iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးမွာ တခါတရံ အခ်စ္ေရးဆက္ဆံမႈ အဆုံးသတ္ျပီးတဲ့အခ်ိန္ အထီးက်န္ျပီး ဟုိအရင္ခ်ိန္ေတြ ျပန္လုိခ်င္မိတဲ့အခ်ိန္ေတြ ရိွတတ္ပါတယ္။ ဒီလုိအထီးက်န္မႈေတြနဲ႔ အခ်ိန္ကုန္လြန္ျပီး ျပန္လက္တြဲဖို႔ အခ်ိန္ေကာင္းလုိ႔ ခံစားမိတဲ့အခါ ကသိကေအာက္ႏိုင္တာမ်ိဳးေတြ ျဖစ္ပြားတတ္ပါတယ္။ အဲဒီအခ်ိန္မွာ "ငါ သူမကို ဘယ္လုိစကားေျပာမလဲ/ဘယ္လုိ ျပန္ရေအာင္ လုပ္မလဲ သုိ႔မဟုတ္ ငါဘာေျပာရမွာလဲ" မိမိကိုယ္မိမိ ေမးခြန္းထုတ္ေနမိပါလိမ့္မယ္။

သင့္ကို ဒုကၡေပးေနတဲ့ ေမးခြန္းေတြ ရိွပါတယ္။ သူမ ငါ့အေပၚ စိတ္ခံစားခ်က္ေတြ ရိွေသးလား စသည္စသည္ျဖင့္ေပါ့။ မိမိအဆက္ေဟာင္းကို ျပန္လည္ရယူဖုိ႔ စိတ္ရိွပါက ဒီအခ်က္ေတြက သင့္အတြက္ပါပဲ။

၁။ မက္ေဆ့ခ်္ပုိ႔ပါ

Text မက္ေဆ့ခ်္ေတြ တသီၾကီးေတာ့ မပို႔လုိက္နဲ႔ ဟုတ္ျပီလား။ ေျဖးေျဖးခ်င္း သြားပါ။ R u there စတဲ့ မက္ေဆ့ခ်္ေလးေတြေပးပုိ႔ျပီး သူငယ္ခ်င္း အခ်င္းခ်င္းစကားေျပာေနသလုိ ေျပာဆုိပါတယ္။ သူမတုံ႔ျပန္ပုံကို သတိထားျပီး အားလုံးမွတ္သားပါ။ တကယ္လုိ႔ သူမသေဘာေကာင္းေနရင္ ေနာက္တစ္ဆင့္ တက္လွမ္းပါ။

၂။ ဖုန္းေခၚပါ

သူ႔ဆီ ဖုန္းေခၚရင္ ေပါ့ေပါ့ပါးပါး ေျပာဆိုပါ။ တစ္ခ်ိန္က ရိွခဲ့တဲ့ ရုိမန္တစ္ဆန္ဆန္ေျပာဆိုမႈေတြ ခဏေမ့ထားပါ။ ခုတစ္ခါ သူမနဲ႔ေတြ႔ဆုံရန္ အခြင့္ေတာင္းပါ။ "ကိုယ္တုိ႕ အဆင္ေျပမယ္ဆုိရင္ အတူေလွ်ာက္လည္ၾကရင္ေကာင္းမလားဆုိျပီးစဥ္းစားေနတာ။ ရုပ္ရွင္ၾကည့္ ဒါမွမဟုတ္ တစ္ခုခုေပါ့" စသျဖင့္ စကားလမ္းေၾကာင္းပါ။ တကယ္လုိ႔ သူမစိတ္ဝင္စားေနရင္ "ဟုတ္… ဘယ္အခ်ိန္ စဥ္းစားထားလဲ" လုိ႔ က်ိန္းေသေပါက္ ေျပာဆိုပါလိမ့္မယ္။ ဖုန္းေျပာရင္းပဲ ဆုံးျဖတ္ပါ။ ဒါမွမဟုတ္ စကားေျပာမျပတ္ေအာင္ ထိန္းသိမ္းျပီး မက္ေဆ့ခ်္ကတဆင့္ ေဆြးေႏြးမယ္လုိ႔ ေျပာလုိက္ပါ။

၃။ စကားေျပာဆုိေဆြးေႏြးပါ

ျဖစ္ပ်က္သမွ် အကုန္အစင္ ေျပာစရာမလုိပါဘူး။ သူ ဘာလုပ္ေနလဲ၊ အလုပ္အကုိင္အဆင္ေျပလား ေျဖးေျဖးခ်င္း ေမးပါ။ အစစအရာရာ အဆင္ေျပေနပုံရတဲ့အခါ မိမိအေၾကာင္း ေျပာျပပါ။ သူဘယ္လုိ တုံ႔ျပန္လဲ ေသခ်ာနားေထာင္ပါ။ ဇာတ္ရုပ္ေထြးေအာင္ မလုပ္ပါနဲ႔။ တကယ္လုိ႔ ျပန္တြဲဖုိ႔ သူမ စိတ္ရိွပုံရပါက ဇာတ္လမ္းျပန္စလုိက္ေပေတာ့။

၄။ ယခင္အမွားကို ထပ္မက်ဴးလြန္မိပါေစနဲ႔

ဒီတစ္ၾကိမ္ ရာႏႈန္းျပည့္ဂရုစိုက္မႈ ေပးပါ။ ျဖစ္ပ်က္ခဲ့တာေတြ ေဆြးေႏြးေျပာဆုိမႈ ေရွာင္ျပီး သူမကို အခ်ိန္တုိင္း ထူးျခားမႈခံစားရေအာင္ ပိုမိုၾကိဳးစားအားထုတ္ပါ။ အျမဲတမ္းအတူရိွေနသကဲ့သုိ႔ ျပဳမူပါ။
Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version



