iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္စိမႈန္ သူမ်ား မ်က္မွန္တပ္လွ်င္ ပိုမႈန္သည္ဟု ထင္မွတ္ၾကသည္။ ထုိ႔ေၾကာင့္ မ်က္စိ မႈန္လာၿပီး ပါဝါ အလြန္အကြၽံ တက္မွသာ မ်က္စိကို အထူးဂ႐ုစိုက္ ၾကသည္ကို ေတြ႕ရ တတ္သည္။ တစ္ဦးႏွင့္ တစ္ဦး အျမင္ အာ႐ံုခ်င္း မတူညီၾက သျဖင့္ မ်က္စိ က်န္းမာေရးကို ဂ႐ုစုိက္သင့္ ပါသည္။

စကၡဳအာ႐ံု၌ သာမန္ပံုရိပ္မွာ အေဝးမွ လာေနသည့္ အရာဝတၴဳမ်ား၏ ပံုရိပ္ကို မ်က္စိရွိ မွန္ဘီလူးသို႔ ျဖတ္၍ အျမင္အာ႐ံုလႊာ ေပၚမွာ က်ေလ့ရွိသည္။ အာ႐ံုလႊာ၏ သေဘာက ဓာတ္ပံုဖလင္ ေကာ္ျပားႏွင့္ တစ္ထပ္တည္း ပင္ျဖစ္သည္။ ဓာတ္ပံု ႐ိုက္သည့္အခါ ဖလင္ေကာ္ျပား ေပၚမွ ပုံရိပ္မ်ား ကဲ့သုိ႔ ျမင္လႊာေပၚတြင္ မ်က္စိေရွ႕၌ ရွိသည့္ အရာဝတၴဳ၏ ပံုရိပ္ လာထင္ တတ္သည္။

ထင္ဟပ္လာသည့္ ပံုရိပ္မ်ားကို အာ႐ံုေၾကာမွ ထြက္လာသည့္ စကၡဳ အာ႐ံုေၾကာ၏ အကူအညီျဖင့္ ဦးေႏွာက္သုိ႔ ပံ့ပိုး ေပးသည္။ ဦးေႏွာက္ အေနာက္ဘက္ရွိ စကၡဳအာ႐ံု ခံစားရာ ဗဟိုဌာနမွ အဓိပၸာယ္ ဖြင့္ဆို ေပးျခင္းျဖင့္ မ်က္စိတြင္ ျမင္ရသည့္ အရာဝတၴဳ မ်ား၏ ပံုသဏၭာန္ အေရာင္အဆင္း တို႔ကို တိက်စြာ ခြဲျခားႏုိင္သည္။

အနီးရွိ အရာဝတၴဳကို ၾကည့္သည့္ အခါ စကၡဳ မွန္ဘီလူး၏ ပံုသဏၭာန္ ေျပာင္းလဲ ေပးျခင္းျဖင့္ မ်က္စိေရွ႕နားရွိ အရာဝတၴဳ မ်ားကို ျပတ္သားစြာ ျမင္ရသည္။ မ်က္စိ ေျပာင္းလဲမႈ သာမက မ်က္စိ အတြင္းဘက္ ကိုပါ ေစာင္းေပး ရသည္။ ေျပာင္းလဲ လႈပ္ရွားမႈ ႏွစ္မ်ဳိးလံုး အစဥ္ဒြန္တြဲ လ်က္ရွိသည္။

မ်က္စိမႈန္ျခင္း ေၾကာင့္ မအီမသာ ျဖစ္ျခင္း၊ စိတ္အား ေလ်ာ့ျခင္း၊ စိတ္ဆင္းရဲ ပင္ပန္းျခင္း၊ အိပ္မေပ်ာ္ျခင္း တို႔ ျဖစ္လာႏိုင္သည္။ မ်က္စိမႈန္ၿပီး မ်က္စိ ေညာင္းညာ ကိုက္ခဲေလ့ ရွိသူမ်ား သည္ တစ္ေန႔တာ အလုပ္လုပ္ၿပီး ညေနပိုင္း တြင္ အျဖစ္မ်ားသည္။

