iMyanmarHouse.com - Best Property Website for Myanmar
×

လက္ရွိလူငယ္မ်ိဳးဆက္ေတြထဲမွာေတာ့ ဆယ္လ္ဖီမရိုက္သူ မရွိသေလာက္ပါပဲ။ ဆယ္လ္ဖီရိုက္ျခင္းဟာ ဓာတ္ပံုရုိက္ျခင္းသက္သက္မဟုတ္ေတာ့ဘဲ သူငယ္ခ်င္းေတြနဲ႔ ပူးတြဲလုပ္ေဆာင္ရတဲ့ ေပ်ာ္စရာတစ္ခုလို ျဖစ္လာပါတယ္။ ဆယ္လ္ဖီ (selfie) စြဲလန္းျပီး  လူမႈကြန္ရက္ေပၚ ပံုေတြ ေန႔စဥ္တင္သူေတြေတာင္ရွိပါတယ္။ Brigham Young  တကၠသိုလ္က သုေတသနသမားေတြဟာ ဆယ္လ္ဖီရိုက္ျခင္းနဲ႔ပတ္သက္တဲ့ သုေတသနတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ သူတို႔ရဲ႕ေတြ႕ရွိခ်က္အရ လူေတြဆယ္လ္ဖီရိုက္ရတဲ့အေၾကာင္းအရင္း သံုးမ်ိဳးပဲ ရွိတယ္လို႔ ဆုိပါတယ္။

၁ - ဆက္သြယ္ခ်င္သူ

သူတို႔ဟာ ဆယ္လ္ဖီရိုက္ျခင္းထက္ ဆယ္လ္ဖီပံုတင္ရတာကို ပိုအေလးထားသူေတြပါ။ လူမႈကြန္ယက္ေပၚကို တင္တဲ့အခါ သူငယ္ခ်င္းေတြ ေကာ္မန္႔ေတြ ေပးလာဖို႔ ေမွ်ာ္လင့္တာ ျဖစ္ပါတယ္။ ကိုယ္တင္ထားတဲ့ပံုကို အေျချပဳျပီး ေကာ္မန္႔မွာ အျပန္အလွန္စကားေျပာရတာကို ႏွစ္သက္သူေတြပါ။ သူတို႔တင္တဲ့ပံုေတြဟာလည္း ဝင္ျပီးေကာ္မန္႔မေပးဘဲ မေနႏုိင္ေလာက္ေအာင္ပါပဲ။

၂ - ကိုယ့္ကိုယ္ကိုယ္ ျပသသူ

ဆယ္လ္ဖီအရုိက္ေကာင္းသူေတြ ျဖစ္ပါတယ္။ ဆယ္လ္ဖီဘုရင္ေတြလို႔ ေျပာရေလာက္ေအာင္ကို ဆယ္လ္ဖီကင္မရာသေဘာကို ကၽြမ္းက်င္ေနသူေတြပါ။ ဘယ္လိုအေနအထားမွာပဲ ျဖစ္ျဖစ္ ၾကည့္အေကာင္းဆံုး ဆယ္လ္ဖီပံုတစ္ပုံျဖစ္ေအာင္ ရိုက္ႏုိင္ပါတယ္။ ဆယ္လ္ဖီပံုအတင္ဆံုးလူေတြလည္း ျဖစ္ပါတယ္။ ဆုိရွယ္မီဒီယာေပၚ ဆယ္လ္ဖီပံုတင္တာဟာ သူငယ္ခ်င္းေတြနဲ႔ အျပန္အလွန္ေျပာဖို႔ မေမွ်ာ္လင့္ပါဘူး။ ပံုျပရုံသက္သက္ပါပဲ။

