္း သဘာ၀ အတိုင္း သြားျဖဴစင္ေစပါတယ္။ စေတာ္ဘယ္ရီမွာပါတဲ့malic acid ငခ ေခငိ က အစြန္းထင္းေတြကို ေပ်ာ့ေပ်ာင္း ေခ်ဖ်က္ ပစ္လိုက္ပါတယ္။ ဒါေပမယ့္ ရံဖန္ရံခါသာ အသံုးျပဳသင့္ပါတယ္။ malic acid က သြားရဲ႕ေၾကြလႊာကိုပါ ေရ႐ွည္မွာ ထိခိုက္ႏိုင္လို႔ပါ။ သံပုရာ သီးကိုလည္း စေတာ္ဘယ္ရီလိုပဲ ေရတိုနည္းအေနနဲ႔႔ အသံုးျပဳလို႔ ရပါ တယ္။

ေနာက္ဆံုးတစ္ခ်က္ကေတာ့ လူရဲ႕အျမင္အာ႐ံုကို လွည့္စားတဲ့ နညး္လမ္းပါ။ အျပင္သြားတဲ့အခါမွာ ႏႈတ္ခမ္းဆိုးေဆးကို အနီေရာင္ကို သာ ေ႐ြးခ်ယ္ေပးဖို႔ပါ။ အနီေရာင္က သင့္ရဲ႕သြားေတြကို ပိုမိုျဖဴေဖြးေန သေယာင္ ထင္ေစပါတယ္။ အနီနဲ႔ လိေမၼာ္ေရာင္ စပ္ထားတဲ့အေရာင္ကို ေတာ့ မသံုးမိပါေစနဲ႔။ သြားေတြကို ၀ါသြားသေရာင္ ျဖစ္သြားႏိုင္ပါတယ္။ အျပာေရာင္ကေတာ့ အဆိုးဆံုးပါ။ သင့္ရဲ႕သြားေတြကို မည္းသြားေစပါ တယ္။

Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတိုင်းက ညီညာမှုရှိတဲ့ သွား၊ လှပတဲ့ သွားတွေကို ပိုင်ဆိုင် ချင်ကြပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတစ်ခုက သွားတွေရဲ့ ဖြူစင် လှပမှုအပေါ်မှာ အများကြီး မှီခိုနေပါ တယ်။ သွားလှပမှုက တစ်ပါးသူထက် အမြဲခြေတစ်လှမ်းသာစေသလို ကိုယ့် ကိုကိုယ် ယုံကြည်မှုလည်း ရှိစေပါ တယ်။ ဒါ့ကြောင့် ယနေ့ခေတ် တစ် ကမ္ဘာလုံးမှာ သွားနဲ့ပတ်သတ်ပြီး ကုန်ကျစရိတ်များစွာ အကုန်ခံပြီး ပြုပြင်မှု၊ ကုသမှု၊ ဂရုစိုက်မှုတွေ တစ်ဆက်ထက်တစ်ဆ ပိုပြီးလုပ် ဆောင်လာကြပါတယ်။ နည်းပညာ အသစ် အသစ်တွေလည်း အမြဲပေါ် ပေါက်နေပြီး သွားတွေကိုလည်း ဟိုး အရင်ကလို ဂရုမစိုက်ပဲနေတဲ့သူ မရှိ သလောက် နည်းပါးသွားခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် ခြင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန် တွေများစွာ ပေါ်တက်လာခြင်းက သွားနဲ့ ပတ်သတ်တဲ့ ကျန်းမာရေး၊ အလှအပကို ဂရုစိုက်လာစေဖို့ တွန်း အားပေးနေသလို ဖြစ်သွားပါတယ်။

