iMyanmarHouse.com - Best Property Website for Myanmar
×





မိန်းကလေး တဝတ်လောက်က O သွေးအမျိုးအစား ယောင်္ကျားလေးကို သဘောကျကြပါတယ်။



Credit:Chelmo Team

ပို့သပေးပါတယ်။


Unicode Version

သွေးအမျိုးအစားနဲ့ ဆုံးဖြတ်တာတော့ မဟုတ်ပင်မဲ့ ကိုယ့်ရဲ့ဘဝဖော်က ဘယ်သွေးအမျိုးအစား ဖြစ်ရင်ကောင်းမလဲဆိုတာကို တော့တွေးကြမှာပါ။

A နဲ့ B ဆိုရင်မတည့်ဘူးတို့၊ O ကတော့ ဘယ်သူနဲ့ဆို တည့်တယ်ဆိုတာတို့ အမျိုးမျိုး ထင်မြင်ချက်ပေးကြပါတယ်။

ဂျပန်မှာသုံးတဲ့ Mobile App တစ်ခုကနေပြီးတော့ စစ်တမ်းကောက်ကြည့်တော့ O ကိုသဘောကျကြပါတယ်။
လက်မထပ်ရသေးသော မိန်းကလေး ၉၉၉ ယောက်ကို စစ်တမ်းကောက်လိုက်တဲ့ အဖြေကတော့ အောက်ပါအတိုင်းပါပဲ။

နံပါတ် ၁ : O သွေးအမျိုးအစား (၅၂.၁%)
နံပါတ် ၂ : A သွေးအမျိုးအစား (၃၁.ဝ%)
နံပါတ် ၃ : B သွေးအမျိုးအစား (၁၁.၃%)
နံပါတ် ၄ : AB သွေးအမျိုးအစား (၅.၆%)

မိန်းကလေး တဝတ်လောက်က O သွေးအမျိုးအစား ယောကျၤားလေးကို သဘောကျကြပါတယ်။
ဘာကြောင့်လဲဆိုတာကတော့

၀၁. အမြဲတမ်း တည်ငြိမ်နေပြီး အေးအေးဆေးဆေးနေတတ်ပုံရတယ်။ (မိန်းကလေး၊ B သွေး၊ အသက် ၃၀ ဝန်းကျင်)
၀၂. သဘောကောင်းတဲ့သူများတယ်။ (မိန်းကလေး၊ A သွေး၊ အသက် ၃၀ ဝန်းကျင်)
၀၃. ဘာပဲလုပ်လုပ် ခွင့်လွှတ်မယ့်ပုံပါပဲ။ (မိန်းကလေး၊ A သွေး၊ အသက် ၂၀ ဝန်းကျင်)
၀၄. အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ စိတ်ချင်းလည်းတူမယ့်ပုံပါပဲ။ (မိန်းကလေး၊ A သွေး၊ အသက် ၂၀ ဝန်းကျင်)
၀၅. စိတ်ထဲမှာရှိတာတွေကို ပွင့်ပွင့်လင်းလင်းပြောလို့ရမဲ့ပုံပါပဲ။ (မိန်းကလေး၊ A သွေး၊ အသက် ၂၀ ဝန်းကျင်)

စစ်တမ်းက အဖြေကတော့ အားလုံးမှန်မယ်လို့ မဆိုလိုပါဘူး။ အားလုံးပြောရွှင်စေဖို့အတွက်သာ တင်ပြလိုက်ရပါတယ်။

Credit:Chelmo Team



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top