အချစ်ရေးမှာ တခါတရံ အချစ်ရေးဆက်ဆံမှု အဆုံးသတ်ပြီးတဲ့အချိန် အထီးကျန်ပြီး ဟိုအရင်ချိန်တွေ ပြန်လိုချင်မိတဲ့အချိန်တွေ ရှိတတ်ပါတယ်။ ဒီလိုအထီးကျန်မှုတွေနဲ့ အချိန်ကုန်လွန်ပြီး ပြန်လက်တွဲဖို့ အချိန်ကောင်းလို့ ခံစားမိတဲ့အခါ ကသိကအောက်နိုင်တာမျိုးတွေ ဖြစ်ပွားတတ်ပါတယ်။ အဲဒီအချိန်မှာ "ငါ သူမကို ဘယ်လိုစကားပြောမလဲ/ဘယ်လို ပြန်ရအောင် လုပ်မလဲ သို့မဟုတ် ငါဘာပြောရမှာလဲ" မိမိကိုယ်မိမိ မေးခွန်းထုတ်နေမိပါလိမ့်မယ်။

သင့်ကို ဒုက္ခပေးနေတဲ့ မေးခွန်းတွေ ရှိပါတယ်။ သူမ ငါ့အပေါ် စိတ်ခံစားချက်တွေ ရှိသေးလား စသည်စသည်ဖြင့်ပေါ့။ မိမိအဆက်ဟောင်းကို ပြန်လည်ရယူဖို့ စိတ်ရှိပါက ဒီအချက်တွေက သင့်အတွက်ပါပဲ။

၁။ မက်ဆေ့ချ်ပို့ပါ

Text မက်ဆေ့ချ်တွေ တသီကြီးတော့ မပို့လိုက်နဲ့ ဟုတ်ပြီလား။ ဖြေးဖြေးချင်း သွားပါ။ R u there စတဲ့ မက်ဆေ့ချ်လေးတွေပေးပို့ပြီး သူငယ်ချင်း အချင်းချင်းစကားပြောနေသလို ပြောဆိုပါတယ်။ သူမတုံ့ပြန်ပုံကို သတိထားပြီး အားလုံးမှတ်သားပါ။ တကယ်လို့ သူမသဘောကောင်းနေရင် နောက်တစ်ဆင့် တက်လှမ်းပါ။

၂။ ဖုန်းခေါ်ပါ

သူ့ဆီ ဖုန်းခေါ်ရင် ပေါ့ပေါ့ပါးပါး ပြောဆိုပါ။ တစ်ချိန်က ရှိခဲ့တဲ့ ရိုမန်တစ်ဆန်ဆန်ပြောဆိုမှုတွေ ခဏမေ့ထားပါ။ ခုတစ်ခါ သူမနဲ့တွေ့ဆုံရန် အခွင့်တောင်းပါ။ "ကိုယ်တို့ အဆင်ပြေမယ်ဆိုရင် အတူလျှောက်လည်ကြရင်ကောင်းမလားဆိုပြီးစဉ်းစားနေတာ။ ရုပ်ရှင်ကြည့် ဒါမှမဟုတ် တစ်ခုခုပေါ့" စသဖြင့် စကားလမ်းကြောင်းပါ။ တကယ်လို့ သူမစိတ်ဝင်စားနေရင် "ဟုတ်… ဘယ်အချိန် စဉ်းစားထားလဲ" လို့ ကျိန်းသေပေါက် ပြောဆိုပါလိမ့်မယ်။ ဖုန်းပြောရင်းပဲ ဆုံးဖြတ်ပါ။ ဒါမှမဟုတ် စကားပြောမပြတ်အောင် ထိန်းသိမ်းပြီး မက်ဆေ့ချ်ကတဆင့် ဆွေးနွေးမယ်လို့ ပြောလိုက်ပါ။

၃။ စကားပြောဆိုဆွေးနွေးပါ

ဖြစ်ပျက်သမျှ အကုန်အစင် ပြောစရာမလိုပါဘူး။ သူ ဘာလုပ်နေလဲ၊ အလုပ်အကိုင်အဆင်ပြေလား ဖြေးဖြေးချင်း မေးပါ။ အစစအရာရာ အဆင်ပြေနေပုံရတဲ့အခါ မိမိအကြောင်း ပြောပြပါ။ သူဘယ်လို တုံ့ပြန်လဲ သေချာနားထောင်ပါ။ ဇာတ်ရုပ်ထွေးအောင် မလုပ်ပါနဲ့။ တကယ်လို့ ပြန်တွဲဖို့ သူမ စိတ်ရှိပုံရပါက ဇာတ်လမ်းပြန်စလိုက်ပေတော့။

၄။ ယခင်အမှားကို ထပ်မကျူးလွန်မိပါစေနဲ့

ဒီတစ်ကြိမ် ရာနှုန်းပြည့်ဂရုစိုက်မှု ပေးပါ။ ဖြစ်ပျက်ခဲ့တာတွေ ဆွေးနွေးပြောဆိုမှု ရှောင်ပြီး သူမကို အချိန်တိုင်း ထူးခြားမှုခံစားရအောင် ပိုမိုကြိုးစားအားထုတ်ပါ။ အမြဲတမ်းအတူရှိနေသကဲ့သို့ ပြုမူပါ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top