သွားမရှိတဲ့သူ၊ သွားမညီတဲ့ သူတွေက သွားစိုက်ချင်တယ်၊ သွား တွေကိုညှိပြီး လှလှပပဖြစ်လာချင်ကြ သလို သွားလှပြီး ညီညာနေတဲ့သူတွေ ကလည်း လှပမှုကို အရှည်တည်တံ့ စေချင်သလို သွားတွေကိုဖြူဖြူလေးနဲ့ ပုလဲလုံးလေးတွေ စီတန်းထားသလို မျိုး ဖြစ်ချင်ကြပါတယ်။ သွား တွေကြားမှာ အညစ်အကြေးတွေ မရှိစေဖို့ သွားသန့်ရှင်းရေးလုပ်ခြင်း တွေကို ယနေ့ခေတ်မှာ ပိုမိုလုပ် ဆောင်လာကြပါတယ်။ သွားသန့်ရှင်း ရေးက လူတိုင်းအတွက် တကယ် လည်း အရေးကြီးပါတယ်။ လူတစ် ယောက်က ပုံမှန်အားဖြင့် သွားဆရာ ဝန်နဲ့ ၆ လ ကိုတစ်ကြိမ် ပြသဖို့ လိုပါတယ်။ ခံတွင်းထဲမှာ ကင်ဆာ လက္ခဏာတွေ ရှိမရှိ ပုံမှန်စစ်ဆေးဖို့ က အဓိကအချက်ပါ။ ကျန်တာ တွေကတော့ သွားပိုးစားခြင်း၊ သွားဖုံး ရောဂါ စတာတွေကို စစ်ဆေးဖို့ပါ။ သွားပိုးစားခြင်း မရှိဘူးဆိုရင်တောင် သွားဖုံးကတော့ လူတိုင်းနီးပါး အနည်းနဲ့အများ ရောင်နေလေ့ ရှိပါ တယ်။ သွားတိုက်နည်းစနစ် ပုံစံမကျ ခြင်းကြောင့် ဖြစ်ရတာပါ။

နေ့စဉ်စားသောက်တဲ့ အစား အသောက်တွေကြောင့် သွားမှာ အစွန်းထင်းတွေ ဖြစ်ရတယ်ဆိုတာကို လည်း လူတိုင်းသိကြပါတယ်။ နေ့စဉ် သောက်သုံးတဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ ကွမ်း၊ ဆေးလိပ်၊ အချိုရည်နဲ့ အစားအစာမှ ဆိုးဆေးတွေက သွား ရဲ့နဂိုအရောင်ကို ညစ်နွမ်းစေပါ တယ်။ သွားဆရာဝန်နဲ့ ပုံမှန်ပြသ ရာမှာ သွားကြိုသွားကြား၊ သွားနဲ့သွား ဖုံးကြားက အညစ်အကြေး တနည်း အားဖြင့် သွားချေးတွေကိုသာ ဖယ် ရှားနိုင်တာပါ။ သွားမှာရှိတဲ့ အစွန်း ထင်းတွေက ဖယ်ရှားဖို့ မလွယ်ပါဘူး။ ဖယ်ရှားလို့ ရတယ်ဆိုရင်တောင် အကုန်ဖယ်ဖို့ မဖြစ်နိုင်ပါဘူး။ အနည်းငယ်ကတော့ ကျန်နေမှာပါပဲ။ ဒီလို <ကင်းကျန်နေတဲ့ အစွန်းတွေကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမ လဲ...၊
မီးဖိုချောင်သုံးပစ္စည်းအချို့နဲ့ သွားတိုက်ဆေးတွေက ဒါတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမယ့် သင်ကိုတိုင်က သွားကိုစွန်းထင်းစေ တဲ့ အရာတွေကို မသောက်သုံး၊ မစားသုံးမှ စွန်းထင်းမှုတွေ ရာနှုန်း ပြည့်ပျောက်ကင်းမှာပါ။ မဟုတ်ရင် သန့်ရှင်းလိုက်အပေါ်ကနေ အစွန်း တွေပြန်ဖြစ်လိုက်နဲ့ လုံးချာလည်လိုက် နေပါလိမ့်မယ်။ သွားအစွန်းချွတ်တဲ့ သွားတိုက်ဆေးတွေက စူပါမားကတ် တွေမှာ အလွယ်တကူဝယ်လို့ ရပါ တယ်။ ဒါပေမယ့် ရာနှုန်းပြည့် အစွန်းတွေ ကျွတ်လိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။ သင်ကိုယ်တိုင်က အစွန်းထင်စေမယ့် အရာတွေကို ရှောင်နိုင်မှ ရမှာပါ။ နောက်ပစ္စည်း တစ်မျိုးကတော့hydrogen peroxide အရည်နဲ့ ပလုပ်ကျင်းဖို့ပါ။ 3% hydrogen peroxide အရည်ကို ရေနဲ့ရောပြီး တစ်နေ့ကို ၂ ကြိမ် ပလုပ်ကျင်းပေးရင်လည်း ရပါတယ်။ Baking Soda လို့ခေါ်တဲ့ ပေါင်မုန့်ဖုတ်တဲ့ အမှုန့်ကိုသွားမှာ ပွတ်တိုက်ပေးရင်လည်း သွားအစွန်း တွေ ပျောက်စေပါတယ်။ ဂျီးချွတ်တဲ့ အစွမ်းသတ္တိပါပြီး အများကြီးသုံးရင် တော့ သွားရဲ့ကြွေလွှာ ပျက်စီးနိုင် တယ်ဆိုတာကို သတိပြုပေးပါ။ အချို့ကလည်း့hydrogen peroxide နဲ့ baking soda ကိုရောပြီး အသုံးပြုကြပါတယ်။ အသီးအနှံအချို့ ကလည်း သွားတွေကို ဖြူစင်သွားစေ ပါတယ်။ ပန်းသီးစားပေးရင် သွား ချေးတွေနဲ့ အစွန်းထင်းတွေကို ပြောင်စေပြီး ဒိန်ခဲကလည်း ကယ်လ် စီယမ်ဓာတ်ကိုပေးစွမ်းပြီး သွားတွေ အရိုးတွေကို ကျန်းမာစေပါတယ်။ ဒိန်ခဲက ခံတွင်းထဲက အက်ဆစ်ဓာတ် ကို ချေဖျက်ပေးပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးတဲ့အတွက် သွားပိုးစား ခြင်းကြောင့်ဖြစ်တဲ့ သွားအရောင် ပြောင်းမှုတွေကို ကာကွယ်နိုင်မှာပါ။