၃ - ကိုယ့္အေၾကာင္း ကိုယ္ေျပာခ်င္သူ

သူတို႔ ဆယ္လ္ဖီပံုတင္တဲ့အခါ အဆိုပါပံုျဖစ္ေပၚလာပံုအေၾကာင္း၊ ဘယ္ေနရာမွာရုိက္တယ္ဆိုတဲ့ အေၾကာင္း၊ ဓာတ္ပံုရိုက္တုန္းက ဘယ္လိုေပ်ာ္ရတယ္ဆိုတဲ့ အေၾကာင္းေတြ ေျပာတတ္ပါတယ္။ ဆယ္လ္ဖီပံုနဲ႔အတူ သူတို႔ခံစားေနရတာေတြကိုပါ တြဲေရးတတ္ပါတယ္။  ကိုယ့္အေၾကာင္းကိုယ္ ေျပာခ်င္တာ၊ အမွတ္ရစရာတစ္ခုကို ေျပာခ်င္တာမ်ိဳးရွိတဲ့အခါ ဆယ္လ္ဖီပုံနဲ႔ တြဲေျပာသူေတြ ျဖစ္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လက်ရှိလူငယ်မျိုးဆက်တွေထဲမှာတော့ ဆယ်လ်ဖီမရိုက်သူ မရှိသလောက်ပါပဲ။ ဆယ်လ်ဖီရိုက်ခြင်းဟာ ဓာတ်ပုံရိုက်ခြင်းသက်သက်မဟုတ်တော့ဘဲ သူငယ်ချင်းတွေနဲ့ ပူးတွဲလုပ်ဆောင်ရတဲ့ ပျော်စရာတစ်ခုလို ဖြစ်လာပါတယ်။ ဆယ်လ်ဖီ (selfie) စွဲလန်းပြီး  လူမှုကွန်ရက်ပေါ် ပုံတွေ နေ့စဉ်တင်သူတွေတောင်ရှိပါတယ်။ Brigham Young  တက္ကသိုလ်က သုတေသနသမားတွေဟာ ဆယ်လ်ဖီရိုက်ခြင်းနဲ့ပတ်သက်တဲ့ သုတေသနတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့တွေ့ရှိချက်အရ လူတွေဆယ်လ်ဖီရိုက်ရတဲ့အကြောင်းအရင်း သုံးမျိုးပဲ ရှိတယ်လို့ ဆိုပါတယ်။

၁ - ဆက်သွယ်ချင်သူ

သူတို့ဟာ ဆယ်လ်ဖီရိုက်ခြင်းထက် ဆယ်လ်ဖီပုံတင်ရတာကို ပိုအလေးထားသူတွေပါ။ လူမှုကွန်ယက်ပေါ်ကို တင်တဲ့အခါ သူငယ်ချင်းတွေ ကော်မန့်တွေ ပေးလာဖို့ မျှော်လင့်တာ ဖြစ်ပါတယ်။ ကိုယ်တင်ထားတဲ့ပုံကို အခြေပြုပြီး ကော်မန့်မှာ အပြန်အလှန်စကားပြောရတာကို နှစ်သက်သူတွေပါ။ သူတို့တင်တဲ့ပုံတွေဟာလည်း ဝင်ပြီးကော်မန့်မပေးဘဲ မနေနိုင်လောက်အောင်ပါပဲ။

၂ - ကိုယ့်ကိုယ်ကိုယ် ပြသသူ

ဆယ်လ်ဖီအရိုက်ကောင်းသူတွေ ဖြစ်ပါတယ်။ ဆယ်လ်ဖီဘုရင်တွေလို့ ပြောရလောက်အောင်ကို ဆယ်လ်ဖီကင်မရာသဘောကို ကျွမ်းကျင်နေသူတွေပါ။ ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ် ကြည့်အကောင်းဆုံး ဆယ်လ်ဖီပုံတစ်ပုံဖြစ်အောင် ရိုက်နိုင်ပါတယ်။ ဆယ်လ်ဖီပုံအတင်ဆုံးလူတွေလည်း ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ် ဆယ်လ်ဖီပုံတင်တာဟာ သူငယ်ချင်းတွေနဲ့ အပြန်အလှန်ပြောဖို့ မမျှော်လင့်ပါဘူး။ ပုံပြရုံသက်သက်ပါပဲ။

၃ - ကိုယ့်အကြောင်း ကိုယ်ပြောချင်သူ

သူတို့ ဆယ်လ်ဖီပုံတင်တဲ့အခါ အဆိုပါပုံဖြစ်ပေါ်လာပုံအကြောင်း၊ ဘယ်နေရာမှာရိုက်တယ်ဆိုတဲ့ အကြောင်း၊ ဓာတ်ပုံရိုက်တုန်းက ဘယ်လိုပျော်ရတယ်ဆိုတဲ့ အကြောင်းတွေ ပြောတတ်ပါတယ်။ ဆယ်လ်ဖီပုံနဲ့အတူ သူတို့ခံစားနေရတာတွေကိုပါ တွဲရေးတတ်ပါတယ်။  ကိုယ့်အကြောင်းကိုယ် ပြောချင်တာ၊ အမှတ်ရစရာတစ်ခုကို ပြောချင်တာမျိုးရှိတဲ့အခါ ဆယ်လ်ဖီပုံနဲ့ တွဲပြောသူတွေ ဖြစ်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top