အေဝးမႈန္ျခင္းမွာ အနီးရွိ အရာဝတၴဳမ်ား ကို ေကာင္းစြာ ျမင္ရေသာ္လည္း အေဝးရွိ အရာဝတၴဳမ်ားကို ၾကည္လင္ ျပတ္သားစြာ မျမင္ရျခင္း ျဖစ္သည္။ မ်က္ၾကည္လႊာ သည္ ညီညာသည့္ စက္ဝိုင္းလံုး မ်က္ႏွာျပင္ မျဖစ္ျခင္း၊ မ်က္စိ မွန္ဘီလူး အခံုး မညီညာျခင္း၊ ခ်ဳိ႕ယြင္းျခင္း မ်ားေၾကာင့္ ျပင္ပမွေန၍ မ်က္စိ မွန္ဘီလူးကို ျဖတ္ၿပီး အလင္းတန္း မ်ားသည္ အာ႐ံုေပၚမွ အစက္ တစ္ခုတည္းမွ ေနၿပီး ပံုရိပ္မထင္ သျဖင့္ မ်က္စိမႈန္ျခင္း ျဖစ္တတ္သည္။

အနီးမႈန္ျခင္း သည္ အသက္ ၁၅ ႏွစ္မွ ၄ဝ ႏွစ္အတြင္း စ၍ မႈန္တတ္ၿပီး အသက္ႀကီး သည့္အခါ မွန္ဘီလူး အေနအထား ျပဳျပင္ ေပးႏိုင္ေသာ စြမ္းရည္ ေလ်ာ့နည္း လာသျဖင့္ အနီးမႈန္ေလ့ ရွိသည္။ အသက္ ၇ဝ ႏွစ္ခန္႔ တြင္ စကၡဳ မွန္ဘီလူး၏ အေနအထားကို ျပဳျပင္ႏုိင္စြမ္း လံုးဝ မရွိသေလာက္ ျဖစ္လာကာ သက္ႀကီး မ်က္စိမႈန္ျခင္း ျဖစ္တတ္သည္။

Credit:ေဒါက္တာလြင္သန္႔ (ေဆး-၂)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

မျက်စိမှုန် သူများ မျက်မှန်တပ်လျှင် ပိုမှုန်သည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် မျက်စိ မှုန်လာပြီး ပါဝါ အလွန်အကျွံ တက်မှသာ မျက်စိကို အထူးဂရုစိုက် ကြသည်ကို တွေ့ရ တတ်သည်။ တစ်ဦးနှင့် တစ်ဦး အမြင် အာရုံချင်း မတူညီကြ သဖြင့် မျက်စိ ကျန်းမာရေးကို ဂရုစိုက်သင့် ပါသည်။

စက္ခုအာရုံ၌ သာမန်ပုံရိပ်မှာ အဝေးမှ လာနေသည့် အရာဝတ္ထုများ၏ ပုံရိပ်ကို မျက်စိရှိ မှန်ဘီလူးသို့ ဖြတ်၍ အမြင်အာရုံလွှာ ပေါ်မှာ ကျလေ့ရှိသည်။ အာရုံလွှာ၏ သဘောက ဓာတ်ပုံဖလင် ကော်ပြားနှင့် တစ်ထပ်တည်း ပင်ဖြစ်သည်။ ဓာတ်ပုံ ရိုက်သည့်အခါ ဖလင်ကော်ပြား ပေါ်မှ ပုံရိပ်များ ကဲ့သို့ မြင်လွှာပေါ်တွင် မျက်စိရှေ့၌ ရှိသည့် အရာဝတ္ထု၏ ပုံရိပ် လာထင် တတ်သည်။