စတော်ဘယ်ရီသီးကို တစ်ခြမ်း ခြမ်းပြီး သွားရဲ့မျက်နှာပြင်တွေကို ပွတ်တိုက်ပေးခြင်းကလည်း သဘာ၀ အတိုင်း သွားဖြူစင်စေပါတယ်။ စတော်ဘယ်ရီမှာပါတဲ့malic acid ငခ ခေငိ က အစွန်းထင်းတွေကို ပျော့ပျောင်း ချေဖျက် ပစ်လိုက်ပါတယ်။ ဒါပေမယ့် ရံဖန်ရံခါသာ အသုံးပြုသင့်ပါတယ်။ malic acid က သွားရဲ့ကြွေလွှာကိုပါ ရေရှည်မှာ ထိခိုက်နိုင်လို့ပါ။ သံပုရာ သီးကိုလည်း စတော်ဘယ်ရီလိုပဲ ရေတိုနည်းအနေနဲ့ အသုံးပြုလို့ ရပါ တယ်။

နောက်ဆုံးတစ်ချက်ကတော့ လူရဲ့အမြင်အာရုံကို လှည့်စားတဲ့ နည်းလမ်းပါ။ အပြင်သွားတဲ့အခါမှာ နှုတ်ခမ်းဆိုးဆေးကို အနီရောင်ကို သာ ရွေးချယ်ပေးဖို့ပါ။ အနီရောင်က သင့်ရဲ့သွားတွေကို ပိုမိုဖြူဖွေးနေ သယောင် ထင်စေပါတယ်။ အနီနဲ့ လိမ္မော်ရောင် စပ်ထားတဲ့အရောင်ကို တော့ မသုံးမိပါစေနဲ့။ သွားတွေကို ဝါသွားသရောင် ဖြစ်သွားနိုင်ပါတယ်။ အပြာရောင်ကတော့ အဆိုးဆုံးပါ။ သင့်ရဲ့သွားတွေကို မည်းသွားစေပါ တယ်။

Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top