iMyanmarHouse.com - Best Property Website for Myanmar
×
(၂)သံပရို
(၃)ဆပ်ပြာ
(၅)သခွားသီး
Credit : shwemom
Unicode Version
ပိုးဟပ်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသူတွေအတွက် စိတ်ရှုပ်စရာ ပိုးဟပ်တွေကို အလွယ်တကူဖယ်ရှား ရှင်းပစ်လို့ရတဲ့ နည်းလမ်းတွေ ကို ပြောြ ပပေးချင်ပါတယ်။မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ အလွယ်တကူ ရှင်းလို့ရတဲ့ နည်းလမ်းတွေလည်း ပါရှိတာကြောင့် (ပိုးသတ်ဆေး)တွေသုံးရင် အိမ်မွေး တိရစ္ဆာန်တွေကို ထိခိုက်မှာစိုးတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။
(၁)ကြက်သွန်နီနဲ့မုန့်ဖုတ်ဆော်ဒါ
ကြက်သွန်နီတစ်လုံးနဲ့မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက်ကို ယူပါ။ကြက်သွန်နီကို ပါးပါးလှီးပြီး မုန့်ဖုတ်ဆော်ဒါထဲရောထည့်ပါ။ပြီးရင်တော့ အဲ့ဒီအမှုန့်တွေကို ပိုးဟပ်တွေလာတတ်တဲ့ ထောင့်နေရာတွေမှာ ဖြူးပေးပါ။ ဒီနည်းကို နေ့တိုင်းဆက်တိုက်လုပ်ပေးခြင်းအားဖြင့် ပိုးဟပ်တွေကို ရှင်းနိုင်မှာပါ။
(၂)သံပရို
သံပရိုသီးကိုအရည်ညှစ်ပြီး ရလာတဲ့အရည်ကို ရေနဲ့ရောပါ။ပြီးရင်တော့ ကြမ်းသုတ်ဖတ်ကို သုံးပြီး ကြမ်းပြင်နဲ့ပိုးဟပ်လလာတတ်တဲ့ နေရာတွေကို ထားပေးပါ။
(၃)ဆပ်ပြာ
ဆပ်ပြာနဲ့ရေကို ရောပြီး ပိုးဟပ်လာတတ်တဲ့နေရာကို ဖြန်းပေးပါ။ကြမ်းသုတ် ဖက်ကို သုံးပြီး ကြမ်းပေါ်တွေ သုတ်ပေးလို့လည်းရပါတယ်။
(၄)ငရုပ်သီး၊ကြက်သွန်ဖြူ
ငရုပ်သီးမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ကြက်သွန်ဖြူတစ်မွှာနဲ့ကြက်သွန်နီတို့ကို ရောပါ။ပြီးရင်တော့ရေတစ်လီတာလောက်နဲ့ဖျော်ပါ။တကယ်လို့ ဆပ်ပြာရည် ထည့်ချင်ရည်လည်း ထည့်လို့ရပါတယ်။ဒီအရည်ကိုလည်း အပေါ်မှာ ပြောခဲ့သ လိုပဲ ဖြန်းပေးရမှာပါ။
(၅)သခွားသီး
သခွားသီးကို စိတ်ပြီး မီးဖိချောင်၊ဘီဒိုနဲ့ပိုးဟပ်လာတတ်တဲ့ နေရာတွေမှာ တစ်ညလောက်ထားပေးရမှာပါ။အဆင်ပြေတယ်ဆိုရင် သခွားသီးနဲ့အတူ ကရဝေးရွက်ကိုပါ ထားပေးပါ။
Credit : shwemom
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top