ထင်ဟပ်လာသည့် ပုံရိပ်များကို အာရုံကြောမှ ထွက်လာသည့် စက္ခု အာရုံကြော၏ အကူအညီဖြင့် ဦးနှောက်သို့ ပံ့ပိုး ပေးသည်။ ဦးနှောက် အနောက်ဘက်ရှိ စက္ခုအာရုံ ခံစားရာ ဗဟိုဌာနမှ အဓိပ္ပာယ် ဖွင့်ဆို ပေးခြင်းဖြင့် မျက်စိတွင် မြင်ရသည့် အရာဝတ္ထု များ၏ ပုံသဏ္ဌာန် အရောင်အဆင်း တို့ကို တိကျစွာ ခွဲခြားနိုင်သည်။

အနီးရှိ အရာဝတ္ထုကို ကြည့်သည့် အခါ စက္ခု မှန်ဘီလူး၏ ပုံသဏ္ဌာန် ပြောင်းလဲ ပေးခြင်းဖြင့် မျက်စိရှေ့နားရှိ အရာဝတ္ထု များကို ပြတ်သားစွာ မြင်ရသည်။ မျက်စိ ပြောင်းလဲမှု သာမက မျက်စိ အတွင်းဘက် ကိုပါ စောင်းပေး ရသည်။ ပြောင်းလဲ လှုပ်ရှားမှု နှစ်မျိုးလုံး အစဉ်ဒွန်တွဲ လျက်ရှိသည်။

မျက်စိမှုန်ခြင်း ကြောင့် မအီမသာ ဖြစ်ခြင်း၊ စိတ်အား လျော့ခြင်း၊ စိတ်ဆင်းရဲ ပင်ပန်းခြင်း၊ အိပ်မပျော်ခြင်း တို့ ဖြစ်လာနိုင်သည်။ မျက်စိမှုန်ပြီး မျက်စိ ညောင်းညာ ကိုက်ခဲလေ့ ရှိသူများ သည် တစ်နေ့တာ အလုပ်လုပ်ပြီး ညနေပိုင်း တွင် အဖြစ်များသည်။

အဝေးမှုန်ခြင်းမှာ အနီးရှိ အရာဝတ္ထုများ ကို ကောင်းစွာ မြင်ရသော်လည်း အဝေးရှိ အရာဝတ္ထုများကို ကြည်လင် ပြတ်သားစွာ မမြင်ရခြင်း ဖြစ်သည်။ မျက်ကြည်လွှာ သည် ညီညာသည့် စက်ဝိုင်းလုံး မျက်နှာပြင် မဖြစ်ခြင်း၊ မျက်စိ မှန်ဘီလူး အခုံး မညီညာခြင်း၊ ချို့ယွင်းခြင်း များကြောင့် ပြင်ပမှနေ၍ မျက်စိ မှန်ဘီလူးကို ဖြတ်ပြီး အလင်းတန်း များသည် အာရုံပေါ်မှ အစက် တစ်ခုတည်းမှ နေပြီး ပုံရိပ်မထင် သဖြင့် မျက်စိမှုန်ခြင်း ဖြစ်တတ်သည်။

အနီးမှုန်ခြင်း သည် အသက် ၁၅ နှစ်မှ ၄ဝ နှစ်အတွင်း စ၍ မှုန်တတ်ပြီး အသက်ကြီး သည့်အခါ မှန်ဘီလူး အနေအထား ပြုပြင် ပေးနိုင်သော စွမ်းရည် လျော့နည်း လာသဖြင့် အနီးမှုန်လေ့ ရှိသည်။ အသက် ၇ဝ နှစ်ခန့် တွင် စက္ခု မှန်ဘီလူး၏ အနေအထားကို ပြုပြင်နိုင်စွမ်း လုံးဝ မရှိသလောက် ဖြစ်လာကာ သက်ကြီး မျက်စိမှုန်ခြင်း ဖြစ်တတ်သည်။

Credit:ဒေါက်တာလွင်သန့် (ဆေး-၂)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top